ဒီမိုဝေယံဘလော့မှ ကူးယှုဖော်ပြသည်။ အကိုဒီမိုအားကျေးဇူးတင်ပါတယ်.။
Wednesday, February 2, 2011
သင်တို့ ဘယ်လို ယူဆနေကြလဲ?
ဒီမိုဝေယံဘလော့မှ ကူးယှုဖော်ပြသည်။ အကိုဒီမိုအားကျေးဇူးတင်ပါတယ်.။
Thursday, August 26, 2010
ကြားနေရမယ့်အချိန် ရောက်ပလား?
Wednesday, August 25, 2010
Burma: Ko Mg Mg Myint from the Burma Media Association to Ko Kyaw Than
ငါး ငသလောက်ပမာ ကြောက်စရာ အရိုးများနဲ့ အိုဘယ့် မီဒီယာ
ရဲဘော်ကျော်သန်း
ကျုပ်တို့မီဒီယာတွေအကြောင်း ပြောမလို့ပါ။ ပြောရေးရှိလို့သာ ပြောရတယ်။ ကြောက်တော့ ခပ်ကြောက် ကြောက်ပဲ။ မကြောက်လို့လည်း မဖြစ်ဘူးလေ။ သတင်းမီဒီယာဆိုတာက နတ်ဆိုးလိုပဲ။ နေ့စဉ်ပူဇော်ပသနေ လည်း မ ချင်မှ မ တာ။ သူစိတ်ဆိုးလို့ နှောက်ယှက်ရင်လည်း မလွယ်သလို စိတ်ပျော်လို့ ကျီစယ်ရင်လည်း မ ချောင်ဘူး။ တခါတလေ သူစိတ်ရူးပေါက်လို့ မ စ ရင်တော့ ကောင်းစားပေတော့ပေါ့။ မ တယ်ဆိုတာကလည်း ဆယ်ခါရံတခါပါ။ ဒါပေမယ့် ကြောက်နေ ပူဇော်နေကြရတာပဲလေ။ ဒီနေ့ခေတ်ကြီးမှာ သတင်းမီဒီယာတွေရဲ့ ထက်မြက်မှုကလည်း ငြင်းစရာမရှိတဲ့အချက်ပဲ။ အမေရိကန်သမ္မတကြီး မစ္စတာရစ်ချတ်နစ်ဆင် (Richard Nixon) တောင် ဝါးတားဂိတ်အရေးတော်ပုံနဲ့ သတင်းစာသမားတွေ ဝိုင်းကြိတ်လိုက်ကြတာ သမ္မတထိုင်ခုံက ဆင်းပြေးခဲ့ရဖူးတယ်။
“သုစိပုဘာ၊ ဝိလိသိဓာ
အက္ခရာ စွဲသုံး၊ ဤရှစ်လုံးကို
သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့” ... လို့ ငယ်ငယ်က ကျက်မှတ်ခဲ့ရဖူးတယ်။ အဓိပ္ပာယ်က အသိပညာရရာရ ကြောင်း အခြေခံအကြောင်းတရား (၈) ပါးကို ဆိုလိုတာပါ။ အဲဒီထဲက “ဘာ” ဆိုတာ ဘာသေယျ ပြောဆိုဆွေး နွေးခြင်း၊ “သု” ဆိုတာ သုဏေယျ ကြားနာခြင်းလို့ အဓိပ္ပာယ်ရှိတယ်။ ကြားနာလေ့လာ ဆွေးနွေးဆည်းပူးခြင်း ပေါ့။ လူလိုသိ၊ လူလိုတွေး၊ လူလို ကျင့်ကြံနေထိုင်ဖို့ရာအတွက် အခြေခံလိုအပ်ချက် အသိပညာရရာရကြောင်း မြတ်ဗုဒ္ဓ ညွှန်ကြားခဲ့တဲ့ တရားတွေပဲ။
“ပိုပြီး ထင်ရှား၊ ပိုပြီး ဖောက်ပြန်တဲ့ လုပ်ရပ်ကတော့ မြန်မာသတင်းသမားသမဂ္ဂနဲ့ VOA တို့ ပေါင်းရိုက်တဲ့ပွဲပဲ။ နအဖ စစ်အုပ်စုက ယုံကြည်စိတ်ချစွာ လွှတ်ပေးလိုက်တဲ့ ဦးသုဝေတို့ ခင်ဇော်ဝင်းတို့လို ပုဂ္ဂိုလ်တွေကို ချင်းမိုင် ဖိတ်၊ စင်တင်ပြီး ရွေးကောက်ပွဲကြော်ငြာပွဲကြီး လုပ်ကြတယ်။ နောက်ထပ်ဖောက်ပြန်မှုကတော့ RFA ပဲ ဖြစ်တယ်။ RFA ရဲ့ လူငယ်အမြင်ကဏ္ဍကနေပြီး ရွေးကောက်ပွဲထောက်ခံရေး မဲပေးရေး အာဘော်တွေကို မျိုးရန်နောင်သိမ်းဆိုသူကို ရှစ်ဆယ့်ရှစ်မျိုးဆက်အနေနဲ့ အပတ်စဉ် ထုတ်လွှင့်ပေးနေတယ်”
ကျုပ်တို့ဗမာလူမျိုးတွေ သုဏေယျကပ်၊ ဘာသေယျကပ် သင့်နေတာကြာခဲ့ပြီ။ ကြားချင်တာ မကြားရ၊ သိချင် တာ မသိရ၊ ပြောချင်တာ မပြောရ၊ မှန်တာ မကြားရ၊ မမှန်တာ ကြားရ၊ မသိချင်တာ သိရ၊ မပြောချင်တာ ပြော ရ။ မကြားချင်တာ ကြားနေရတာ ရာစုနှစ်ဝက်မက ကြာခဲ့ပြီ။ ပြည်ဖျက် ဗိုလ်နေဝင်း အာဏာသိမ်းခဲ့တဲ့ (၆၂) နှစ်ခုက စ ရေရမှာပေါ့။ ဒီ့အရင်ကလည်း ကြားနာခွင့်နဲ့ ပတ်သက်လို့ အနှောက်ယှက်မရှိဘူးလားဆိုတော့ ရှိ သင့်သလောက်ရှိခဲ့တယ်။
ပါလီမန်ဒီမိုကရေစီဆိုတဲ့ ဦးနု ဖဆပလအစိုးရက ပြည်သူတွေကို အသိပညာပေးနေတဲ့ သတင်းသမား ဆရာ လူထုဦးလှ၊ ဆရာကြီးရွှေဥဒေါင်း၊ ဆရာဗန်းမော်တင်အောင်တို့လို ပုဂ္ဂိုလ်တွေကိုတောင် စာပေရေးသားခြင်း ကြောင့် ဖမ်းဆီးထောင်ချခဲ့တာတွေ ရှိခဲ့တယ်။ ဦးကျော်ငြိမ်းရဲ့ တောင်သူ လယ်သမားသမဂ္ဂအမည်ခံ စစ်သား တွေက သူတို့ဝန်ကြီး မီးခွက်မှုတ်သတင်းကို ဖော်ပြလို့ ဂျာနယ်ကျော်မမလေးရဲ့ ဟစ်တိုင်သတင်းစာတိုက်ကို ရိုက်ချိုးဖျက်ဆီးခဲ့ဖူးတယ်။ သတင်းသမားတချို့ ခြိမ်းခြောက်ခံရတာလည်း ရှိခဲ့ဖူးတာပေါ့။ ပြည်ဖျက် ဗိုလ်နေ ဝင်းခေတ်ကတော့ ပြည်သူတွေ လုံးဝ မျက်စိကန်း နားပိတ်ဖြစ်တော့တာပဲ။
ရှစ်လေးလုံးအရေးတော်ပုံ နောက်ပိုင်းကာလတွင်းမှာ ဒီလိုမျက်ကန်း နားပိတ်ဘဝကနေ ဗမာပြည်သူတွေအ တွက် အသက်ရှုပေါက်ကလေးတခု ပွင့်လာခဲ့တယ်။ ဒါက ပြည်ပရေဒီယိုဖြစ်တဲ့ BBC, VOA တို့ကနေ ပြည်သူ တွေ ကြားချင်တာ၊ ကြားသင့်တာတွေကို ပိုပြီးအလေးပေး ထုတ်လွှင့်လာသလို DVB တို့၊ RFA တို့ဆိုတာတွေ လည်း ပေါ်လာတယ်။ အဲဒီရေဒီယိုတွေ ပေါ်စတုန်းကဆို မိတ်ဆွေတယောက်က ကျုပ်တို့တော်လှန်ရေး တ ဝက်အောင်ပြီလို့တောင် ကြွေးကြော်ခဲ့သေးတယ်။ ကိုယ်လည်းထောက်ခံမိတယ်။ လုပ်နေကြသူများကလည်း လူထုဘဝကို စာနာသူတွေ၊ နိုင်ငံလှုပ်ရှားမှုတွေထဲက သွားကြသူတွေဆိုတော့ ယုံကြည်အားတက်ဖြစ်မိတယ်။
သိပ်မကြာပါဘူး။ အနှီပုဂ္ဂိုလ်များ ရေဒီယိုများက သမ္ဗုဒ္ဓေတဂါထာနဲ့ အရိယာဂိုက်ဖမ်းပြီး ပီဘိသတင်းသမား ကြီးတွေလို၊ တရားသူကြီးနေရာ၊ ဒိုင်လူကြီးနေရာရောက်ကုန်ရော။ မီဒီယာဆိုတာ ဘာဖြစ်တယ် ညာဖြစ် တယ်၊ ဘက်မလိုက်ရဘူးတို့၊ ပြဿနာဖြစ်ရင် နှစ်ဘက်အသံ ပါရမယ် ဖြစ်ကုန်ရော။ ပြည်တွင်းမှာ တဖက် သတ် လုပ်ချင်ရာလုပ်၊ ပြောချင်ရာပြော၊ လိမ်ချင်သလို လိမ်နေသူတွေရဲ့ သဘောထားအသံကလည်း သူတို့ စံတွေထဲမှာ မဖြစ်မနေ ထည့်စဉ်းစားပေးစရာတွေ ဖြစ်လာပါရော။ ပီဘိသတင်းသမားကြီးတွေအတွက်တော့ တရွာလုံးက မုဒိမ်းသမား၊ လူသတ်သမားလို့ သိထားတဲ့ ရာဇဝတ်သားရဲ့ မုဒိမ်းကျင့်ရ၊ လူသတ်ရတဲ့အကြောင်း ရင်းတို့၊ ရည်ရွယ်ချက်တို့၊ ရည်မှန်းချက်တို့ ... စတဲ့ ရှင်းလင်းချက်ပါမှ သတင်းဖြစ်တယ် ဖြစ်ကုန်ရော။ ကျုပ်တို့ ဗမာပြည်သူတွေရဲ့အဖြစ်က စိတ်ချယုံကြည်လောက်တဲ့ ကိုယ့်ဇနီးမယားက သူခိုးကို ဓားရိုးကမ်းတာ ခံလိုက်ရ တဲ့ ပဒုမမင်းသားရဲ့ အဖြစ်များလိုပါပဲ။
နိုင်ငံတခု၊ လူ့အဖွဲ့အစည်းတခုမှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ပြီးရင် သ တင်းမီဒီယာ ဒါမှမဟုတ် စာနယ်ဇင်းတွေဟာ အရေးအကြီးဆုံး အရေးအရာ စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ကြ တယ်။ နိုင်ငံတော် (သို့) ခေါင်းဆောင်နဲ့ လူထုကြားက ဆက်သွယ်ရေး ပေါင်းကူးဖြစ်သလို လူထုချင်းအကြား ဆက်သွယ်ရေးနဲ့ ပညာပေးရေး ယန္တရားကြီးလည်းဖြစ်တယ်။ မူလအဓိက မဏ္ဍိုင်သုံးရပ်ကတော့ အုပ်ချုပ်သူ အာဏာပိုင်လက်ထဲမှာရှိတဲ့ အရာတွေသာဖြစ်တော့ စတ္ထုမဏ္ဍိုင်သာလျှင် လူထုရဲ့အားကိုးရာဖြစ်တော့တယ်။
ကိုလိုနီနိုင်ငံဟောင်းတွေရဲ့ သမိုင်းကြောင်းကို လေ့လာရင် သတင်းမီဒီယာတွေ၊ စာနယ်ဇင်းတွေဟာ အမျိုး သားလွတ်မြောက်ရေးတိုက်ပွဲတွေမှာ အဓိက အခန်းက ပါဝင်ခဲ့ကြတယ်။ ဗမာ့လွတ်မြောက်ရေး တိုက်ပွဲမှာ လည်း ထိုနည်းလည်းကောင်း စာနယ်ဇင်းတွေ လူထုကို အလုပ်အကျွေးပြုခဲ့ကြတယ်။ သမိုင်းတာဝန် ကျေပွန် ခဲ့ကြတယ်။ ဒီလို သမိုင်းတာဝန်ကျေခဲ့ကြတဲ့ စာနယ်ဇင်းနဲ့ သတင်းမီဒီယာသမားတွေ ရှိခဲ့သလို အာဏာပိုင် တွေရဲ့ လက်ကိုင်တုတ် အလိုတော်ရိ သတင်းမီဒီယာသမားတွေလည်း ရှိခဲ့တာပဲ။ ဥပမာ - ဗမာပြည်ကို ဝေလ မင်းသား အလည်လာစဉ်က ဆုတော်ငွေ ငါးထောင်ထုပ်ကို မမက်ဘဲ ဘုန်းတော်ဘွဲ့ရေးဖို့ ငြင်းဆန်ခဲ့တဲ့ ဆရာ ကြီး သခင်ကိုယ်တော်မှိုင်းလို သတင်းသမားရှိခဲ့သလို ကိုလိုနီအရှင်သခင်ရဲ့ ဘုန်းတော်ဘွဲ့ ရေးရတာကိုပဲ ဧရာ မဂုဏ်ကြီးလို ပျော်ပျော်ကြီးရေး ပေးခဲ့သူတွေလည်းရှိခဲ့တယ်။ အဆုံးသတ်မှာတာ့ စာနယ်ဇင်း၊ သတင်းသမား တွေ ကျေးဇူးကြောင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ အရှိန်အဟုန် မြင့်မားလာတဲ့အတွက်ကြောင့် အလို တော်ရိ သတင်းသမားတွေ၊ သတင်းစာတွေ ချုပ်ငြိမ်းပျောက်ကွယ်သွားရသလို လူထုအကျိုး လူထုဆန္ဒကို ဦး ထိပ်ထားတဲ့ စာနယ်ဇင်းတွေ အောင်လံထူပြီး လူထုမေတ္တာ ခံယူနိုင်ခဲ့ကြတယ်။
သတင်းမီဒီယာဆိုတာ လူထုအတွက် အားကိုးရာ စတုတ္ထမဏ္ဍိုင်ဖြစ်သလို သြဇာလည်း စူးရောက်တဲ့အတွက် အာဏာပိုင်တွေဘက်ကရော၊ အာဏာမဲ့တွေဘက်ကရော အပြိုင်အဆိုင် ထိန်းချုပ်ဖို့ ကြိုစားကြတယ်။ ပြည်သူ လူထုရဲ့ နားမျက်စိလို သတင်းမီဒီယာတွေကို အုပ်စိုးသူ အာဏာပိုင် အဆက်ဆက်ကလည်း သတင်းမီဒီယာ တွေကို နည်းမျိုးစုံနဲ့ ချုပ်ကိုင်ဖို့ ကြိုးစားခဲ့တယ်။ ဖောက်ပြန်တဲ့ သတင်းသမားတွေကို မက်လုံးပေးစည်းရုံးသလို တိတ်တဆိတ် ငွေထုတ်ပေးပြီး ခါးပိုက်ဆောင် သတင်းတိုက်တွေ ထောင်တာတွေလည်း လုပ်ခဲ့ကြတယ်။ ကိုယ်လိုရာကို ရေးသားဖြန့်ချီထုတ်လွှင့်ကြတယ်။ ဒါကြောင့် စာနယ်ဇင်း သတင်းစာတွေထဲမှာ တိုင်းပြည်နဲ့ လူ မျိုးအတွက် အကျိုးဖြစ်ထွန်းစေမယ့် အရာတွေ ပါသလို၊ အဆိုးအပျက်တွေ ဖြစ်စေမယ့် အဆိပ်အတောက်တွေ လည်းပါနိုင်တယ်။ ဥပမာ ဆောင်ရရင် သတင်းစာမီဒီယာဆိုတာ လူထုအတွက် ငသားလောက်ကို စားရသလို ပါပဲ။ အရသာ ထူးကဲ့တဲ့ အာဟာရဖြစ်ပေမယ့် အစားမတတ်ရင် အရိုးလည်း စူးမျက်နိုင်သလို အစာမကြေ၊ အ ကျောတက်ပြီးလည်း ဖျားနာနိုင်ပါတယ်။
ပြည်သူတွေရဲ့ နားမျက်စိတွေဖြစ်တဲ့ သတင်းစာမီဒီယာတွေ ဖောက်ပြန်ရင်၊ တာဝန်မဲ့လာရင်တော့ အဲဒီ့လူ့အဖွဲ့ အစည်း (ဝါ) နိုင်ငံပြည်သူတွေရဲ့ အနာဂတ်ဘဝဟာ အန္တရာယ်ကျရောက်တော့တာပဲ။ ဒါကြောင့် သတင်းစာ မီဒီယာတွေရဲ့ တာဝန်ဟာ လူ့ဘောင်လောကအတွင်းက အဖြစ်အပျက်တွေကို မှန်မှန်ကန်ကန် ဖော်ထုတ်ကြ ရုံနဲ့ မလုံလောက်ဘဲ လောကလူ့ရွာအတွက် ဆိုးကျိုးအန္တရာယ်ကို ဖြစ်စေမယ့် အတွေးအမြင်များကိုလည်း သုတ်သင်ဖယ်ရှားရမှာဖြစ်သလို လောကလူ့ရွာ အေးချမ်းသာယာရေး ဖွံ့ဖြိုးရေးကို ဖြစ်ထွန်းစေမယ့် အတွေးအ မြင်တွေ ပြန့်ပွားစေဖို့လည်း တာဝန်ရှိပါတယ်။
ဒီနေ့ သတင်းမီဒီယာတချို့ရဲ့ အမြင်နဲ့ လုပ်ဟန်တချို့ဟာ တာဝန်မဲ့လွန်းပါတယ်။ တချို့သတင်းသမားတွေ စည်းမစောင့်ဘဲ ကိုယ်သတင်းရဖို့ပဲ မညှာမတာ လုပ်တာတွေကြောင့် အထဲကလူတွေ အဖမ်းခံကြရ ဒုက္ခ ရောက်ကြတာတွေလည်းရှိသလို အချင်းချင်းအပေါ် စည်းမစောင့်တာတွေ တရားမဲ့တာတွေလည်း ကြားနေရ တယ်။ ဒါတွေက ထားပါတော့။ ဒီနေရာမှာ အဓိကပြောချင်တာက သတင်းသမားတွေရဲ့ အဓိကရပ်တည်ချက် ပြဿနာပါ။ သတင်းတွေကို အဖြစ်အပျက်တိုင်းပဲပြောရမယ်။ အမှားအမှန် ဝေဖန်သုံးသပ်ချက် မထည့်ရ။ မည် သည့် ရှုထောင့်အမြင်နဲ့မှ မတင်ပြရ။ ဘက်မလိုက် ကြားနေရမယ်လို့ ဆိုပါတယ်။ အမှန်တရားအပေါ် သို့မ ဟုတ် အကာကွယ်မဲ့ အဖိနှိပ်ခံ ဗမာပြည်သူတွေအပေါ် ကျောခိုင်းလိုက်တဲ့ အတွေးအမြင်ပဲဖြစ်တယ်။
ဒေါ်စု ပြောခဲ့တဲ့ မတရားတာတွေ့ရင် ဒါ မတရားဘူးလို့ ပြောရမယ်။ ဒီလိုမပြောရင် ဒီမတရားမှုဟာ တနေ့ကိုယ့် ဆီရောက်လာလိမ့်မယ်ဆိုတဲ့ စကားကို မေ့ထားကြပြီထင်တယ်။ ဒီအမြင် ဒီအယူအဆတွေဟာ အမြင်အားဖြင့် တော့ အလွန်လှ အလွန်ကောင်းပါတယ်။ အနောက်တိုင်းနဲ့ လူမှုနိုင်ငံရေး (Socio-Politic) ဘဝပုံမှန်စနစ်ထဲ မှာတော့ အဓိပ္ပါယ်ရှိနိုင်ပါတယ်။ အဲဒီ့မှာရှိတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီတိုင်းမှာ ကိုယ်ပိုင်အမြင် အယူအဆ တွေကို လွတ်လပ်စွာ ပုံနှိပ်ဖြန့်ချိ စည်းရုံးနိုင်ခွင့်ရှိပြီး စွပ်စွဲချက်တွေ ရှိခဲ့ရင်လည်း လွတ်လပ်စွာ ခုခံနိုင်ခွင့် ရှိနေ ပြီးသားဖြစ်ပါတယ်။ အဲဒီလို လူ့အဖွဲ့အစည်းမှာ ဘက်လိုက်စရာ မရှိပါဘူး။ လိုက်စရာ အမှန်တရားမျက်နှာတခု သာရှိတယ်။
သို့သော်လည်း ဗမာပြည်လို လူထုဆက်သွယ်ရေး ယန္တရားတခုလုံးကို ရေပက်မဝင်အောင် ထိန်းချုပ်ထားပြီး တဖက်သတ်ဝါဒဖြန့်၊ ဆန့်ကျင်ဘက်တွေကို အပုပ်ချနေတဲ့ စစ်အုပ်စုနဲ့ ရင်ဆိုင်နေရတဲ့ ဗမာပြည်သူတွေရဲ့ တိုက်ပွဲပဲဆိုဆို ပဋိပက္ခပဲဆိုဆို ပြဿနာအပေါ်မှာ ဘယ်ဘက်မှ မလိုက်ဘူးဆိုတာဟာ အမှန်တရားနဲ့ တရား မျှတခြင်းဆိုတဲ့ လောကပါလတရားကို ကျောခိုင်း လိုက်ခြင်းသာဖြစ်ပါတယ်။
အထက်မှာဆိုခဲ့သလို သတင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းပြီး အမှောင်ခေတ်ထဲက ဗမာပြည်သူတွေအတွက် အ သက်ရှုပေါက်ကလေးတခုလို ဖြစ်နေတဲ့ ပြည်ပရေဒီယိုတွေနဲ့ နောက်ပေါ် အွန်လိုင်းသတင်းဋ္ဌာနတွေက ပီဘိ သတင်းသမားကြီးတွေ ဂိုက်ဖမ်းပြီး ဘယ်ဘက်မှ မလိုက်ရဘူးဆိုတဲ့မူအပေါ်မှာ ရပ်လိုက်ချိန်မှာတော့ ရှိတဲ့ ကောက်ရိုးတမျှင်လည်း ဆုံးရှုံးသွားရတော့တယ်။ တိုက်ဆိုင်ချင်တော့ ရန်သူစစ်အုပ်စုက လုပ်လာတဲ့ မီဒီယာ ကို မီဒီယာနဲ့တိုက် ဆိုတဲ့ ဗျူဟာကို အကောင်အထည်ဖော်တဲ့ အချိန်နဲ့ အချိန်ကိုက်ဖြစ်သွားတယ်။
ပြင်ပ မီဒီယာပေါင်းစုံတို့ မျက်ကန်းနားပိတ် ဗမာလူထုကို ကျောခိုင်းတဲ့ ထုတ်လွှင့်မှုတွေ ထင်သာမြင်သာဖြစ် လာတာဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် သုံးနှစ်က ရွေးကောက်ပွဲအသံတွေ ထွက်လာချိန်က စတယ်လို့ဆိုရမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အဓိက ဦးဆောင်ပါတီတွေကို မသိမသာ ဝေဖန်ရင်း ကြွက်မဟုတ် ငှက်မဟုတ် ပညာရှင်ပြောလိုက်၊ တတိယအုပ်စုပြောလိုက် လင်းနို့လိုလို လူတွေကို ဇန်းတင်လာတယ်။ လက် တွေ့နိုင်ငံရေး ဆိုတဲ့ အသံတွေ ထုတ်လာတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဆွေးနွေးခန်းတွေမှာ ထောက်ခံ သူတွေနဲ့ မယှဉ်နိုင်တဲ့ အားနည်းတဲ့ ဆန့်ကျင်သူတွေနဲ့ ပွဲတည်ပေးပြီး ရွေးကောက်ပွဲကို မသိမသာ ဇောင်းပေး တယ်။ မျက်ကန်းနားပိတ်ဘဝ လူထုကို ရွေးကောက်ပွဲမှတပါး အခြားရွေးချယ်စရာမရှိဆိုတဲ့ အမြင်တွေဖြစ်ပေါ် အောင် ဖန်တီးထုတ်လွှင့်ကြတယ်။
ပိုပြီး ထင်ရှား၊ ပိုပြီး ဖောက်ပြန်တဲ့ လုပ်ရပ်ကတော့ မြန်မာသတင်းသမားသမဂ္ဂနဲ့ VOA တို့ ပေါင်းရိုက်တဲ့ပွဲပဲ။ နအဖ စစ်အုပ်စုက ယုံကြည်စိတ်ချစွာ လွှတ်ပေးလိုက်တဲ့ ဦးသုဝေတို့ ခင်ဇော်ဝင်းတို့လို ပုဂ္ဂိုလ်တွေကို ချင်းမိုင် ဖိတ် စင်တင်ပြီး ရွေးကောက်ပွဲကြော်ငြာပွဲကြီး လုပ်ကြတယ်။ နောက်ထပ်ဖောက်ပြန်မှုကတော့ RFA ပဲ ဖြစ် တယ်။ RFA ရဲ့ လူငယ်အမြင်ကဏ္ဍကနေပြီး ရွေးကောက်ပွဲထောက်ခံရေး မဲပေးရေး အာဘော်တွေကို မျိုးရန် နောင်သိမ်းဆိုသူကို ရှစ်ဆယ့်ရှစ်မျိုးဆက်အနေနဲ့ အပတ်စဉ် ထုတ်လွှင့်ပေးနေတယ်။
ရှစ်ဆယ့်ရှစ်မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့လို ပုဂ္ဂိုလ်တွေ အကျဉ်းထောင်တွေထဲမှာ ဆက်ပြီး ထိမ်းသိမ်းခံနေရစဉ် ထူးကဲစွာ လွတ်မြောက်လာတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် အမည်ခံ မျိုးရန်နောင်သိမ်းရဲ့ အမြင် တွေကို ယနေ့ဗမာလူငယ်တို့ရဲ့အမြင်တွေ ဖြစ်လေဟန် ထုတ်လွင့်ချက်ဟာ အလွန်ကို အော့နှလုံးနာစရာ ကောင်းပါတယ်။ ထောင်ပေါင်းများစွာသော အကျဉ်းကျလူငယ်တွေ၊ ကျောင်းသားတွေနဲ့ စစ်အုပ်စုရဲ့ ရက်စက် မှုအောက်မှာ လှုပ်ရှားတိုက်ပွဲဝင်နေကြတဲ့ ဗမာလူငယ်ထုကို စော်ကားလိုက်ခြင်းလည်းဖြစ်ပါတယ်။
ဒီအစီအစဉ် ထုတ်လွှင့်သူဟာ အဖိနှိပ်ခံလူထုအတွက် စေတနာထားစရာမလိုဘဲ တကယ်တမ်း ဘက်မလိုက် ဘူးဆိုရင်တောင် တခြားလူငယ်တွေရဲ့အမြင်တွေကိုပါ အလှည့်ကျ ထုတ်လွှင့်ပေးရမှာဖြစ်ပါတယ်။ အခုတော့ ဖောက်ပြန်တဲ့အမြင်ကိုပဲ ဆက်တိုက်လွှင့်ပေးနေ ရွေးကောက်ပွဲ ထောက်ခံရေးအမြင်ကိုပဲ ဖော်ထုတ်ပေးနေ ခြင်းဟာ ဗမာလူငယ်ထုအပေါ် RFA ရဲ့ မတရားတဲ့ အပြုအမူ၊ စော်ကားတဲ့ အပြုအမူပဲဖြစ်တယ်။ ဒီထုတ်လွှင့် ချက်တွေဟာ သွေးရိုးသားရိုး လုပ်ရပ်အဖြစ် ယူဆစရာအကြောင်းမရှိပါဘူး။ (ဒီစာကို သြဂုတ်လဆန်းက ရေးခဲ့ ပေမယ့် မအားလပ်တာကြောင့် အချောမသတ်ဘဲ အခုမှ နောက်ကျပြီး အစသတ်နိုင်ပါတယ်။ တချို့စာပါအ ချက်အလက်တွေက ပြောဖို့လိုအပ်တယ် ယူဆလို့ နောက်ကျမှ ဖြန့်ချိလိုက်တယ်။ အခုနောက်ဆုံးအခြေအနေ အရ RFA က လူငယ်ကဏ္ဍမှာ မဖြူဖြူသင်းရဲ့ အမြင်တွေကိုလည်း ကြားညှပ်ထုတ်လွင့်ပေးနေတယ်လို့ သိရ ပါတယ်။ မျိုးရန်နောင်သိမ်းရဲ့ ရွေးကောက်ပွဲ ထောက်ခံရေးအမြင်တွေကိုလည်း ဆက်လက်ထုတ်လွှင့်နေဆဲ လို့ သိရပါတယ်။)
လောကကြီးမှာ အကြီးဆုံးရန်သူ ဒုက္ခအပေးနိုင်ဆုံး အန္တရာယ်ဟာ မိတ်ဆွေယောင်ဆောင်ထားတဲ့ ရန်သူဖြစ် တယ်။ တည်ကြည်တဲ့ ရန်သူထက် မိတ်ဆွေယောင်ဆောင်ထားတဲ့ ကောက်ကျစ်သူက အန္တရာယ်ပိုကြီးတယ် ဆိုတဲ့ စကားလည်းရှိတယ်။ ယုံကြည်စိတ်ချမှုကြောင့် မကောင်းအကြံကိုလည်း လက်ခံမိသလို အဆိပ်ကို လည်း သုံးစားမိတတ်ပါတယ်။ ဆရာသမားအပေါ်မှာ လေးစားကြည်ညိုစိတ်နဲ့ ယုံကြည်မိတဲ့ အင်္ဂုလိမာလဟာ ဆရာသမားရဲ့ အကောက်ကြံမှုကြောင့် တောပုန်းလူဆိုးကြီးဖြစ်ရတယ်။ ရာဇဝတ်သားဖြစ်ရတယ်။ သံသရာ ဝန်လေးတဲ့ အလုပ်တွေကို မှားမှားယွင်းယွင်း လုပ်မိခဲ့ရရှာတယ်။
အခု ကျနော်တို့ မီဒီယာတွေဟာ မျက်ကန်းနားပိတ် ဗမာလူထုအတွက် နားမျက်စိ ဖြစ်ရမည့်အစား တရားသူ ကြီးလိုလို၊ ဒိုင်လူကြီးလိုလို ဂိုက်ဖမ်းလာတာဟာ စိတ်ချယုံကြည်ထားသူရဲ့ ဖောက်ပြန်မှုကို ခံရသလိုပါပဲ။ ကိုယ့်နားမျက်စိတွေရဲ့ ဖောက်ပြားလှည့်စားတာကို ခံရသလိုပါပဲ။ အားကြီးသူနဲ့ အားနည်းသူတို့ ကြားက ပဋိပက္ခ၊ လက်နက်ကိုင်နဲ့ လက်နက်မဲ့တွေရဲ့ကြားက တိုက်ပွဲမှာ ဘက်မလိုက်ဘဲ ကြားနေဖို့ ကြိုးစားတာဟာ ဘယ်လိုသဘောထား၊ ဘယ်လိုလူစားတွေလည်းဆိုတာ စဉ်းစားသာကြည့်ပေတော့။ ဒီလိုမမျှတတဲ့ တိုက်ပွဲ တွေကြားမှာ ကြားနေတယ်ဆိုတာ အကျိုးသက်ရောက်မှုအားဖြင့်တော့ အားကြီးသူကို ဗိုလ်ကျအနိုင်ယူခွင့် ပေးလိုက်တာ၊ သွယ်ဝိုက်သောအားဖြင့် မတရားမှုကို အားပေးထောက်ခံတာပဲဖြစ်တယ်။ ပိုပြီး ဝမ်းနည်းစရာ ကောင်းတာက ဒီနေ့ဗမာလူထုက အားကိုးယုံကြည်နေတဲ့ မီဒီယာတွေမှာ လုပ်ကိုင်နေသူအများစုဟာ တချိန် က အမှန်တရားဘက်က တိုက်ပွဲဝင်ခဲ့သူတွေ၊ ပြည်သူကို အလုပ်အကျွေးပြုဖို့ အားထုတ်ခဲ့ကြဖူးတဲ့ တော်လှန် ရေးသမားဟောင်း၊ နိုင်ငံရေးသမားဟောင်းတွေ ဖြစ်နေတာပဲ။ ဘယ်လိုဖြစ်သွားကြတာလဲ။ ပြည်သူလူထု မျက် နှာထက် ထမင်းထုပ်မျက်နှာက ပိုကြီးသွားတာလား။ အလုပ်ရှင်မျက်နှာက ပိုကြီးသွားတာလား။ ဒါမှမဟုတ် မိစ္ဆာစစ်အုပ်စုမျက်နှာက ပိုကြီးသွားတာလား။
ဗမာသတင်း ဂျာနယ်လောကရဲ့ စံပြုပုဂ္ဂိုလ် ဂျာနယ်ကျော်ချစ်မောင်ရဲ့ “မကြောက်မရွံ့၊ မဟုတ်မခံ၊ မျက်နှာမ ရွေး၊ မှန်တိုင်းရေးပိမ့်” ဆိုတဲ့ သတင်းသမားကျင့်ဝတ်နဲ့တော့ အတော်ဖီလာဖြစ်တာပဲ။ ပြောမည့်သာပြောရတာ ပါ။ ဒီနေ့သတင်းသမားဆိုသူ အတော်များများ ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ နာမည်ကို ကြားတောင်မှ ကြားဖူး ရဲ့လားမသိဘူး။ မကြားဖူး ကြသေးရင်လည်း ရှာဖွေလေ့လာကြပါဦး။ သတင်းသမားလုပ်မယ်ဆိုရင်တော့ လူ ထုဦးလှရဲ့ “ကျနော်သတင်းသမား” ဆိုတဲ့ စာအုပ်တို့ ဆရာကြီးရွှေဥဒေါင်းရဲ့ “တသက်တာမှတ်တမ်း” တို့ ဂျာ နယ်ကျော်ဦးချစ်မောင်အကြောင်း ဂျာနယ်ကျော်မမလေးရေး ထားတဲ့ “သူလိုလူ” ဆိုတဲ့ စာအုပ်တွေလောက် တော့ ဖတ်ဖူးထားသင့်ပါတယ်။ ဝရဇိန်လက်နက်ကြီး ကိုင်ထားပြီး အစွမ်းမသိ ဆေးလိပ်မီးညှိလိုက်၊ ရေနွေး ကျိုလိုက်လောက်ပဲ သုံးမိနေရင် ရင်နာစရာ။ ပြီးတော့ ကိုယ်စီးတဲ့မြင်း အထီမှန်း အမမှန်း မသိရင် ခက်မယ်။
ကာလသားပုံပြင်တခုပါ။ ကာလသားပုံပြင်ဆိုတော့ နည်းနည်းတော့ ညစ်ညမ်းတယ်။ သိသာအောင်တော့ ပြောဦးမယ်။ တခါက လူသေးလူ့ဗလံ ခရီးသည်တယောက် မြင်တစီးနဲ့ ညနေစောင်းမှာ တောအုပ်တခုထဲ ဖြတ် သွားတယ်။ တောအုပ်အလယ် ညောင်ပင်ကြီးရောက်တော့ ခဏနားမယ်လုပ်တုန်း ဘီးလူးတကောင်ပေါ်လာ ပြီး စားမယ်ဆိုဖမ်းရော။ ခရီးသွား လူဗလံလေးလည်း အသက်ဘေးဆိုတော့ ကြောက်အားလန့်အားနဲ့ ခုခံတာ ပေါ့။ အကြောင်းကောင်း ထောက်မလို့ လူ့ဗလံလေးနိုင်သွားတယ်။ ဒီတော့ ဘီလူးက အသက်ကို ချမ်းသာပေး ပါ။ လိုရာဆုပေးပါ့မယ်လို့ ကမ်းလှမ်းတယ်။ ဒီတော့ လူဗလံလေးလည်း တသက်လုံး သူတပါးပြက်ရယ်ပြုခံလာ ရတဲ့ သူ့ရဲ့သေးညှက်ညှက် ခန္ဓာကိုယ်ကို ဗလငါးတန်နဲ့ ပြည်စုံအောင် ဖန်ဆင်းပေးဖို့ပြောတယ်။ ဒီတော့ ပြည့် စေဆိုပြီး ပြည့်စုံသွားတယ်။ ပြီးတော့ သူ့ရဲ့ ဗလငါးတန်ခန္ဓာကိုယ်နဲ့ လိုက်ဖက်ဖို့ သူ့ဖွားဘက်တော်ကိုလည်း သူစီးလာတဲ့ မြင်းလောက်ရှိပါစေဆိုပြီး တောင်းဆိုပြန်တယ်။ ဒါလည်း ပြည့်စေပေါ့။ ဒီလိုနဲ့ ခရီးသွား အိမ်ပြန် ရောက်လာတယ်။ ဇနီးသည်က မမှတ်မိဘူး။ အကျိုးအကြောင်းရှင်းပြမှ သဘောပေါက်သွားတယ်။ မယားလုပ် သူလည်း ဝမ်းသာအားရ ယောက်ျားဖြစ်သူရဲ့ ဗလငါးတန် ခန္ဓာကိုယ်ကြီးကို အားရကျေနပ်စွာနဲ့ ကြည့်ပြီး လက် မောင်း၊ ရင်အုပ်၊ ကြွက်သားတွေကို စမ်းကြည့်တယ်၊ ညှစ်ကြည့်တယ်။ သဘောအကျကြီးကျနေတာပေါ့။ တ ဖြည်းဖြည်း အောက်ဆင်းစမ်းလာလိုက်တာ ဟိုနေရာလည်းရောက်ရော မိန်းမလုပ်သူက အလန့်တကြားနဲ့ အော်လိုက်တယ်။ “ ဟင့် အတူတူပဲဟာကို” တဲ့။ ဒီတော့မှ ပြေးကြည့်တော့ သူစီးခဲ့တဲ့ မြင်းက အမကြီးဖြစ်နေ သတဲ့။ ဒါကြောင့် ကိုယ်လုပ်တဲ့ အလုပ်အကြောင်းနဲ့ အဲ့ဒီ့အလုပ်တန်ဖိုးကိုသိဖို့ အလွန်ရေးကြီးပါတယ်။ ကိုယ် စီးတဲ့မြင်း အထီမှန်း အမမှန်း မသိရင် “အတူတူပဲဟာကို” ဖြစ်သွားမယ်။
ပြင်ပရေဒီယိုသတင်းဋ္ဌာနတွေ အသစ်တွေပေါ်၊ အားတွေကောင်းလာချိန်က အရေးတော်ပုံအတွက် တအား တက်ခဲ့သလို ကြုံတဲ့လူတိုင်းကိုလည်း ရေဒီယိုနားထောင်ဖို့နဲ့ ဒါဟာလည်း နိုင်ငံရေးအလုပ်တခုလို သဘော ထားဖို့ တိုက်တွန်းနှိုးဆော်ခဲ့မိတယ်။ အခုတော့ ဒီရေဒီယိုတွေ၊ သတင်းဋ္ဌာနတွေကိုလည်း မျက်စိမှိတ် နားမ ထောင်ဘဲ ငါးစားသလို သတိတရားနဲ့ အရိုးအသား ခွဲခြားစားကြဖို့ ဝေဖန်နားထောင်ကြဖို့ ပြောင်းပြီး နှိုးဆော် နေရတယ်။ အခုလို မျက်ကန်းနားပိတ် လူထုဘဝကို ကျောခိုင်းလာချိန်မှာတော့ ကျုပ်တို့မီဒီယာတွေကို ကာ တွန်းကံချွန်ရဲ့ မျက်လှည့်ဆရာပုံပြင်ထဲက မြွေဆေးရောင်းသမား အော်သလိုပဲ အော်ရတော့မယ်ထင်တယ်။
ပုံပြင်က။ တခါတုန်းက မြွေလမ္ပာယ်ပြပြီး ဆေးရောင်းတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။ တယောက်က မြွေ လမ္ပာယ်ပြတယ်၊ တယောက်က အာဘောင်အာရင်းသန်သန်နဲ့ မြွေဆေးရောင်းတယ်။ တခါတော့ မြွေလမ္ပာယ် ပြတဲ့သူက ဖျားနာတယ်။ တရက်မကောင်း၊ နှစ်ရက်မကောင်းနဲ့ ရက်ကြာလာတော့ စားဝတ်နေရေး မပြေလည် တော့ဘူး။ ဒီတော့ မြွေဆေးရောင်းသမားက မထူးဘူးဆိုပြီး မြွေပခြုပ်ထမ်းပြီး ထွက်လာတယ်။ သိသလောက် တတ်သလောက်နဲ့ မြွေလမ္ပာယ်ပြပြီး ဆေးရောင်းမယ်ပေါ့။ လူစည်းကားရာမှာ ချပြီး အရင်ဆုံး သိထား သ လောက်နဲ့ မြွေလမ္ပာယ်ပြတယ်။ အတော်လေးကြာတော့ ဘိန်းကျွေးထားတဲ့မြွေက ဘိန်းငိုက်ပြေပြီး ရှူးရှူးရှား ရှား ဖြစ်လာတယ်။ ဆေးရောင်းသမားလည်း ကြောက်ကြောက်နဲ့ ထိန်းဖို့ကြိုးစားတယ်။ မရဘူး။ ဖမ်းလည်းမ ဖမ်းရဲတော့ဘူး။ ကြည့်နေတဲ့ ပရိတ်သက်ထဲက တယောက်ယောက်ကို ကိုက်လိုက်ရင် ဒုက္ခကြီးတော့မယ်။ ဒီတော့ မြွေဆေးသမားလည်း ကိုယ်ထမင်း ရှာစားနေရတဲ့ မြွေကြီးကို မညှာနိုင်တော့ဘဲ မချိတင်ကဲနဲ့ အော် လိုက်ရတယ်။ “ကျုပ်မြွေကြီးပါဗျာ ကြည့်ကျက်ပြီးသာ ရိုက်သတ်လိုက်ကြပါတော့” တဲ့။
မီဒီယာဆိုတာ ကျနော်တို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အစွမ်းထက် လက်နက်တခုပါ။ ကျနော်တို့ အဖိနှိပ်ခံ ဗ မာလူထုလွတ်မြောက်ရေးအတွက် အားတခုအဖြစ် ဆက်လက်ရပ်တည်ကြစေချင်ပါတယ်။ မြွေသမားရဲ့ ကျုပ် မြွေကြီးပါ မဖြစ်စေချင်ပါ။ ဒါကြောင့် မီဒီယာသမားတွေအတွက် လက်ဆောင်အောက်က ကဗျာလေးကို ရေးမိ ပါတယ်။
မိုးကြိုးလက်နက် ရှိန်စော်ထက်
မျောက်လက်ရောက်ရှာ ခွင့်မသာ
ရောင်ဝါမှေးလျက် အကြေးတက်။
သတင်းထက်မြက် လူထုတွက်
မျက်စိနားနှာ ပုံပမာ
သိက္ခာကွယ်ဝှက် တန်ခိုးပျက်။ ။
ရဲဘော်ကျော်သန်း
၂၂-၈-၂၀၁၀
Wednesday, April 21, 2010
ကြံ့ဖွတ် ဘာလဲ၊ ဘယ်လဲ၊ ဘယ်လိုလံကြုတ်တွေလုပ်ဦးမလဲ
စစ်အာဏာရှင်ရဲ့မတရားတဲ့ရွေးကောက်ပွဲဆိုင်ရာကြေငြာချက်တွေ ထွက်နေစဉ်မှာဘဲ မီဒီယာများမှ ပြည်ခိုင်ဖြိုး (ခေါ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းသည် နိုင်ငံရေးပါတီအဖြစ် မကြာခင်အသွင် ပြောင်းတော့မည်ဟု သတင်းများလည်း တွဲလျက်ထွက်လာရာ ဗမာ့နိုင်ငံရေးလောကတွင် တော်တော်လေး စိတ် ၀င်စားစရာ ဖြစ်လာတော့သည်။
အတိုက်အခံများအခေါ် “ ကြံ့ဖွတ် ”၊ “ ကြံ့ဖွဲ့ ” အသင်းသည် ဘာလဲ၊ ဘာတွေလုပ်ခဲ့သလဲ၊ ဘာတွေ လုပ်မှာလဲ … စသည်ဖြင့် တွေးစရာ၊ ငြင်းစရာ၊ လေ့လာစရာဖြစ်လာသည်။ ဗမာပြည်သူအများစုကတော့ ကြံ့ဖွဲ့ အသင်းကို စွမ်းအားရှင်ခေါ်လူဆိုးလူသွမ်းများအနေနဲ့လည်း တွဲမှတ်သိနေကြပါတယ်။ ၂၀၀၇ စက်တင်ဘာရွှေဝါ ရောင်ငြိမ်းချမ်းစွာဆန္ဒပြပွဲမှာ ဗမာတပြည်လုံးကလူအများဟာ ကြံ့ဖွဲ့နဲ့စွမ်းအားရှင်တို့ရဲ့ ယုတ်မာရိုင်းစိုင်းပြီး မတ ရားမှုကို တရားဝင်လုပ်ပိုင်ခွင့်ရနေကြောင်းကို အထင်းသားတွေ့မြင်ခဲ့ကြရပါတယ်။ တကယ်တော့ ကြံ့ဖွဲ့နဲ့စွမ်း အားရှင်တို့ရဲ့ လူမဆန်စွာ ရက်စက်ယုတ်မာမှုကို ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD အဖွဲ့ဝင်များ၊ အခြားလူမှုအခွင့်အရေးအတွက် ဆောင်ရွက်နေသူများအပါအ၀င် လူသားတို့အကျိုးဆောင် ရွက်နေသော ရဟန်း၊ သံဃာ၊ ကျောင်းသားအပါအ၀င် လူတန်းစားမျိုးစုံက ခံစားလာကြတာဟာ ဆယ်စုနှစ် နှစ် နှစ်နီးပါးရှိပါတော့မယ်။ တကယ်တော့ စစ်အစိုးရဟာ ဒီလိုလက်မရွံ့အဖွဲ့ကြီးကို အချိန်ယူ၊ ငွေအား၊ လူအား၊ ပါဝါ အား ဘက်စုံအသုံးချကာ သူတို့ရဲ့ မဟာဗျူဟာမြောက်အဖြစ် အဆိပ်ရည်လောင်းကာ ပျိုးထောင်လာခဲ့တာပါ။ ယခုဆို စစ်မိစ္ဆာတွေရဲ့ ဒီမရဏသစ်ပင်လေးဟာ အဆိပ်ရည်လည်းပြည့်နေပါပြီ။ သွေးတွေလည်း ၀နေပါပြီ။ ဒေ ၀ဒတ်ဝါဒီစစ်အာဏာရှင်တို့ရဲ့ ဒီငရဲပန်းမျိုးစေ့တွေဟာ မကြာခင်မှာ အလွန်ကျက်သရေရှိပြီးလှပတဲ့ ကျနော်တို့ ရဲ့ ရတနာရွှေမြေကြီးမှာ ပျံ့နှံ့ပြီး တွယ်ကပ်တော့မလိုဖြစ်နေတယ်။
ဒီကြံ့ဖွဲ့အသင်းဆိုတာဘာလဲ၊ ဘာကိုပေါ်လာသလဲဆိုတာကို ခြေရာပြန်ကောက်ကြည့်ရအောင်လား။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူတို့ရဲ့ အသဲကြားက မဲပြားတွေကို အပြည့်အ၀ရရှိခဲ့ပြီး အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်က အာဏာသိမ်းပြီး ဆက်လက်ချုပ်ကိုင်ခဲ့ပါတယ်။ စစ်အာဏာရှင်ဟာ ၎င်းတို့အာဏာတည်မြဲလာသည်နှင့်အမျှ လူထုစည်းရုံးလှုံ့ဆော်မှုလုပ်ငန်းများ၏ အကျိုးရ လဒ်များကို ကောင်းစွာနားလည်သဘောပေါက်လာခဲ့ပြီး ဒီကြံ့ဖွဲ့အသင်းကို ဖွဲ့ခဲ့ပါတယ်။ ၁၉၉၃ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အသင်းအဖွဲ့ဖွဲ့စည်းရေးဆိုင်ရာဥပဒေ (Association law, SLORC Law 6/88) အောက်တွင် စစ်အာဏာရှင်က ဖွဲ့စည်းခဲ့တာပါ။ လူမှုရေးအဖွဲ့တစ်ခုအနေဖြင့်သာ မှတ်ပုံတင်ခဲ့သော်လည်း တကယ့်လက်တွေ့ မှာတော့ စစ်အာဏာရှင်သက်ဆိုးရှည်စေရေးအတွက် တရားဝင်ပါတီတစ်ခုအသွင် ဖန်တီးပြီး နိုင်ငံရေးလောက ထဲသို့ ၀င်ရောက်ဖို့ ပြင်ဆင်ရည်ရွယ်ခဲ့တာကြာပါပြီ။ ၂၀၀၅ ဒီဇင်ဘာ (၆) ရက်နေ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ် သာလမ်းရှိ ပြည်ခိုင်ဖြိုးဗဟိုဌာနချုပ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးအထွေထွေအ တွင်းရေးမှုးဦးဌေးဦး (ခေါ်) ဗိုလ်ချုပ်ဌေးဦးက “ နိုင်ငံရေးအခြေအနေနှင့်လူထုဆန္ဒအပေါ်မူတည်ပြီး အဖွဲ့ဝင် ၂၂ သန်းကျော်ရှိသော ကြံ့ဖွဲ့အဖွဲ့ကို နိုင်ငံရေးပါတီတရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းကောင်းဖွဲ့စည်းမည်ဟု အရိပ်အ မြွတ် ပြောကြားခဲ့ပါတယ်။
တပ်ချုပ်ကြီးဦးသန်းရွှေကိုယ်တိုင် ၂၀၀၉ နိုဝင်ဘာနောက်ဆုံးပတ်မှာ ၆ ရက်ကြာကျင်းပခဲ့သော ကြံ့ဖွဲ့ ညီလာခံအပိတ်မိန့်ခွန်းမှာ ၂၀၁၀ မှာ ရွေးကောက်ပွဲကျင်းပပေးမှာ ဖြစ်တယ်လို့ တပ်လှန့်နှိုးဆော်သွားပါသေး တယ်။ တကယ်တော့ ဒီကြံ့ဖွဲ့နှင့်စွမ်းအားရှင်ဆိုတာ သူတို့ရဲ့ မျက်စိ၊ သူတို့ရဲ့အစွယ်၊ သူတို့ရဲ့လက်နက်တစ်ခု ဖြစ်ပါတယ်။
ဒီကြံ့ဖွဲ့အသင်းမှာ တပ်ချုပ်ကြီးအပါအ၀င် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၊ စစ်ရေးချုပ်၊ စစ် ထောက်ချုပ်၊ စစ်ဦးစီးအရာရှိချုပ်ကြည်းနှင့် စစ်တိုင်းမှူးအဆုံးအားလုံး ပါဝင်နေသည်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ နိုင်ငံရေးတောင်ပံ (Political Wing) အဖြစ်အသုံးချရန် ရည်ရွယ်ကြောင်း ထင်ရှားနေပါတယ်။ တနည်း အားဖြင့် နအဖအာဏာရှင်များကိုယ်တိုင် ပါဝင်နေသော အာဏာရအဖွဲ့အစည်းကြီးတစ်ခုဖြစ်နေပြီဟု ဆိုနိုင်ပါ တယ်။
ကြံ့ဖွဲ့အသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၀န် ကြီး ဗိုလ်ချုပ်ဦးဌေးရီက ကြံ့ဖွဲ့၏ ဦးတည်းချက်များသည် န၀တ (၁၉၉၇ အထိခေါ်ဝေါ်သုံးစွဲခဲ့သော စစ်အစိုးရအ မည်) ဦးတည်ချက်များနှင့်အလားတူကြောင်း အသင်းစတင်ဖွဲ့စည်းတည်ထောင်ပြီး ၁၉၉၃ ရက်သတ္တပတ် အ နည်းငယ်အတွင်း၌ ထုတ်ဖော်ပြောဆိုမှုများရှိခဲ့ပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)၏ အထွေထွေအတွင်းရေးမှူး(ဗိုလ်ချုပ်ကြီးဟောင်း) ဦးခင်မောင်ကြီးကလည်း ကြံ့ဖွဲ့အသင်းသည် ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးအသွင် ဆောင်သော အသင်းအဖွဲ့အဖြစ် ကူးပြောင်းပြီး ပါဝင်ယှဉ်ပြိုင်ရန် အစီအစဉ်ရှိသည်ဟု ၂၀၀၈ ဖေဖော်ဝါရီလတွင် DPA ဂျာမန်သတင်းဌာနသို့ ထုတ်ဖော်ပြောဆိုခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။
လေ့လာသူအချို့က ကြံ့ဖွဲ့၏ ဖွဲ့စည်းတည်ဆောက်ပုံသည် အင်ဒိုနီးရှားနိုင်ငံ၌ သမ္မတဆူဟာတို လက် ထပ်တွင်ဖွဲ့စည်းတည်ထောင်ခဲ့သော ဂိုကာပါတီ(Golkar Party) နှင့် အလားသဏ္ဍာန်တူသည်။ ဂိုကာပါတီအား စတင်ဖွဲ့စည်းစဉ်အချိန်ကလည်း လူမှုဖူလုံရေးအသင်းအဖွဲ့တစ်ခုအဖြစ် အမွှမ်းတင်ခဲ့ကြသည်။ သို့သော်လည်း ၁၉၇၁ခုနှစ် အင်ဒိုနီးရှားရွေးကောက်ပွဲတွင် ဂိုကာပါတီအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပါလီမန်အမတ်နေရာ အများစုကို ရရှိခဲ့သည်ကို တွေ့ရသည်။
စစ်အစိုးရဟာ ၁၉၉၀ မှာ မတရားအာဏာသိမ်းပြီးနောက် ၎င်းတို့စိတ်တိုင်းကျဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတစ်ရပ်ရေးဆွဲရန်နှင့် အရပ်သားအစိုးရသို့ အာဏာလွှဲပြောင်းပေးရန်ဆိုကာ ၁၉၉၃ ခုနှစ်တွင် အမျိုးသား ညီလာခံအားစတင်ကျင်းပခဲ့သည်။ ထူးခြားချက်မှာ အမျိုးသားညီလာခံကျင်းပရန်ဆုံးဖြတ်ချက်ချပြီး ရက်သတ္တ ပတ်(၂)ပတ်အကြာတွင် ပြည်ခိုင်ဖြိုးအသင်းအားဖွဲ့စည်းလိုက်ခြင်းဖြစ်ပါတယ်။ ညီလာခံသို့လည်း စစ်အစိုးရက ရွေးချယ်ထားသော ကြံ့ဖွဲ့အဖွဲ့ဝင်အများအပြား တက်ရောက်ခဲ့သည်။
၂၀၀၅ တွင် အမျိုးသားညီလာခံသို့ တက်ရောက်လာသော တိုင်းရင်းသားလူမျိုးများတွင် ကိုယ်စားလှယ် အရေအတွက် ၆၃၃ ဦးမှာ ကြံ့ဖွဲ့အသင်းဝင်များဖြစ်၍ ညီလာခံတက်ရောက်သူကိုယ်စားလှယ်စုစုပေါင်း၏ ၅၈ ရာခိုင်နှုန်းရှိခဲ့သည်။ မကွေးတိုင်းအတွင်းရှိ မြို့နယ်တစ်ခုတွင် အမျိုးသားညီလာခံသို့ တက်ရောက်သူကိုယ်စား လှယ် ၃ ဦးအနက် ၂ ဦးမှာ ကြံ့ဖွဲ့အဖွဲ့ဝင်များဖြစ်သည်။ စစ်အာဏာရှင်တို့ဟာ အနာဂါတ်ရွေးကောက်ပွဲမှာ ကြံ့ ဖွဲ့အသင်းကို ကောင်းစွာအသုံးချနိုင်အောင် အမျိုးသားညီလာခံကို ၁၄ နှစ်ကြာအောင် အချိန်ဆွဲနိုင်ခဲ့တယ်။ ယခု ၂၀၁၀ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာလည်း စစ်တပ်အားလွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို အလို အလျောက်ပေးထားပြီး ကျန်အမတ်နေရာများအတွက် ကြံ့ဖွဲ့အဖွဲ့ဝင်တွေအား ၀င်ရောက်စေဖို့ စနစ်တကျ ရည် ရွယ်ထားပါတယ်။
၂၀၀၈ ဇူလိုင်လ ၁၀ ရက် နော်ဝေးအခြေစိုက် DVB သတင်းအရ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲများမှာ ကိုယ်စားလှယ်အဖြစ်အရွေးချယ်ခံနိုင်မယ့် မြို့မိမြို့ဖ ၂ ဦးစီအမြန်ရှာဖွေစာရင်းပြုစုဖို့ ကြံ့ဖွဲ့ဗဟိုကနေ ပြည်နယ်၊ တိုင်း၊ မြို့နယ်တွေကို ညွှန်ကြားထားကြောင်း ပျဉ်းမနားမြို့နယ်တာဝန်ခံတစ်ဦးက ပြောကြားဖော်ထားပါတယ်။ ထို့အပြင် မြို့မိမြို့ဖအဖြစ် သတ်မှတ်နိုင်သော အချက် ၃ ချက်ကိုလည်း ကြံ့ဖွဲ့ဗဟိုက သတ်မှတ်ပေးထားသေး ၏။ မြို့မိမြို့ဖသည် နိုင်ငံရေးကင်းရှင်းသူ၊ ငွေကြေးချမ်းသာကြွယ်ဝသူ၊ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ရမယ်တဲ့။ အဲ့ဒါ ဟာ နအဖအနေနဲ့ အခါးကိုအချိုဖုံးပြီး လူထုကို တပတ်ရိုက်မယ့်သဘောပါ။
ကြံ့ဖွဲ့အသင်းကို စစ်တပ်ပိုင် နိုင်ငံရေးပါတီအဖြစ်ပထမဦးဆုံး လက်ခံအသိအမှတ်ပြုခဲ့သော နိုင်ငံသည် တရုတ်နိုင်ငံဖြစ်သည်။
၂၀၀ ပြည့်နှစ်တွင် တရုတ်ပြည်ကွန်မြူနစ်ပါတီသည် ဗိုလ်ချုပ်ဝင်းမြင့်အား နအဖ၏ထိပ်တန်းဗိုလ်ချုပ် ကြီးတစ်ဦးအနေဖြင့် မဟုတ်ဘဲ ကြံ့ဖွဲ့၏ ဒုဥက္ကဌအနေဖြင့် လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။ တရုတ် ပြည်ကွန်မြူနစ်ပါတီသည် ၂၀၀၄ ခုနှစ် စက်တင်ဘာလတွင် ဘေဂျင်းမြို့၌ ကျင်းပခဲ့သော တတိယအကြိမ် မြောက် အာရှပါတီစုံ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ရန် ဗမာနိုင်ငံမှ ကြံ့ဖွဲ့အပါအ၀င်နိုင်ငံပေါင်း ၃၅ နိုင်ငံမှ နိုင်ငံရေးပါတီပေါင်း ၈၄ ပါတီအား ဖိတ်ကြားခဲ့သည်။ ထို့ပြင် တက်ရောက်လာသော အခြားနိုင်ငံများမှ ပါတီများ နှင့်လည်း ရင်းနှီးမှုတည်ဆောက်နိုင်အောင် ပေါက်ဖော်ကြီးက စွမ်းဆောင်ပေးခဲ့ပါသေးတယ်။
၁၉၉၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း ကြံ့ဖွဲ့အသင်းမှ အသင်းသားဦးရေ ၁၆၀ ဦးကို အာရှနှင့်ဥရောပရှိ နိုင်ငံပေါင်း ၂၀ ကျော်သို့ အခေါက်အရေအတွက်အားဖြင့် ၆၅ ခေါက်ပို့ဆောင်စေလွှတ်ခဲ့သည်။
ထို့ပြင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပခဲ့သော နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုနှီးနှောဖလှယ်ရေး (International Youth Development Exchange Programme) သို့ တက်ရောက်ခဲ့သည်။ ထို့ပြင် ၂၀၀၆ ခုနှစ် ဇန်န၀ါရီလတွင် အိန္ဒိယနိုင်ငံ၌ ကျင်းပသော တတိယအကြိမ်မြောက် အာရှပစိဖိတ်ဒေသ ကျူးဘားစည်း လုံးညီညွတ်ရေးညီလာခံ (Third Asia Pacific Regional Cuba Solidarity Conference in India) သို့လည်း ကြံ့ဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သေးသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကြံ့ဖွဲ့၏ စည်းရုံးရေးနည်းဗျူဟာများ
ကြံ့ဖွဲ့အသင်းသည် ၁၉၉၆ နှောင်းပိုင်းကာလများတွင် အသင်းဝင်ပေါင်း ၅ သန်းကျော်မျှသာရှိခဲ့သည်။ သို့သော် ၂၀၀၇ တွင် သူတို့၏မတရားဖိအားပေးအကျပ်ကိုင်မှုများ၊ မက်လုံးပေးမှုများကြောင့် ပြည်နယ်၊ တိုင်းအ ဆင့်အသင်းပေါင်း ၁၇ သင်း၊ ခရိုင်အဆင့် အသင်းပေါင်း ၆၆ သင်း၊ မြို့နယ်အဆင့် အသင်းပေါင်း ၃၂၀၊ ရပ် ကွက်ကျေးရွာအဆင့် အသင်းပေါင်း ၁၅၃၃၄ သင်း ဖွဲ့စည်းခဲ့ပြီး အသင်းဝင်အဖြစ် အသိအမှတ်ပြုပြီးသူ ၂၄.၅ သန်းအထိ အဆမတန်တိုးတက်များပြားလာခဲ့သည်။ ဗမာပြည်လူဦးရေ စုစုပေါင်း၏ ထက်ဝက်ခန့်ရှိလာသည်။
အသင်းသားများကို သက်ကြီးအသင်းသား (အသက် ၁၈ နှစ်အထက်) နှင့် သက်ငယ်အသင်းသား ( အ သက် ၁၀ နှစ်မှ အသက် ၁၈ နှစ်) ကြားဟူ၍ ခွဲခြားထားသည်။ အသင်းသားစုဆောင်းရာတွင် ဆန္ဒအလျောက် ဟု သုံးနှုန်းထားသော်လည်း ပြည်သူလူထုကို နည်းအမျိုးမျိုးဖြင့် လိမ်လည်လှည့်ဖြား အကျပ်ကိုင်ခဲ့သည်။
အသင်းသားသစ်များစုဆောင်းရာတွင် ပြည်သူလူထု၏ အိမ်ထောင်စုစာရင်းဇယားများကိုကြည့်၍ အသက် ၁၅ နှစ်မှ ၃၀ နှစ်အတွင်းရှိသူများကို ကြံ့ဖွဲ့အသင်းဝင်အဖြစ်လည်းကောင်း၊ အသက် ၃၀ နှစ်မှ ၄၀ ကြားရှိသူများကို “ စွမ်းအားရှင် ” အဖွဲ့ဝင်များအဖြစ်လည်းကောင်း အတင်းအဓမ္မစာရင်းထည့်သွင်းခဲ့သည်။ အသက် ၁၈ နှစ်အထက်အမျိုးသမီးများကို စစ်ဗိုလ်ချုပ်ကတော်များဦးဆောင်သည့် အမျိုးသမီးရေးရာအဖွဲ့တွင် အတင်းအဓမ္မ၀င်ရောက်စေခဲ့သည်။
အသင်းသို့ဝင်ရန် ပျက်ကွက်(သို့)ငြင်းဆန်သူများကို ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိ စ္စများတွင် အမျိုးမျိုးနှောက်ယှက်ပေးပြီး အခွင့်အလမ်းများနည်းပါးအောင် ပြုလုပ်ခဲ့သည်။ ကြံ့ဖွဲ့အသင်းဝင် ရောက်ရန် ဖိအားပေးမှုအများဆုံးခံရသူများမှာ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ၊ အစိုးရ၀န်ထမ်းများ နှင့် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည်။ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများသည် မ၀င်မနေရအတင်း အကျပ်ဖိအားပေးမှုကြောင့် အဖွဲ့ဝင်များဖြစ်နေရသည်။ အစိုးရ၀န်ထမ်းများအပါအ၀င် အစိုးရအတွက် အလုပ် လုပ်ကိုင်နေသည့် မည်သူမဆို ကြံ့ဖွဲ့အသင်းဖို့ တာဝန်တစ်ခုအနေဖြင့် ၀င်ရောက်ရန် သတ်မှတ်ပြဌာန်းထား သည်။
ကျေးရွာများရှိ လူငယ်လူရွယ်များသည် ကြံ့ဖွဲ့အဖွဲ့ဝင်ဖြစ်ပါက ရှေ့တန်းစစ်မျက်နှာများတွင် ပေါ်တာ (Porter) ထမ်းဆောင်ရခြင်းမှ လွတ်ငြိမ်းခွင့်ရရှိကြသည်။ ဥပမာအားဖြင့် တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ရေချမ်း၊ တောင်တွင်းမှော်၊ ပြင်းတော စသည့်ကျေးရွာများတွင် ဗမာစစ်တပ် ခမရ ၄၀၁ က ပေါ်တာဖမ်းဆီးစဉ် ကြံ့ဖွဲ့အဖွဲ့ဝင် ၁၂ ဦး၊ အမျိုးသမီး ၃၇ ဦးနှင့် ကျန်အမျိုးသား ၁၇ ဦး၊ စုစုပေါင်း ၆၆ ဦးကို ဖမ်းဆီးမိခဲ့သည်။ ထိုကိစ္စကို မြို့နယ်ကြံ့ဖွဲ့အဖွဲ့ဝင်များက ခရိုင်ကြံ့ဖွဲ့အဖွဲ့ထံ တိုင်ကြားတောင်းဆိုသဖြင့် ကြံ့ဖွဲ့အဖွဲ့ဝင်အားလုံးနှင့် အမျိုးသမီး ၃၇ ဦးကို ပြန်လွှတ်ပေးခဲ့သည်။
ကြံ့ဖွဲ့ကဒ်ပြားရှိလျှင် မည်သုမဆို နိုင်ငံအတွင်း လွတ်လပ်စွာခရီးသွားလာနိုင်သည်။ အသင်းဝင်ကဒ်ပြား ကို နိုင်ငံသားမှတ်ပုံတင်တစ်ခုကဲ့သို့ အသုံးပြုနိုင်သည်။ မြန်မာရိုဟင်ဂျာများအနေဖြင့် ကြံ့ဖွဲ့အသင်းဝင်ကဒ်ပြား များကို ပြသနိုင်ပါက မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွားလာနိုင်ကြသည်ကို တွေ့နိုင်သည်။
ကြံ့ဖွဲ့အတွင်းရေးမှူးများ၏ နေအိမ်များတွင် တယ်လီဖုန်းလှိုင်းများတပ်ဆင်ပေးခြင်း၊ တလလျှင် ဓါတ် ဆီဂါလံ ၆၀ ထုတ်ပေးခြင်း၊ နိုင်ငံခြားခရီးစဉ်များစေလွှတ်ခြင်း စသည်ဖြင့် အခွင့်ထူးများပေးထားသည်။
၁၉၉၅ မှ ၁၉၉၇ ကြံ့ဖွဲ့မှ အသင်းသားဦးရေ ၁၆၀ ဦးကို အာရှနှင့်ဥရောပနိုင်ငံပေါင်း ၂၀ ကျော်သို့ ပို့ ဆောင်စေလွှတ်ခဲ့သည်။
ကျောင်းသားလူငယ်အများစုမှာလည်း ကြံ့ဖွဲ့အသင်းသို့ဝင်ရန် အတင်းအကျပ်ဖိအားပေးခံနေရသည်။ ဥပမာ ၂၀၀၆ သြဂုတ်လ ၃ ရက်နေ့တွင် မြင်းခြံအစိုးရနည်းပညာကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများကို ကြံ့ဖွဲ့အသင်းဝင်ရန် ဖိအားပေးသည့်အပြင် ကြံ့ဖွဲ့အသင်းဝင်ပုံစံများကိုလည်း တစ်စောင် ၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့သည်။ ငြင်းဆိုပါက စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်မပြု ဟုလည်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။
ထို့အပြင်မန္တလေးမြို့တွင် အသက် ၁၂ နှစ်အထက်ရှိ ကျောင်းသား၊ ကျောင်းသူများအားလုံးကို နိုင်ငံ သားစိစစ်ရေးကဒ်ပြားထုတ်ပေးရန်အတွက်ဟူသော အကြောင်းပြချက်ဖြင့် ဓါတ်ပုံများ တောင်းခံပြီး ကြံ့ဖွဲ့ကဒ် များထုတ်ပေးကာ အတင်းအဓမ္မသွတ်သွင်းခဲ့သည်။
အထူးအခွင့်အရေးအားဖြင့် ကြံ့ဖွဲ့အသင်းအတွက် တက်ကြွစွာ ဆောင်ရွက်သော ကြံ့ဖွဲ့အသင်းဝင် ကျောင်းသား၊ ကျောင်းသူများကိုသာ နိုင်ငံရပ်ခြားပညာတော်သင်အဖြစ် သွားခွင့်ပြုမည်ဟု ပညာရေးဝန်ကြီးဌာ နက အမိန့်ထုတ်ပြန်ခဲ့သည်။
၁၉၉၅ ဇူလိုင်လ ၉ ရက်နေ့တွင် ပြုလုပ်သည့် ကြံ့ဖွဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၁၁/၉၅ အစည်းအဝေး မှ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ် ကြံ့ဖွဲ့အသင်းများသည် အသင်းရံပုံငွေအတွက် စီးပွားရေးလုပ်ငန်းများလုပ် ကိုင်နိုင်သည်ဟု ဆုံးဖြတ်ပေးခဲ့သည်။ အမှန်မှာ ကြံ့ဖွဲ့သည် စစ်အာဏာပိုင်များ စီးပွားရေး အင်အားများကို အလွယ်တကူထိန်းချုပ်နိုင်အောင် လမ်းဖွင့်းပေးခဲ့သည်။
မြန်ဂုဏ်မြင့်ကုမ္ပဏီသည် ကြံ့ဖွဲ့၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည်။ ၁၉၉၅ နှစ်ဆန်းမှစ၍ န၀တ (ယခု နအဖ) ၏ ပံ့ပိုးမှုဖြင့် ကျပ် ၆၈ သန်း ရင်းနှီးမြှုပ်နှံ၍ “ မြန်ဂုဏ်မြင့် ” ကုမ္ပဏီကို တည်ထောင်ခဲ့ခြင်းဖြစ် သည်။ န၀တ (နအဖ) ကလွှဲပေးသည့် ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံရတနာဈေးကြီးရှိ ဆိုင်ခန်း ၃၈၂ ခန်း၊ ရောင်းရငွေ ကျပ် ၃၉ သန်းနှင့် လစဉ်ဌားရမ်းခ ကျပ် ၆ သောင်းခွဲနှင့် န၀တ (နအဖ) ကလွှဲပေးသည့် မြေနီကုန်း ဈေးမှလည်း နိုင်ငံပိုင်အရင်းအမြစ်များကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ တနှစ်အတွင်း ကျပ်ငွေ ၃၆ ကုဋေကျော် နှင့် ဆိုင်ခန်းဌားခများလည်း လစဉ်သန်းချီ၍ ရရှိနေသည်။
ထို့ပြင် မြန်မာ့ကျောက်မျက်ရတနာဈေးကွက်နှင့်မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အပါအ၀င် စီးပွားရေး လုပ်ငန်းများစွာကိုလည်း ကြံ့ဖွဲ့အသင်းက ထိန်းချုပ်ထားသည်။ နအဖ ၏ ထောက်ပံ့အားပေးမှု(သို့) နိုင်ငံတော် ပိုင်ဘဏ္ဍာငွေများနှင့် ပစ္စည်းများကို အသုံးပြု၍ လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းများစွာလည်းရှိသည်။
ကြံ့ဖွဲ့အသင်းသည် အနုပညာလုပ်ငန်းများတွင်လည်း လွှမ်းမိုးချုပ်ကိုင်လာခဲ့သည်။ ယခင်စစ်ထောက် လှမ်းရေး ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က စစ်ထောက်လှမ်းရေးများ လုပ်ကိုင်ခဲ့သည့် “ စေတမာန် ” ကုမ္ပဏီကို သိမ်းယူကာ ကြံ့ဖွဲ့က “ ရွှေစင် ” အမည်ဖြင့် ပြန်လည်လုပ်ဆောင်နေသည်။ ထို “ စေတမာန် ” ကုမ္ပဏီသည် ဗီဒီယို၊ စီဒီ၊ ဗွီစီဒီ တေးစီးရီးထုတ်လုပ်ရေး သာမက ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းများကိုပါ လုပ်ကိုင်ခဲ့သည်။ ကြံ့ ဖွဲ့အသင်းသို့ ၀င်ရောက်ရန်ငြင်းဆိုသော အနုပညာရှင်များကို ၎င်းတို့၏ အနုပညာလုပ်ငန်းများ ပိတ်ပင်ခံရမည် ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxx
NLD နှင့် ကြံ့ဖွဲ့
မြန်မာပြည်ရှိ အတိုက်အခံပါတီများ အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် ကြံ့ဖွဲ့၏ အသင်းသားစုဆောင်းရေးနည်းဗျူဟာများနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည်။ အထူးသဖြင့် NLD အဖွဲ့ဝင်များ သည် ပါတီမှနှုတ်ထွက်ရန် မက်လုံးပေးဆွဲဆောင်ခြင်း၊ ဖိအားပေးခြိမ်းခြောက်မှုများကို အများကြီးရင်ဆိုင်ခဲ့ရ သည်။
ကြံ့ဖွဲ့အသင်းသည် အတိုက်အခံပါတီများအား အင်အားချိနဲ့စေပြီး နောက်ဆုံးတွင် ပါတီအားလုံး လုံးဝ ဖျက်သိမ်းပစ်နိုင်ရန်အထိ ထိပ်တန်းစစ်အရာရှိများ၏ ကူညီပံ့ပိုးမှုဖြင့် စနစ်တကျ စီမံကိန်းရေးဆွဲလုပ်ဆောင်ခဲ့ သည်။
၂၀၀၃ ဒီဇင်ဘာ ၃၁ ရက်နေ့ နေ့စွဲဖြင့် ကြံ့ဖွဲ့နာယကလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများအားလုံး သို့ ဖြန့်ဝေသော တောင်ဥက္ကလာပမြို့နယ်၏ လျှို့ဝှက်စီမံချက်တစ်ခုတွင် မြန်မာပြည်တွင်းရှိ NLD အဖွဲ့ချုပ်နှင့် အခြားအတိုက်အခံအဖွဲ့အစည်းများ၏ စိတ်ဓါတ်ရေးရာနှင့် လှုပ်ရှားနယ်မြေများကျဉ်းမြောင်းလာစေရန် နှင့် အ တိုက်အခံအင်အားစုများမှ သာမန်အဖွဲ့ဝင်များအား ကြံ့ဖွဲ့အသင်းသို့ ၀င်ရောက်လာစေရန် စည်းရုံးလုပ်ဆောင်ရ မည့် ကြံ့ဖွဲ့အသင်း၏ စီမံချက်များကို ရှင်းလင်းစွာဖော်ပြထားသည်။
၂၀၀၇ မတ်လအတွင်း၌ ပြင်ဦးလွင် NLD အတွင်းရေးမှူးဦးဘထူးကို အဖွဲ့ချုပ်မှ နှုတ်ထွက်ရန် မြို့နယ် ကြံ့ဖွဲ့အသင်းမှ ဦးခင်မောင်အေးက မက်လုံးပေးဆွဲဆောင်စည်းရုံးခဲ့သည်။ ဦးဘထူး၏ အဆိုအရ အာဏာပိုင် များက ငွေကြေးများ၊ GSM ဖုန်းများနှင့်လုပ်ငန်းလုပ်ပိုင်ခွင့် ကန်ထရိုက်ပေးကမ်း၍ စည်းရုံးခဲ့သည်။ သို့သော် လည်း ပြင်ဦးလွင် NLD အဖွဲ့ချုပ်ဝင်များက အာဏာပိုင်များ၏ မက်လုံးများကို ဂရုမစိုက်ပဲ NLD လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခဲ့သည်။
၁၉၉၈ နိုဝင်ဘာလတွင် မြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်သော အစည်း အဝေးတစ်ခုတွင် တက်ရောက်လာသော NLD အဖွဲ့ဝင်များကို အမှတ် ၁၉ စစ်ထောက်လှမ်းရေးဌာနအကြီးအကဲ ဗိုလ်မှူးမြင့်ဦးက “ မိမိတို့အနေဖြင့် နိုင်ငံတစ်ဝှမ်းပြုလုပ်သော ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲများတွင် ဖော်ထုတ်ပြသခဲ့ ကြသော ပြည်သူတို့၏ဆန္ဒကို လေးစားရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် NLD ပါတီကို တရားမ၀င်အ သင်းအဖြစ် တားမြစ်ပိတ်ပင်ပေးရန် မေတ္တာရပ်ခံထားကြောင်း၊ ထို့ကြောင့် မြိတ်မြို့နယ်အတွင်းရှိ ပါတီဝင်များအ နေဖြင့် ယခုလမကုန်ခင် အဖွဲ့ချုပ်မှ နုတ်ထွက်ပေးကြရန် ပြောကြားလိုကြောင်း သတ်မှတ်ရက်အတွင်း အဖွဲ့ချုပ် မှ နုတ်ထွက်ပေးရန်ပျက်ကွက်သူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ” ထုတ်ဖော်ပြောကြားသွား ခဲ့သည်။ ဗိုလ်မှူးမြင့်ဦးဆိုလိုသော ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲ ဆိုသည်မှာ ကြံ့ဖွဲ့က အတင်းအဓမ္မကျင်းပခဲ့သော လံကြုတ်ပွဲများကို ဆိုလိုသည်။ အဆိုပါသတိပေးချက်သည် NLD အဖွဲ့ချုပ်ဝင် ၁၀၀၀ ကျော်နှင့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ၂၀၀ ဦးကို ဖမ်းဆီးထိန်းချုပ်ပြီး မကြာခင်ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
၂၀၀၆ ဧပြီလကုန်ပိုင်းတွင် NLD အဖွဲ့ဝင် ၁၃၀ နီးပါးခန့် ပါတီမှ နှုတ်ထွက်ခဲ့ကြောင်း စစ်အစိုးရမီဒီယာ များက ကြေငြာခဲ့သည်။ သို့ရာတွင် NLD ပါတီသည် အဖွဲ့ဝင် ၄ ဦး၏ တရားဝင်နှုတ်ထွက်စာများကိုသာ ရရှိခဲ့ သည်။
၂၀၀၆ သြဂုတ်လတွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကြံ့ဖွဲ့အသင်းက NLD အဖွဲ့ချုပ်ဝင်များအား ခြိမ်း ခြောက်၍ ပါတီမှ နုတ်ထွက်ခိုင်းခဲ့သည်။
၂၀၀၇ ဇွန် ၁ ရက်နေ့တွင်လည်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ သာယာကုန်းကျေးရွာမှ NLD အဖွဲ့ဝင် ကိုနေမျိုးအောင် ၏ နေအိမ်သို့ ရယကအဖွဲ့ဝင်များ၊ နယ်ထိန်းရဲများ၊ ကြံ့ဖွံ့နှင့်စွမ်းအားရှင်များ ရောက်ရှိလာပြီး အဖွဲ့ချုပ်မှ နှုတ်ထွက်ပေးရန် အတင်းအကြပ် ဖိအားပေးခဲ့သည်။
ထို့အပြင် ပြင်ဦးလွင်၊ နောင်ခမ်းကြီးကျေးရွာမှ အဖွဲ့ချုပ်စည်းအဖွဲ့ဝင် ကိုဝင်းဗိုလ်ကိုလည်း ဇွန်လ ၁၇ ရက်နေ့၌ ရယက မှ ခေါ်ယူခြိမ်းခြောက်ပြီး သတင်းပေး အဖြစ်တာဝန်ပေးအပ်မှုကို ကိုဝင်းဗိုလ်က ငြင်းဆိုခဲ့ သည်။
ယုံကြည်ချက်အတွက် အရာရာကို စွန့်လွှတ်ရဲသော NLD အဖွဲ့ဝင်များနှင့် လူ့အခွင့်အရေးတိုက်ပွဲဝင်အ ပေါင်းတို့၏ စိတ်ဓါတ်ကား လေးစားဂုဏ်ယူမှတ်တမ်းတင်ထိုက်ပေသည်။
မြင်းခြံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းကိုလည်း ပါတီမှနှုတ်ထွက်၍ စီးပွားရေး လုပ်ငန်းတစ်ခုထူထောင်ရန် ကျပ်ငွေသန်းပေါင်းများစွာကို အတိုးလွတ် အချိန်အကန့်အသတ်မရှိ ချေးဌား၍ စည်းရုံးခဲ့သည်။ သို့သော်လည်း ဦးမောင်မောင်ဝင်းသည် ပါတီမှ နှုတ်ထွက်ရန် ငြင်းဆိုခဲ့သည်။
၁၉၉၉ နိုဝင်ဘာလတွင်လည်း စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ် NLD လူငယ်စည်းရုံးရေးတာဝန်ခံ ဒေါ် ခင်နှင်းကြည် အား လက်ရှိ ရာထူးမှ နှုတ်ထွက်ပေးရန် အတင်းဖိအားပေးလက်မှတ်ရေးထိုးစေခဲ့သည်။ သူမက ငြင်းဆိုခဲ့သည်။
မန္တလေး NLD အဖွဲ့ချုပ်ဗဟိုကော်မတီအဖွဲ့ဝင် ဒေါ်ဝင်းမြမြ ၏ အဆိုအရ တံတားဦးမြို့နယ် ကြံ့ဖွဲ့အဖွဲ့ ၀င်များဖြစ်သော ကိုအောင်မြင့်၊ ကိုဝင်းစိန် နှင့် ကိုတင်ညွန့်တို့ ဦးဆောင်သောအဖွဲ့သည် ကျေးရွာများတွင် လှည့် လည်၍ NLD ပါတီဝင်များအား အဖွဲ့ချုပ်မှ နှုတ်ထွက်စေရန် ဖိအားပေးခဲ့သည်။
မန္တလေး NLD ဗဟိုကော်မတီအဖွဲ့ဝင် ဒေါ်ဝင်းမြမြသည် ၂၀၀၇ စက်တင်ဘာသံဃာ့လှုပ်ရှားမှုကာလအ တွင်း အဖမ်းခံခဲ့ရပြီး ၂၀၀၇ အောက်တိုဘာ ၂၄ ရက်မှာ ထောင်ဒဏ် ၈ နှစ် အပြစ်ပေးခံနေရသည်။
ထို့ပြင် သူမပိုင်ဆိုင်သည့် ဆိုင်ခန်းအမှတ် ၉ (စီရုံ၊ မန္တလေးဈေးချို) ကို တိုင်းစည်ပင်သာယာရေးကော်မ တီက ဆိုင်ပိုင်ရှင်တို့၏ သဘောဆန္ဒမပါဘဲ မြို့တော်ခန်းမ၌ ၂၀၁၀ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သိန်း ၅၀၀ ဖြင့် လေလံပစ်ရောင်းချခဲ့သည်။
ဒီမတရားမှုနှင့်ပတ်သတ်၍ ဒေါ်ဝင်းမြမြ၏ အကို ဦးဘစိုးက မစ္ဇျိမသတင်းဌာနကို ပြောကြားရာမှာ ၎င်းတို့မောင်နှမပိုင် ဆိုင်ကို ၂၀၀၇ ဇွန် ၁ ရက်နေ့တွင် စည်ပင်က ဆိုင်ဘီရိုမှာ NLD အလံ Sticker(ကပ်ခွာ) ၄လက်မ၊ ၆လက်မ အလံလေးနှစ်ခုကို အကြောင်းပြပြီး စည်ပင်က တည်ငြိမ်မှုကို ပျက်ပြားစေသည်ဟု အကြောင်းပြကာ သိမ်းခဲ့သည်ဟု ပြောဆိုခဲ့သည်။
ဆိုင်မသိမ်းခင် တပတ်ခန့်တွင် ကြံ့ဖွဲ့နှင့်စွမ်းအားရှင်များက ဆိုင်ကို မလှမ်းမကမ်းမှ ဓါတ်ပုံလာရိုက်ခဲ့ ကြောင်းနှင့် ထို့နောက် စည်ပင်ရဲဗိုလ်မှူးကြီးတစ်ဦးက ဆိုင်သိမ်းသည်ကို လက်မှတ်ထိုးခဲ့ကြောင်း ဦးဘစိုးက ပြောပြခဲ့သည်။
NLD ပါတီဝင်အဖြစ်မှ နှုတ်ထွက်ရန်ငြင်းဆန်ခဲ့သူများမှာ စီးပွားရေးအကြပ်အတည်းများအပြင် ပညာ ရေးနှင့်အခြားအခွင့်အလမ်းများ ဆုံးရှုံးနစ်နာကြရသည်။
မြိတ်မြို့နယ် NLD အလုပ်အမှုဆောင် ဦးလှထွန်း(ခေါ်)ဦးသန်းလှိုင်အား ကျွန်းစုမြို့နယ်ကျေးရွာတစ်ရွာ ရှိ ကျောင်းတစ်ကျောင်းတွင် အလယ်တန်းပြဆရာအဖြစ်ခန့်အပ်ခြင်းကို ငြင်းဆိုခံခဲ့ရသည်။
ညောင်ဦးမြို့နယ်ရှိ NLD အဖွဲ့ဝင် ကျူရှင်ဆရာဦးဇော်ဇော်ကိုလည်း အဖွဲ့ချုပ်မှ နှုတ်ထွက်လျှင် လက် ကိုင်ဖုန်းနှင့်အခြားအခွင့်အလမ်းများပေးမည်ဟု မက်လုံးပေးဆွဲဆောင်ခဲ့သည်။ ဦးဇော်ဇော်က နှုတ်ထွက်ရန် ငြင်းပယ်သောအခါ ၎င်းတရားဝင်ဖွင့်လှစ်ထားသော ကျူရှင်ကျောင်းကို ကြံ့ဖွဲ့က ပိတ်ပင်ခဲ့သည်။
NLD အပေါ် အငြိုးကြီးလှသော ကြံ့ဖွဲ့အသင်းသည် ၁၉၉၈ ခုနှစ် အောက်တိုဘာလ မှ ၁၉၉၉ ခုနှစ် ဇန် န၀ါရီလအထိ NLD ပါတီကို ဆန့်ကျင်သော လူစုလူဝေးပွဲများကို နိုင်ငံတစ်ဝှမ်းလုံးရှိ မြို့ကြီး ၁၉ ခုတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ပြည်သူ့ဆန္ဒဖော်ထုတ်ပွဲဟု စစ်အစိုးရက အမည်တပ်ထားသော အဆိုပါ ဆန့်ကျင်ရှုတ်ချပွဲများ ကို ကြံ့ဖွဲ့က အတင်းအဓမ္မ ဖိအားပေးပြီး ကျင်းပပြုလုပ်ခဲ့ခြင်းသာဖြစ်သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
လူမှုအဖွဲ့အစည်းများနှင့်ကြံ့ဖွဲ့
လူမှုဆိုင်ရာအဖွဲ့အစည်းများသည် ဒီမိုကရေစီလူ့ဘောင်တည်ထောင်ရာတွင် မရှိမဖြစ်လိုအပ်သော အဖွဲ့ အစည်းများဖြစ်သည်။ ထို့ပြင် လူထုကိုအခြေပြုသော လူ့အဖွဲ့အစည်းဖြစ်သည့်အားလျှော်စွာ ၎င်းတို့၏ လုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရာတွင် လူထု၏ ပူးပေါင်းပါဝင်မှုကို ရရှိကြသည်။
သို့သော် စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးများသည် ထိုကဲ့သို့အခြေခိုင် တိုးတက်အောင်မြင်လာနေသော လူ မှုရေးဆိုင်ရာအဖွဲ့အစည်းများကို ၎င်းတို့၏ သြဇာအောက်တွင် ထားရှိရန် ကြိုးပမ်းခဲ့ကြသည်။ အစိုးရမဟုတ် သော လူမှုအဖွဲ့အစည်းများဖြစ်သည့် သာသနာရေးအဖွဲ့များ၊ လူမှုဝန်ဆောင်အဖွဲ့များ၊ ကျန်းမာရေးပြုစုစောင့် ရှောက်သောအဖွဲ့များ၊ ပညာရေးအဖွဲ့များ စသည့် အောက်ခြေအဆင့် လူမှုရေးဆိုင်ရာအဖွဲ့များသည် ဒီမိုကရေစီ လူ့ဘောင်အတွက် ဒေါက်တိုင်များဖြစ်ကြသည်။ ထိုအဖွဲ့အစည်းများကို စစ်အာဏာရှင်များက ၎င်းတို့၏ သြဇာခံ အဖြစ် ကြိုးပမ်းနေခြင်း၊ ဖျက်သိမ်းဖယ်ရှာခြင်း(သို့)ထိန်းချုပ်နေခြင်းများသည် အနာဂါတ်ဒီမိုကရေစီထူထောင် ရေးအတွက် အခြေခံအုတ်မြစ်များကို ဖြိုလှဲနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လူထုအခြေပြု လူ့အဖွဲ့အစည်းများ၊ လူမှုအသင်းအဖွဲ့များ တဖြည်းဖြည်းကင်းမဲ့နေခြင်း ရဲ့ တရားခံမှာ စစ်အာဏာရှင်များပင်ဖြစ်သည်။ စစ်အာဏာရှင်များ၏ စနစ်ဆိုးများကြောင့် လူမှုအသင်းအဖွဲ့များ ကို ဖန်တီးတည်ထောင် ထိန်းသိမ်းရန်နှင့်လူထုကြား ပွင့်လင်းရိုးသားမှုနှင့်လွတ်လပ်သော အတွေးအခေါ်များ ထွန်းကားလာစေရေး ကြိုးပမ်းမှုများမှာ ကန့်သတ်ထိန်းချုပ်ခံနေရသည်။
စစ်အာဏာရှင်များသည် ၎င်းတို့၏ လက်ကိုင်တုတ်ဖြစ်သည့် ကြံ့ဖွဲ့အသင်းအားလုံးအသုံးပြု၍ ပြည်သူ့ အကျိုးတော်ဆောင် စေတနာရှင်အဖွဲ့အစည်းတစ်ခု အသွင်ပြင်ဖြင့် မင်းသားခေါင်းဆောင်း ဘီလူးဇာတ်ကို ၎င်း တို့ ထိန်းချုပ်ထားသော မီဒီယာများတွင် မကြာခဏ ဖော်ပြခဲ့သည်။
တချိန်တည်းမှာပင် လွတ်လပ်ပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGOs) ၏ အခန်းကဏ္ဍများတွင် ပါ ၀င်ရောက်စွတ်ဖက်လာပြီး ၎င်းတို့အား တဖြည်းဖြည်းချင်း ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့သည်။ နိုင်ငံတကာကူညီ ထောက်ပံ့ရေး အေဂျင်စီများသည် ပြည်သူလူထုအတွင်း ၎င်းတို့၏ အကူအညီများ ဖြန့်ဝေရေးတွင် ကြံ့ဖွဲ့အ သင်း၏ ကန့်သတ်ထိန်းချုပ်မှုများကို မကြာခဏ ရင်ဆိုင်ခဲ့ရသည်။ အကျိုးဆက်အနေဖြင့် အတိုက်အခံအင်အား စုများနှင့် စစ်အာဏာရှင်အား အန္တရာယ်ပြုနိုင်သည်ဟု ယူဆထားသူများအတွက် အကူအညီအထောက်အပံ့များ ရရှိရန်အခွင့်အလမ်း နည်းပါးစေခဲ့သည်။
ကြံ့ဖွဲ့သည် ပြည်သူလူထု၏ အကျိုးစီးပွားအား စေတနာထက်သန်စွာဖြင့် ကူညီဆောင်ရွက်နေသည့်အ သွင်ဖော်ဆောင်ရန် အနှစ်သာရကင်းမဲ့သည့် အတုအယောင် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကိုသာ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ကြံ့ဖွဲ့အသင်းကဲ့သို့ အလားတူဖွဲ့စည်းထားသော မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့များနှင့်လည်း အတူတကွ ပူးပေါင်း၍ အသင်းအားနှစ်လိုဖွယ်ရာကောင်းအောင် ပြည်သူ့အကျိုးပြုအဖွဲ့အစည်းတစ်ခုအဖြစ် လူထုမှ ယုံ ကြည်လက်ခံလာအောင် ကြိုးပမ်းအားထုတ်ခဲ့သည်။ သို့သော် ကြံ့ဖွဲ့အသင်း၏ အတုအယောင်ဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်းများအတွက် ရံပုံငွေနှင့်လုပ်အားရရှိရာ အရင်းအမြစ်များသည် ပြည်သူလူထုထံမှပင် ဖြစ်နေသည်။
စစ်အာဏာရှင်မှ တိုင်းပြည်ကို အဓမ္မအာဏာသိမ်းယူခဲ့သော ၁၉၆၂ ခုနှစ်မှစ၍ အစိုးရကျောင်းများတွင် မွန်ဘာသာရပ်များကို သင်ကြားခွင့်မပြုခဲ့ပေ။ သို့သော် ကျေးလက်ဒေသရှိ လူထုက မွန်စာသင်ကျောင်းများ ဖွင့် လှစ်ပြီး မွန်စာတက်မြောက်ရေး သင်တန်းများပေးရန် ကြိုးပမ်းခဲ့သည်။ ၂၀၀၄ ဇူလိုင်လအတွင်း နအဖဗိုလ်ချုပ် မောင်ဘိုက ရေးမြို့နယ်အတွင်းရှိ မွန်ဘာသာစကားသင်ကြားသော စာသင်ကျောင်းများကို ပိတ်ပင်ရန်နှင့်အစိုး ရကျောင်းများတည်ထောင်ရန် ဒေသခံအာဏာပိုင်များကို ညွှန်ကြားခဲ့သည်။
၂၀၀၅ ဖေဖော်ဝါရီလ ကျိုက်မရောမြို့တွင် ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် ကြံ့ဖွဲ့ထိပ်ပိုင်း ခေါင်း ဆောင်တစ်ဦးက မွန်ဘာသာစကားသင်ကြားခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်းလုံးညီညွတ်ရေး အတွက် အတားအဆီးတစ်ခုဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။ ကြံ့ဖွဲ့အဖွဲ့ဝင်များကိုလည်း မွန်ကျောင်းဆရာ၊ ဆရာမများအား အနှောက်အယှက်ပေးရန်နှင့်ဆက်လက်ဖွင့်ထားသော ကျောင်းများအား ပိတ်ပင်ရန် စေခိုင်းခဲ့ သည်။ ဤသည်မှာ စစ်အာဏာပိုင်များသည် နေရာတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းတွင် အစုအဖွဲ့တစ်ခုပေါ်ပေါက် လာမည်ကို အလွန်အမင်း စိုးရိမ်ခဲ့ကြသည်။
၂၀၀၄ ဧပြီလတွင် NLD ပါတီက နိုင်ငံရေးအကျဉ်းသားများနှင့်၎င်းတို့၏ မိသားစုများအား အကူအညီ ပေးနေသည့် လူမှုကူညီရေးအဖွဲ့များကဲ့သို့ အလားတူအဖွဲ့တစ်ခုကို တမူးဒေသတွင်ဖွဲ့ရန် ကြိုးပမ်းခဲ့သည်။ သို့ သော် တမူးခရိုင်ကြံ့ဖွဲ့အသင်းဥက္ကဌက အဆိုပါလူမှုကူညီရေးအဖွဲ့ ဖွဲ့စည်းသူများအား ၎င်းတို့၏ စီးပွားရေးလုပ် ငန်းများတွင် တန်ပြန်ဂယက်ရိုက်မှုများနှင့်တွေ့ကြုံရလိမ့်မည်ဟု ခြိမ်းခြောက်ပြောဆို၍ အနှောက်အယှက်ပေးခဲ့ သည်။
၂၀၀၄ တွင် မြန်မာပြည်အောက်ပိုင်းရှိ ဒုက္ခသည်များအား NLD ပါတီမှ ဆန်လှူဒါန်းရန် ကြိုးပမ်းခဲ့ သည်။ ထိုအချိန်၌ ကြံ့ဖွဲ့အသင်းက NLD ပါတီအား မိမိတို့ကိုယ်စားကောင်းမှုကုသိုလ်ပြုလုပ်ရန်အတွက် အလှူ ပစ္စည်းများ ပေးအပ်ခဲ့သည်ဟု မမှန်မကန် ပြောဆိုခဲ့သည်။ ထို့ပြင် အတိုက်အခံပါတီများ၏ လူမှုရေုးလုပ်ဆောင် ချက်ကို ကြံ့ဖွဲ့မှ အခြားနည်းလမ်းအမျိုးမျိုးဖြင့် ဟန့်တားနှောက်ယှက်ခဲ့သည်။
Wednesday, March 10, 2010
သုတေသနနှင့်လေ့လာရေးဌာန ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၅/၂၀၁၀)
5 10 Commentary(2)
Monday, February 1, 2010
နိုင်ငံရေးမလုပ်ရင်ပြီးရော… ခေတ်မမှီမဖွံ့ဖြိုး မဟုတ်တဲ့နေရာမှာ တိုးတက်သော နိုင်ငံတော်သစ်ဆီသို့
ပြီးခဲ့တဲ့ လပိုင်းက မြန်မာပြည်က ပြက္ခဒိန်တစ်ခု ရလာလို့ကြည့်မိပါတယ်။ နိုင်ငံခြားက ပြက္ခဒိန်မှတ်လို့ သေသေချာချာ ကြည့်မိတော့မှ မြန်မာပြည်က ဖြစ်နေတယ်….။ Smart Technical Services Co.,Ltd ကထုတ်တဲ့ Calendar….ပါ။ အဲ့ဒီCompany က မြန်မာပြည်မှာ လာရောက်လုပ်ကိုင် နေတဲ့ ကမ်းလွန်ရေနံကုမ္မဏီတွေကို အစားအသောက်နဲ့ လိုအပ်တဲ့ ၀န်ထမ်းတွေ ပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှု ကုမ္မဏီတခုဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံလို ဆင်ဆာတင်းကြပ်တဲ့ နိုင်ငံမျိုးမှာ ဒီလိုအနေအထားနဲ့ ရိုက်ခွင့်ပေးတာ စဉ်းစားစရာပါပဲ။
နိုင်ငံရေးနဲ့ဆိုင်တဲ့ အရေးအသားတွေ၊ ဓာတ်ပုံတွေ၊ ကာတွန်းတွေကို မျက်မှန်စိမ်းတပ်ပြီး ဒေါက်ထောက်ကြည့်နေတဲ့ ဆင်ဆာအဖွဲ့က အမြဲပိတ်ပင် ဖမ်းဆီးတတ်တာကတော့ အားလုံးသိပြီးဖြစ်ကြပါတယ်။ ဒီလိုပြက္ခဒိန်မျိုး ထုတ်ခွင့်ရတာလည်း စစ်အစိုးရရဲ့ ပုလင်းတူ ဗူးဆို့တွေကလွဲရင် ဘယ်သူမှ ထုတ်ဝေခွင့် မရနိုင်ပါ။
စစ်အစိုးရဟာ နိုင်ငံရေးလုပ်တာကလွဲရင် လုပ်ချင်တာ လုပ်ခွင့်ပေးနေတာ (၁၉၈၈) ဘယ်သူမှ မပေးတဲ့ အာဏာကို ယူပြီး တက်လာပြီကတည်းကပါ။ လူငယ်တွေကို နိုင်ငံရေး စိတ်ဝင်စားမှုမရှိအောင် မျက်စိပိတ်နားပိတ်ပြီး တခြားဘက်ကနေ မဟုတ်တဲ့ နေရာတွေမှာ လွတ်လပ်မှုတွေ ပေးပြီးအညွန့်တုံးအောင် လုပ်ဆောင်နေတာပါ။ ရည်ရွယ်ချက်ရှိရှိ နဲ့ဖျက်ဆီးနေတာပါ။
မည်သို့ပင်ဖြစ်စေကာမူ ခေတ်နောက်ကျတယ် ဘဲပြောပြော၊ ခေတ်မမှီဘူးပဲပြောပြော ဒီလိုအနေအထားမျိုးကို တိုးတက်တယ်လို့ ကောက်ချက်မချနိုင်ပါ။ ပိတ်ပင်သင့်တာကို မပိတ်ပင်၊ မပိတ်ပင်သင့်တာကို ပိတ်ပင်နေတဲ့ စစ်အစိုးရရဲ့ ခေတ်မမှီ မဖွံ့ဖြိုး မဟုတ်တဲ့နေရာမှာ တိုးတက်နေသော နိုင်ငံတော်သစ်တည်ဆောက်ရေး လုပ်ငန်းစဉ်အား ကန့်ကွက်ရှုံချလိုက်ပါတယ်။
Sunday, January 31, 2010
မောင်စူးစမ်း (ရဲဘော်တင်ရွှေ၊ ဦးချမ်းအေး) ကိစ္စ
မောင်စူးစမ်းနဲ့အပေါင်းအပါများနဲ့ပတ်သက်၍ ဗကပ ရဲ့ သဘောထား (၂၉- ၁- ၂၀၁၀)On Mss29jan








