Showing posts with label ကိုယ်ရေးအတ္ထုပ္ပတ္တိ. Show all posts
Showing posts with label ကိုယ်ရေးအတ္ထုပ္ပတ္တိ. Show all posts

Sunday, June 26, 2011

ဆလိုင်းကိုတင်မောင်ဦး ၁၉၇၆ ဇွန်လ ၂၆ အာဏာရှင်က သူ့အား မရားကြိုးပေး အသတ်မခံရမီ နောက်ဆုံးပြောခဲ့သောစကား အမှတ်တရ

PP-Day & Tin Maung Oo ( Final )

Saturday, April 9, 2011

ကွယ်လွန်သူ စာရေးဆရာကြီး ပါရဂူ (၁၉၂၁-၂၀၁၁) ၏ ကိုယ်ရေးအကျဉ်း




အမည်ရင်း - ဦးလှကြိုင်
မိဘအမည် - ဦးဘစော + ဒေါ်မေတုတ်
မွေးသက္ကရာဇ် - ၁၉၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁ဝ) ရက်
မွေးဖွားရာဒေသ - ဟင်္သာတခရိုင်၊ သန္ဓံသနော့ကျေးရွာ
ကလောင်အမည်ခွဲများ - ဝိဇ္ဇာ၊ လှကြိုင်၊ ပုဏ္ဍရိက


ဆရာပါရဂူသည် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ လသန္ဗံသနော့ရွာ မူလတန်းကျောင်း၌ စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့သည်။ (၁၂) နှစ်သားအရွယ်တွင် သန္ဗံသနော့ ဘုန်းတော်ကြီးကျောင်း၌ ကိုယ်ရင်ဝတ်သည်။ ဘွဲ့အမည်မှာ ရှင်ပုဏ္ဍရိက ဖြစ်သည်။ (၁၄) နှစ်အရွယ်တွင် ဟင်္သာတမြို့ မြစ်ကွေးကျောင်းတိုက်၌ ပညာသင် သည်။ ရှင်ပုဏ္ဍရိက ဘွဲ့အမည်ကို ရှင်ပါရဂူ ဘွဲ့အမည်ပြောင်းသည်။ (၁၅) နှစ်အရွယ်တွင် သန်လျင်မြို့နယ် လဟာရက်ရွာ ပထမပြန်စာသင်တိုက်မှ အစိုးရ ပထမပြန်စာမေးပွဲ ပထမငယ်တန်း အောင်မြင်သည်။ (၁၆) နှစ် အရွယ်တွင် ပထမလတ်တန်း၊ (၁၇) နှစ် အရွယ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်သည်။ ထိုနှစ်က ဟံ သာဝတီ တခရိုင်လုံး ပထမကြီး နှစ်ပါးတည်း အောင်မြင်ရာ တပါးမှာ ရှင်ပါရဂူ ဖြစ်သည်။ ပထမပြန်စာမေးပွဲ သမိုင်း၌ ထိုနှစ် ထိုအချိန်ထိ (၁၇) နှစ်နှင့် ပထမကြီး အောင်မြင်သူ နှစ်ပါးတည်းသာရှိရာ တပါးမှာ ရှင်ပါရဂူ ဖြစ်သည်။


၁၉၃၉ ခုနှစ်တွင် ‘မျိုးညွန့်နွယ်’ အမည်ဖြင့် တိုးတက်ရေးမဂ္ဂဇင်း၊ သာမဏေ ရှင်ပါရဂူ အမည်ဖြင့် ဒဂုန်မဂ္ဂဇင်း တို့တွင် ဆောင်းပါးများ ရေးသည်။ ၁၉၄ဝ ပြည့်နှစ်တွင် ရန်ကုန်မြို့၌ ကျင်းပသော အစိုးရ ဓမ္မာစရိယ စာမေး ပွဲတွင် ဂုဏ်ထူးသုံးကျမ်းဖြင့် အောင်မြင်သည်။ တိုးတက်ရေးမဂ္ဂဇင်းတွင် ‘ဘုန်းကြီးကျောင်းသား’ အမည်ဖြင့် ‘ဝိပါက်’ ဝတ္ထုနှင့် ‘ရင်သွေး’ ဝတ္ထုတို့ကို ရေးသည်။


၁၉၄၂ ခုနှစ်တွင် မြစ်ကွေ့ကျောင်းတိုက် စတုတ္ထဆရာတော် ဦးပညာဝံသကို ဥပဇ္ဈာယ်ဆရာ အရာထားပြီး ဘ ကြီးတော်သူ ဦးဘိုးသီ၊ ဒေါ်စောလေးတို့က ရဟန်းဒါယကာပြုလျက် ဥပသမ္ပ ကံဆောင် ပဉ္စင်းအဖြစ် ရောက်ရှိ ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် သန်လျင်မြို့ ဂျပန်စာသင်ကျောင်း (ယခင် စိန်ဂျောဂျက်) ၌ ဂျပန်စာ နှစ်နှစ် သင် သည်။ မြန်မာတနိုင်ငံလုံးရှိ ဂျပန်စာသင်ကျောင်းများအတွက် ထုတ်ဝေသော ဂျပန်စာစောင်၌ ဂျပန်ဘာသာ ဆောင်းပါးရေးသည်။


၂၀၁၁၊ ဖေဖော်ဝါရီလ (၂) ရက်နေ့က ၀ါးခယ်မ သခင်သိန်းမောင် (၀ဲအစွန်) ၏ (၉၂) နှစ်ပြည့် မွေးနေ့ပွဲတွင် ဆရာပါရဂူကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နှင့်အတူ တွေ့ရစဉ်

အိန္ဒိယသူဌေးကြီး ဗီရလာ၏ အရိဓမ္မ ပညာတော်သင်ဆုဖြင့် ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ ဗာ ရာဏသီ ဟိန္ဒူတက္ကသိုလ်၊ အိုရီယမ်တယ်ကောလိပ်၌ ဟိန္ဒီနှင့် သက္ကတ သင်သည်။ ထိုအချိန်တွင် မိဂဒါဝုန် မ ဟာဗောဓိအသင်းက ထုတ်ဝေသော ဟိန္ဒီဘာသာ ဓမ္မဒူတ စာအုပ်၌ ဟိန္ဒီဘာသာဆောင်းပါး ရေးသည်။ ဂျာ နယ်ကျော်၌လည်း ရေးသည်။ ၁၉၅၂ တွင် မြန်မာနိုင်ငံသို့ ပြန်လာသည်။ ‘ဝိဇ္ဇာ’ အမည်ဖြင့် ဗော်လဂါမှ ဂင်္ဂါ သို့ (ဒုတိယပိုင်း) ရေးသည်။ ၁၉၅၄ ခုနှစ်တွင် ‘ပါရဂူ’ အမည်ဖြင့် ဗုဒ္ဓစကား ရေးသည်။ ၁၉၅၅ ခုနှစ်တွင် လူ ဝတ်လဲသည်။

၁၉၅၆ ခုနှစ်တွင် နယူးဒေလီမြို့ အာရှစာရေးဆရာများညီလာခံ အတွင်းရေးမှူးအဖွဲ့သို့ မြန်မာစာရေးဆရာ ကိုယ်စားလှယ်အဖြစ် တက်ရောက်သည်။ ၁၉၅၇-၆၁ အထိ မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံး ပြန်ကြားရေး ဘာသာ ပြန်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ မှ ၁၉၆၁ အထိ မြန်မာနိုင်ငံစာရေးဆရာအသင်းတွင် အ မှုဆောင် တာဝန်ထမ်းဆောင်သည်။ ၁၉၆၃ ခုနှစ်တွင် ‘သုန္ဒရာနန္ဒ ခေါ် ညီတော်မင်းနန်’ စာအုပ်ဖြင့် အနုပညာ ဆိုင်ရာ ဘာသာပြန်စာပေဆု ချီးမြှင့်ခြင်းခံရသည်။

၁၉၆၃ မှ ၁၉၆၅ အထိ မြန်မာနိုင်ငံစာရေးဆရာသမဂ္ဂအသင်း အမှုဆောင်၊ မြန်မာနိုင်ငံစာပေပြန့်ပွားရေးအ သင်း အမှုဆောင်၊ ၁၉၇၁ မှ ၁၉၇၅ အထိ မြန်မာစာကော်မရှင်အဖွဲ့ အဖွဲ့ဝင် တာဝန်များကို ထမ်းဆောင်ခဲ့ သည်။ ၁၉၈၅ ခုနှစ်တွင် မြန်မာနိုင်ငံ ကောလိပ်နှင့် တက္ကသိုလ်များ၏ အရှေ့တိုင်းစာပေသင်ကြားရေးအဖွဲ့ အ ဖွဲ့ဝင်အဖြစ် စတင်ဆောင်ရွက်သည်။ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ ဟိန္ဒီဘာသာဖြင့် ထုတ်ဝေသော အာဂ်ျ (AJ) နေ့စဉ်သတင်းစာတွင် ပါရဂူ အမည်ဖြင့် ဗာရာမာကီကျိတ္တိ (မြန်မာပြည်မှ ပေးစာများ) ရေးသော ပင်တိုင် ဆောင်းပါးရှင်ဖြစ်သည်။ ကရာချိမှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ယူနက်စကို နယူးစ်လက်တားတွင် ‘လှကြိုင်’ အမည်ဖြင့် မြန်မာနိုင်ငံစာပေယဉ်ကျေးမှု သတင်းဆောင်းပါးများ ရေးသည်။

၁၉၈၆ တွင် ‘ဂေါရီ’ စာအုပ်ဖြင့် ၁၉၈၆ ခုနှစ် အမျိုးသားစာပေဘာသာပြန်ဆု ချီးမြှင့်ခြင်းခံရသည်။ ၁၉၈၉ ခုနှစ် တွင် မြန်မာပြည် တဂိုးအသင်း ဥက္ကဋ္ဌ၊ မြန်မာပြည် ဟိန္ဒီအသင်း ဥက္ကဋ္ဌ၊ ၁၉၉၈ ခုနှစ် မြန်မာနိုင်ငံ ယဉ်ကျေးမှု တက္ကသိုလ် ပညာရေးအဖွဲ့ အဖွဲ့ဝင်၊ အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိ ဝိပဿနာအဖွဲ့ (ဓမ္မ ဇောတိ) အမှုဆောင်၊ မင်္ဂ လာဗျူဟာ ပရဟိတအဖွဲ့ ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။

၂ဝဝဝ ပြည့်နှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ အဖွဲ့ဝင်၊ နော်ဝေရောက် အိန္ဒိယအမျိုးသားများ အင်္ဂလိပ်-ဟိန္ဒီ နှစ်ဘာသာဖြင့် ထုတ်ဝေသော သျှံတိဒူတ မဂ္ဂဇင်း၏ အကြံပေး တာဝန် ထမ်းဆောင်သည်။

၂ဝဝ၁ ခုနှစ်၊ ပခုက္ကူ ဦးအုန်းဖေ၏ တသက်တာစာပေဆု ချီးမြှင့်ခြင်း ခံရသည်။ ဆရာပါရဂူသည် ၂ဝဝ၁ ခုနှစ် အသက် (၈ဝ) ပြည့်ချိန်တွင် လုံးချင်းစာအုပ် (၁ဝဝ) အထိ ပုံနှိပ်ထုတ်ဝေခဲ့သည်။

ဆရာပါရဂူသည် တဂိုးအား ဂုဏ်ပြုသောအားဖြင့် ရွှေပေါက္ကံမြို့သစ်တွင် ပါရဂူရှန်တိနိကေတန် စာကြည့်တိုက် ကြီးကို တည်ထောင်ခဲ့သူ၊ တဂိုးစာပေအသင်းကြီး၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

ဆရာကြီးသည် အမှတ် (၃)၊ ငါးထပ်ကြီးဘုရားလမ်း၊ ဗဟန်းမြို့နယ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှစ၍ ကွယ်လွန်ချိန်အထိ ရွှေပေါက္ကံမြို့သစ် (၁၆) ရပ်ကွက်၊ ဦးပုညလမ်း အမှတ် (၉၈၈/ ၉၉၀) ၌ တည် ရှိသည့် ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်တွင် နေထိုင်ခဲ့သည်။

ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

1. ကဗျာဆရာ၏ အသိုက် - ၂ဝဝဝ ပြည့်နှစ်
2. ကာဓမ္ဗရီနှင့် အခြားဝတ္ထုများ
3. ကျန်းမာရေးသဝဏ်လွှာ
4. ကွန်မြူနစ်ဝါဒသာလျှင် အဘယ်ကြောင့်
5. ခေါမဒဿနပညာရှင် - ၁၉၉၆ ခုနှစ်
6. ဂါမဏိ
7. ဂါမတီ
8. ဂေါရီ - ၁၉၈၅ ခုနှစ်
9. ဂင်္ဂါနှင့် ဧရာဝတီ - ၁၉၉၅ ခုနှစ်
10. ဂျလရာမ်
11. ငှက်ဓမ္မသဘင် - ၂ဝဝဝ ပြည့်နှစ်
12. စကရ - ၁၉၉၉ ခုနှစ်
13. စကားပြောသော ရုပ်တုများ - ၁၉၉ဝ ပြည့်နှစ်
14. စာပေခရီးသည် - ၁၉၉၈ ခုနှစ်
15. စိတ္တရလေခါ - ၁၉၇၉ ခုနှစ်
16. ဆိုရှယ်လစ်ဝါဒ - ၁၉၆၄ ခုနှစ်
17. ဆည်းဆာကြယ်နှင့် အခြားဝတ္တုတိုများ
18. စ်င္ဗုဒၶဘာသာ
19. ညီတော်မင်းနန် - ၁၉၈၉ ခုနှစ်
20. တဂိုး၏ တံလျှပ်ရေထင် ရွှေသမင်ဥပမာနှင့် အခြားဝတ္ထုတိုများ
21. တဂိုး၏ ရာဇကုမာရီနှင့် အခြားဝတ္ထုတိုများ
22. တဂိုး၏ ဝတ္ထုတိုပေါင်းချုပ် - ၁၉၇၅ ခုနှစ်
23. တဂိုး၏ ဝတ္ထုတိုများ - ၁၉၉၇ ခုနှစ်
24. တဂိုး၏ သံသယနှင့် အခြားဝတ္ထုတိုများ
25. တရားရေစီးကြောင်း - ၁၉၉ဝ ပြည့်နှစ်
26. တော်လှန်သော အတွေးအခေါ်များ
27. တမ္ဗပဏ္ဏိ - ၁၉၉၉ ခုနှစ်
28. ဒဂုန်ဦးထွန်းမြင့်
29. ဒိဗျာ
30. ဒေသစာရီ ဝေသာလီ
31. ဒေါဏ၏ အတ္တကထာ (ပထမတွဲ) - ၁၉၉၅ ခုနှစ်
32. ဒေါဏ၏ အတ္တကထာ (ဒုတိယတွဲ) -
33. ဒိုဟာဓမ္မကဗျာ - ၁၉၉ဝ ပြည့်နှစ်
34. ဓမ္မစကား - ၁၉၇၄ ခုနှစ်
35. ဓမ္မ ဘဝတလျှောက်နေသွားနည်း အတတ်ပညာ - ၁၉၈ဝ ပြည့်နှစ်
36. နီတိပုံပြင်များ - ၁၉၉၃ ခုနှစ်
37. နေရာနှင့် အခြားဝတ္ထုများ
38. နေရူး၏ သမီးထံပေးစာ
39. နိုင်ငံရေးဒဿန
40. နိဗ္ဗာန် - ၁၉၆၉ ခုနှစ်
41. နှစ်ဆယ့်နှစ်ရာစု
42. ပရကထာ (တစေ့တစောင်း စာရေး ဆရာများအကြောင်း) - ၁၉၈၉ ခုနှစ်
43. ပလေတို
44. ပီယဒဿီ - ၁၉၈၅ ခုနှစ်
45. ပုဂံခရီးသည်
46. ပုဂံခရီးသည် (အင်္ဂလိပ်)
47. ပုဂံဈေးနှင့် အခြားဝတ္ထုတိုများ
48. ပဉ္စတန္ဈရ - ၁၉၆၅ ခုနှစ်
49. ပဉ္စာကထာ - ၂ဝဝ၁ ခုနှစ်
50. ပဏ္ဍိတကထာ - ၁၉၉၇ ခုနှစ်
51. ပန်းပုဆရာ
52. ဖော်မဲ့ဟင်္သာ - ၁၉၉၄ ခုနှစ်
53. ဗာဗာဒိုဟာ
54. ဗော်လဂါမှ ဂင်္ဂါသို့ (ဦးဆန်းထွန်းနှင့်)
55. ဗော်လဂါမှ ဂင်္ဂါသို့ (ဒုတိယပိုင်း)
56. ဗုဒ္ဓဂုဏဝန္ဒနာ
57. ဗုဒ္ဓစကား - ၁၉၅၄ ခုနှစ်
58. ဗုဒ္ဓဒိုင်ယာရီ - ၁၉၆၄ ခုနှစ်
59. ဗုဒ္ဓနှင့် ဆိုရှယ်လစ်ဝါဒ
60. ဗုဒ္ဓဘာသာနှင့် မာ့က်စ်ဝါဒ
61. ဗုဒ္ဓမြတ်စွာ - ၁၉၉၅ ခုနှစ်
62. ဗုဒ္ဓယဉ်ကျေးမှု ပြဇာတ်များ - ၂ဝဝ၁ ခုနှစ်
63. ဗုဒ္ဓသာသနာ စည်ပင်ပြန့်ပွားပုံ သမိုင်း
64. ဘဝခရီးသည် - ၁၉၉၆ ခုနှစ်
65. ဘဝမင်္ဂလာ
66. ဘုရားကျောင်း တံမြက်လှည်းသမားနှင့် အခြားဓမ္မဝတ္ထုများ
67. မဟာခရီးသည်
68. မဟာလူသားဗုဒ္ဓ - ၁၉၈၉ ခုနှစ်
69. မင်းနှင့် ပြည်သူ
70. မဇ္ဈိမပဋိပဒါနှင့် ဓမ္မဝတ္ထုတိုများ - ၁၉၉၅ ခုနှစ်
71. မြန်မာ-သီရိလင်္ကာ သာသနာဆက်သွယ်ရေး
72. ယယာတီ
73. ယောဂီ၏ ဘဝဂါထာ - ၁၉၉၂ ခုနှစ်
74. ရာဇာနှင့် ဘိသိက် - ၁၉၈၂ ခုနှစ်
75. ရာဇာနှင့် သာသနာ
76. ရာဟုလာသံကိစ္စည်း - ၁၉၇၇ ခုနှစ်
77. ရေစီးကြောင်း (စာပေ/ယဉ်ကျေးမှု) - ၁၉၉၃ ခုနှစ်
78. လူ့ဘောင်သစ်
79. လယ်တီပဏ္ဍိတ ဦးမောင်ကြီး - ၁၉၉၅ ခုနှစ်
80. ဝေတာလ ဝတ္ထု - ၁၉၈ဝ ပြည့်နှစ်
81. ဝေဒနာ
82. ဝေသာလီ
83. ဝတ္ထုသမုဒ္ဒရာ - ၁၉၆၆ ခုနှစ်
84. သာလဝတနှင့် အခြားဝတ္ထုတိုများ - ၁၉၉ဝ ပြည့်နှစ်
85. သားတော် ရာဟုလာ - ၁၉၇ဝ ပြည့်နှစ်
86. သီပေါ၏ မဟေသီ - ၁၉၇၂ ခုနှစ်
87. သီဟသေနာပတိ
88. သူလိုလူ - ၁၉၈၁ ခုနှစ်
89. သိဒ္ဓတ္ထ- ၁၉၆၄ ခုနှစ်
90. ဟိတောပဒေသ - ၁၉၅၅ ခုနှစ်
91. အညမည သဘောတရားနှင့် ဗုဒ္ဓအဘိဓမ္မာ
92. အရစ္စတိုတယ် - ၁၉၉၅ ခုနှစ်
93. အမေ့ခံ ခရီးသည် - ၁၉၇၇ ခုနှစ်
94. အမ္ဗပါလီ - ၁၉၇၆ ခုနှစ်
95. အိန္ဒိယခရီးသည် - ၁၉၉၆ ခုနှစ်
96. အိန္ဒိယရုပ်တုနှင့် မြန်မာရုပ်တု စကားဆွေးနွေးခန်း
97. ဥတ္တရခရီးသည်

(မြန်မာအွန်လိုင်းစွယ်စုံကျမ်းမှ ...)ဒေါက်တာလွဏ်းဆွေကူးယူပါသည်..........

Monday, March 28, 2011

အရှင်ဦးဝိစာရ


ယခုတစ်လော ဘာသာရေးမဂ္ဂဇင်း တော်တော်များများတွင် ဆရာတော်ကြီးများ၏ အကြောင်းတေရေးထားကြသည်မှာ အချို့ဆိုလျှင် အကြိမ်ကြိမ် အထပ်ထပ် အပ်ကြောင်းထပ်လုမကရှိနေသည်။ သို့သော်လည်း နိုင်ငံတော်မှ အသိအမှတ်ပြု၍ ဘာသာနှင့်သာသနာအတွက်အသက်စွန့်သွားသူ ဆရာတော်ကြီး တစ်ပါးအကြောင်းကို မည်သည့် မဂ္ဂဇင်းများတွင်မှမတွေ့ရသည်မှာ လွန်စွာ ဝမ်းနည်းဖွယ် ကောင်းသည်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့်
ဗုဒ္ဓဘာသာနှင့် မြန်မာပြည် လွတ်လပ်ရေးအတွက် အသက်နှင့်လဲ၍ ဆောင်ရွက်သွားခဲ့သည့်ရဟန်းအာဇာနည်အကြောင်း မမေ့ကောင်းသည်ကို တိုင်းပြည်၊ လူမျိုးနှင့် ဘာသာကို
ချစ်မြတ်နိုးသည်ဟု ဆိုသူတိုင်း ပြန်လည်အမှတ်ရစေရန် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်အနေဖြင့် တင်ပြလိုက်ပါသည်။

အရှင်ဦးဝိစာရလောင်းလျာ၏  လူအမည်မှာ မောင်လှကျော် ဖြစ်သည်။ သာသနာ သက္ကရာဇ် ၂၄၃၂ခု၊ ကောဇာ ၁၂၅ဝ ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၈ ရက် ည ၃ ချက်တီးကျော် ၉ရက် ၁၂ နာရီ ဥပါဒ် ၄ ဗီဇနာ ဗုဒ္ဓဟူးနေ့ အဝင်တွင် အဘ ဦးမြား၊ အမိ ဒေါ်ဇလပ် တို့မှအမြင့်မြို့အပိုင်၊ အနိမ့် ကိုးရွာ အပါအဝင် ကမ်းနိမ့်ရွာ၌ ဖွားမြင်၏။ မွေးချင်း၃ ဦး ရှိသည်။ တောကျောင်းကြီးရွာရှိ အဓိကရ သုံးပန်းလှ သိမ်တော်ကြီးတွင်
ဘုံပြန်ဆရာတော် ဦးအာဒိစ္စအား ဥပဇ္ဈာယ်ပြု၍ ဘွဲ့မည် ဦးဝိစာရဟု တွင်သည်။

ဦးဝိစာရအရှင်သည် မန်းကြီးပုတ်ရွာ ဆရာတော် ဦးရာဇိန်ထံ ပထမဦးစွာ သဒ္ဒါကျမ်းပြီးမြောက်အောင် သင်ယူသည်။ ပျဉ်းမနား ကံဦးတိုက် ဆရာတော် ဦးကုသလထံတွင် ပါဠိ၊အဋ္ဌကထာ၊ ဋီကာ ပိဋကတ်ကျမ်း တို့ကို သင်ယူ၏။ ချောင်းဦးမြို့ပထမရွှေတောင်ဆရာတော်ထံတွင်လည်း ၂ ဝါတိုင် ဝိနည်းသိက္ခာများကို သင်ယူသည်။
ထို့နောက် မန္တလေး မြို့၊ ရွှေရေးဆောင်တိုက် ဆရာတော်ထံတွင် လည်းကောင်း၊ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် ဆရာတော်ထံတွင် လောကုတ္တရာ စာပေများကိုဆက်လက်သင်ယူရင်း တစ်ဖက်  မှ စာသင်သား သံဃာတို့အား စာပေပို့ချခဲ့သည်။ဦးဝိစာရအား အမျိုးသားစိတ်ဓာတ် ရင့်သန်စေသော အရေးအခင်းမှာ နှစ်စဉ်သီတင်းကျွတ်လဆန်း ၁၁ ရက်နေ့ မှ ၁၃ ရက်နေ့အထိ ကျင်းပသော မန္တလေးမြို့ အိမ်တော်ရာဘုရားပွဲအတွင်း ညတစ်ညတွင် မန္တလေး ရာဇဝတ်ဝန် စတီးဝပ် သည် နောက်ပါပုလိပ်များနှင့် ဘုရားရင်ပြင်တော်ပေါ်သို့ ဖိနပ်စီး တက်ရောက်လာသဖြင့် ဘုရားပွဲစောင့်ရှောက်ရေး အဖွဲ့ဝင် သံဃာတော်များက ကန့်ကွက်ရာမှ ဆူပူမှုများ ဖြစ်ပွားသည်။
ယင်းအခိုက် အရှင်ဦးကေသရ (ထီးလင်း တိုက်တွင် လက်ပံတန်းမြို့၊ ကွမ်းခြံရွာမှစာဝါလိုက် ရဟန်းပျို) သည် ဘာသာ၊ သာသနာကို စော်ကားသူ မျက်နှာဖြူ ရာဇဝတ်ဝန်အားဓားရှည်ဖြင့် ခုတ်ရာ နှာခေါင်း ပြတ်သွား သည်။ ပုလိပ်တပ်က စကုတိုက်သို့ရှေးဦးဝန်းရံ၍ ဓားခုတ်သူ ဦးကေသရအား ထုတ်ပေးရမည်ဟု တိုက်အုပ်၊ တိုက်ကြပ်များအား ခြိမ်းခြောက်နေစဉ် စကုတိုက်ရှိ ဘွဲ့မည်တူ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရရွှေမန်းဦးကေသရက- ''ကေသရဆိုတာ ငါပဲ၊ ငါလည်း ဘုရားပွဲတော်သို့ မရောက်၊ ဓားဖြင့်ခုတ်သူ လည်း ငါ မဟုတ်၊ ငါ မသိ'' ဟု ငြင်းဆိုလိုက်သည်။ တစ်ဖန် ပုလိပ်တပ်ကထီးလင်းတိုက်ကို ဝိုင်းရာ စတီးဝပ်အား ကိုယ်တိုင် ဓားဖြင့်ခုတ်သူ ကိုယ်တော်ထွက်လာပြီး စတီးဝပ်ကို ဓားဖြင့် ဆုံးမလိုက်သူမှာ ငါ ဖြစ်သည်။ ဗုဒ္ဓ ဘာသာသာသနာတော်ကို စော်ကား၍ ဆုံးမခြင်း ဖြစ်သည်။ ထောင်ကျမှာလည်း ငါ ဂရုမစိုက်၊သေရမှာလည်း ငါ မကြောက်၊ ငါ့အနေဖြင့် အမျိုး ဘာသာ သာသနာကို စော်ကားသူတစ်ယောက်အား ဆုံးမလိုက်ရပြီ ဖြစ်၍ သေလျှင်လည်း သေပျော်ပြီဟု ဆိုကာ အဖမ်းခံ၍ထိုအမှုနှင့် ထောင်ဒဏ် တစ်သက် ကျခံရသည်။

၁၂၈၅ ခုနှစ်ဆန်းတွင် ဦးဝိစာရသည် ရန်ကုန်မြို့သို့ ကြွရောက်ပြီး ကြည့်မြင်တိုင်ဝေဠုဝန်တိုက်တွင် နေစဉ် သံဃသာမဂ္ဂီအဖွဲ့ တာဝန်များကို တက်ကြွစွာပါဝင်ဆောင်ရွက်သည်။ ဆရာတော်ဦးဥတ္တမ ကိုယ်တော်က ကျေနပ်သဖြင့် ဦးဝိစာရကို ခေါ်၍ရေး၊ မြိတ်၊ ထားဝယ် စသည့် တနင်္သာရီ နယ်သို့ ဝံသာနုတရားဟောရန် အတူတကွပထမဆုံးအကြိမ် ကြွရောက်၏။ နောက်ပိုင်းတွင် ဦးဝိစာရအား လက်ရုံးသဖွယ်  အတူတွဲဖက်
ဟောပြောရန် အစဉ် ခေါ်ဆောင်လေ့ ရှိသည်။အိန္ဒိယ မြန်မာ ချစ်ကြည်ရေးအတွက် အိန္ဒိယကွန်ဂရက် အသင်း၊ မြန်မာပြည်ဆိုင်ရာအသင်းခွဲတွင် ဦးဥတ္တမနှင့် ဦးဝိစာရတို့သည် အသင်းဝင် ရဟန်းများ ဖြစ်သည်။ ၁၉၂၂ခုတွင် အိန္ဒိယပြည် ဂါယာ၌ ကျင်းပသည့် ပြည်လုံးကျွတ် ကွန်ဂရက်အသင်း ညီလာခံသို့တက်ရောက်၏။ ပါဠိ၊ သက္ကတ၊ ဘင်္ဂါလီ၊ နာဂရီ စာပေကျမ်းဂန်များကို နှစ်ဝါ တိုင်တိုင်အိန္ဒိယပြည် ကာလကတ္တားမြို့တွင် သင်ယူသည်။ အိန္ဒိယ၊ စစ်တကောင်းမှတစ်ဆင့်ရခိုင်ပြည်သို့ လှည့်လည် တရားဟောရင်း မြန်မာပြည်သို့ ပြန်လည်ကြွရောက်သည်။

ဦးဝိစာရသည် သံဃသာမဂ္ဂီ အဖွဲ့ချုပ်ကြီးမှ ခန့်အပ် တာဝန်ပေးထားသည့် နိုင်ငံရေးဓမ္မကထိက သံဃာတစ်ပါး ဖြစ်သဖြင့် ပြည်ထဲရေးဌာန လက်အောက်ရှိ ပုလိပ်တို့က အရေးပါသော နိုင်ငံရေး ခေါင်းဆောင်ဟု သတ်မှတ်၍ မြန်မာပြည် နိုင်ငံရေး(လူဆိုး)စာရင်းဝင် နံပါတ် ၄၄ တွင် မှတ်တမ်းတင် ခံခဲ့ရသည်။

၁၂၈၈ ခု သီတင်းကျွတ် လပြည့်ကျော် ၁ ရက် (၂၂-၁ဝ-၂၆) နေ့တွင် လက်ပံတန်းမြို့နယ်သာရဝေါတိုက်၊ မနော်ညောင်ကုန်းရွာတွင် တိုက်နယ် ဝံသာနု အစည်းအဝေး ကျင်းပသည်။ထိုအစည်းအဝေးသို့ ဦးဝိစာရအား တရားဟော ရန် ကြိုတင် ဖိတ်ကြားထားသည်။ ယင်းအခါသာယာဝတီ ဒိစတြိတ် အရေးပိုင်က အိန္ဒိယရာဇသတ် ပုဒ်မ ၁၄၄ အရသာယာဝတီစီရင်စုနယ်မြေအတွင်း သီတင်းကျွတ်လဆန်း ၁ ရက်နေ့မှ တန်ဆောင်မုန်းလကုန်အထိ'လူစုလူဝေး ပြု ခြင်း၊ အစည်းအဝေး ကျင်းပခြင်း လုံးဝမလုပ်ရ' ဟု အမိန့် ထုတ်
တားမြစ်သည်။ဦးဝိစာရသည် သာရဝေါတိုက်နယ် မနော်ညောင်ကုန်း ရွာ၊ အင်းရွာတိုက်နယ်၊ထနောင်းကုန်းကျေးရွာ၊ မကျည်းကုန်းရွာနှင့် သီတင်းကျွတ်လဆုတ် ၁၁ ရက်နေ့တွင်
ရေငံကြီးရွာ များသို့ လှည့်လည် တရားဟောပြီး အပြန် အုတ်ဖိုတရားပွဲသို့ သွားရန်ကားစောင့်နေစဉ် ပုလိပ်တို့က ပုဒ်မ ၁၈၈ အာဏာ ဖီဆန်မှုနှင့်ဖမ်းကာသာယာဝတီအကျဉ်းထောင်သို့ ပို့လိုက်သည်။ ထိုမှ သာယာဝတီ ဒိစတြိတ်၊ တွဲဖက်အထူးအာဏာရ ရာဇဝတ်တရားသူကြီးရုံးတွင် စစ်ဆေး၍ ပြစ်မှုကျူးလွန် ကြောင်းထင်ရှားသည်ဟုဆိုကာ အိန္ဒိယ ရာဇသတ်ကြီး ပုဒ်မ ၁၈၈ အရ ၁၂၈၈ ခု တန်ဆောင်မုန်းလဆုတ်
၂ ရက် (၂၂-၁၁-၂၆) နေ့တွင် ထောင် ၂ လ ချကာ ရန်ကုန်ထောင်ကြီးသို့ပြောင်းရွှေ့အကျဉ်းချထားသည်။ အရှင်ဦးဝိစာရ၏ ပထမ အကြိမ် ထောင်ချခံရခြင်းဖြစ်သည်။

ရန်ကုန်ထောင်မှ မလွှတ်မီ တစ်ရက်အလို ၂ဝ-၁-၂၇ နေ့တွင် သာယာဝတီထောင်သို့ပုလိပ်အစောင့်ဖြင့် ပြန်ပို့ကာ ၂၁-၁-၂၇ ရက် နံနက်ပိုင်းတွင်ပြန်လွှတ်ပေးသော်လည်း ထောင်ဘူးဝ၌ပင် ပုလိပ်တို့က သာယာဝတီ အရေးပိုင်၏ ဝရမ်း အရ၊ရာဇသတ်ပုဒ်မ ၁၂၄(က) ဖြင့် ဒုတိယအကြိမ် ဖမ်းဆီး ကာ သာယာဝတီထောင်အချုပ်သို့ပြန်ပို့ထားလိုက်သည်။ ဒုတိယမြောက်အဖမ်းခံရသည့် အမှုကြောင်းမှာ ထနောင်းကုန်းကျေးရွာ တရားပွဲ၊ မကျည်းကုန်းရွာ(အင်းဝ) တရားပွဲတို့၌ အရှင်ဦးဝိစာရ၏ဟောပြောချက်များသည် အစိုးရအား အကြည်ညိုပျက်စေသည်ဟူသော စွဲချက်ပင်ဖြစ်သည်။

သာယာဝတီထောင်ကြီးချုပ်၌နေစဉ် ဦးဝိစာရက ၁၂၈၈ ခု ပြာသိုလဆုတ် ၁၅ ရက် လကွယ်နေ့ဥပုသ်နေ့တွင် ဝိနည်းသိက္ခာပုဒ်နှင့်အညီ သိမ်တစ်ခုခုသို့ ကြွရောက်ဥပုသ်ပြု ခွင့်စီစဉ်ပေးရန် အရေးပိုင်ထံ စာရေးပေးပို့သည်။ အရေးပိုင်က အကျဉ်းထောင်ဥပဒေအရမည်သည့်တရားခံကိုမျှ ဥပုသ် ပြုခွင့်မပေးနိုင်ကြောင်း ငြင်းဆိုသဖြင့် ဦးဝိစာရကအစာ အငတ်ခံ ဆန္ဒပြအရေးဆိုခဲ့သည်။ ထို့ကြောင့် ၄-၂-၂၇ ရက်နေ့တွင် သာယာဝတီအထူးရာဇဝတ်တရားသူကြီး ရုံး တွင် အမှုချိန်းရှိသော်လည်း ရုံးမထုတ်တော့ပေ။အစာငတ်ခံဆန္ဒပြ၍ ၄ ရက်မြောက်နေ့တွင် မျက်နှာဖြူ အရေးပိုင်ကထောင်တွင်းသို့လာပြီး- ''ဘုန်းကြီး၊  ခင်ဗျား ဘာပြုလို့ ထမင်းမစားသလဲ၊ခင်ဗျားပါးစပ်နဲ့ ထမင်း ကောင်း ကောင်းမစားချင်ဘူးလား။ နှာခေါင်းနဲ့စားချင်သလား၊ ဖင်(စအို)နဲ့ စားချင်သလား။ အခု ဗိုက်ထဲကို နွားနို့ သွင်းပေးရမယ်။ ဘုန်းကြီး အများကြီး ဒုက္ခရောက်သွားမယ်'' ဟု ပြောကြောင်း၊ ဆရာတော်က-''မင်းတို့ လက်ထဲမှာ၊ မင်းတို့ ကြိုက်သလို ဒုက္ခပေးရုံမက ခုချက်ချင်း သေနတ်နဲ့ပစ်သတ်ချင် ပစ်သတ်လိုက်ကြပေါ့'' ဟု ဆိုသဖြင့် ထိုနေ့ ညနေ ၆ နာရီခန့်တွင်ဆရာတော်အား ရန်ကုန်ထောင်ကြီးသို့ ညချင်းခေါ်ယူ ပြောင်းရွှေ့၏။ ဆရာတော်ကလည်းတစ်ဆက်တည်း ဆွမ်းဘုဉ်းမပေးဘဲနေခဲ့ရာ ရက်ပေါင်း ၄ဝ မြောက် နေ့တွင်မှထောင်အာဏာပိုင်တို့က ဥပုသ်ပြုခွင့်ကို အလျှော့ ပေးသဖြင့် ဆွမ်းပြန်စားခဲ့သည်။

ဦးဝိစာရအား ပုဒ်မ ၁၂၄(က)အရ စွဲဆိုသော အမှု များမှာ သာယာဝတီစီရင်စုအတွင်းဟောပြောခဲ့ခြင်း ဖြစ်၍ ထုံးစံအရ သာယာဝတီရုံးတွင်သာ စစ်ဆေးရမည့်အစားဟိုက်ကုတ်တရားလွှတ်တော်မှ အင်းစိန်စီရင်စု တွဲဖက် ရာဇဝတ်တရားသူကြီးရုံးသို့လွှဲပြောင်းစစ်ဆေးစေရမည်ဟူ သောအမိန့်ကို ထောင်တွင်းသို့ လာရောက်ဖတ်ပြ၏။ ဦးဝိစာရက ၂၈-၄-၂၇ နေ့တွင် ရုံးပြောင်းစစ်ဆေးခြင်းကို သဘော မတူကြောင်း၊ သာသာဝတီရုံးတွင်သာ စစ်ဆေးသင့်ကြောင်း ဟိုက်ကုတ်သို့ စာပြန်တင်သော်လည်း လက်မခံခဲ့ပေ။အပြစ်ပေးခံရပြီး ထောင်ကျအကျဉ်းသမားအဖြစ်  ရုံးမှ ခေါ်ယူလာ၍ရန်ကုန်ထောင်အတွင်းရောက်လျှင် ဘူးဝ၌ပင် ဦးဝိစာရအား သင်္ကန်းကိုချွတ်၍ထောင်ဝတ်နံငယ်ပိုင်း လဲလှယ်ရမည်ဟု အာဏာပိုင်တို့က အတင်းအကျပ်စေခိုင်းခဲ့သည်။
ဦးဝိစာရက လက်မခံ။ ပြန်လည်ပြောဆိုခြင်း မပြုဘဲ ဘာဝနာပွားများလျက် နေတော်မူသည်။

ထိုအခါ ရာဇဝတ်အကျဉ်း သမားများ၊ ထောင်အမှုထမ်းဝါဒါများအား သင်္ကန်းကို ဆွဲချွတ်လဲလှယ်ရန် ခိုင်းစေသော်လည်း ဝတ်ကျေတန်းကျေသာ ပြုလုပ်ကြသဖြင့် ထောင်မှူးများကဆဲဆိုရိုက်နှက်၍ မျက်နှာဖြူ ထောင်အရာရှိ ၃ ဦးကိုယ်တိုင် အတင်းအဓမ္မ ဝင်ရောက်ဆွဲချွတ်ကြပြီး ထောင်ဝတ်ကိုဝတ်စေရာ ဦးဝိစာရက သင်္ကန်းမှတစ်ပါး မည်သည့်အဝတ်ကိုမှမဝတ်နိုင်ဟုဆိုသဖြင့် ထောင်အမှုထမ်းများက ဝိုင်းဝန်း ချီမ,သယ်ယူစေ၍ တိုက်ပိတ် ကာသီးသန့် အုတ်တိုက်ခန်း တစ်ခုအတွင်းသို့ အဝတ်မပါဘဲ သွင်းထားလိုက်ကြသည်။

ထိုအခါ ဦးဝိစာရအရှင်၏ စိတ်တွင် 'တိုင်းတစ်ပါး သား မိစ္ဆာအစိုးရသည် ထောင်အပ၌အမျိုးမျိုးသော ဖိနှိပ် ချုပ်ချယ်ရေး ဥပဒေများဖြင့် ရဟန်းတော်များအား တရားမဲ့ဖမ်းဆီး အပြစ်ပေးရုံမက၊ ထောင်အတွင်း၌လည်း ထောင်စည်းကမ်းအရဆိုကာ မြတ်စွာဘုရားခွင့်ပြုသတ်မှတ် ပေးအပ်ထားသော ဝတ်ရုံသင်္ကန်းကို အတင်းအဓမ္မ ချွတ်၍စော်ကားခံရသောကြောင့် သာသနာတော်ကြီး မကြာမီ ပျက်စီးရချေတော့မည်။ ထောင်အတွင်းသင်္ကန်းဝတ်ရုံခွင့် မရသမျှ ကာလပတ်လုံး မည်သို့ ညှဉ်းပန်းနှိပ်စက်ပါစေ၊ခန္တီပါရမီကို ဆောက်တည်၍ ဆွမ်းဘုဉ်းပေးခြင်း လုံးဝမပြုဘဲ အသက်သေသည့်အထိအားလုံးသော ထောင်တွင်းရောက် သံဃာတော်များနှင့် သာသနာ့အကျိုးကို ရှေးရှု၍အစာငတ်ခံရန် အဓိဋ္ဌာန်ပြုတော့အံ့ဟု စိတ်ကူးကြံစည်ခဲ့သည်။

၁၂၈၉ ခု ကဆုန်လဆန်း ၈ ရက်နေ့ ၈-၅-၂၇ ရက် တနင်္ဂနွေနေ့မှစ၍ ဦးဝိစာရသည်ဒုတိယအကြိမ် အစာ ငတ်ခံ ဆန္ဒပြခဲ့သည်။ ၃ ရက်ခန့်အကြာတွင် မျက်နှာဖြူထောင်ပိုင်ကြီးကိုယ်တိုင် ရန်ကုန်ထောင်အတွင်း လာ၍ အလွန်တရာရိုင်းစိုင်းမောက်မာသော အသုံးအနှုန်းတို့ဖြင့် ပြောဆို ခြိမ်းခြောက်ခဲ့သည်။သို့ဖြင့် ဥပုသ် နှစ်ပတ်ကြာသည်အထိ သင်္ကန်းကို ဝတ်ခွင့်မပေးဘဲ အဓမ္မဝိုင်းဝန်းချုပ်နှောင်၍ နှာခေါင်းပေါက်မှတစ်ဆင့် အစာနှင့် ဂလူးကို့စ်ကို တစ်နေ့နှစ်ကြိမ်မျှ သွင်းခြင်း၊ ချုပ်နှောင်၍ စအိုပေါက်မှ ပိုက်လုံးဖြင့်ဝမ်းချူခြင်းတို့ကို ပြုလုပ်နေရာ ရက်ပေါင်း ၄ဝ ကျော် အရောက်တွင် အိပ်ရာပေါ်လဲလျက် စကား လုံးဝမပြောနိုင်။ သတိမေ့မြောသည့် အခြေအနေ ရောက်မှ ထောင်ဆေးရုံသို့ပို့၍ ကုသပေးခဲ့သည်။ ယင်းသို့ ရက်,လကြာရှည်စွာ ကြိုးတိုက်တွင်းတွင်လည်းကောင်း၊ထောင်ဆေးရုံတွင်လည်းကောင်း၊ ကဆုန်လမှ တန်ဆောင်မုန်းလတိုင်အောင် ကိုယ်ရော စိတ်ပါဒုက္ခခံနေခဲ့ရသည်။

၁၂၈၉ ခု နတ်တော်လဆန်း ၇ ရက်နေ့တွင် ဦးဝိစာရအား လုံးဝ မလှုပ်နိုင်၊စကားမပြောနိုင်သည့် အခြေအနေမှာပင် ထမ်းစင်ဖြင့်သယ်၍ ကားဖြင့် တံတားကလေးအရူးထောင်သို့ ရွှေ့ပြောင်းလိုက်ပြန်သည်။ ထိုအချိန်မှစ၍ ဦးဝိစာရအားသံခုတင်တစ်လုံးပေါ်တွင် ပက်လက်လှန်၍ ခြေရော လက်ပါ ကြိုးဖြင့် တုပ်နှောင်ပြီးရိုက်နှက်ခြင်း၊ နှာခေါင်းပေါက်၊ မျက်လုံးပေါက်ထဲသို့ ရေလောင်းခြင်း၊မျက်နှာဖြူ သူနာပြု ဆရာမနှင့် ကပြားမတချို့က မကြားဝံ့ မနာသာ ပြက်ရယ်ပြု ထိပါးစော်ကားကြခြင်း၊ အခန်းတစ်ခန်းထဲတွင် အရူးများနှင့်အတူ ထားခဲ့ရာ ဆဲဆို၊ရိုက်နှက်၊ ကန်ကျောက်ခံရခြင်း၊ မစင်များနှင့် ကိုယ်ကို သုတ်လိမ်းခြင်း စသည့်
အမျိုးမျိုးသော ညှဉ်းပန်းနှိပ်စက်မှုများကို ခံခဲ့ရသော်လည်း ဦးဝိစာရသည်ခန္တီပါရမီကို သတိဖြင့် ဆောက်တည်၍ မေတ္တာဘာဝနာကိုသာ ပွားများနေခဲ့သည်။ ထို့နောက၁၂၈၉ ခု နတ်တော်လပြည့်နေ့ နံနက် ၆ နာရီခန့်တွင် မမျှော်လင့်ဘဲ ဦးဝိစာရအားဝတ်ရုံသင်္ကန်းကို ပြန်လည်ပေးအပ်၍ ရန်ကုန်ထောင်ကြီးသို့ ပြန်လည်ပို့ခဲ့သည်။

ထိုအခါတွင်မှ ဆွမ်းကို ပြန်လည်ဘုဉ်းပေးခဲ့ရာ အားအတန် ပြည့်လာသောတပို့တွဲလပြည့်ကျော် ၁ဝ ရက်နေ့တွင် ထောင်အရာရှိများက သင်္ကန်းကို တစ်ဖန်ချွတ်ပြန်သဖြင့် ဆွမ်းမစားဘဲ ထပ်မံ နေခဲ့ရသည်။ကြည့်မြင်တိုင်၊ ဥယျာဉ်တိုက်၊ တွံတေးကျောင်း ဆရာတော် ဦးကေတုသည် ဟင်္သာတထောင်မှ
ပြန်လည် လွတ်မြောက်လာပြီး ကျောင်းတွင် သီတင်းသုံးနေသော ဦးဝိစာရ ကိုယ်တော်အားမတွေ့သဖြင့် စုံစမ်းရာ ရန်ကုန်ထောင်တွင် တစ်နှစ်နှင့် ၉ လ အပြစ်ခံနေရကြောင်းသိရသည့်အတွက် ၁၂၈၉ ခု ပြာသိုလဆုတ် ၂ ရက်၊ တနင်္ဂနွေ နေ့ ၁၁ နာရီတွင် ထောင်ဝင်စာတွေ့ခဲ့သည်။ ထိုအခါတွင်မှ ရန်ကုန်ထောင်တွင်း၌ ဦးကွာဖိန္ဒာဓိပတိ ကိုယ်တော်နှင့်ဦးအာသဘ ကိုယ်တော်များလည်း အစာငတ်ခံနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ အရူးထောင်၌ရှိစဉ် ရန်ကုန်ထောင်မှ ဦးဝါသဝ ကိုယ်တော်ကို အရူးထောင်သို့ ခေါ်ယူလာပြီးဦးဝိစာရ၏ ရှေ့တွင်ပင် ရိုက်နှက် နှိပ်စက်ပြသည်ကို မြင်ခဲ့ရကြောင်း သိရှိ၍ ၁၂၈၉ခုနှစ် တပေါင်းလတွင် မင်းဘူးမြို့ ၌ ကျင်းပမည့် သတ္တမအကြိမ်မြောက်သံဃာ့အစည်းအဝေးတွင် ထောင်တွင်းရောက် သံဃာတော်များ အရေးကို ထည့်သွင်းစဉ်းစားတော်မူပါရန် လျှောက်ထားခဲ့သည်။

၁၂၈၉ ခုနှစ် တပေါင်းလအတွင်း မင်းဘူးမြို့၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဂျီစီဘီအေအသင်းချုပ်ကြီး၏ ၁၅ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနှင့် တွဲဖက် ကျင်းပခဲ့သောသတ္တမအကြိမ်မြောက် သံဃသာမဂ္ဂီ အစည်း အဝေးတွင် ရန်ကုန်ထောင်အတွင်း ရဟန်းတော်များရသင့်ရထိုက်သည့် အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်နေကြသည့်သံဃာတော်အားလုံး၏ အရေးကို ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်ချက်များကိုတညီတညွတ်တည်း ဆုံးဖြတ်ပြဋ္ဌာန်းကာ သာသနာ့ဝန်ထမ်း ရဟန်းတော်များနှင့် စပ်လျဉ်းသောထောင်တွင်း အရေးအခင်းများကို တိုးတက် အရေးဆို တိုက်ပွဲဝင်ရန်လှုံ့ဆော်ဖန်တီးပေးနိုင်သည်။ ထောင်တွင်းတိုက်ပွဲ ပြင်းထန်မှုကြောင့် ၁၂၈၉ ခုတပေါင်းလဆန်း ၆ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ဦးဝိစာရအား သင်္ကန်းကိုပြန်လည်ပေးအပ်၍ နေ့လယ် ၁ နာရီခန့်တွင် ထောင်မှူးတစ်ဦးနှင့် ဝါဒါတချို့ကထောင်ဘူးသို့ တွဲယူ ခေါ်ဆောင်ကြ၏။ အပြင်မှ ရောက်လာသည့် မျက်နှာဖြူရာဇဝတ်ဝန်ကြီးတစ်ဦးနှင့် မြန်မာပုလိပ် အရာရှိတစ်စုတို့က ဦးဝိစာရအား ကားဖြင့်လသာလမ်း၊ ပုလိပ်ဌာနသို့ လည်းကောင်း၊ ထိုမှတစ်ဆင့် သင်္ဘောဆိပ်သို့ ခေါ်ယူသွားပြီးကာလကတ္တားသို့ ထွက်မည့် သင်္ဘောပေါ်တွင် အစောင့်နှင့်တကွ အိန္ဒိယအကျဉ်းထောင် သို့ကိုတင်အသိမပေးဘဲ  ရွှေ့ပြောင်းလိုက်သည်။ ကာလကတ္တားဆိပ်ကမ်းသို့ ရောက်သော်အိန္ဒိယပုလိပ်အဖွဲ့မှ လာရောက် စောင့်ကြိုကာ ဆိပ်ကမ်းမှကားဖြင့် ကာလကတ္တားထောင်သို့ ခေါ်သွားပြီး ထိုမှတစ်ဆင့် ပုလိပ်ဌာနတစ်ခုသို့ ပို့သည်။ လက်ထိတ်ခတ်ရန်ပြင်ဆင်သဖြင့် ဦးဝိစာရက- လက်ထိတ်ခတ် မခံ၊ ကြမ်းပေါ်သို့လှဲအိပ်ကာ- ''ငါ့ကို
လက်ထိတ်မခတ်ကြနဲ့၊ ဒီနေရာမှာ သေနတ်နဲ့ ပစ်ချင် ပစ်သတ် လိုက်ကြ'' ဟုပြင်းပြင်းထန်ထန် ကန့်ကွက်ရာ လက်ထိတ် မခတ်၊ ကြိုးလည်းမချည်ဘဲ လက်နက်ကိုင်အစောင့်အရှောက်များနှင့် မေဒီနီထောင်သို့ ပို့လိုက်ကြသည်။

မေဒနီထောင်ဘူးဝတွင် အင်္ဂလိပ်လူမျိုး ထောင်ပိုင်ကြီးက သင်္ကန်းကို ချွတ်၍ထောင်ဝတ်ဖြူ (နံငယ်ပိုင်း) ကို အဝတ်ခိုင်းပြန်သည်။ ထိုအခါ ဦးဝိစာရက- ''ငါသည်ဆနာရာဆီခေါ် ရဟန်းဖြစ်သည်။ သင်္ကန်းကိုလည်း မချွတ်နိုင်၊ ထောင်ဝတ်ကိုလည်းမဝတ်နိုင်'' ဟု ငြင်းဆန်ခဲ့သည်။ ဦးဝိစာရ၏အကြောင်းပြချက်မှာ အိန္ဒိယအကျဉ်းထောင်များတွင် ဆစ်လူမျိုး အကျဉ်းသမားများသည် ဆံပင် မုတ်ဆိတ်ကိုမရိတ်ကြချေ။ ဟိန္ဒူဘာသာဝင်တို့သည်လည်း  ၎င်းတို့ ခေါင်း ပေါ်မှ ဆံဦးစွန်းများကိုမရိတ်ကြရ။ ဆစ်နှင့် ဟိန္ဒူတို့အတွက် ဆံမုတ်ဆိတ်၊ ဦးစွန်းသည် 'ဇာတ်'ဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာ ရဟန်းတို့အဖို့ 'သင်္ကန်း'သည် 'ဇာတ်' ဖြစ်သည်။
ထို့ကြောင့်သင်္ကန်းကိုမချွတ်နိုင်ဟု ဖြစ်သည်။ ထို့ကြောင့် မေဒီနီထောင် အတွင်းသင်္ကန်းဝတ်ရုံခွင့်ရ၍ အလုပ် မလုပ်ရသော်လည်း အုတ်သမံတလင်းပေါ်တွင်သာ အိပ်ရသဖြင့်ဦးဝိစာရက ခုတင်နှင့် ခြင်ထောင် တောင်းဆိုသည်။ ငြင်းခုံပြီးမှ ခြင်ထောင် ရရှိ၏။ခုတင်ကား မရသေး။ ရက်အတန်ကြာသော် ကျောနှင့် တင်ပါးတွင် အနာများပေါက်လာသည်။ကျောတောင့် ခါး ကိုက် မအိပ်နိုင် မစားနိုင် ဖြစ်သဖြင့် ခုတင် စီစဉ်ပေးခဲ့သည်။
၁၂၉ဝ ခု တပေါင်းလဆန်း ၇ ရက် (၁၄-၂-၂၉) ရက်နေ့တွင် မေဒီနီထောင်မှကာလကတ္တားသို့ခေါ်လာပြီး ပထမ (လာလဗ ဂျားရ) ပုလိပ်ဌာနသို့ လည်းကောင်း၊ ထိုမှတစ်ဖန်(အလီပူရ) ပုလိပ်ဌာနသို့လည်းကောင်း၊ တတိယည ၁ဝ နာရီခန့် အချိန်တွင် (ဘလိဂန်ဂျ)ပုလိပ်ဌာနသို့ ခေါ်ဆောင်သွားသည်။ နောက်တစ်နေ့တွင် ကာလကတ္တားမှ ပုလိပ်အစောင့် ၃ဦးနှင့် သင်္ဘောဖြင့် ရန်ကုန်ထောင်သို့ ပြန်လည်ပို့ဆောင်၏။တပေါင်းလဆန်း ၁၁ ရက် (၁၈-၂-၂၉) နေ့တွင် ရန်ကုန်သို့ ရောက်။ ကျောက်ခဲ၊ သဲပါသောဆန်လုံးတီးကို စားစေ၏။ ''ဤဆွမ်းကို မစား၊ ပေါင်မုန့်၊ ထောပတ်၊ နို့နှင့်ငှက်ပျောသီးကို ဖြစ်စေ၊ သို့မဟုတ် အိန္ဒိယထောင်တွင် စီစဉ်ပေးသည့် ဆန်ဖြူထမင်း၊ပဲဟင်း၊ ချဉ်ဟင်း၊ လက်သုပ် တစ်ခွက်နှင့် ဆိတ်သားနှပ်တို့ စီစဉ်ပေးမှသာဆွမ်းစားမည်' ဆိုပြီး ထိုဆွမ်းတစ်နပ် အငတ်ခံပြန်သည်။ နောက်တစ်နေ့မှ
ဦးကွာပိန္ဒာဓိပတိ ကိုယ်တော်တိုင် စီစဉ်သော ဆန်ဖြူဆွမ်း ကို ဘုဉ်းပေးရ၏။ ၁၂၉ဝ ခုတပေါင်းလဆုတ် ၆ ရက် (၂၈-၂-၂၉) နံနက် ၅ နာရီ ၁၅ မိနစ်တွင် ရန်ကုန်ထောင်မှ လွှတ်၍ပုလိပ်၊ စုံထောက်၊ ရာဇဝတ်အုပ် သုံးယောက်က ဦးဝိစာရအား သိမ်ကြီးဈေးသို့ခြေကျင်ခေါ်ဆောင်ပြီး ထိုမှ ကားဖြင့် ကြည့်မြင်တိုင်၊ ဥယျာဉ်တိုက်၊တွံတေးကျောင်းသို့ ပို့သည်။

ဟံသာဝတီစီရင်စု သုံးခွ ရဲဌာနအပိုင်၊ ဖရုံကန်ရွာ တွင် ဟံသာဝတီစီရင်စုလုံးဆိုင်ရာ (ဝံသာနု) မြန်မာအသင်း ချုပ်ကြီး၏ နှစ်ပတ်လည် အစည်းအဝေးနှင့်ပရိယတ္တိစာပြန်ပွဲ ပူးတွဲ၍ ၁၂၉ဝ ပြည့်နှစ် နှောင်းတန်ခူးလဆန်း ၆ ရက် (၁၅-၃-၂၉)မှစ၍ ကျင်းပသည်။ ၎င်းပွဲသို့ (၂၈-၂-၂၉) နေ့တွင် အကျဉ်းထောင်မှ လွတ်မြောက်လာသော
ဦးဝိစာရ တက်ရောက်သည်။ ဦးဝိစာရ၏ ကျန်းမာရေး အခြေအနေမှာ မကောင်းသေး။ ရက်အတန်ကြာအနားယူ ဆေးကုရန် လိုအပ် ၏။ သို့သော်လည်း ဖရုံကန်အစည်းအဝေးသို့ ဦးဝိစာရသည်
ရှင်အရိယ၊ ဦးကေတု၊ အာလံဦးလာဘ၊ ဦးအာသဘ၊ ရေနံ ချောင်း ဦးတေဇဝန္တ၊ ကျောက်တန်းဦးကေသရ၊ မန္တလေး ဦးသောဘဏ စသည့် ကိုယ်တော်တို့နှင့်အတူ သမ္မတ ဥက္ကဋ္ဌ ဦးစိုးသိန်း၊ဗဟိုအမှုဆောင်လူကြီး စီပီဦးခင်မောင် (G.C.B.A) တို့ပါ ကြွရောက်အားပေးသည်။

ဦးဝိစာရက- 'သာသနာ့ ဒါယကာ မြန်မာဘုရင်များလက်ထက်က ရဟန်းသံဃာတော်တို့အပေါ်မည်သည့်အခါမျှ ဥပဒေ၊ အမိန့်၊ အာဏာတို့နှင့် စီမံ အုပ်ချုပ်သည်ဟုမကြားဖူးကြောင်း၊ အင်္ဂလိပ် မိစ္ဆာအစိုးရ လက်ထက်တွင် ဦးပဉ္စင်းကိုယ်တိုင်မတရားဥပဒေများဖြင့် ဖမ်းဆီးခံရ၍ ထောင်အတွင်း မချိမဆံ့ အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရကြောင်း (ထောင်တွင်းအဖြစ်အပျက်များကို အကျယ်တဝင့် ဟောသည်။)အင်္ဂလိပ် မျက်နှာဖြူ လက်ပါး စေတို့က သံဃာတို့အပေါ် မသင့်လျော်သော 'မောင်မင်းသိစေရမည်' ဆိုသည့် မင်းဆင့် အမိန့်စာပေးခြင်း၊ ကိုယ်ထိ လက်ရောက်စော်ကားခြင်းကို ပြုနေကြကြောင်း၊ ဗုဒ္ဓဘာသာ တရားတော်အရ တရားမဲ့သောမင်းဆိုးမင်းညစ်တို့၏ အကြောင့်အကျများဖြင့် အုပ်ချုပ်နေသည်ကို မြင်ရ၊ ကြားရ၊တွေ့ရသော ရဟန်း ရှင် လူ ပြည်သူအပေါင်းမှာ အလွန့်အလွန် နာကြည်းနေကြကြောင်း။

ဤသို့သော မတရားသည့် အမိန့်၊ အာဏာ၊ ဥပဒေတို့ဖြင့် နှိပ်စက်ညှဉ်းပန်းနေမှုများကိုမရပ်တန့်ဘဲ ဆက်လက် ကျူးလွန်စော်ကားနေမည် ဆိုပါက ဦးပဉ္စင်းတို့ရဟန်းသံဃာတော်များသည် ဘုရားသားတော် များ ဖြစ်သည့် အားလျော်စွာ မြတ်စွာဘုရားထားတော်မူ ခဲ့သည့် ဥပဒေ စည်းကမ်း၊ ဝိနည်း ပညတ်ချက်ကိုသာ လိုက်နာရိုသေနိုင်မည်ဖြစ်ကြောင်း၊ ဝိနည်း ပညတ်တော်နှင့် ဆန့်ကျင် သော မိစ္ဆာအစိုးရ၏အမိန့်၊ ဥပဒေ မှန်သမျှကို မည်သည့် နည်းနှင့်မျှ လိုက်နာလိမ့်မည်မဟုတ်ဘဲ၊ပါတိမောက္ခံ ဝိသော စေန္တော သဗ္ဗေဝ ဇီဝိတံ ဇဟေ- စသော မြတ်စွာဘုရား ဒေသနာ တော်နှင့်အညီ အသက်ကိုသာ အသေခံသွားမည်ဖြစ်ကြောင်းမြန်မာပြည် သမ္မာသမ္ဗုဒ္ဓ သာသနာတော်လုံးဆိုင်ရာ မဟာသံဃသာမဂ္ဂီ အဖွဲ့ချုပ်ကြီး၏အဋ္ဌမအကြိမ်မြောက် သံဃအစည်းအဝေးကို ၁၂၉ဝ ခုနှစ် နှောင်းတန်ခူးလဆန်း ၁၃ ရက်(၂၂-၃-၂၉) နေ့တွင် တောင်ငူမြို့၊ ထီးလှိုင်ရှင် စေတီတော်အနီး မင်္ဂလာမဏ္ဍပ်၌ကျင်းပသည်။ အဖွဲ့ချုပ် ဦးစီးနာယက ကြေးသီးကုန်းဆရာတော်က သဘာပတိအဖြစ်ဆောင်ရွက်၏။ ယင်းအစည်းအဝေးတွင် ဦးဝိစာရသည် အရေးကြီးသော အောက်ပါဆုံးဖြတ်ချက်ကို ချမှတ်ရန် ဆောင်ရွက် ခဲ့သည်။ 'မြတ်စွာဘုရား သာသနာတော်ကြီးကိုထိခိုက်နစ်နာ ပျက်ပြားအောင် အသင်းအဖွဲ့များက အက်ဥပဒေ ရေးဆွဲ ပြုလုပ်၊ပြဋ္ဌာန်းခြင်းကို မည်သည့်အခါမှ သဘောမတူ၊ အပြင်းအထန် ကန့်ကွက်ကြောင်း' ၎င်းအဆိုကိုရမည်းသင်း မြို့နယ်၊ သံဃအဖွဲ့ ကိုယ်စားလှယ် အရှင်သူမြတ်က လျှောက်ထားတင်သွင်း၍ဆရာတော်ဦးဝိစာရက အလေး အနက် ထောက်ခံ မိန့်ကြားပြီး အများသဘောတူ တညီတညွတ် တည်းပြဋ္ဌာန်းခဲ့ကြသည်။

ဦးစိုးသိမ်း (G.C.B.A) ၏ ၁၆ ကြိမ်မြောက် နှစ်ပတ်လည်နေ့ တောင်ငူကွန်ဖရင့်ကို၁၂၉ဝ ပြည့်၊ နှောင်း တန်ခူးလပြည့်နေ့ (၂၄-၃-၂၉) နေ့လယ် ၂ နာရီ အချိန်တွင်တောင်ငူမြို့၊ ထီးလှိုင်စေတီအနီး ကျင်းပခဲ့သည်။ ¤င်းကွန်ဖရင့် တွင် (၁)ဆရာတော်ဦးဝိစာရ၊ (၂) ဦးဝိမလဗုဒ္ဓိ၊ (၃) ဦးကေတု၊ (၄) ဦးဝိမလစာရ၊ (၅)ဦးÓဏိန္ဒ၊ (၆) ဦးဒေဝိန္ဒ၊ (၇) ဦးလာဘ၊ (၈) ဦးဓမ္မာဘိသလ၊ (၉) ဦးနန္ဒဝံသ၊ (၁ဝ)မယ်ဇလီကုန်းဆရာတော်၊ (၁၁) ဦးနာရဒ၊ (၁၂) သုံးထောင်စံ ဦးဃောသတို့အားပင့်ဖိတ်ထားသည်။ ထောင် ပြန် သံဃာတော်များထဲမှ ဦးဝိစာရ၊ ဦးဝိမလဗုဒ္ဓိနှင့်ဦးကေတု ကိုယ်တော် သုံးပါးက တရားတော်များကို မိန့်ကြားသည်။

၂၂-၃-၂၉ မှ ၂၇-၃-၂၉ ထိ တောင်ငူမြို့တွင် ကျင်းပခဲ့သော အဋ္ဌမအကြိမ်မြောက်သံဃအမှုဆောင် အစည်းအဝေးနှင့် ၁၆ ကြိမ်မြောက် မြန်မာအသင်းချုပ်ကြီး၊ ဦးစိုးသိမ်း(G.C.B.A) ကွန်ဖရင့်များ အပြီးတွင် ဦးဝိစာရ သည် ကျန်းမာရေး မကောင်းသဖြင့်ရန်ကုန်သို့ ပြန်လည် ကြွရောက်ခဲ့သည်။ ဆရာတော်သည် ထောင်တွင်းမှ ခံစားခဲ့ ရသောဒဏ်၊ ထောင်မှ လွတ်မြောက်လာသော်လည်း အနား ယူ ဆေးဝါးကုသမှု ယူရန် အချိန်ကုန်မခံဘဲအစားပျက်၊ အအိပ်ပျက် ခံကာ လှုပ်ရှား ဆောင်ရွက်ခဲ့မှုများကြောင့် ကျန်းမာရေးထိခိုက်လာရခြင်း ဖြစ်သည်။ ထို့ကြောင့် မဟတ္တမဂန္ဒီဂျီး မြန်မာပြည် လာစဉ် အကြံပေး
တိုက်တွန်း ချက်၊ အိန္ဒိယအမျိုးသားကွန်ဂရက်မှ ဆေးကုသပေးရန် စီစဉ် ဖိတ်ကြားချက်အရ ဦးဝိစာရသည့်၁၂၉၁ ခု တန်ခူးလဆုတ် ၁၃ ရက် ၆-၄-၂၉ စနေနေ့တွင် ကာလကတ္တားသို့ ထွက်မည့် (S.S.Elephant) သင်္ဘောဖြင့် အိန္ဒိယသို့ သွားရန် ပြင်ဆင်နေခိုက် ရန်ကုန်ပုလိပ်မင်းကြီးနှင့် လက်နက်ကိုင် ပုလိပ်တို့ တွံတေးကျောင်းသို့ ရောက်ကာ မကြာမီကသုံးခွ၊ ဖရုံကန်ရွာ တရားပွဲတွင် အစိုးရ အကြည်ညိုပျက်အောင် ဟောပြောမှုနှင့်အိန္ဒိယ ရာဇသတ်ကြီး ပုဒ်မ ၁၂၄(က)အရ ဝရမ်းပြ၍ တတိယအကြိမ် ဖမ်းဆီးပြန်သည်။

ဦးဝိစာရသည် ၂၈-၂-၂၉ နေ့တွင် ထောင်မှလွတ်၍ ၆-၄-၂၉ ရက်နေ့ တွင်ပြန်လည်အဖမ်းခံရသဖြင့် ထောင်ပြင်တွင် တစ်လနှင့် ၅ ရက်သာ နေခွင့်ရသည်။၆-၄-၂၉ နေ့တွင် ရန်ကုန်ထောင်သို့ ရောက်လျှင် ရောက်ချင်း ဦးဝိစာရသည်ထောင်အာဏာပိုင်များထံသို့ လည်းကောင်း၊ ရန်ကုန်အရေးပိုင်ထံသို့ လည်းကောင်း၊ရဟန်းတော်များနှင့် ထိုက်တန်သည့် နိုင်ငံရေး အကျဉ်းသမား များအတွက်သတ်မှတ်ထားသော 'အထူးတန်း'တွင် အမှု စစ်ဆေးနေစဉ် ကာလအတွင်း ထားရှိရန် စာရေးတောင်းဆို ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိခဲ့ပေ။ ထို့ကြောင်ဘုရင်ခံထံသို့ တိုက်ရိုက် စာရေး၍ (၁) သိက္ခာကျသည် မဟုတ်သော ထောင်ဒဏ်အပြစ်ပေးခံရသည့် ရဟန်းတော် များအား သင်္ကန်းဝတ်ရုံခွင့်ပေးရန် (၂)ဝိနည်းတော်နှင့်အညီ ထောင်တွင်းရောက် ရဟန်းတော်များအား တစ်လလျှင် နှစ်ကြိမ်ဥပုသ်နေ့တိုင်း ဥပုသ်ပြုခွင့်ပေးရန်၊ (၃) နိုင်ငံရေး ကိစ္စများနှင့် ပတ်သက်၍အရေးယူခံရသော ထောင်တွင်း ရောက် ရဟန်းတော်များအား ဘာသာရေး ထုံးစံအရ ပစ္စည်းလေးပါး မျှတ၍ ထိုက်တန်သော သီတင်းသုံး နေထိုင်မှု အတွက် အဆင့်အတန်း သတ်မှတ်စီစဉ်ပေးရန် တောင်းဆို ခဲ့သော်လည်း မည်သို့မျှ အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ဦးဝိစာရသည် ထောင်တွင်းရောက် အပြစ်ပေးဆဲ အပြစ်ပေးပြီး သံဃာတော်များအားလုံး၏ ထောင်အခွင့်အရေးများကို အစာငတ်ခံ ဆန္ဒပြ တောင်းဆိုဦးမှ ထိရောက်မည်ဟုယူဆခဲ့ခြင်း ဖြစ်သည်။ ဦးဝိစာရသည်  ၁၂၉၁ ခု ကဆုန်လဆန်း ၂ ရက် ၆-၄-၂၉ မှ စ၍ဆွမ်း ဘုဉ်းမပေးဘဲ ဆန္ဒပြ၊ အရေးဆို တိုက်ပွဲဝင်ခဲ့သည်။ ရက်သတ္တပတ်မျှ ကြာသည့်အခါယခင် ပြုလုပ်ခဲ့သလို ချုပ်နှောင် ၍ နှာခေါင်းမှတစ်ဆင့် အစာ၊ ကစီရည်နှင့်ဂလူးကို့စ်များ သွင်းခြင်း၊ ရက်ခြား ဝမ်းချူခြင်းတို့ ပြုလုပ်ခဲ့၏။ ရက်ကြာသော်ဦးဝိစာရသည် ဝေဒနာ အပြင်းအထန် ခံစားရ၍ အိပ်ရာပေါ်လဲလျက် စကားကို လေသံမျှသာပြောဆိုနိုင် တော့သည်။

၁၂၉၁ ခု ပထမ ဝါဆိုလဆန်း ၈ ရက် ၂၆-၈-၂၉ နေ့ အစာငတ်ခံ ဆန္ဒပြသည့် ၈၃ရက်မြောက်နေ့တွင် ဟံသာဝတီ စက်ရှင်တရားသူကြီးက ရန်ကုန် ထောင်တွင်း၌ အိပ်ရာထဲလဲလျက် စကား မပြောဆိုနိုင်တော့သော ဂီလာန ပုဂ္ဂိုလ် ဦးဝိစာရအားစစ်ဆေးမေးမြန်းခြင်း မပြုဘဲ 'ထောင် ဒဏ် ၆ နှစ်' ကျခံရန် စီရင်ချက်တစ်စောင်ဖတ်ကြား၍ အပြစ်ဒဏ်ရပြီး အကျဉ်းသားတစ်ဦးအဖြစ် ဝတ်ရုံထားသော သင်္ကန်းတော်ကိုချွတ်ယူသွားခဲ့သည်။

ရန်ကုန်ထောင်တွင်း ဆရာတော်ဦးဝိစာရ အစာငတ် ခံ ဆန္ဒပြသည်နှင့် ပတ်သက်၍ဦးစိုးသိမ်း (G.C.B.A) မှအစ ခရိုင်အသင်းချုပ်၊ မြို့နယ်အသင်းချုပ်၊တိုက်နယ်နှင့် ကျေးရွာအသင်းများ၊ သံဃသာမဂ္ဂီအဖွဲ့များ၊ အခြား G.C.B.A များနှင့်ဘာသာရေး အဖွဲ့အစည်းများက တစ်နိုင်ငံလုံး အစည်းအဝေးများ ကျင်းပ၍ ဆုံးဖြတ်ကန့်ကွက်ကြသည်။ သတင်းစာများကလည်း ပြစ်တင် ရေးသားကြ၏။ အစိုးရထံ သို့ လည်းကောင်း၊သတင်းစာတိုက်များသို့ လည်းကောင်း နေ့စဉ် ကြေးနန်းများနှင့် ကန့်ကွက်ကြောင်ဆုံးဖြတ်ချက်များ ပေးပို့ကြ၏။ သို့သော် အစိုးရက တစ်စုံတစ်ရာ တုံ့ပြန် ခြင်းမရှိဘဲ လျစ်လျူရှုထားသည်။

ဦးဝိစာရနှင့် ပတ်သက်သော ကောလာဟလ၊ သတင်း အမျိုးမျိုး ထွက်ပေါ်နေသဖြင့် ၁၂၉၁ ခုဝါခေါင်လဆန်း ၁၃ ရက် ၁၇-၈-၂၉ နေ့တွင် ဝံသာနု သတင်းစာတိုက်မှကိုယ်စားလှယ်တစ်စုသည် ရန်ကုန်ထောင်တွင်း ဝင်၍ ဦးဝိစာရ ၏ အခြေအနေမှန်ကိုကြည့်ရှုခဲ့ကြသည်။ ဦးဝိစာရသည် သီးသန့်အချုပ်တိုက် ထောင်အခန်း အမှတ် ၂ဝ ရှိခုတင်ပေါ် တွင် အဝတ်မပါ၊ ငြိမ်သက်စွာ မှေးမှိတ်လျက် အရိုးပေါ် အရေတငမိမိကိုယ်မိမိပင် မလှုပ်နိုင်တော့သည်ကို တွေ့ရ သည်။ ကိုယ်စားလှယ်များ၏ စကားသံကိုသဲ့သဲ့မျှ ကြား ဟန်နှင့် မျက်လုံးကို အားယူ ဖွင့်ကြည့်သည့်အခါတွင်မှဝံသာနုသတင်းစာတိုက်မှ ဒကာများ လာရောက်ကြောင်း လျှောက်ထားကြသည်။ ဦးဝိစာရကအားတင်း၍ 'သာသနာ တော်အရေးအတွက် ပါဋလိပုတ်ပြည် ရဟန်းတော်များ အသက်စွန့်လွှတ်ခဲ့ဖူးသော လမ်းစဉ်အတိုင်း ငါသည်လည်း အသက်စွန့်လွှတ်ရန် မြတ်သော အဓိဋ္ဌာန်ပါရမီကို ပြည့် မြောက်အောင် ဆောက်တည်နေခြင်း ဖြစ်သည်။ ယခုအတိုင်း ဆိုလျှင်ဥပုသ် နှစ်ပတ်မျှသာ ငါ့အသက်နှင့် ခန္ဓာတွဲလျက် တည်ရှိနေနိုင်တော့မည်။ သာသနာတော်၏မျက်နှာကို ထောက်ထား၍ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာအတွက် ကြိုးစား ဆောင်ရွက်ကြပါ'ဟု မှာကြားခဲ့ကြောင်း ဝံသာနု သတင်းစာတိုက်မှ ကိုယ်စားလှယ်များက တိုင်းပြည်သို့အသိ ပေး ရေးသားခဲ့ကြသည်။

၁၉၂၉ ခု သြဂုတ်လတွင် နှစ်စဉ် ကျင်းပသော မြန်မာဥပဒေပြုလွှတ်တော်(ဘတ်ဂျက်)အစည်းအဝေးတွင် ဦးဝိစာရသည် ထောင်တွင်း သင်္ကန်းဝတ်ရုံခွင့်နှင့် ဥပုသ်ပြုခွင့်စသော ဘာသာရေးဆိုင်ရာ အခွင့်အရေးများက မရ၍ အစာ ငတ်ခံ ဆန္ဒပြနေသည်မှာ ရက်ပေါင်း၁၂ဝ ကျော် ကြာပြီ ဖြစ်၍ စိုးရိမ်ရသော အခြေအနေကြောင့် အရေးပေါ် အစီအစဉ်တစ်ခုအဖြစ် ထည့်သွင်းပေးရန် ဥပဒေပြုအမတ် သာယာဝတီ ဦးပုက အဆိုတစ်ရပ်တင်သွင်းခဲ့သည်။ သို့သော် လွှတ်တော် ဥက္ကဋ္ဌ ဝတ်လုံတော်ရ ဦးပုက 'စည်းကမ်းနှင့်မညီညွတ် သည့်အပြင် အရေးတကြီး စဉ်းစားရမည့် ကိစ္စ မဟုတ်'ဟု အကြောင်းပြ ပယ်ချခဲ့၏။၁၂၉၁ ခု ဝါခေါင်လဆုတ် ၆ ရက် တနင်္ဂနွေနေ့ ၂၅-၈-၂၉ တွင် ရန်ကုန် ရွှေတိဂုံစေတီရင်ပြင်တွင် မြို့လုံး ကျွတ် လူထုအစည်းအဝေး ကျင်းပ၍ ဦးဝိစာရသည် ထောင် တွင်းသင်္ကန်းဝတ်ခွင့်နှင့် ဥပုသ်ပြုခွင့်တို့ကို အစိုးရက တင်းမာစွာလျစ်လျူရှုထားသဖြင့် ဆွမ်းဘုဉ်းမပေးဘဲ နေ သည်မှာ ရက်ပေါင်း ၁၄ဝ မျှ ရှိပြီဖြစ်၍အသက်အန္တရာယ် စိုးရိမ်ဖွယ် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ ဗြိတိသျှ အစိုးရကအမြန်ဆုံး လိုက်လျောခွင့်ပြုသင့်ကြောင်း မြို့လုံး ကျွတ် အစည်းအဝေးက တိုက်တွန်းတောင်းဆိုသည်။
ယင်း ဆုံးဖြတ်ချက်ကို အစိုးရ အာဏာပိုင်များနှင့် တွေ့ဆုံဆောင်ရွက် ရန် (၁) အလယ်တောရ ဆရာတော်၊ (၂) ဗားကရာဆရာတော်၊ (၃) ရတနစင်္ကြံ ဆရာတော်၊(၄) သာဓုတိုက် ဆရာတော်၊ (၅) ဝံသာနု သတင်းစာတိုက်အုပ် ဦးမောင်မောင်ခင်တို့ပါဝင်သော ကော်မတီတစ်ရပ်ကိုလည်း ရွေးချယ် တာဝန် ပေးအပ်ခဲ့သည်။ ကော်မတီသည်ထိုနေ့မှာပင် မြန်မာပြည် ဘုရင်ခံအစိုးရ အဖွဲ့ဝင် ဝန်ကြီးချုပ် ဆာဂျေအေမောင်ကြီးထံသို့ သွားရောက် တွေ့ဆုံခဲ့သည်။ ပြည်ထဲရေး ဝန်ကြီးချုပ် က- ''နောက်ဆုံးရရှိသော ထောင်ဆရာဝန်ကြီး၏ အစီရင် ခံစာအရ စိုးရိမ်လောက်သည့် အခြေအနေ မရှိကြောင်းသိရ ပါသည်။ မည်သည့်နည်းနှင့်မျှ ဦးဝိစာရ ကိုယ်တော် ပျံလွန် တော်မမူစေရပါ။တပည့်တော် တာဝန်ယူပါသည် ဘုရား'' ဟု ပြန်ကြား လျှောက်ထား၍ ကျေနပ်ဖွယ် အဖြေမရရှိဘဲ ကျောင်းသို့ အသီးသီး ပြန်ကြွခဲ့ရသည်။

ဆရာတော်ဦးဝိစာရ၏ အခြေအနေ အလွန်ဆိုးဝါးနေ ကြောင်း သိရှိသဖြင့်စီရင်စုတိုင်းဆိုင်ရာ အထူး သံဃအကျိုး ဆောင်အဖွဲ့ တာဝန်ခံ ကြည့်မြင်တိုင်၊ဥယျာဉ်တိုက်၊ တွံတေး ကျောင်း ဆရာတော် ဦးကေတု (အသင်းချုပ်၏ တိုက်အုပ်အာလံဦးလာဘနှင့်အတူ ဦးစိုးသိမ်း (G.C.B.A) တို့ ၁၂၉ဝ ခုနှစ် ဝါခေါင်လဆုတ် ၆ရက် တနင်္ဂနွေနေ့ ၂၅-၈-၂၉ တွင် ထောင်တွင်းသို့ ဝင်ရောက်ကြည့်ရှုကြသည်။ ဦးဝိစာရ ၏အခြေအနေမှာ အလွန်ဆိုးဝါးနေပြီး ရန်ကုန် ဗဟိုထောင် ကြိုးစင် ကြိုးတိုက် အခန်းအမှတ် ၅ ရှိ ခုတင်ပေါ်တွင် ပြုစုစောင့်ရှောက်သူ ကင်းမဲ့စွာ ဗလာကိုယ်ထီး ငြိမ်သက်နေသည်ကို တွေ့ရသည်။ နားရွက်နား ကပ်၍ လျှောက်ထား ရာ မလှုပ်မယှက် ရှိနေ၍ဒုတိယအကြိမ် ကျယ်လောင်စွာ ထပ်မံ လျှောက်ထား အသံပြုမှ မျက်လုံးကိုအနိုင်နိုင်ဖွင့်ရန် ကြိုးစားသော်လည်း မသဲမကွဲသာ မြင်ရဟန်ရှိပြီး အားယူ၍လေသံမျှဖြင့်- ''မျက်...မှန်... အလှူခံပါ။ သမ္မ..အာပတ္တိ..ယော..အာ..ရော...ဓ..ယာ..မိ။ တိုင်း... ပြည်ကို... လိမ္မာ.. ရစ်.. ကြ...ပါ လို့မှာ... လိုက်ပါတယ်'' ဟု နောက်ဆုံးစကား မိန့်ကြားကာ ဆက်မပြောနိုင်တော့။မျက်ဖြူလန် မောဟိုက်ပင်ပန်းနေသည်ကို ၁ဝ မိနစ်ခန့် စောင့်ကြည့်ပြီး ထောင်တွင်းမှပြန်ထွက်လာခဲ့သည်။

အရှင်ဦးဝိစာရသည် ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ ဝိနည်းသိက္ခာပုဒ်နှင့်အညီရသင့်ရထိုက်သော ထောင်တွင်း အခွင့်အရေးများကို အစာငတ်ခံ တိုက်ပွဲဝင်ခဲ့ရာ ၁၆၆ရက် မြောက် ၁၂၉၁ ခု တော်သလင်းလဆုတ် ၂ ရက် ၁၉-၉-၂၉ ည ၈ နာရီ အချိန်တွင်ထောင်တွင်း၌ ပျံလွန်တော်မူခဲ့ သည်။ထိုည ၁၁ နာရီ အချိန်ခန့်တွင် ကြည့်မြင်တိုင်၊ ဥယျာဉ်တိုက်၊ တွံတေးကျောင်းသို့အကြောင်းကြားသဖြင့် ထောင်တွင်းမှ အလောင်းတော်ကို ပြင်ပသို့ ထုတ်ယူဖျောက်ဖျက်မည်ကို စိုးရိမ်ရသောကြောင့် ရဟန်းပျို အချို့ကို ထောင် ဝန်းကျင်မှစောင့်ကြပ် ကြည့်ရှုရန် ညတွင်းချင်း စေလွှတ် ကြရသည်။ တော်သလင်းလဆုတ် ၃ ရက် နံနက်၎ နာရီ အချိန်ခန့်တွင် ပုလိပ်အချို့နှင့် ထောင်အရာရှိတစ်ဦးသည် ကားဖြင့်ရုပ်အဆင်း ပျက်ယွင်းနေသော ဦးဝိစာရ၏ အလောင်း တော်ကို လာရောက် ပို့၏။တွံတေးကျောင်းသို့ အလောင်း တော် ရောက်သည့် သတင်း နာရီပိုင်းအတွင်း ပျံ့နှံ့သွားသဖြင့် ကြည့်မြင်တိုင်၊ အလုံ၊ ဗားကရာ၊ ကမာရွတ် စသည့် နိးစပ်ရာ ရပ်ကွက်တို့မှရဟန်းရော ပြည်သူပါ မိုးမလင်းမီ ထောင်သောင်းမက စုဝေး ရောက်ရှိကြသည်။

တစ်ချိန်တည်းမှာပင် ရန်ကုန် ထောင်ကြီးအတွင်း ဦးဝိစာရ၏ လမ်းစဉ်အတိုင်းဦးကွာပိန္ဒာဓိပတိနှင့် ဦးအာသဘ တို့သည်လည်း ဆွမ်းဘုဉ်းမပေးဘဲ ဝိနည်းတော်အခွင့်အရေး ကို တောင်းဆို တိုက်ပွဲဝင်နေကြသည်။ ဦးကွာပိန္ဒာဓိပတိ သည်သာယာဝတီစီရင်စု၊ လက်ပံတန်းမြို့နယ် အသင်းချုပ် ၏ ရုံးအုပ် ဓမ္မကထိကဆရာတော်ဖြစ်ပြီး အုတ်ဖို၊ မှန်တောင် ကျောင်း ဆရာတော် ဦးအာသဘသည် သာယာဝတီစီရင်စု၊အုတ်ဖိုမြို့နယ် အသင်းချုပ် ဓမ္မကထိကဆရာတော် ဖြစ် သည်။ ဦးဝိစာရပျံလွန်တော်မူပြီး ရက်ပိုင်းအတွင်း တိုင်းပြည် မှ ဆူပူ ကန့်ကွက်မှုများပြုကြသဖြင့် ဦးကွာပိန္ဒာဓိပတိအား ထောင်မှ လွှတ်ပေးခဲ့ရသည်။ ဦးကွာပိန္ဒာဓိပတိသည်ထောင် တွင်း၌ ၁၄၆ ရက် အစာငတ်ခံ ဆန္ဒပြခဲ့သူ ဖြစ်သည်။

ဆရာတော်ဦးကေတု၊ ရှင်အရိယနှင့် ဦးစိုးသိမ်း (G.C.B.A) အဖွဲ့ဝင်တစ်စုတို့ကဦးဝိစာရ၏ အလောင်း တော်ကို ရန်ကုန်တွင် မသဂြုင်္ိဟ်လို၊ ရန်ကုန်မှ ပဲခူး၊ တောင်ငူ၊ပျဉ်းမနား၊ ကျောက်ဆည်၊ မန္တလေး၊ စစ်ကိုင်းမှ မုံရွာခရိုင် အမြင့်တိုက်နယ်ကမ်းနိမ့်ရွာ ဦးဝိစာရ၏ မွေးရပ်သို့ ကား ဖြင့် အဆင့်ဆင့်ပင့်၍ လမ်းတစ်လျှောက်
ဝံသာနုအသင်းသား များ၊ ရဟန်း ရှင် လူ ပြည်သူများနှင့် စည်ကားစွာ ပူဇော် ကန်တော့၍အစိုးရ၏ ဘာသာ၊ သာသနာအား စော်ကားမှုကို နိုင်ငံနှင့်အဝန်း ဆန့်ကျင် ကန့်ကွက်ရန်ဖြစ်သည်။ ¤င်း အကြံအစည်ကို ရိပ်စားမိသော အစိုးရဘက်မှ မရမနေ တားဆီး ရန် ရဟန်း၊ရှင်၊ လူ ပုဂ္ဂိုလ်များမှတစ်ဆင့် ရန်ကုန်မြို့တွင် သဂြုင်္ိဟ်ရန် ဆောင်ရွက်ခဲ့သည်။

၁၂၉၁ ခု တပို့တွလဆန်း ၁၁ ရက် ၈-၂-၃ဝ ရက်နေ့တွင် ဦးဝိစာရ၏ အလောင်းတော် ကိုရွှေတိဂုံစေတီ အနောက်မုခ် ဝတ္တကမြေအပ ဖြစ်သော ကန်တော်မင်မြေပေါ်တွင် ဈာပနာပွဲကိပြုလုပ်ခဲ့ရ၏။ ပျံလွန် တော်မူချိန်တွင် ဦးဝိစာရသည် အသက် ၄၁ နှစ်သာ ရှိလေ သည်။၁၉၄ဝ ခုနှစ်တွင် (ယခင်) ဗွိုင်းလမ်း အမည်အစား 'ဦးဝိစာရလမ်း' ဟုပြောင်းလဲခေါ်တွင်နိုင်ခဲ့သည်။ ဦးဝိစာရ ကျောက်တိုင်နှင့် ကြေးရုပ်ဖွင့်ပွဲကိုမူ ၁၃ဝ၈ ခု သီတင်းကျွတ် လဆန်း ၄ ရက် ၂-၁ဝ-၄၃ ဖက်ဆစ်များအုပ်ချုပ်နေသည့် ကာလတွင် ကျင်းပခဲ့သည်။ လူတို့သည် အများနှင့် စုပေါင်လုပ်ဆောင်ရသည့် အချိန်များတွင် သတ္တိကောင်းသူများ အများအပြား ရှိသော်လည်းတစ်ဦးချင်း၊ တစ်ယောက်ချင်း လုပ်ရသည့် ကိစ္စများတွင် စိတ်ဓာတ် ခိုင်မာပါသည်
ဆိုသည် မှာ သာမန်ပုဂ္ဂိုလ်များတွင် ရှိနိုင်ခဲသည်မို့ သည်လမ်းကို လျှောက်တိုင်း၊သည်ကျောက်ရုပ်ရှေ့မှာ ရပ်တိုင်း၊ သည်အဝိုင်း ကို ပတ်တိုင်း၊ သည်ပုဂ္ဂိုလ်ကိုအကြိမ်ကြိမ် ဦးညွတ် ဂါရဝ ပြုခဲ့မိပါသည်။ သည်လမ်း၊ သည်ကျောက်ရုပ်၊ သည်အဝိုင်းကို ဖြတ်တိုင်း သူလို ပုဂ္ဂိုလ်မျိုး၏ ဂုဏ်ကျေးဇူးကို သတိရ မိပါသည်။
 
နောင်လာနောက်သားတွေ သိအောင် စိုက်ထူထား သော ဦးဝိစာရ ကျောက်တိုင်သည် မိုးတိမ်ယံနောက်ခံဖြင့် မားမားစွင့်လျက် ရှိနေလေသည်။

Tuesday, September 14, 2010

အရှင်ထာဝရ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ မှတ်တမ်း

U HTARWARA 21                                                                   

Monday, September 13, 2010

アシンタワダ 2007年のサンフラン革命 自由と平和、国民の生活の為

U HTARWARA PAN33

                                                             
 U HTARWARA PAN1                                                            

Sunday, May 16, 2010

ဦးသုမောင် (၁၉၅၁-၂၀၁၀)ကိုယ်ရေးအကျဉ်းစာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးသုမောင် ကွယ်လွန်...



၁၉၅၁ - ခုနှစ်၊ မတ်လ(၁၃)ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ-စာရေးဆရာ ဒါရိုက်တာ ဦးသာဓု၊ အမိ-ဒေါ်ခင်ညိုတို့ က မွေးဖွားသည်။ မွေးချင်း(၄)ယောက်တွင် တတိယမြောက်ဖြစ်သည်။ အမည်ရင်းမှာ မောင်ဗလဖြစ်သည်။ ငယ်စဉ် က စိန်ပေါလ်(ယခု အ့ထ့က(၆) ဗိုလ်တစ်ထောင်)တွင် ပညာသင်ကြားခဲ့သည်။

၁၉၆၆ - စိန်ပေါလ်ကျောင်းမှ စက်မှုလက်မှု အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ခဲ့။

၁၉၆၉ - စက်မှုလက်မှုအထက်တန်းကျောင်းမှ ဒီဇယ်အင်ဂျင်နီယာသင်တန်း အောင်မြင်ခဲ့။ ထိုအချိန်မှစ၍ စာပေနယ်သို့ ရောက်ရှိခဲ့ပြီး ယုဝတီဂျာနယ်တွင် စာပြင်အဖြစ်လုပ်ကိုင်ရင်း ကဗျာတို၊ စာတိုများရေးသားခဲ့။

၁၉၇၀ - ၀တ်မှုံဂျာနယ်ပါ''သနပ်ခါးရေကျဲကျဲ'' ၀တ္ထုတိုကို ''အုပ်စိုး'' အမည်ဖြင့် ရေးခဲ့(ပထမဆုံးဝတ္ထတိုဖြစ် သည်။)

၁၉၇၄ - ''အချစ်'' အမည်ရှိ လုံးချင်းဝတ္ထုကို စတင်ရေးသား။ သုမောင်သည် စာပေဆိုင်ရာလုပ်ငန်းများသာမက ရုပ်ရှင်သရုပ်ဆောင်မှု အပိုင်းတွင်လည်း ထူးချွန်သူတစ်ဦးဖြစ်သည်။ ထိုနှစ်တွင်ပင် ချစ်စံနမူ၊ နှောင်းတမြေ့မြေ့၊ အကြင်တို့လင်မယား-စသော ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့သူဖြစ်သဖြင့် ''သုမောင်''အမည် ထင်ရှား ခဲ့။

၁၉၇၄ - ခုနှစ်တွင်ပင် ''နှောင်းတမြေ့မြေ့'' ရုပ်ရှင်ကား၌ ဇာတ်ဝင်နောက်ခံ တေးတစ်ပုဒ်ဖြစ်သော ''ပန်းဦးပန်မယ့် သူ'' သီချင်းကို စတင်သီဆိုခဲ့ရာမှစ၍ တေးဂီတလောကသို့ ရောက်ရှိခဲ့။

၁၉၇၆ - ''ရှင်နေမင်းမှပေးသောစာ'' (ဘာသာပြန်)ထွက်ခဲ့။ ''သိပ်ချစ်တယ်မဟုတ်လား'' လုံးချင်းဝတ္ထုထွက်ခဲ့။

၁၉၇၇ - ''ပင်တိုင်စံမကောင်းပါဘူးကွယ်'' လုံးချင်းဝတ္ထုထွက်ခဲ့။ ရှုမ၀မဂ္ဂဇင်းတွင် ''ငယ်အိပ်မက်'' ၀တ္ထုတို ရေးခဲ့။

၁၉၇၈ - ''သူ့မောင်မှာ သူ့မောင်မှာ'' ၀တ္ထုရှည်ထွက်ခဲ့။ ''အချစ်ငါမသိ''၊ ''အချစ်ပွင့်ကလေးများ''၊ ''အချစ် သစ်ပင်''၊ ''သာဓုအင်ဆန်း(စုပေါင်း)'' စာအုပ်များထွက်ခဲ့။

၁၉၇၉ - ''အချစ်(၂)''၊ ''အချစ်နှင့်သူ၏ကိုကို''၊ ''အချစ်၏နောက်ဆုံးနေ့များ'' စသော လုံးချင်းဝတ္ထုများထွက်ခဲ့။

၁၉၈၀ - ''အကယ်ဒမီ''၊ ''အချစ်စက်''၊ ''ငါကွ-ခုဆယ်ရာထောင်သောင်းသိန်းသန်းကုဋေ'' စသော လုံးချင်း စာအုပ်များထွက်ခဲ့။

၁၉၈၁ - ''လ''၊ ''စပယ်သုံးကုံး''(စုပေါင်း)၊ ''ထို့ကြောင့် အချစ်ဟုခေါ်ပါသည်''(စုပေါင်း) စာအုပ်များထွက်ခဲ့။

၁၉၈၂ - ''ပန်းစွယ်တော်ရွက်ကလေး''(စုပေါင်း) စာအုပ်ထွက်ခဲ့။

၁၉၈၃ - ''ဍရင်ကောက်နှင့် အခြားဝတ္ထုတိုများ'' ထွက်။

၁၉၈၄ - ''၀တ္ထုတိုတစ်ပုဒ်ပေးပို့ခြင်း'' (၀တ္ထုတိုပေါင်းချုပ်)။ ''သာဓုနှင့်ကျွန်တော်၏ဖခင်များအကြောင်း'' (၀တ္ထု တိုပေါင်းချုပ်)စာအုပ်များထွက်ခဲ့။

၁၉၈၆ - ''အချစ်လား သူဖျားနေတယ်'' စာအုပ်ထွက်။

၁၉၈၇ - ''ကမ္ဘာကြီးတုန်သွားတယ်'' စာအုပ်ထွက်။

၁၉၈၈ - ''ငှက်ကလေးတွေ မောင့်ခေါင်းပေါ်မှာ မင့်ခေါင်းပေါ်မှာ'' စာအုပ်ထွက်။ စာဖတ်သူအကြိုက်-မန္တလေး စာပေဆုကို''အဖေ၏အမေ'' ကိုယ်တွေ့စာတမ်းငယ်ဖြင့် ရရှိခဲ့။

၁၉၈၉ - ''မချစ်တတ်တာမဟုတ်၊ မချစ်ချင်တာပါ'' ၀တ္ထုထွက်။

၁၉၉၀ - ခုနစ်စဉ်အလွမ်း ဇာတ်ကားဖြင့် အမျိုးသားသရုပ်ဆောင် အကယ်ဒမီဆုရ။

၁၉၉၅ - နိုဝင်ဘာလတွင် ဟောင်ကောင်၊ မကာအိုနိုင်ငံများရှိ ဆရာဝန်များ ငွေရတုသဘင်မှ ဖိတ်ကြားသဖြင့် မြန်မာ့တေးသီချင်းများ သွားရောက်ဖျော်ဖြေခွင့်ရခဲ့။

၁၉၉၆ - ''သောတာဆွေ လွမ်းတသ-အမှတ်တရ'' (စုပေါင်း)စာအုပ်ထွက်။

၁၉၉၇ - ''စာရေးဆရာကြီး ဦးရန်အောင် အလွမ်းပြေ(စုပေါင်း)'' စာအုပ်ထွက်။

၁၉၉၉ - ''ကွမ်းစကား'' (၀တ္ထုတိုပေါင်းချုပ်)၊ ''ကြွေ-မိန်းခလေးပုံပြင်နှင့် ဘ၀ရသစာစုများ''၊ ''ပန်းယွန်း အိမ်''(စုပေါင်း)၊ ''မှတ်မှတ်ရရ-ရှုမ၀၀တ္ထုတိုများ'' စာအုပ်များထွက်။

၂၀၀၁ - ''မင်းနဲ့မှချစ်တတ်ပြီ'' ရုပ်ရှင်ကားတွင်သရုပ်ဆောင်။ ''နံနက်စာ ဆောင်းပါးပေါင်းချုပ်'' စာအုပ်ထွက်။ သြဂုတ်လတွင် အမေရိကန်နိုင်ငံ၊ အိုင်အိုဝါးတက္ကသိုလ်၌ ကျင်းပခဲ့သော''နိုင်ငံတကာစာရေးဆရာများ စာပေရေးရာ လုပ်ငန်းအစီအစဉ်''သို့ တက်ရောက်စာတမ်းတင်ခဲ့။

စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်-သုမောင်သည် ရုပ်ရှင်ဇာတ်ကားကြီးပေါင်း (၄၀)ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ရုပ်ရှင်နောက်ခံတေး၊ ရေဒီယိုတေး၊ တိပ်ခွေဆီးရီးစသည်ဖြင့် တေးသီချင်းပုဒ်ရေ ပေါင်း(၂၀၀၀)ကျော် သီဆိုခဲ့သည်။ ဂီတထက် စာပေကို အလေးထားဆောင်ရွက်ခဲ့သည်။ ၂၀၁၀ခုနှစ်မေလ ၁၆ရက်နေ့ ည ၉း၀၀နာရီ သုခကမ္ဘာဆေးရုံ၌ သူချစ်သောဂီတ၊ အနုပညာနှင့် ချစ်သောပရိသတ်အား ခွဲခွါထားရစ်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်အေးအေးမေ(အေးဘုံ)၊ သားသမီးများဖြစ်သော စိုးအိမ်သူ၊ ဖိုးသောကြာ၊ ထိန်ထိန်သာ၊ ထိပ်ထား- သားသမီး(၄)ယောက် ကျန်ရစ်ခဲ့သည်။


ဦးသုမောင် အမှတ်တရ လူချွန်လူကောင်း
သီချင်းပါ... အစ်ကိုဒီမိုဝေယံအားကျေးဇုးတင်ပါသည်.........

Thursday, March 11, 2010

Tuesday, January 19, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ တိုးချဲ့ တာဝန်ပေးအပ်ခဲ့သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်သစ် (၉) ဦး၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်မှ တိုးချဲ့ တာဝန်ပေးအပ်ခဲ့သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်သစ် (၉) ဦး၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း။

Biography of new CEC members of NLD