Showing posts with label ကဗ်ာ. Show all posts
Showing posts with label ကဗ်ာ. Show all posts
Wednesday, August 7, 2013
Sunday, July 21, 2013
* အနာဂတ္ကမ ၻာ*
* အနာဂတ္ကမ ၻာ*
---------------------
သမီးလေးရေ...........Malalaလို
သတ္တိအရာမှာ မရဲ့ဝံ့ခဲ့ရင်တောင်...
ပညာအရာရဲရဲင့်ပါစေ...ဥခွံဟောင်းကဖောက်ထွက်
အတောင်အလက်စုံမှ....ပျံလို့ရာရောက်နိုင်မှာ
ကောင်းကင်ဟာ....နေရာနှံ့အောင် မပြန်နိုင်သူတွေအတွက်သာ
ကမ္ဘာကုန် ကျယ်တာပါ သမီး။
ကမ္ဘာအနှံ့
ခြေဆန့်ချင်တဲ့သမီးလေးရေ.....
အတောင်ရှိလျက် အပျံသင်ဖို့ခက်နေသလို......
ကျောင်းတံခါးတွေပိတ်...ခေါင်းလောင်းသံတွေ တိတ်စေတဲ့
ကမ္ဘာအနှံ့ ဘေးဒုက္ခသင့်ဒေသတွေမှာ.....
ပညာကို လိုတိုင်းမရနိုင်ရှာကြတဲ့လူမမယ်တို့ဘဝ
လက်တလောရခိုင်ဒေသတချို့နှင့်....ကချင်ပြည်နယ်က
စစ်ဘေးရှောင်ကလေးသူငယ်တို့ဒုက္ခ
သမီးတို့နေတဲ့မြို့ရန်ကုန်ကနေ
စာနာကြည့်နိုင်ပါစေသမီးလေးရယ်
သမီးလေးရဲ့ချစ်တဲ့ဖေဖေ
ကိုမျိုး(မြန်မာစာ)
---------------------
သမီးလေးရေ...........Malalaလို
သတ္တိအရာမှာ မရဲ့ဝံ့ခဲ့ရင်တောင်...
ပညာအရာရဲရဲင့်ပါစေ...ဥခွံဟောင်းကဖောက်ထွက်
အတောင်အလက်စုံမှ....ပျံလို့ရာရောက်နိုင်မှာ
ကောင်းကင်ဟာ....နေရာနှံ့အောင် မပြန်နိုင်သူတွေအတွက်သာ
ကမ္ဘာကုန် ကျယ်တာပါ သမီး။
ကမ္ဘာအနှံ့
ခြေဆန့်ချင်တဲ့သမီးလေးရေ.....
အတောင်ရှိလျက် အပျံသင်ဖို့ခက်နေသလို......
ကျောင်းတံခါးတွေပိတ်...ခေါင်းလောင်းသံတွေ တိတ်စေတဲ့
ကမ္ဘာအနှံ့ ဘေးဒုက္ခသင့်ဒေသတွေမှာ.....
ပညာကို လိုတိုင်းမရနိုင်ရှာကြတဲ့လူမမယ်တို့ဘဝ
လက်တလောရခိုင်ဒေသတချို့နှင့်....ကချင်ပြည်နယ်က
စစ်ဘေးရှောင်ကလေးသူငယ်တို့ဒုက္ခ
သမီးတို့နေတဲ့မြို့ရန်ကုန်ကနေ
စာနာကြည့်နိုင်ပါစေသမီးလေးရယ်
သမီးလေးရဲ့ချစ်တဲ့ဖေဖေ
ကိုမျိုး(မြန်မာစာ)
Wednesday, March 20, 2013
အဆင်သင့်
အသက်သည်သွေး၊ တို့ဘိုးဘေးတို့
အလေးထားကြ၊ ကာကွယ်ကြသည့်
ရှေးကစဉ်လာ၊ သမိုင်းမှာရှိ
တို့အသိလေ ။
သွေးလည်းအသက် ၊တို့အတွက်လျင်
တက်ကြွ့ခိုင်ခိုင် ၊ စိတ်မယိုင်ပဲ
ကျောက်တိုင်ပမာ ၊ တို့ပြေရွာနှင့်
တို့သာသနာ ၊ တို့ဘာသာတွက်
တို့တွက်အခွင့် ၊ တကယ်သင့်ပြီ
အမြဲအဆင်သင့်ရှိပါစေ...။
အရှင်ဇောတိက ၊ပုသိမ်၊
Sunday, November 20, 2011
ညီလေးရေ ရွှေဘုန်းလူ ကဗျာ
ညီလေးရေ
---------------------------
ရာဇဝင်ရေးရာ စာအုပ်ပိတ်
တော်လှန်ရေးမှာ ‘အိပ်’တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်းစေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့...
အောင်မြင်မှာပါ
ဗမာပြည်အတွက်လိုအပ်တဲ့
’လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ’
အရှေ့ဘက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ...
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘဝမှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့…
သြော်…
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ... ညီလေးရယ်…
ရွှေဘုန်းလူ။
Wednesday, November 2, 2011
ငါတို့ရွာက အဖွါးအိုရဲ့ဆန္ဒ ကိုဗလိုင် (ခ) အောင်စိုး
ကိုဗလိုင် (ခ) အောင်စိုး
ငါ့မြေး....အဖွါးတို့ရွာမှာ
ငါ့မြေး....အဖွါးတို့ရွာမှာ
မော်တော်ကားနဲ့ ထွန်ယက်စိုက်ပျိုးဖို့
တဂျုံးဂျုံးမည်တဲ့ စက်တပ်ယာဉ်တွေမလိုအပ်ပါဘူး၊
ဒီလက်နှစ်ဖက်နဲ့ အိမ်အောက်ကနွားနှစ်ကောင်
လယ်တောမြေကို ထွန်ယက်နိုင်ပြီး...
ဟိုဘက်ရွာနဲ့ ဒီဘက်ရွာကို
ဖိနပ်ဗလာနဲ့ ထီးမကူပဲ
ဒီခြေနှစ်ဖက်က လျှောက်လှမ်းလို့ နိုင်ပါသေးတယ်။
ငါ့မြေ....အဖွါးတို့ရွာမှာ
ဓါတ်စက်နဲ့ရုပ်ရှင် ပြဖို့မလိုပါဘူး၊
နေ့ခင်းနေ့ဘက် အလွမ်းပြေ ပုံပြင်နဲ့
ငါ့မြေးအိပ့်အောင်
ညအိပ့်ရာပုံပြင်တွေကို အဖွါးပြောဆိုလို့ နိုင်ပါသေးတယ်။
ငါ့မြေး....အဖွါးတို့ရွာမှာ
ဘဲကင် ဘဲပေါင်း
ဝက်ကင် ဝက်ပေါင်း
ကြက်ကြော် ကြက်ကင် ဒါတွေမလိုပါဘူး၊
မနက်- အာရုဏ်ရောက်ရင်
ပဲပြုတ်ဆားဖြန်း ထမင်းကြမ်းခဲနဲ့
ငါးပိရည်ရှိရင် လုံလောက်ပါတယ်။
ငါ့မြေး....အဖွါးတို့ရွာမှာ
ရုံးတွေ ဂတ်တွေ
ရှေ့နေ တရားရုံး ဒါတွေမလိုဘူး၊
အဖွါးတို့ရွာမှာ သမာဓိရှိတဲ့
ရွာသူကြီး တစ်ယောက်ဆို လုံလောက်ပါတယ်။
ငါ့မြေး....အဖွါးတို့ရွာမှာ
အကြင်နာတရားနဲ့ မေတ္တာတရား ပေါကြွယ်ဝတယ်၊
ဒါကြောင့်....
လူ့အခွင့်အရေးတွေ ရှင်သန်နေတယ်၊
ဒါပေမယ့်....လူသတ် စစ်လက်နက်ပုခုံးထမ်း
မိစ္ဆာလူရမ်းကားတွေ
ဒို့- ကျေးရွာထဲမှာ ခြေဂွင်ရှုပ်ပြီး
အဝင်အထွက် မလုပ်ဖို့ပဲအရေးကြီးတယ်။
ငါ့မြေး...နောက်ဆုံးစကား
တရွာလုံးရဲ့ကိုယ်စား အဖွါး-ပြောလိုက်ပါရစေ...
တရေထဲသောက်ပြီး တမြေထဲနေသူတွေ
လူလူချင်း နှိပ်စက်ချင်း
အမြဲထာဝရ ကင်းဝေးကြပါစေ..။။
Monday, October 31, 2011
ရဲရင့်သူများအတွက် ပူတာအိုထောင်မှ လွတ်မြောက်လာတဲ့ မထက်ထက်ဦးဝေရဲ့  ကဗျာ
ပူတာအိုထောင်မှ လွတ်မြောက်လာတဲ့ မထက်ထက်ဦးဝေရဲ့  ကဗျာ
ရဲရင့်သူများအတွက်
သတ္တိရှိသော...............တည်ကြည်သော
အို.......................ရဲရင့်သော..........သူရဲကောင်းအပေါင်းတို့.........။
တည်ငြိမ်ခန့်ငြားနေသော.........တောင်းတန်းကြီးများကို မြင်တိုင်း မြင်တိုင်းမှာ.........
တည်ကြည်ခန့်ငြား ရဲရင့်လှတဲ့ သင်တို့ကို ငါသိရနေတယ်။
စိမ်းစိုးလန်းနေသော.................တောတောင်လျှိုမြောင်တွေကို.............
မြင်တိုင်း မြင်တိုင်းမှာ...................
ဘယ်လောက်ပဲ.............အခက်အခဲ့ကြုံကြုံ..........မကြောက်မရွံ့ နောက်မတွန့်ဘဲ.
အမြဲလန်းဆန်းတက်ကြွနေတဲ့ ...စိတ်ဓါတ်တွေ ......................စိမ်းလန်းနေတဲ့
သင်တို့ကို ငါသိရနေတယ်.........။
ဖြူးဖွေးတောက်ပနေတဲ့ ရေခဲတောင်ကြီးတွေကို မြင်တိုင် မြင်တိုင်းမှာ
အများအတွက်.........ကိုယ်ကျိုးစွန့်လွတ် …......အနစ်နာခံတဲ့ ...မြင့်မြတ်ဖြူစင်တဲ့ သင်တို့ကို
ငါသတိရနေတယ်။
လေးဘက်နံရံအတွင်းက လွတ်မြောက်လာတဲ့...ငါက
ငါလွတ်မြောက်လာသလို.............
သင်တို့ … အမြန်ဆုံးလွတ်မြောက်လာဖို့....
ငါ ...မျှော်လင့်နေတယ်...
ငါ....စောင့်ကြိုင်နေတယ်...
ငါ....ဆုတောင်းနေတယ်...
ရဲရင့်သော ….သူရဲကောင်းအပေါင်းတို့
ထက်ထက်ဦးဝေ
၁၂-၁၀-၂၀၁၁။ပူးတာအိုအကျဉ်းထောင်မှာ လွတ်မြောက်သည်။။
Saturday, September 10, 2011
Saturday, August 27, 2011
ဧရာဝတီရဲ့ငိုရှိုက်သံ
ဧရာဝတီရဲ့ငိုရှိုက်သံ
ဧရာဝတီငိုနေပြီ ဘယ်သူချော့သိပ်မလဲ
ဧရာဝတီဟာ တို့ရဲ့အသက်သခင်ကျေးဇူးရှင်
ဧရ၀တီဟာ တိုင်းပြည်ရဲ့အသက်သွေးကျော
သွေးကျောပြတ်ရင် အသက်ထွက်ရလိမ့်မယ်
ကဲ…အခု ဒို့ရဲ့ ဧရာဝတီ သွေးကျောဖြတ်ခံနေရပြီ
ဘယ်သူတွေမှာ တာဝန်ရှိသလဲ
ဧရာဝတီမရှိရင် ဒို့မရှိနိုင်ဘူး
ဧရာဝတီမ၇ှိရင် ဒို့သာသနာမ၇ှိနိုင်ဘူး
ဧရာဝတီကို ရောင်းစားတာဟာ ဒို့ဘ၀ကိုရောင်းစားတာ
ဧရာဝတီကို သတ်တာ ဒို့သာသနာကိုသတ်တာ
ဧရာဝတီကို စော်ကားတာ ဒို့ကိုစော်ကားတာ
ဒို့တတွေဟာ….
ဧရာဝတီကို အဖေါ်ပြု သာသနာပြုခဲ့ကြတယ်
ဘယ်သူတွေဘယ်လောက်ဖျက်ဖျက်
ဧရာဝတီကပေးဆပ်ခဲ့လို့ ဒို့တတွေမပျက်ခဲ့ကြဘူး
ဒါဟာဧရာဝတီရဲ့ကျေးဇူးရှင်
ကျေးဇူးမဆပ်ချင်နေ ကျေးဇူးမကန်းပါနဲ့
ကျေးဇူးကန်းသူ ယုတ်မာသူလူတစ်စုကြောင့်
ဧရာဝတီ ငိုနေရပြီ
ဧရာဝတီရဲ့ငိုရှိက်သံသွက်သွက်ညံနေပြီ
ဘယ်သူတွေမှာတာဝန်၇ှိသလဲ
ဘယ်သူတွေကာကွယ်ကြမှာလဲ
ဘယ်သူတွေကျေးဇူးသိတတ်ကြသလဲ
ဒီအတိုင်းပဲငုတ်တုတ်ထိုင် ဘေးထိုင်ဘိုင်ကျ မှိုင်နေကြတော့မှာလား
ဧရာဝတီရဲ့အရေး ဒို့အရေး
ဧရာဝတီကိုထိတဲ့ဒဏ် ဒို့မခံဘူး
ဒို့တတွေ ၀ိုင်းဝန်းတွန်းလှန် အောင်ပွဲခံဖို့
ရဟန်း သံဃာ ကျောင်းသားပြည်သူ
ဝန်ထမ်းစစ်တပ် အားလုံးလမ်းပေါ်ထွက်လို့
ဧရာဝတီကို ကယ်တင်ကြပါစို့ ……
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
ဧရာဝတီငိုနေပြီ ဘယ်သူချော့သိပ်မလဲ
ဧရာဝတီဟာ တို့ရဲ့အသက်သခင်ကျေးဇူးရှင်
ဧရ၀တီဟာ တိုင်းပြည်ရဲ့အသက်သွေးကျော
သွေးကျောပြတ်ရင် အသက်ထွက်ရလိမ့်မယ်
ကဲ…အခု ဒို့ရဲ့ ဧရာဝတီ သွေးကျောဖြတ်ခံနေရပြီ
ဘယ်သူတွေမှာ တာဝန်ရှိသလဲ
ဧရာဝတီမရှိရင် ဒို့မရှိနိုင်ဘူး
ဧရာဝတီမ၇ှိရင် ဒို့သာသနာမ၇ှိနိုင်ဘူး
ဧရာဝတီကို ရောင်းစားတာဟာ ဒို့ဘ၀ကိုရောင်းစားတာ
ဧရာဝတီကို သတ်တာ ဒို့သာသနာကိုသတ်တာ
ဧရာဝတီကို စော်ကားတာ ဒို့ကိုစော်ကားတာ
ဒို့တတွေဟာ….
ဧရာဝတီကို အဖေါ်ပြု သာသနာပြုခဲ့ကြတယ်
ဘယ်သူတွေဘယ်လောက်ဖျက်ဖျက်
ဧရာဝတီကပေးဆပ်ခဲ့လို့ ဒို့တတွေမပျက်ခဲ့ကြဘူး
ဒါဟာဧရာဝတီရဲ့ကျေးဇူးရှင်
ကျေးဇူးမဆပ်ချင်နေ ကျေးဇူးမကန်းပါနဲ့
ကျေးဇူးကန်းသူ ယုတ်မာသူလူတစ်စုကြောင့်
ဧရာဝတီ ငိုနေရပြီ
ဧရာဝတီရဲ့ငိုရှိက်သံသွက်သွက်ညံနေပြီ
ဘယ်သူတွေမှာတာဝန်၇ှိသလဲ
ဘယ်သူတွေကာကွယ်ကြမှာလဲ
ဘယ်သူတွေကျေးဇူးသိတတ်ကြသလဲ
ဒီအတိုင်းပဲငုတ်တုတ်ထိုင် ဘေးထိုင်ဘိုင်ကျ မှိုင်နေကြတော့မှာလား
ဧရာဝတီရဲ့အရေး ဒို့အရေး
ဧရာဝတီကိုထိတဲ့ဒဏ် ဒို့မခံဘူး
ဒို့တတွေ ၀ိုင်းဝန်းတွန်းလှန် အောင်ပွဲခံဖို့
ရဟန်း သံဃာ ကျောင်းသားပြည်သူ
ဝန်ထမ်းစစ်တပ် အားလုံးလမ်းပေါ်ထွက်လို့
ဧရာဝတီကို ကယ်တင်ကြပါစို့ ……
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
ပေးပို့လာသော ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်) အား အထူးကျေးဇူးတင်ရှိပါတယ်.။
Sunday, August 7, 2011
ခွပ်ဒေါင်းရဲ့အောင်ပွဲ
မောင်ငြိမ်းအေး
လွန်ခဲ့တဲ့ ၂၃ နှစ် အခုလိုအချိန်က
နိုင်ငံနဲ့အဝှမ်း လမ်းမတွေအပေါ်မှာ
အထူးသဖြင့် မြို့တော်ခန်းမရှေ့ ရင်ပြင်နီမှာ
ကမ္ဘာကတောင် အံ့အားသင့် လေးစားကြရတဲ့အထိ
ယုံကြည်ချက်တွေ သိမ်းငှက်လို အမြင့်ပျံခဲ့တယ်။
အာရပ်နွေဦးက အခုမှပါ
မြန်မာ့နွေဦးက ၈.၈.၈၈ နေ့ကပေါ့
အဲဒီနွေဦးရဲ့ သင်းပျံ့တဲ့ရနံ့တွေဟာ
ဖက်ဆစ်အာဏာရှင်တွေကို
ရင်ကျပ်ပြီး အမောဖောက်စေခဲ့တယ်။
“ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ
ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး”
“စိန်လွင်ခြောက်တန်း တစောက်ကန်း
သောက်ရမ်းမလုပ်နဲ့”
“ဒီမိုကရေစီရရှိရေး
ဒို့အရေး ... ဒို့အရေး”
သူတို့ ကိုယ့်အရိပ်ကို ကိုယ်ပြန်ကြောက်
ကြွေးကြော်သံတွေကလည်းခြောက် မဟုတ်လား
ငှက်ဖျားတက်သလို ခြစ်ခြစ်တောက်ပူခဲ့ကြတယ်
အပူကြီးလာတော့ ကယောင်ချောက်ချား
ကျည်ဆံတွေ ပျော်ပျော်ကြီး ရွာချလိုက်ပုံများ
လက်ဗလာနဲ့ ပြည်သူတွေအပေါ် ရွှဲရွှဲ .. စိုလို့။
“ယောက်ျားဟေ့နော်
တိုက်ပွဲပျော်
ကျနော် တိုက်ရင်းတက်မှာပဲ” ... တဲ့
၆၂ ခုနှစ်ကတည်းက စစ်ဖိနပ်အောက် ရောက်ခဲ့ကြသူတွေရဲ့အားမာန်
လှည်းနေလှေအောင်းမြင်းဇောင်းမကျန်
ခွပ်ဒေါင်းတွေ ရဲရဲတောက် သံပြိုင်ကခုန် တွန်ကျူးလိုက်တဲ့ ဂီတသံ
ပြေးဟေ့ ... ပြေး ... ပြေး
မဆလတွေ ပြည့်တန်ဆာအိမ် ပုလိပ်ဖမ်းသလို ထမီမနိုင် ပဝါမနိုင်နဲ့ ပြေးကြပေါ့။
နဝတနဲ့ နအဖတွေက
တိုင်းပြည်ရဲ့ သေလုမြောပါး ရောဂါဒဏ်ရာတွေအတွက်
အမှန်တရားကို ဝှက်ချင်ကြတယ်
ဆန်ကောလောက်မှ ဇောက်မနက်တဲ့ အပြောအဆို အရေးအသား
လူအုပ်စုနဲ့ ဆူပူရမ်းကားခြင်း ... တဲ့
လူထုရဲ့ အမြုတေတော်လှန်ရေးကို
သေးသိမ်အောင်လုပ်ခဲ့ကြ ... လုပ်နေကြဆဲ
အဲဒီလို သေးသိမ်အောင်လုပ်တဲ့သူတွေသာ တနေ့တခြား
သေးသိမ်ပြီးရင်း သေးသိမ်သွားနေကြတယ်
ပြည်သူလူထုနဲ့ ရှစ်လေးလုံးကတော့
ကြီးကျယ်မြင့်မြတ်သထက် ကြီးကျယ်မြင့်မြတ်
တိုင်းပြည်တပြည် ဒါမှမဟုတ် လူတယောက်ရဲ့ အနာဂတ်ကို
လှပဝေဆာအောင် စိုက်ပျိုးခွင့်က
ဒီမိုကရေစီမြေဆီလွှာမှာ
အစိုးရကောင်းရေကြည်ပြာပြီး
တရားဥပဒေနေခြည်ဖြာမှမဟုတ်လား။
ရှစ်လေးလုံးဟာ ...
ဥသျှစ်သီးလေးလုံးမဟုတ်ဘူး
တပ်မတော်နေ့မဟုတ်ဘူး
အမျိုးသားညီလာခံမဟုတ်ဘူး
၂၀၀၈ ဖွဲ့စည်းပုံမဟုတ်သလို
၂၀၁၀ ရွေးကောက်ပွဲလည်းမဟုတ်ဘူး။
လှံစွပ်တွေကို ရင်ဘတ်နဲ့ ချိုးပြီး
သွေးတွေ ရဲရဲနီအောင် လောင်းခဲ့ရတဲ့
သမိုင်းဝင်အသီးအပွင့်ဖြစ်တယ် ... ဟေ့ ...။ ။
(၈၈ အရေးအခင်း၌ ကျဆုံးသွားခဲ့ကြသည့် ပြည်သူလူထုအား ဂုဏ်ပြုလျက် ...)
မောင်ငြိမ်းအေး
Friday, July 15, 2011
တော်လှန်ရေးမျိုးဆက်များ
တော်လှန်ရေးမျိုးဆက်များ
(Generations of the Revolution)၁။
ခွပ်ဒေါင်းတွေ အနီရောင်အလံများပေါ်မှာ လေဟုန်စီးနေကြတယ်
ဒို့အရေး၊ ဒို့အရေးဆိုတဲ့ အသံတွေ ပြန့်နှံ့ ဝေ့ဝဲလို့
ကျောင်းသားအခွင့်အရေး ချက်ချင်းပေး၊ ချက်ချင်းပေး
ဖိနှိပ်တဲ့ ဥပဒေတွေ အလိုမရှိ၊ အလိုမရှိ
ဆိုတဲ့ အသံတွေ ဘဝဂ်သို့ ပျံတက်ပေါ့
“ဖိုးဖိုးရေ- ဘာဖြစ်နေတာလဲဟင်လို့ မြေးငယ်ကမေးတယ်“
“ကျောင်းသားအခွင့်အရေးကို ဖိနှိပ်တဲ့ ဥပဒေတွေကို ကန့်ကွက်နေတာ”လို့ လက်သီးကို တင်းတင်းဆုပ်ရင်း ဖိုးဖိုးကပြောတယ်။
အဲဒီနေ့က ၁၉၆၂ ခုနှစ် ဂျူလိုင် (၇) ရက်နေ့ပေါ့။
၂။
ခွပ်ဒေါင်းတွေ အနီရောင်လွင်ပြင်မှာ တဖြတ်ဖြတ် ကွန့်မြူးနေကြတယ်
ဦးသန့်အရေး ဒို့အရေး၊ ထိုက်တန်တဲ့နေရာ ချက်ချင်းပေး၊ ချက်ချင်းပေး
ဂုဏ်ပြုထိုက်သူ ဂုဏ်ပြုရေး၊ ဒို့အရေး ဒို့အရေး
တက္ကသိုလ် ရင်ပြင်မှာ ကျောင်းသားတို့ ရင်တွင်းမှ
ပေါက်ထွက်လာတဲ့ ခံစားချက်၊ မိုးထက်သို့ တက်ပါပေါ့
“ဖေဖေ သူတို့ဘာလို့ အော်နေကြတာလဲဟင်”
“ဒို့လေးစားတဲ့ ဦးသန့်ကို ဂုဏ်ပြုဘို့ တောင်းဆိုနေကြတာပေါ့”တဲ့
တောက်တချက်ခေါက်ရင်း ဖေဖေကပြောတယ်
အဲဒီနေ့က ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ပေါ့။
၃။
ခွပ်ဒေါင်းတွေ အနီရောင်အလံပေါ်မှာ အတောင်တဖြတ်ဖြတ်ခတ်ပြီး ပျံသန်းရင်း
ရွှေတိဂုံရင်ပြင်တော်မှာ ရပ်နားလိုက်ကြတယ်။
ကျောင်းသားသမဂ္ဂတည်ဆောက်ရေး ဒို့အရေး၊ ဒို့အရေး
ကျောင်းသားအခွင့်အရေး ချက်ချင်းပေး၊ ချက်ချင်းပေး
အသံတွေ မိုးထက်သို့တိုင် မြည်ဟိန်းနေကြတယ်။
“အစ်ကိုဘာတွေ ဖြစ်နေတာလဲဟင်”လို့ ညီညီကမေးတယ်
“ဖျက်သိမ်းခံထားရတဲ့ ငါတို့ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးအတွက် တောင်းဆိုနေကြတာပေါ့ ညီလေး”တဲ့ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးနဲ့ ကိုကိုကဖြေတယ်
အဲဒီနေ့က ဂျွန်လ (၆) ရက်နေ့ ၁၉၇၅ ခုနှစ်ပေါ့။
၎။
ခွပ်ဒေါင်းတွေ အနီရောင်လွင်ပြင်မှာ အတော်တဖြတ်ဖြတ်ခတ်နေကြပြန်ပြီ
ပြည်တွင်းငြိမ်းချမ်းရေး ဒို့အရေး၊ ဒို့အရေး
အဖိုးမှိုင်းရဲ့ ဆုတောင်း၊ ဒို့အခုတောင်း
ကျောင်းသားတွေရဲ့ အသံ မြည်ဟိန်းလို့ လာပြန်ပေါ့
“အမေဘာတွေဖြစ်နေတာလဲဟင်” လို့ သမီးကမေးတယ်
“အဖိုးသခင်ကိုယ်တော်မှိုင်းရာပြည့်နေပေါ့ သမီးရယ်
ဗမာပြည်ကြီး ငြိမ်းချမ်းရေး ရစေချင်ပြီ”လို့ မေမေက
မျက်ရည်ဝဲပြီး ပြောတယ်။
အဲဒီနေ့က မတ်လ (၂၃) ရက် ၁၉၇၆ ခုနှစ်ပေါ့။
၅။
ခွပ်ဒေါင်းတွေ အနီရောင်နောက်ခံပေါ်မှာ သွေးစက်ယိုစီးလျက် ပျံသန်းနေကြပြန်ပြီပေါ့
သွေးချင်းချင်းနီနေတဲ့ ကျောင်းသားလေးတွေ ဆူးလေဘုရားရှေ့မှာ
အတုံးအရုံးလဲပြိုနေကြပေမယ့် အလံမလဲခဲ့ပါ။
ဒီမိုကရေစီ ရရှိရေး ဒို့အရေး၊ ဒို့အရေး
စစ်အာဏာရှင်စံနစ် ကျဆုံးရေး ဒို့အရေး၊ ဒို့အရေး
လူအခွင့်အရေး ချက်ချင်းပေး၊ ချက်ချင်းပေး
လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
ဘဝဂ်သို့ ညံနေပါရောလား
ဖိုးဖိုး ဖွါးဖွါး၊ ဖေဖေ မေမေ၊ ဦးဦး ဒေါ်ဒေါ်
ကိုကို မမ၊ ညီ ညီမ၊ မကျန်မေးဘို့ မလို
အားလုံးအလိုလို သိပြီးသားမို့
ဒို့လိုတာတောင်းဆိုခဲ့ကြပေါ့။
သူ့တသက်မှာ အကြီးဆုံးသော လူထုလှုပ်ရှားမှုကြီးတဲ့
ဦးနုက တံတားနီမှာ ထုတ်ပြောခဲ့
အဲဒီနေ့ သြဂုတ်လ (၈) ရက်နေ့ ၁၉၈၈ ခုနှစ်ပေါ့။
၆။
ဘဝပြောင်းသွားသူတွေရဲ့ သွေးစီးချောင်းတွေ
မခမ်းခြောက်သေးဘူး၊ ခန္ဓာပျက်ပေမဲ့
ဝိဉာဉ်တွေက ရှင်သန်နေဆဲ
ဘဂဝါသူတော် အရှင်မြတ်တို့က
မေတ္တာရှေ့ထားပြီး ရွတ်ဖတ်သရဇ္ဈာယ်
ပြည်သူတွေရဲ့ ဒုက္ခကို မကြည့်ရက်လို့
ပြည်သူ့ကိုယ်စား တရားဓမ္မနဲ့ ချီတက်ခဲ့ကြပြန်တယ်
ခွပ်ဒေါင်းနည်းတူ သာသနာ့အလံလည်း သွေးစွန်းခဲ့ပြန်ပေါ့
“ကတုံးတွေ မင်းတို့အလုပ်မဟုတ် ဝင်မရှုပ်နဲ့” လို့
မိုက်ရိုင်းတဲ့ ကြေးစားတပ်သားက အရှင်သူမြတ်တို့
ဦးခေါင်းကို ခြေနဲ့ ကန်ရင်းပြောလိုက်တယ်
အဲဒီနေ့က စက်တင်ဘာလ (၂၄) ရက်နေ့ ၂၀၀၇ ခုနှစ်ပေါ့။
၇။
မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်း
ခွပ်ဒေါင်းစိတ်နဲ့ လွတ်လပ်ရေးတောင်း
ဒေါင်းမျိုးစေ့ကို သယ်ဆောင်
ဘယ်တော ဘယ်တောင်၊ ဘယ်သောင် ဘယ်ကမ်း
တွင်တွင်လှမ်းရင်း ဘဝတွေပေးဆပ်ခဲ့
မေးစရာမလို မျိုးဆက်သစ်တို့ရဲ့အောင်ပွဲ
တွေးမကြည့်နဲ့ တနေ့ရရစေ့မယ်
တို့တတွေဟာ ယုံကြည်ချက်နဲ့ ပြည့်သူ့အတွက်
ဘဝတွေပေးဆပ် အကြောက်တရားကို ကျောခိုင်းပြီး
အမှန်တရားရဲ့ လမ်းမပေါ်မှာ လျှောက်လမ်းနေတဲ့
သူရဲကောင်းတွေ မဟုတ်လား။
ထွန်းအောင်ကျော်
ဂျူလိုင်လ (၃) ရက် ၂၀၁၁။
Wednesday, June 22, 2011
ဂန္တဝင်အမေ ကဗျာရှင် (ရွှေဝါရောင်နန္ဒာစရိယ)
ဂန္တဝင်အမေ
အမည်နာမ ခေါ်တွင်သမုတ်
မိနှင့်ဖခင် ဦးထိပ်တင်၍
အောင်ဆန်းစုကြည် ကမ္ဘာမြေပေါ်
ထွန်းတောက်လာခဲ့ ကျေးဇူးအသိတရား
ရင်မှာစွဲ၍ ပြန်ခါဝဲခါ
အမိကျေးဇူးဆပ်ဖို့ ရောက်လာ
ဒါတင်မက တိုင်းပြည်အတွက်
အနစ်နာခံဖို့ ၂၇ ၊ ၉ ၊ ၈၈မှာ
ပါတီဖွဲ့စည်း တိုင်းသူပြည်သား ညှဉ်းပန်းနှိပ်ဆက်
နေဝင်းအစိုးရကို တော်လှန်ခဲ့၏။
အောင်ပြီးအောင်ပြီး ကိုးဆယ်ရွေးကောက်
ပြည်သူကိုယ်စား NLD နိုင်ခဲ့
ကလိမ်ကကျစ် အာဏာရူးများမှ
အဓမ္မအကျဉ်းချ ခံလိုက်ရ၏။
တဖန်ပြန်လည် ဝဲနေစဉ်မှာ
သေကြောင်းကြံစည်
ကိုယ်ကျင့်သီလ မြဲတဲ့ခေါင်းဆောင်
ဝရဇိန်လက်နက်နဲ့ ပစ်လို့မသေ
ငါတို့အမေ
သက်ကျော် ရာကျော် ရှည်ပါစေ….။
ရွှေဝါရောင်နန္ဒာစရိယ
၁၉.၆.၂၀၁၁
Sunday, June 19, 2011
*အလုပ်တစ်ခုကို အောင်မြင်ဖို့အတွက် ဖြည်းဖြည်းနဲ့ ဇွဲရှိရပါတယ်။*
*အလုပ်တစ်ခုကို အောင်မြင်ဖို့အတွက် ဖြည်းဖြည်းနဲ့ ဇွဲရှိရပါတယ်။*
*ဒါမှလည်း ကြာရှည်ခံပါတယ်။*
*ရင့်မှမှည့်တဲ့အသီးဟာ ချိုသလိုပေါ့။*
*လူတွေဆိုတာ အထက်ကိုရောက်သူကိုမှ ကြည့်လို၊မြင်လိုကြတယ်။*
*တွေ့လိုကြတယ်။*
*ကျော်ကြားမှုဆိုတာ ငယ်ငယ်က ဘယ်သူမျှ မကျော်ကြားခဲ့ပါဘူး။*
*ကြီးလာတဲ့အခါ ကြိုးစားမှုကြောင့် အထက်တန်းရောက်ပြီး*
*ကျော်ကြားလာရတာပါ။*
*လူတစ်ယောက်ကြီးပွါးတယ်ဆိုတာလည်း*
*၁။ အရာရာမှာ စဉ်းစားဥာဏ်ရှိရမယ်၊*
*၂။ရှေးဘုန်းရှေးကံ ရှိရမယ်။*
*၃။ရဲရင့်တဲ့ သတ္တိရှိရမယ်၊*
*ဒီသုံးချက်နဲ့ ပြည့်စုံရင် ကြီးပွါးတာပါပဲ။*
*လောကမှာ ဂုဏ်ရှိဖို့ထက်*
*ရလာတဲ့ ဂုဏ်ကိုစောင့်ရှောက်ဖို့က ပိုခက်ပါတယ်။*
*လူတစ်ယောက် ပိုက်ဆံပေါဖို့နဲ့ စိတ်ထားကောင်ဖို့*
*ဘယ်ဟာက ပိုအရေးကြီးပါ့မလဲ။*
*ပိုက်ဆံရှိဖို့ကတော့ ကြိုးစားရင် ဖြစ်နိုင်ပါတယ်။*
*စိတ်ကောင်းဖို့ဆိုတာက မလွယ်ပါဘူး။*
*ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ဝင်နေလျှင်*
*သူတစ်ပါးကို အထင်သေးတာ သဘာဝပဲ။*
*လောကကြီးမှာ ဒါနရှိမှ လူချစ်လူခင်ကြတယ်။*
*သီလရှိမှ ကြည်ညိုကြတယ်။*
*ပညာတတ်မှ လေးစားကြတယ်။*
*လောကမှာ ညံ့တဲ့လူက တော်တဲ့လူကို မနာလိုဘူး။*
*မသာတဲ့သူက သာတဲ့သူကို မနာလိုဖြစ်ကြတယ်။*
*မနာလိုစိတ်ဟာ ဒေါသစိတ်ပါပဲ။*
*ကိုယ်က ပတ်ဝန်းကျင်ကို ထိချုက်စရာ မလုပ်ရဘူး*
*မထိချုက်စေရဘူး။*
*သူများ မကောင်းပေမယ့်*
*မိမိကိယ်ကို ကောင်းအောင်ကြိုးစားရမယ်။*
*ဘယ်သူ သီလကျိုးကျိုး*
*ကိုယ် မကျိုးစေနဲ့။*
*လူတွေဟာ အကောင်းကြိုက်ကြတယ်*
*ကောင်းကောင်း စားကြတယ်၊ ကောင်းကောင်းဝတ်ကြတယ်*
*အကျင့်ကျ အကောင်းမကျင့်ကြဘူး။*
*ဒါမှလည်း ကြာရှည်ခံပါတယ်။*
*ရင့်မှမှည့်တဲ့အသီးဟာ ချိုသလိုပေါ့။*
*လူတွေဆိုတာ အထက်ကိုရောက်သူကိုမှ ကြည့်လို၊မြင်လိုကြတယ်။*
*တွေ့လိုကြတယ်။*
*ကျော်ကြားမှုဆိုတာ ငယ်ငယ်က ဘယ်သူမျှ မကျော်ကြားခဲ့ပါဘူး။*
*ကြီးလာတဲ့အခါ ကြိုးစားမှုကြောင့် အထက်တန်းရောက်ပြီး*
*ကျော်ကြားလာရတာပါ။*
*လူတစ်ယောက်ကြီးပွါးတယ်ဆိုတာလည်း*
*၁။ အရာရာမှာ စဉ်းစားဥာဏ်ရှိရမယ်၊*
*၂။ရှေးဘုန်းရှေးကံ ရှိရမယ်။*
*၃။ရဲရင့်တဲ့ သတ္တိရှိရမယ်၊*
*ဒီသုံးချက်နဲ့ ပြည့်စုံရင် ကြီးပွါးတာပါပဲ။*
*လောကမှာ ဂုဏ်ရှိဖို့ထက်*
*ရလာတဲ့ ဂုဏ်ကိုစောင့်ရှောက်ဖို့က ပိုခက်ပါတယ်။*
*လူတစ်ယောက် ပိုက်ဆံပေါဖို့နဲ့ စိတ်ထားကောင်ဖို့*
*ဘယ်ဟာက ပိုအရေးကြီးပါ့မလဲ။*
*ပိုက်ဆံရှိဖို့ကတော့ ကြိုးစားရင် ဖြစ်နိုင်ပါတယ်။*
*စိတ်ကောင်းဖို့ဆိုတာက မလွယ်ပါဘူး။*
*ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ဝင်နေလျှင်*
*သူတစ်ပါးကို အထင်သေးတာ သဘာဝပဲ။*
*လောကကြီးမှာ ဒါနရှိမှ လူချစ်လူခင်ကြတယ်။*
*သီလရှိမှ ကြည်ညိုကြတယ်။*
*ပညာတတ်မှ လေးစားကြတယ်။*
*လောကမှာ ညံ့တဲ့လူက တော်တဲ့လူကို မနာလိုဘူး။*
*မသာတဲ့သူက သာတဲ့သူကို မနာလိုဖြစ်ကြတယ်။*
*မနာလိုစိတ်ဟာ ဒေါသစိတ်ပါပဲ။*
*ကိုယ်က ပတ်ဝန်းကျင်ကို ထိချုက်စရာ မလုပ်ရဘူး*
*မထိချုက်စေရဘူး။*
*သူများ မကောင်းပေမယ့်*
*မိမိကိယ်ကို ကောင်းအောင်ကြိုးစားရမယ်။*
*ဘယ်သူ သီလကျိုးကျိုး*
*ကိုယ် မကျိုးစေနဲ့။*
*လူတွေဟာ အကောင်းကြိုက်ကြတယ်*
*ကောင်းကောင်း စားကြတယ်၊ ကောင်းကောင်းဝတ်ကြတယ်*
*အကျင့်ကျ အကောင်းမကျင့်ကြဘူး။*
Saturday, June 18, 2011
ဒေါ်အောင်ဆန်းစုကြည်ထာဝရလွတ်လပ်ပါစေ...
ဒေါ်အောင်ဆန်းစုကြည်ထာဝရလွတ်လပ်ပါစေ...
အမေထာဝရ လွတ်လပ်ပါစေတော့
အနှိုင်းမဲ့ ပေးဆပ်မှုတွေကို
အလေးမြတ်ပြုနေပေမယ့်
လူအရိုင်းမို့ ကဗျာနဲ့
မနှိုင်းတတ်ဘူးအမေ။
ပြည်သူ့အပေါ်ထားတဲ့ မေတ္တာတရား
နားလည်ခံစားနိုင်ပေမယ့်
ပညာရည်မဝလို့
စာမသတတ်ဘူး အမေ။
ဒါပေမယ့်လေ...
အမေ့မွေးနေ့မှာ အများနည်းတူ
အမေ့ကို လက်ဆောင်ပေးချင်တဲ့ဆန္ဒ
မြိုချလို့မရနိုင်ဘူး အမေ။
ဒါကြောင့်လည်းလေ...
တတ်သမျှမှတ်သမျှလေးနဲ့
ပုံတွေနဲ့စာတွေကို အရောင်စုံထည့်တော့
အမေ့အတွက် ကိုယ်တိုင်ဖန်တီးချက်ပေါ့
အမေထာဝရ လွတ်လပ်ပါစေတော့.......
နန္ဒာ(Japan)
အနှိုင်းမဲ့ ပေးဆပ်မှုတွေကို
အလေးမြတ်ပြုနေပေမယ့်
လူအရိုင်းမို့ ကဗျာနဲ့
မနှိုင်းတတ်ဘူးအမေ။
ပြည်သူ့အပေါ်ထားတဲ့ မေတ္တာတရား
နားလည်ခံစားနိုင်ပေမယ့်
ပညာရည်မဝလို့
စာမသတတ်ဘူး အမေ။
ဒါပေမယ့်လေ...
အမေ့မွေးနေ့မှာ အများနည်းတူ
အမေ့ကို လက်ဆောင်ပေးချင်တဲ့ဆန္ဒ
မြိုချလို့မရနိုင်ဘူး အမေ။
ဒါကြောင့်လည်းလေ...
တတ်သမျှမှတ်သမျှလေးနဲ့
ပုံတွေနဲ့စာတွေကို အရောင်စုံထည့်တော့
အမေ့အတွက် ကိုယ်တိုင်ဖန်တီးချက်ပေါ့
အမေထာဝရ လွတ်လပ်ပါစေတော့.......
နန္ဒာ(Japan)
Monday, June 13, 2011
Tuesday, June 7, 2011
မငိုပါနဲ့အမေ..........
မညီမညာ....ကံကြမ္မာရဲ့....
မညှာမတာ....လှည့်ကွက်ြကားမှာ
သွေးပျက်မတတ်...ငိုခဲ့ရပြီးပြီ......။။။
ရှင်သန်နေရာ.........ဘ၀ဟာဖြင့်
ြွကယ်ကြွေကာ..လ..မသာသလို
မှောင်မဲကာ...အရောင်မွဲတဲ့...
မိုးမဲညတစ်ညပါပဲလေ.............။။။။။
မရေမရာ......အနာဂတ်အတွက်
တစ်ပြည်တစ်ရွာမှာ.....
ဘ၀ကိုပုံအပ်ထားရပေမယ့်......
မသေချာတာတွေက...များပါတယ်အမေ......။။။
နေထွက်ချိန်ခါ .....အမေ့ရွာမှ....
ခွဲခွါခဲ့ရ....သားအလှဟာ...
နေ၀င်ချိန်မှာ.......အမေ့ရွာကို
ရောက်မလာရင်...အမေ..ငိုချငိမှာပေါ့်နော်.....။။
ဒါပေမယ့်လေ.......
မိဘမျက်ရည်...တစ်စက်ကြွေရင်......
သားတွေမှာက.......ဆင်းရဲရတာ...တစ်သက်တာမို့....
အမေမငိုဖို့...သားတောင်းပန်ပါရစေ....အမေ......။။။
လွမ်းနေသူ(ဘုတလင်)
အရာရာထက်ပိုလွမ်းပါတယ်.....အမေ.
အရာရာထက်ပိုလွမ်းပါတယ်.....အမေ.
လောကခေါ်တွင်....သည်လူ့ပြည်တွင်.....
လူသားမှန်သမျှ......အမေရှိကြသည်......။်
ကျွှနိပ်သည်လည်း......လူသားပဲမို့.....
အမေဆိုတာ..အသေအချာရှိသည်........။။။
လူတကာကြိ.....အမေအိုကို....
အရာရာမှာ.....ပြည့်စုံစွာနဲ့.....
ထားနိုင်ဖို့အရေး.....မျှော်ကာတွေးလို့..
အမေ့အိမ်ကလေးကနေ......ဟောဒီအဝေးကြီးကို....
ပြေးထွက်လာရသူပါ.....အမေ......။။။။။။
အေးစက်စက်း ......ဒါဏ်ချက်တွေ့
မှေးစက်လို့မပျော်တဲ့ညတိုင်း.......
အမေ...လို့ ယောင်ယောင်ပြီးအော်မိပါတယ်...အမေ...။။။။
ပျော်စရာတွေရှိပေမယ့်...
မပျော်သာ.....နေမချိသူမို့...
ဟို.....အညာအမေရှိရာအရပ်ကိုပဲ...
မြင်ယောင်ကာ...လွမ်းနေရသူပါအမေ.......။။။။
ခါးကကိုင်း...နားတွေကထိုင်းပြီး........
မပီဝိုးတ၀ါးနဲ့...အမြင်အာရုံတွေလည်း....
စမ်းတ၀ါးဝါး..ဖြစ်နေတဲ့ အမေ့ရဲ့ အနားမှာ....
ထာဝရခိုနားချင်ပေမယ့်....
အညတရ...သားတစ်ယောက်မို့...
အမေ့အနားမှာမနေအားနိုင်တာ..
ခွင့်လွတ်ပေးပါ အမေ ရယ်....။။။
အဆင့်မြင့်မား ...မြို့ပြများရဲ့....
မိုးသို့ထိုးမျှ..အဆောကိအဦးထက်ဝယ်.....
နေရပါညားလည်း.....
ဖုံထူထူနေပူထဲ....ဂုဏ်ဒြပ်ဟူသမျှ...
ကင်းမဲ့လှတဲ့.....
တောခြေဇနပုဒ်က....အမေ့အိမ်စုတ်ကလေးကိုပဲ...
လွမ်းဆွတ်နေတဲပါ အမေ.......။။။
အချစ်အမုန်း....အနိုင်အရှုံးနဲ့...
လောကထုံးတွေကြားမှာ.....ထွေးရစ်ကာလုံးပြီး....
ကျရှုံးရလို့....အပူလုံးကြွပြီး....
ယူကြုံးမရ...ငိုကြွေးရတိုင်း....
တမးတမှန်းဆပြီး....လွမ်းရပြန်ပါတယ်အမေ.......။။။
မညီမညာ....ဘ၀လမ်းမှာ...
လျှောက်လှမ်းလို့...မောပန်းတိုင်း...
ပါးကွက်ကြား.....အဖွေးသားနဲ့....
အမေ့ပါးနှစ်ဖက်အား....
သားတအားပွေ့ဖက်ကာ........
နမ်းရှိုက်လိုင်ချင်ပါတယ်..အမေ....။။
အသပြာငွေနဲ့....ရောင်းချနေတဲ့....
ရေသန့်အေးအေးတွေထက်....
အမေ့အိမ်က.....
ပြိုကျယိုင်နဲ့...ရေစင်ထက်က...
ရေကြည်တစ်စက်ဟာ......
သားအတွက်ပိုပြီးအေးမြလွန်းပါတယ် အမေ.....။။
အမေ့လက်ရာ....ဟင်းတစ်ခွက်ဟာ....
ဆီတစ်စက်....မဆင်းသက်ပေမယ့်...
တုကင်းမဲ့တဲ့....မေ့မေ့မေတ္တာ....
အပြည့်ပါလို့...စားလို့မ၀နိုင်ပါဘူး..အမေ.....။။
အမေနဲ့သား...ရေမြေခြားလို့...
မမေ့အားပဲ.....တအားလွမ်းကာ...
ရည်မှန်းထားတဲ့....ပန်းတိုင်တစ်ခု.....
ပုံဖော်ထုရင်း......
လွမ်းချင်းတွေရေး.......တမ်းတလို့ဆွေးနေရဆဲပါ...အမေ.....။။
ဘယ်ချိန်ဘယ်ခါ....ဘယ်နေရာမှာ..
ဘယ်လောင်ကဲ......အဆင့်အတန်း...မြင့်မားစွာ...
နေရပါလဲ......
အမိုးထန်းရွက်.....အခင်းတစ်ဝက်တစ်ပြက်နဲ့...
အကာမလုံ.....စောင်စုတ်ကိုခြုံအိပ်...
သိမ်နုပ်မွဲတေ...စုတ်ပြတ်ပေတေနေတဲ့....
အမေ့ရဲ့......တဲအိမ်စုတ်ကလေးကိုပဲ....
အရာအားလုံးထက်...ဆွေးစိတ်တက်ကာ....
မပျက်တမ်းတ...မျှော်မှန်းဆပြီး....
နေ့တိုင်းကို.....လွမ်းနေရဆဲပါအမေ........။။။။။။
လွမ်းနေသူ(ဘုတလင်)
လောကခေါ်တွင်....သည်လူ့ပြည်တွင်.....
လူသားမှန်သမျှ......အမေရှိကြသည်......။်
ကျွှနိပ်သည်လည်း......လူသားပဲမို့.....
အမေဆိုတာ..အသေအချာရှိသည်........။။။
လူတကာကြိ.....အမေအိုကို....
အရာရာမှာ.....ပြည့်စုံစွာနဲ့.....
ထားနိုင်ဖို့အရေး.....မျှော်ကာတွေးလို့..
အမေ့အိမ်ကလေးကနေ......ဟောဒီအဝေးကြီးကို....
ပြေးထွက်လာရသူပါ.....အမေ......။။။။။။
အေးစက်စက်း ......ဒါဏ်ချက်တွေ့
မှေးစက်လို့မပျော်တဲ့ညတိုင်း.......
အမေ...လို့ ယောင်ယောင်ပြီးအော်မိပါတယ်...အမေ...။။။။
ပျော်စရာတွေရှိပေမယ့်...
မပျော်သာ.....နေမချိသူမို့...
ဟို.....အညာအမေရှိရာအရပ်ကိုပဲ...
မြင်ယောင်ကာ...လွမ်းနေရသူပါအမေ.......။။။။
ခါးကကိုင်း...နားတွေကထိုင်းပြီး........
မပီဝိုးတ၀ါးနဲ့...အမြင်အာရုံတွေလည်း....
စမ်းတ၀ါးဝါး..ဖြစ်နေတဲ့ အမေ့ရဲ့ အနားမှာ....
ထာဝရခိုနားချင်ပေမယ့်....
အညတရ...သားတစ်ယောက်မို့...
အမေ့အနားမှာမနေအားနိုင်တာ..
ခွင့်လွတ်ပေးပါ အမေ ရယ်....။။။
အဆင့်မြင့်မား ...မြို့ပြများရဲ့....
မိုးသို့ထိုးမျှ..အဆောကိအဦးထက်ဝယ်.....
နေရပါညားလည်း.....
ဖုံထူထူနေပူထဲ....ဂုဏ်ဒြပ်ဟူသမျှ...
ကင်းမဲ့လှတဲ့.....
တောခြေဇနပုဒ်က....အမေ့အိမ်စုတ်ကလေးကိုပဲ...
လွမ်းဆွတ်နေတဲပါ အမေ.......။။။
အချစ်အမုန်း....အနိုင်အရှုံးနဲ့...
လောကထုံးတွေကြားမှာ.....ထွေးရစ်ကာလုံးပြီး....
ကျရှုံးရလို့....အပူလုံးကြွပြီး....
ယူကြုံးမရ...ငိုကြွေးရတိုင်း....
တမးတမှန်းဆပြီး....လွမ်းရပြန်ပါတယ်အမေ.......။။။
မညီမညာ....ဘ၀လမ်းမှာ...
လျှောက်လှမ်းလို့...မောပန်းတိုင်း...
ပါးကွက်ကြား.....အဖွေးသားနဲ့....
အမေ့ပါးနှစ်ဖက်အား....
သားတအားပွေ့ဖက်ကာ........
နမ်းရှိုက်လိုင်ချင်ပါတယ်..အမေ....။။
အသပြာငွေနဲ့....ရောင်းချနေတဲ့....
ရေသန့်အေးအေးတွေထက်....
အမေ့အိမ်က.....
ပြိုကျယိုင်နဲ့...ရေစင်ထက်က...
ရေကြည်တစ်စက်ဟာ......
သားအတွက်ပိုပြီးအေးမြလွန်းပါတယ် အမေ.....။။
အမေ့လက်ရာ....ဟင်းတစ်ခွက်ဟာ....
ဆီတစ်စက်....မဆင်းသက်ပေမယ့်...
တုကင်းမဲ့တဲ့....မေ့မေ့မေတ္တာ....
အပြည့်ပါလို့...စားလို့မ၀နိုင်ပါဘူး..အမေ.....။။
အမေနဲ့သား...ရေမြေခြားလို့...
မမေ့အားပဲ.....တအားလွမ်းကာ...
ရည်မှန်းထားတဲ့....ပန်းတိုင်တစ်ခု.....
ပုံဖော်ထုရင်း......
လွမ်းချင်းတွေရေး.......တမ်းတလို့ဆွေးနေရဆဲပါ...အမေ.....။။
ဘယ်ချိန်ဘယ်ခါ....ဘယ်နေရာမှာ..
ဘယ်လောင်ကဲ......အဆင့်အတန်း...မြင့်မားစွာ...
နေရပါလဲ......
အမိုးထန်းရွက်.....အခင်းတစ်ဝက်တစ်ပြက်နဲ့...
အကာမလုံ.....စောင်စုတ်ကိုခြုံအိပ်...
သိမ်နုပ်မွဲတေ...စုတ်ပြတ်ပေတေနေတဲ့....
အမေ့ရဲ့......တဲအိမ်စုတ်ကလေးကိုပဲ....
အရာအားလုံးထက်...ဆွေးစိတ်တက်ကာ....
မပျက်တမ်းတ...မျှော်မှန်းဆပြီး....
နေ့တိုင်းကို.....လွမ်းနေရဆဲပါအမေ........။။။။။။
လွမ်းနေသူ(ဘုတလင်)
Wednesday, June 1, 2011
အဖေ့ကို ပြန်လွှတ် ပေးကြပါတော့ (ကဗျာရှင် ဗမာ့သွေး)
အဖေ့ကို ပြန်လွှတ် ပေးကြပါတော့ (ကဗျာရှင် ဗမာ့သွေး)
အဖေ့ကို ပြန်လွှတ် ပေးကြပါတော့
(ကဗျာရှင် ဗမာ့သွေး)
(ကဗျာရှင် ဗမာ့သွေး)
အဖေ.........
သမီးဘ၀မှာ အဖေဆိုတာ
ပြင်ပကမ္ဘာမှာ မမြင်တွေ့ရသေးပါဘူး ........။
မြင်ဘူးချင်လိုက်တာ အမေရယ်ဆိုတော့
ကြိတ်ပြီး ရှိုက်ကာ မျက်ရည်ကျတတ်တဲ့
အမေ့က အမြဲတမ်းလိုလို
သမီးဘ၀မှာ အဖေဆိုတာ
ပြင်ပကမ္ဘာမှာ မမြင်တွေ့ရသေးပါဘူး ........။
မြင်ဘူးချင်လိုက်တာ အမေရယ်ဆိုတော့
ကြိတ်ပြီး ရှိုက်ကာ မျက်ရည်ကျတတ်တဲ့
အမေ့က အမြဲတမ်းလိုလို
ဝမ်းနည်းစွာ ငိုကြွေးပြတဲ့ အခါတိုင်း
အမေ့ကို တင်းကြပ်စွာဖက်ထားပြီး
ခေါင်းရင်းခန်းက သမီးကို ချီထားတဲ့
အဖေ့ဓါတ်ပုံလေးကို ငေးကာကြည်ရင်း
သမီးလည်း ရောလို့ မျက်ရည်တွေ
ကျခဲ့ရတာ များလှပါပြီ အဖေ……….။
သူငယ်ချင်းတွေမှာ အဖေရှိလို့
ကျောင်းကို လိုက်ပို့ခဲ့ကြတယ်
စားချင်တာတွေ ၀ယ်ကျွေးပြီး
နွေးထွေးစွာ ကြင်နာပြနေကြတယ်……..
သမီးမှာတော့ တစ်ယောက်ထဲပါလားလို့
တွေးမိလိုက်တိုင်း အဖေ့ကို တမ်းတနေရတုန်းပါဘဲ အဖေ....။
သုံးယောက်ထဲ နဲ့ တည်ထောင်ထားတဲ့
မိသားစုမှာ အဖေမရှိတော့ မပြည့်စုံသလို
ခံစားရတယ်လို့ အမေပြောတိုင်း
အဖေ့ကို အရမ်းတမ်းတ မိတဲ့ အခါ
အဖေ့ဓါတ်ပုံအောက်က
အမှန်တရားကို လက်ကိုင်ထားလို့
ဒုက္ခခံစားရတာ ဒီမိုကရေစီ စံနစ်
မထွန်းကားလို့ပါ ဆိုတဲ့စာသားလေးကို
သေချာ နားမလည်ပေမယ့်
အကြိမ်ကြိမ် စာလုံးပေါင်း ဖတ်နေဆဲပါဘဲ အဖေ……..။
တခါမှ မကြုံဘူးအောင် ရွှင်လန်းနေတဲ့ အမေ
မှန်ရှေ့မှာ တသသနဲ့ ဖီးလိမ်းလို့ ချယ်သနေတယ်…….
မသေချာတဲ့ အတွေးတစ ပေမယ့်
အမေ့ကိုကြည့်ပြီး ပျော်မြူးခဲ့ရတယ်…..
မနေနိုင်လို့ အမေ့လက်ကို ကိုင်စွဲပြီး
ဘာကြောင့်လည်း ဆိုတာ မေးလိုက်တဲ့ အချိန်
အမေ့စကားကြောင့် တကိုယ်လုံး
မြှောက်တက်သွားတယ် အဖေပြန်လာတော့မယ်တဲ့……….။
သဘာဝ အတိုင်း နေထွက်လာတာ
မှန်ပေမယ့် အဲဒီနေ့ ပိုလှသလိုဘဲနော်
ဆိုတော့ အမေက ရီပြတယ်……..။
အဖေ့ အကြောင်းကို တွေးရင်း
ပျော်မြူးနေတဲ့ သမီးနဲ့အမေ
မနက်စာ အတွက် ၀မ်းဟာနေတာတောင်
သတိမထားဖြစ်ခဲ့ကြဘူး……..။
ဒီလိုနဲ့ အဖေကို သွားကြိုဖို့ အတွက်
ချီတက်ခဲ့ကြတယ်………..။
လူများစွာကို ငေးကြည့်ရင်းက
ဘ၀တူတွေ အများကြီးပါဘဲလားဆိုပြီး
အမေက အံ့သြစွာ စကားဆိုတာကို
သေချာ နားမလည်ပေမယ့် တခုခုတော့ ခံစားရသလိုပါဘဲ….။
ထောင်ဘူးဝက အဖေထွက်အလာကို
စိတ်လှုပ်ရှားစွာ သမီးစောင့်ရင်း
အဖေထွက်လာခဲ့ရင်
ပြေးဖက်မယ် ဆိုတဲ့ စိတ်ကူးလေးနဲ့
ကြည်နူးခဲ့တယ် အဖေ………..။
လူတစ်ယောက် ထွက်လာတိုင်း
အမေ့လက်ကို ဆွဲကာ
အဖေလား ဆိုပြီး သမီး ညွှန်ပြပေမယ့်
ထွက်ပေါက်ကို စူးစိုက်ကြည့်နေတဲ့ အမေ
စိတ်လှုပ်ရှားနေတယ် ဆိုတာ
အေးစက်တဲ့ အမေ့လက်ဖျားတွေက
သက်သေခံထားနေတယ်….. အဖေရယ်..။
သမီးတို့ နှစ်ယောက် ဗိုက်ဆာဖို့လည်း
သတိမရကြပါဘူး………..ထောင်ဘူးဝမှာ
မျှော်နေဆဲပါ……..
အဖေနဲ့ တူတူ ထမင်းစားမယ်ဆိုပြီး
သမီးနဲ့ အမေ တိုင်ပင်ထားတယ်
မြန်မြန်လာပါတော့ အဖေရယ်…..။
ဒီလိုနဲ့ နေတောင် အတော်စောင်းလို့
လူအပေါင်းလည်း ပြန်သွားကြပြီ
သမီး အဖေလည်း မလာသေးပါလား ဆိုပြီး
တုန်ရီနေတဲ့ အသံနဲ့ အမေပြောကြားရင်း
အရုပ်ကြိုးပြတ် အမေလဲကျသွားပြီ
အဖေ……..ရေ..။
ငယ်သံပါအောင် အော်လိုက်တဲ့
သမီး အသံကြောင့်
လူတစ်ယောက် အမေ့ကို ပြေးထူမကာ
အသဲအသန် လှုပ်နိုးပေမယ့်
စိတ်ထိခိုက်လွန်းတဲ့ ဒဏ်ကြောင့်
အသက်ပါသွားတဲ့အမေ
သမီးကို ထားခဲ့ပြန်ပြီ ….အဖေရယ်……..။
မိခင် အလောင်းကို ဖက်ငိုကာ
ထောင်ဘူးဝကို ငေးစိုက်ကြည့်ရင်း
ကလေးငယ်လေးက
နာကျင်စွာ ဟစ်အော်လိုက်တယ်.
အဖေ့ကို ပြန်လွှတ်ပေးကြပါတော့။
ဒီမြင်ကွင်းနဲ့ အသံကြောင့်
စိတ်လှုပ်ရှားသွားတဲ့ ကျနော်
တုန်ရီနေတဲ့ လက်များကို
ကြွေကွဲသွားတဲ့ နှလုံးသားက
မောင်းနှင်လို့ ကဗျာတပုဒ် အဖြစ်
မွေးထုတ်ကာ စဉ်းစားမိတာက
သူတို့သာ လူသားမှန်ရင်
ကိုယ်ချင်းစရာ တရားတော့
ရှိတန်ကောင်းပါရဲ့လို့တိတ်တခိုး ရည်ရွတ်လျှက်………..။
ဒီကဗျာလေးကို ဖတ်ပြီး မိတ်ဆွေတို့ ရင်ထဲက ခံစားချက်ကို ရင်ဖွင့်ပြချင်တယ် ဆိုရင် ဒီလင့်လေးကို နှိပ်ကာ လာရောက် ရင်ဖွင့်ပြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
ခင်မင် လေးစားလျှက်
ဗမာ့သွေးနှင့် အစ်ကိုဒီမိုဝေယံအားကျေးဇူးတင်ပါသည်
Tuesday, May 17, 2011
" မင်း " အတွက် လက်ဆောင်
အ၀တ်ဟောင်းကို ချွတ်ချ
အ၀တ်သစ်တွေ ၀တ်ပြ
ခန္ဓာကိုယ်ကို ပေါင်းတင်
မျက်နှာကို ရွှေချရုံနဲ့တော့
မင်းပိုလှလာမှာ မဟုတ်ဘူး ကွာ.. ။
စိတ်ဓါတ်က တည်ကြည်
အကြံဥာဏ်က လေးနက်
ဖြောင့်မတ်တဲ့ လုပ်ဆောင်ချက်နဲ့
အများအကျိုး အတွက်
မင်းတကယ် ပေးဆပ်ခဲ့ရင်
ဒါတွေ မလိုပါဘူးကွာ….. ။
အများအမြင်မှာ ရှုချင်စဖွယ်ဖြစ်အောင်
ဖီးလိမ်းလို့ ချယ်သထားပေမယ့်
မင်းရင်ထဲက အကျင့်ဆိုးတွေ
မပြင်သမျှတော့ မင်းရဲ့ အလှကို
ငါခံစားလို့ မရသေးဘူး………..။
ရာထူးနဲ့ဂုဏ်အရှိန်ဝါကြောင့်
မင်းကိုလူတွေက ကြောက်လန့်
မင်းလုပ်သမျှ ခေါင်းငြိမ့်ပြနေတာ
အဟုတ်မှတ် စင်ပေါ်ကိုတက်ကဖို့
ကြိုးစားနေတဲ့ မင်းလုပ်ရပ်ကို
ပညာရှင်တွေက ဟားတိုက်လို့
ရီမောနေကြတယ်………။
စေတနာနဲ့ လမ်းညွှန်ပြရင်
လက်မခံ ဒေါသသံနဲ့
ငြင်းဆန်ပြတဲ့ မင်းရဲ့
သေးနုပ်လှတဲ့ အသိဥာဏ်မှာ
ဗြမ္ဗာစိုလ် တရားဆိုတာ ခမ်းခြောက်
အတ္တရဲ့ အကျဉ်းသား အဖြစ်
နွံနစ်နေတဲ့ မင်းဘ၀ကို
ငါသနားမိတယ်ကွာ… ။
မင်းရဲ့လုပ်ရပ် ငါသုံးသပ်ပြမယ်
လက်ခံနိုင်မလား သူငယ်ချင်း
လူတချို့က မင်းကြောင့် ဘ၀တွေကြွေမွခဲ့ရတယ်
လူတချို့က မင်းကြောင့် နှစ်ပေါင်းများစွာ ဒုက္ခဆိုးတွေ ခံစားခဲ့ရတယ်
လူတချို့က မင်းကြောင့် အသိဥာဏ်တွေ ပျောက်ဆုံးပြီး
အမှားများစွာကို ထပ်တလဲလဲ ကျူးလွန်နေကြတုန်းပါဘဲ .။
တကယ်တော့ မင်းဟာ ကိုယ်ကျိုးအတ္တ အတွက်
လူပေါင်းများစွာရဲ့ဘ၀ကို ဖျက်စီးချေမှုန်းခဲ့သူပါ.
တကယ်တော့ မင်းဟာ လှပတဲ့ ပန်းပွင့်များကို
စနစ် တကျ ခြေမွဖျက်စီးခဲ့သူ ပါ… .။
မင်းယုတ်မာခဲ့တာကို ငါသိသမျှ ကို စာစီချပြရင်တောင်
ဒီတသက်တော့ ဆုံနိုင်မှာ မဟုတ်ပါဘူးကွာ ။
မင်းရဲ့ ယုတ်မာတဲ့ စိတ်ထားနဲ့
ကောက်ကျစ်တဲ့ ဓါတ်အခံ
ပေါင်းစပ်မှုကြောင့် ထွက်ပေါ်လာတဲ့
အကြံဥာဏ်အားလုံးဟာ
စိတ်ပျက်စရာတွေ ကောင်းလွန်းလို့
စေတနာနဲ့ အသိပေးတာကို
မကျေနပ်လို့ ဒေါသထွက်လာရင်တောင်
မျက်စိလးကို ခဏလေးပိတ်
မင်းလုပ်ခဲ့သမျှ သေချာစွာ စဉ်းစား
ငါပြောတာ အမှားပါခဲ့ရင် ငါ့လက်ကို ငါဖြတ်ပြီး
အမှန်တရားရဲ့ ယဇ်ပလ္လင်ထက်မှာ
စတေးခံလိုက်ပါ့မယ် ။
ဒီကဗျာလေးနဲ့ ပက်သက်ပြီး မိတ်ဆွေတို့ ခံစားရသမျှ ရင်ဖွင့် ပြချင်တယ် ဆိုရင် ဒီနေရာလေးမှာ
လာရောက် ပြောကြားကြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
Saturday, May 14, 2011
စစ်မျက်နှာရဲ့ ဟိုမှာဘက်
http://drlunswe.blogspot.com/
စစ်မျက်နှာရဲ့ ဟိုမှာဘက်
ဘာသာပြန်-မနှင်းပွင့်
(ကိုးပုဒ်)
(၁)
မြောက်ဘက်စစ်မျက်နှာကို ချီစဉ်
ရင်တခုလုံး ခါးသက်လို့ နာကျင်
အာခံရင် သေလမ်းသာ ရှိတာမို့
ကိုယ့်အိမ်နဲ့ ဝေးရာကို လွင့်ရ ...။
စိတ်ထဲကတော့ တွေးမဆုံး
ဘုန်းတော်ကြီးဘုရား ...
ဘာကြောင့်များ အားကြိုးမာန်တက်
နယ်ပယ်အရပ်ရပ်ကို ချဲ့ထွင်ချင်ရသလဲ
စံပျော်ရာ နိုင်ငံတော်ကိုက
ကျယ်လွင့်လှပြီမဟုတ်လားကွယ် ...။
အခုတော့ ငါ့မှာ ...
ချစ်သူများထံပါးက ဆွဲခေါ်ခံခဲ့ရ
ကျလုဆဲ မျက်ရည်တွေကို မျိုသိပ်၊ အံတင်းတင်းကြိတ်
လှံထိပ်ချင်းထိခတ်ချီတက်ဖို့ အတင်းစေတာခံခဲ့ရတဲ့နောက် ...
ရောက်ခဲ့ရ မြောက်ဘက်စစ်မျက်နှာဆီ ...။
(၂)
အိမ်ကနေ ဆွဲထုတ်ခံခဲ့ရတာလည်း ကြာ
ငါလည်း ကုပ်ချောင်းချောင်း စစ်သားငယ်မဟုတ်တော့ ...။
လျှောကနဲ ကုန်းနှီးပြုတ်ကျ မြင်းပေါ်က ထိုးဆင်း
ဇက်ကြိုးဆုပ်ရင်း သေမင်းနဲ့တွေ့မှာ
ဒါမှမဟုတ် ချောက်ထဲခုန်ဆင်း ရန်သူ့အလံသုတ်ရင်း
ချက်ချင်းသေဆုံး အချိန်မရွေး ဘဝရှုံးနိုင်တာလည်း နားလည်ခဲ့ ...။
ဒါပေမယ့်ကွယ် နွယ်လိုရစ်ဖွဲ့ အိမ်ရဲ့သံယောဇဉ်
ရင်မှာကျန်ရစ် အသစ်ဖြစ်တယ် ...။
(၃)
တသွင်သွင်စီးနေတဲ့ စမ်းနံဘေး ဓားထိုင်သွေး
နွေးကနဲစပ် ရှပ်ဆို လက်ထဲဟက်တက်ကွဲ
ရေတွေ အနီရောင်ရဲ အသည်းထဲက ခါးသက်
ပေါင်းစပ်လို့နာကျင် သွေးစိမ်းရှင်ရှင်ကိုထွက်လို့
အသွားထက်ထက်နဲ့ ထိုးခွဲမိတာလေ ...။
သေမထူးနေမထူး တပ်ဦးက လူတွေမဟုတ်သလိုလို့ ဆိုကြမယ်
ရယ်စရာကွာ ဒီအနာလောက်ကတော့လို့ ပြောကြမယ်
တယ် ... တိုက်ပါဟ ... ချလကွာ ... ဒါမှငါ့ကောင်
အောင်ပွဲရအောင် ကြံဆောင်မှပေါ့ကွယ်
ဟယ် ... ပြောရင်းဆိုရင်း ... သေသူရုပ်ကြွင်း အရိုးရင်းတွေ
စစ်တလင်းမှာ ဖွေးဖွေးလှုပ်လို့ ဖုတ်ဖြစ်နေ ...။
(၄)
ဟဲ့ ... မောင်မင်း ... မှုထမ်းစုဆောင်းအတင်းမောင်းလို့
စစ်သည်ရှာရာ ငါခေါင်းဆောင်ကွဲ့
ဝေးလံရှေ့တန်း စစ်စခန်းကို နင်ထွက်ရမတဲ့
အံကိုခဲလို့ ကြဲရတော့တယ် ချီပြန်လေပေါ့ တခေါက်
ကြောက်ခွင့်မှမရှိ သိသိကြီးနဲ့ သေစခန်းကို လှမ်းရတယ် ...။
ကွယ် ... မျက်မှောင်တွန့်ချိုး အညှိုးနဲ့ နှိပ်စက်ဖို့လည်းမလိုတော့
မျော့မျော့ပဲကျန်ပေမယ့် သွားဆိုလည်း သွားရုံပလေ
သေချင်သေ နေရလည်း ငါ့ကံပေါ့ကွယ် ...။
နယ်တူလူများ သားချင်းအူတုံဆုံဖြစ်လျှင်တော့
ရော့ဟဲ့ ... ဆို စာလွှာလေးသာ အိမ်သားများကို ပါးခွင့်ရရင်
ဘဝင်လှိုက်ဆူ ပူမီးဒုက္ခ ဝေမျှယူခွင့်မသင့်မကြံ
သောကဘုံထဲ ပစ်ခွဲခဲ့ရ မချိလှကြောင်း သိစမ်းစေချင်တယ် ...။
(၅)
ခရီးမိုင်ထောင်ချီကို မျှော်ရီငေး အဝေးတနေရာဆီ
ချီလာသူတို့ ပေါင်းစည်းဖို့ရာ ရှေ့တန်းစစ်မျက်နှာ
လာကူဖို့ တချို့အတွက် ပိုခက်လိမ့်မယ် ...။
လွယ်ကူတာလည်း ရှိနိုင်ပါရဲ့
အစုံပေါ့ ဗိုလ်ဖြစ်တာနဲ့ အကုန်တော့ ဘယ်သိနိုင်ပါ့မလဲ ...။
အဲ ... ဒါနဲ့ တခါသား ... မြစ်တခုအနားမှာ
ရာချီတဲ့တပ်စု တောင်ပေါ်သားထုကြီးကို မထင်မှတ်ဘဲ
ဖြတ်ကနဲ တွေ့ခိုက် ... လှိုက်ခနဲဆို ရင်ထဲ
မရဲတရဲ သတိရမိတယ
ဘယ်တုန်းကမှ တိုင်းပြည်အတွက် ဆပ်မယ်သက်ပေး
မတွေးခဲ့ဖူးပါလားကွယ် ...။
(၆)
လေးတစင်း ရွေးချင်းရွေးရင်
တင်းနေမှ ကြိုက်ကြတာကလား
မြားကျပြန်တော့ ရှည်သွယ်သွယ်မှ
မြင်မြင်သမျှ ပစ်ခွင်း သေသူ့မြင်းတွေ သိမ်းဖို့ရာတဲ့ ...။
လာစမ်း ... သုံ့ပန်းဆို ခေါင်ကစဖမ်း
သေလမ်းကိုတော့ မပို့နဲ့ဦးကွဲ့
ငဲ့စရာစည်းကမ်း နည်းလမ်းအထွေထွေ
ပြေတိုင်းမှာ ရှိတယ် ... သတ်ဟယ် ဖြတ်ဟယ်နဲ့
ထင်တိုင်းရမ်းလို့ မဖြစ် ... စိစစ်ရွေးဖယ်လို့သာ ခေါ်ခဲ့ကြပေရော့
အောင်ပန်းဆွတ်ဖို့ တနေ့တော့ အသုံးဝင်လိမ့်မယ်
လွယ်လွယ်နဲ့ အသက်တချောင်း
မဖျောက်ကောင်းပေဘူး ...။
(၇)
နှင်းထုကလည်း ထူ ... မြူတွေကလည်း ဖုံး
ကြိတ်လိုက်ဦး ဖေ့သားရယ်
မြင်းလှငယ်ကို အားပေး ... အေးလွန်းလို့ ဆတ်ဆတ်တုန်
မှုန်ပြပြ စခန်းလျှိုချိုင့်ဝှမ်းနဲ့ ဒီတောင်တန်းကို ဖြတ်ဦးစို့ကွယ်
ခရီးတော့မနီးပေမယ့် နဲ့တဲ့တဲ့ တပ်စုကို လမ်းပြဦးဆောင်
တောင်ကြောကို လျှောဆင်းကြမယ် ...။
နှယ်နှယ်တော့မဟုတ် ကုတ်ကတ်တွယ်ဆင်းနေတုန်းဆို
လှုပ်တောင်မလှုပ်နဲ့ ယဲ့ယဲ့သာ ကျန်ပေမယ့်
မြဲပစေကွဲ့ ထုံကျင်လက်ချောင်းများ
ကျောက်ကမ်းပါးကို ဆုပ်သာထားပေတော့ ...။
မော့ကြည့်ရတာလည်း ဇက်တွေနာ အိမ်က ခွာခဲ့တာလည်း ကြာပြီ
ဒီတံတိုင်းကို ဝိုင်းဖို့ ... ဒီနံရံကို မံဖို့ ... ဒီစည်းကို ဆီးဖို့ ...
ပြီးခါနီးပလားကွယ် ဘယ်ခါသာမသိပေမယ့်
အိမ်ပြန်ခွင့်ရှိရင် ပြန်ချင်တယ် ...။
နေကွယ်တဲ့ ညနေတိုင်း တိမ်ရိုင်းတို့တောင်ဘက်ဆီ
ရွက်ဖွင့်သွားနှင့်ပြီဆို ခိုတွယ်လှမ်းကိုင်
မြဲမြဲထိုင်လို့ ခရီးကြုံလိုက်စမ်းချင်လှတယ် ...။
(၈)
ဝိုင်းဟေ့ ... ဝိုင်းဟ ... အားပါးတရ ကြွေးကြော်ကြရင်း
ဓားတစ်ဝင်းဝင်းနဲ့ တောင်ပေါ်သားတပ် ချီလာ
ငါတို့ခံစစ်ကို ခြေမှုန်း ပြုတ်ပြုတ်ကိုပြုန်းမတတ်
အရပ်ရှစ်မျက်နှာ ကြည့်လေရာ အဘက်ဘက်
မျက်စိတဆုံး အလိပ်လိပ်နဲ့ ဖုန်တွေ လုံးနေ ...။
လေထုတောင် ဒဏ်ရာနာကျင်မှုတွေနဲ့ သိပ်သည်းလို့
သို့ပေမယ့် ငါတို့တပ်များ အားကြီးပါဘိတယ်
လွယ်လွယ်ကူကူနဲ့ တိုက်ထုတ်
သူတို့ဗိုလ်ချုပ်များကိုတောင် ရလိုက်သေးတယ်
အဲ ... ဒီထဲက တယောက်ကိုတော့ သုံ့ပန်းအဖြစ်
လည်မှာ နှောင်ကြိုးရစ်လို့ ဖမ်းခေါ်ခဲ့တယ်
ခံတပ်က မဟာတံခါးတွေရဲ့ နောက်ကွယ်ကိုပေါ့ ...။
ဆိုတော့ ... ငတို့ဘဝ တသသနဲ့
အောင်ပွဲအကြောင်း ထပ်လောင်းလို့
ဇာတ်ပေါင်းစရာမကျန် အမှန်ပြောရရင်
တင်လာတဲ့တာဝန် ကျေပြွန်ဖို့ ကြိုးပမ်း
တခမ်းတနားလည်းမဟုတ် ရိုးကုတ်ကုတ်စစ်သည်ပါပဲ
လည်ကုတ်မှာ ဓားဝဲတော့လည်း အားတင်းလို့ ရဲရတော့တယ်
သူ့ဆန်စားခဲ့မှကိုးကွယ် ...။
(၉)
ဒီလိုနဲ့ စစ်သားဖြစ်ခဲ့တာ ဆယ်စုနှစ်တခုအကြာ
ဒါမှမဟုတ် နောက်နှစ်ပေါင်းများစွာမှာ
ငါရမယ်ထင်ရတဲ့ ဂုဏ် ... ဒါမှမဟုတ် ဘွဲ့ထူး
ဦးစွာ အတွေးထဲဝင်ဆင်ခြင်လို့ အများနဲ့စာတဲ့အခါ
ငတေမာသမားမဖြစ်အောင် တားဆီးတယ် ...။
အလယ်ပိုင်းလွင်ပြင်မှာတော့ စစ်မီးပွားဆဲ
ရှေ့တန်းမှာလည်း တောင်ပေါ်သားတွေနဲ့ တိုက်မြဲ
နွှဲနေတုန်း တပ်စုတိုင်းရဲ့တိုက်ပွဲကြား ဘယ်စဉ်းစားအားပါ့မလဲကွယ်
နေပျော်ဖွယ်ဘဝနဲ့ ရာထူးရာခံအကြောင်းတွေ
မသေဖို့တောင် အကြိတ်အနယ် ရုန်းကန်ရတဲ့ဘဝကြား
ခါးသီးမှုထဲက လွတ်လမ်း ... ဘယ်ဆီဘယ်စခန်း မျှော်မှန်းတမ်းသာတမိတယ် ...။ ။
BEYOND THE FRONTIER
TU FU (712-770)
TANG DYNASTY
ဘာသာပြန်-မနှင်းပွင့်
Subscribe to:
Posts (Atom)






















