Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

Friday, April 19, 2013

အရှင်ဘုရားရဲ့လူမှုရေးလုပ်ငန်းတွေမှာ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရပါသလဲ။ ဘာကြောင့်လဲ၊ ဘယ် လိုနေရာ၊ ကိစ္စတွေမှာ အများဆုံးကြုံခဲ့ရပါသလဲ။


ဦးဇင်းတို့ အတွက် အဒီက အခက်ခဲ့တွေကတော့ လူဘောင်လူလောကကြီးရဲ့ ရုပ်တွေပွေးလီတဲ့ လူမှုဒုက္ခတွေကို ဦးစွာတွေကြုံရတာပါပဲ လူတွေပြောဆိုဝေဖန်သံတွေကို ကြယ်လောင်စွာကြားရခြင်းပါပဲ အတွေကြုံတွေက အများကြီးပါပဲ လူတွေရဲ့ ဝေဖန်သံတွေဟာ ဦးဇင်းရဲ့ ဘ၀ကို အများကြီးပြောင်လွှဲလာခဲ့ပါတယ် သတိထားစရာတွေ မှတ်သားစရာတွေဖြစ်ခဲ့ရပါတယ် ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးရဲ့ လောကမှ အဝေဖန်မခံရတဲ့သူ တစ်ပါးသူကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။ လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်း အချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ မရှိဘူး။ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်လို့ ဆရာသမားတွေရဲ့ ဆုံးမသြ၀ါဒကို ပြန်လည်ကြားရောင်မီပါတယ် ၊
ဦးဇင်း အတွက် ခက်ခဲ့တဲ့ အဓိပ္ပါယ်ဟူသည် အဘယ်နည်း။ ဦးဇင်း၏ရည်ရွယ်ချက် ပြီးပြည့်စုံခြင်း၊ ကျေနပ် တင်းတိမ်မှု တို့ကို မည်သို့တွေရှိနိုင်မည်နည်း။ ဦးဇင်းအတွက်နောက်ဆုံးအရေးကြီးသော အစိတ်အပိုင်းကိုပြီးပြည့်စုံရန် ဦးဇင်းသည် ခွန်အားရှိပါသလား။ ထိုကြောင့် ဤကဲ့သို့သော မေးခွန်းမျိုးကို လူများစွာတို့က ဆင်ခြင်တွေးတောတတ်ကြပါသည်။ သူတို့ သည် ပြီးပြည့်စုံလိုသော အရာတို့ကိုရယူသော်လည်း ကုန်လွန်ခဲ့သောအချိန်ကာလကိုကြည့်လျှင် လစ်ဟင်းမူကို ခံစားခဲ့ရပါတယ်။ ဥပမာအားဖြင့် ဘောလုံးကစားခန်းထဲတွင် ဆော့ကစားနေ သောသူအား ကစားရန်ပထမအစပြုလာသောအခါ မည်သည့်အရာကို အတောင့်တဆုံးဖြစ်သနည်းဟု မေးခဲ့သည်သူက“ထိပ်ဆုံးရောက်သောအခါမည်သည့်အရာတခုမျှမရှိပါဟူသောတစုံတယောက်ပြောသည်စကားသံကိုသာ ကြားချင်သည်”ဟု ပြန်ဖြေခဲ့သည်။ သူတို့၏ ကြိုးပမ်းအားထုတ်မူနောက်ကွယ်တွင် အနတ္တသဘော သက်သက်ရှိသည်ကိုများစွာသောပန်းတိုင်တို့ကအသိပေးထားပါသည်။
ဦးဇင်းတို့လူ့အသိုင်းဝိုင်းထဲတွင် များစွာသောသူတို့က ရည်ရွယ်ချက်များစွာထားရှိ၍ ကြိုးပမ်းအားထုတ်တတ်ကြပါသည်။ ထိုရည်ရွယ်ချက်များထဲတွင် ဦးဇင်းအမြင်အရ ဘ၀၏အဓိပါယ်တွေ့ရှိလိမ့်မည်ဟု ယူဆတတ်ကြသည်။ ထိုကြိုးပမ်းအားထုတ်မှုထဲတွင် စီးပွား ရေးအောင်မြင်ခြင်း၊ ချမ်းသာခြင်း၊ ကောင်းမွန်သော မိတ်ဆွေရဖွဲ့ခြင်း၊ တခြားသူ များအပေါ် ကုသိုလ်ပြုခြင်းတို့ပါဝင်သည်။ လူတွေက သူတို့၏ရည်ရွယ်ချက်ဖြစ်သော ချမ်းသာခြင်း၊ မိတ်ဆွေရဖွဲ့ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ရရှိသော်လည်း သူတို့စိတ်ထဲ၌ အနတ္တသဘော သက်သက်ကို ခံစားခဲ့ရသည်။ အထဲ၌ ဘာမျှမရှိသကဲ့သို့ ခံစားခဲ့သည်။
ဦးဇင်း အတွက်တော့ လူမှုဝတ်ဝန့်ကျင့်ရိုတ်ခက်မှုတွေက များပြားလှလွန်လို့ ဆရာတော်ဦးဇောတိကရဲ့ ……ဘ၀မှာ ဘယ်လိုစိတ်ထားမျိုးနဲ့ ပျော်အောင် နေထိုင်ရမလဲ ဆိုတဲ့ ပို့စ်လေးနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
၁။ငါကိုယ်ငါ လေးစားမှု့ရှိနေးသ၍ သူများဘယ်လိုထင်တယ် ဆိုတာကိုကြောင့်ကြ စိုးရိမ်နေဖို့မလိုဘူး။
၂။ကိုယ့်ကိုယ်ကို အထင်မသေးတဲ့ သူဟာသူများကိုယ်ကို အထင်သေးတာကိုဂရုမစိုက်ဘူး။ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့သူဟာ သူများပြောပြောခံနိုင်တယ်။
၃။ သူများကို ဘယ်လိုလူစားလဲလို့ ပြောတာဟာ ကိုယ့် ကိုယ်ကို ဘယ်လိုလူစားလဲလို့ ဖော်ပြနေတာနဲ့တူတယ်။
၎။ တကယ် ကြီးကျယ်တဲ့ ၊ ထိရောက်တဲ့၊ကိုယ့်အတွက်စိတ်ကျေနပ်မှု အများဆုံးရတဲ့အလုပ်၊ကိုယ့်အရည်အချင်းတွေလည်းအများဆုံး ထုပ်ပြီးသုံးရတဲ့ အလုပ်ကိုလုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေး ဖို့မသင့်ဘူး ။
၅။ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိုင်တဲ့သူဟာ သူများကို စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိုင်ဘူး။
၆။ စိတ်ဓာတ်ကျသွားရင် စိတ်အိုသွားတယ်။
၇။ သတိနဲ့ နေတဲ့စိတ်ဟာ ဘယ်တော့မှ မအိုဘူး။
၈။ ငွေကလွဲလို့ တခြားဘာမှ မရတဲ့အလုပ်ကို လုပ်တာဟာ ဘ၀ကိုရောင်းစားတာ နဲ့တူတယ်။
၉။ ကိုယ့်အလုပ်ဟာ ကိုယ့်ရဲ့အကောင်းဆုံး စိတ်ထားနဲ့အရည်အချင်းကို ဖော်ပြနိုင်ရမယ်။
၁၀။ ကိုယ့်အခက်အခဲ ကိုယ့်ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းရှာတဲ့အခါမှာ အများအတွက် အဆင်ပြေဖို့ကိုပါ ထည့်သွင်းစဉ်းစားမှသာ ရေရှည်ပြေလည်တဲ့ အဖြေကိုရမယ်လို့ပြောချင်းပါတယ်။
အားလုံးကြမ္မာကျပါစေ ။
ဖျာပုံ (အရှင်) အင်တာဗျူးများကို ပြန်လည်စုစည်းဖော်ပြပါသည်။

Thursday, March 7, 2013

The Lady ရဲ့ စားဖိုမှူး from Pyapon La?

heLadyရဲ့စားဖိုမှူး
မြန်မာနိုင်ငံမှာ အထင်ရှားဆုံးသူ တဦးအတွက် လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က ချက်ပြုတ်ကျွေးမွေးရေး တာဝန်ကို လွဲပြောင်းယူလိုက်ရတဲ့ အချိန်မှာ ဦးမြင့်စိုးရဲ့ ပထမဆုံး လုပ်ရတာကတော့ သူဘာလုပ်မယ်ဆိုတာကို လူတွေ မမြင်နိုင်တဲ့ လျှို့ဝှက်နေရာတခု ကိုရှာရတာပါ။
အဲဒီနောက်မှာတော့ ဦးမြင့်စိုးဟာ အလုပ်လုပ်ဖို့အတွက် ဂက်စ်မီးဖိုလေး တလုံးနဲ့ ချက်ပြုတ်ဖို့ အိုးခွက်တချို့ကို ပထမဆုံး ၀ယ်ရပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဆံပင်ရှည်တွေကို ပိုနီတေလ်းပုံစံ စည်းထားပြီး ခပ်ဖိုင့်ဖိုင့် ပုံစံရှိတဲ့ ဦးမြင့်စိုးဟာ အခန်းတခုထဲကနေ နေ့စဉ် နံနက် ၉ နာရီခွဲဆိုတာနဲ့ ထွက်လာလေ့ ရှိပါတယ်။ အဲဒီအချိန်မျိုးမှာ သူ့လက်ထဲမှာလည်း အစားအသောက်တွေ အပြည့်နဲ့ ပလပ်စတစ်အိတ်ကြီး၂ လုံးကို ဆွဲ၊ တက္ကသိုလ် ရိပ်သာလမ်းဘက်ကို ဦးတည်သွားတော့တာပါပဲ။
“
ဒါက ကျနော့်ရဲ့ လျှို့ဝှက် မီးဖိုချောင်ပေါ့။ ဘယ်နေရာမှာ ရှိတယ်ဆိုတာတော့ ကျနော် ခင်ဗျားကို မပြောနိုင်ပါဘူး။ ဘယ်သူမှလည်း မသိခဲ့ဘူး၊ ဒါက သူ့လုံခြုံရေးကြောင့်ပါ” လို့ အခု အသက် ၆၁ နှစ်အရွယ် ဦးမြင့်စိုးက ဧရာဝတီကို ပြောပါတယ်။
သူ့အနေနဲ့ အခုလို လျှို့ဝှက်နေရတဲ့ အကြောင်းကတော့ ဦးမြင့်စိုးဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေရစဉ် ကာလတလျှောက် သူ့အတွက် အစားအသောက်တွေ ချက်ပြုတ်ကျွေးမွေးရတဲ့ တာဝန်ယူထားသူ ဖြစ်လို့ပါပဲ။ သူ အစားအသောက်တွေ ဘယ်မှာချက်တယ် ဆိုတာကို လူတွေ သိသွားရင် ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားသူတွေက အစားအသောက်တွေထဲ အဆိပ်လာခတ်မှာကို သူက စိုးရိမ်ပါတယ်။
“
ဖိုးလေး” လို့လည်း လူသိများတဲ့ ဦးမြင့်စိုးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သီးသန့် စားဖိုမှူးအဖြစ် ၁၉၉၅ တည်းက တာဝန်ယူခဲ့တာပါ။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု စားဖိုမှူးဆီကနေ ၁၉၉၅ ခုနှစ် ဇူလိုင်လကတည်းက တာဝန်လွဲယူခဲ့သူလည်း ဖြစ်ပါတယ်။
နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင်ရဲ့ အင်းလျားကန်ဘေးအိမ်က မီးဖိုချောင်မှာ သူဟာ ၁၉၉၅ ကနေ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ထပ်ကျခံခဲ့ရတဲ့ အချိန်မတိုင်ခင်အထိ အစားအသောက်တွေကို ပြင်ဆင် ချက်ပြုတ်ခဲ့ပါတယ်။ ဒါပေမယ့် အကျယ်ချုပ် စတင်ချိန်ကစပြီး ခြံဝန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တခြား အမျိုးသမီး ၂ ဦး တည်းနဲ့သာ အတူနေထိုင်ခွင့် ရတော့တယ်။
၂၀၀၄ ခုနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်အရ ဦးမြင့်စိုးနဲ့ သူ့သူငယ်ချင်း တယောက်ဟာ အပြင်ကနေ အစားအသောက်တွေ ချက်ပြုတ်ပြီး နေအိမ်ခြံဝန်းထဲကို ပို့ပေးခွင့်ရခဲ့ပါတယ်။ ၂၀၀၅ မှာတော့ သူ့ သူငယ်ချင်း ကျန်းမာရေးအရ အနားယူလိုက်ရတဲ့အချိန်မှာ ဦးမြင့်စိုးဟာ တာဝန်တွေကို တဦးတည်း ယူလိုက်ရပါတော့တယ်။
“
အဲဒီကာလတွေတုန်းက ကျနော် တရက်ပဲ ထမင်းဟင်းပို့တဲ့ တာဝန် ပျက်ကွက်ခဲ့ဖူးတယ်။ ဘာကြောင့်လဲ ဆိုတော့ ၂၀၀၈ ခုနှစ် မေလ ၃ ရက်နေ့တုန်းက နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ကိုသွားတဲ့ လမ်းတိုင်းလိုလို သစ်ပင်တွေ အတုံးအရုန်း လဲပြိုကျပြီး လမ်းတွေ ပိတ်ဆို့နေခဲ့လို့ပါ” လို့ ဦးမြင့်စိုးက ဆိုပါတယ်။
သူ့အလုပ်နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှု လုပ်တဲ့နေရာမှာ ဦးမြင့်စိုးဟာ ဒေါ်အောင်ဆန်းစုကြည် စားသောက်တဲ့ ဟင်းလျာတွေမှာ ရှောင်ရန် ဆောင်ရန်တွေနဲ့ ပတ်သက်ပြီး သိအောင် အရင်လုပ်ရပါတယ်။
“
အစ်မက ၀က်သား၊ အမဲသား၊ ဆိတ်သား မစားဘူး။ နောက်ပြီး အချိုမှုန့်၊ ဆီများတာကို ရှောင်တယ်။ အငံမစားဘူး။ ငါး၊ ပုဇွန်နဲ့ အသီးအရွက်တွေကိုတော့ သူ့အကြိုက်တွေပဲ။ ကြက်နဲ့ ဘဲလည်း ပါတယ်” လို့ သူက ပြန်ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်မှာ ချက်ရတုန်းကတော့ နံနက်စာအတွက် ဦးမြင့်စိုးဟာ နေ့စဉ် မနက် ၈ နာရီ၊ ၉ နာရီ ၀န်းကျင် အချိန်ရောက်တိုင်း မြန်မာ့ရိုးရာ အစားအသောက် တချို့ကို စီစဉ်ပေးရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အတွက် အသားဟင်းတခွက်၊ salad, ဟင်းရည်နဲ့ ထမင်းနည်းနည်းကို အချိုးကျ သူက ပြင်ဆင်ပေးခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်က နေ့လယ်စာဆိုရင် နေ့လည် ၁၂ နာရီ ၀န်းကျင်လောက်မှာ စားတတ်ပြီး ညစာကိုတော့ ညဘက် ၇ နာရီလောက်မှာ စားသုံးတယ်လို့ သူက ဆိုပါတယ်။
“
သူက ကျန်းမာရေးကို သိပ်ဂရုစိုက်တာ။ အချိုမှုန့်အစား သကြားကိုပဲ သုံးဖို့ ကျနော့်ကို ပြောတယ်။ ဒီ့အပြင် သူက မ၀ချင်ဘူး” လို့ ဦးမြင့်စိုးက ပြောပါတယ်။
နိုင်ငံရဲ့ အကျော်ကြားဆုံးသူတဦးကို အစားအသောက်တွေ ချက်ပြုတ်ကျွေးမွေးရပေမယ့် တကယ်တော့ ဦးမြင့်စိုးဟာ ချက်နည်းပြုတ်နည်း သင်တန်း တခါမှ မတက်ဖူးပါဘူး။
ဒါပေမယ် ငယ်ငယ်တုန်းက သူ့အမေရဲ့ မီးဖိုချောင် အလုပ်တွေကို ကူညီ လုပ်ဆောင်ပေးခဲ့ရလို့ သူ့ရဲ့ အချက်အပြုတ် စွမ်းရည်ဟာ တိုးတက်လာခဲ့ပြီး NLD ပါတီဝင်တွေ၊ အပေါင်းအသင်းတွေကြား သူဟင်းချက်ကောင်းတယ်ဆိုတာ လူသိများလာခဲ့တယ်။
“
အစ်မက စားဖိုမှူးအသစ် လိုချင်ခဲ့တုန်းက ကျနော့် သူငယ်ချင်းတွေက လွယ်လင့်တကူပဲ ကျနော့်ကို ညွှန်းခဲ့ကြတယ်။ အဲဒီကနေ ကျနော်လည်း အစ်မရဲ့ စားဖိုမှူးဖြစ်လာခဲ့တာ။ ကျနော် ချက်ပြုတ်ကျွေးတဲ့ အစားအသောက်တွေနဲ့ ပတ်သက်လို့ အစ်မက တခါမှ ချိုသည်၊ ခါးသည် မပြောဖူးဘူးသလို သူ ဘာစားချင်တယ် ဆိုတာလည်း တခါမှ မပြောခဲ့ဖူးဘူး” လို့ ဦးမြင့်စိုးက ရှင်းပြပါတယ်။
ခြံအမှတ် ၅၄၊ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံရစဉ် ကာလ တလျှောက် ဒေါ်အောင်ဆန်းစုကြည် အတွက် အစားအသောက်တွေ သွားပို့တဲ့ အချိန်တိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စိစစ်မှု စီစဉ်မှုတွေနဲ့ ဖြတ်သန်းသွားခဲ့ရတာလို့ အဲဒီတုန်းက အဖြစ်တွေကိုသူက ဒီလို ပြောပြပါတယ်။
“
ကျနော် ယူသွားပြီး ပို့ပေးတာတွေဟာ အစားအသောက်တွေချည်း ဆိုတာ ဟုတ် မဟုတ်၊ ဒီအပြင် ဘာမှ မပါဘူး ဆိုတာ သေချာအောင် သူတို့က နေ့တိုင်း စစ်ဆေးတယ်၊ ပြီးတော့ ဓာတ်ပုံရိုက်တယ်။ သူတို့ နေ့တိုင်း လုပ်တာဗျာ” လို့ သူက ပြန်ပြောပြပါတယ်။
အဲဒီလို စစ်ဆေးပြီးရင်တော့ နေအိမ်ဂိတ် အရှေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေထိုင်ခဲ့တဲ့ အမျိုးသမီး တဦးဆီကို အစားအသောက်တွေ ထည့်ထားတဲ့ ပလပ်စတစ်ဗူးတွေ သူက လက်လွှဲပေးခဲ့ရတာပါ။ ဒီလို ပေးတဲ့အခါမှာလည်း အဆိုပါ အမျိုးသမီးရဲ့ ဘေးမှာ မတ်တတ်ရပ်ပြီး စောင့်ကြည့်နေတဲ့ လုံခြုံရေးတပ်သားရဲ့ မျက်လုံးအစုံတွေရှေ့မှာပဲ လုပ်ရပါတယ်။
အဲဒီ အခါမှာတော့ နောက်တခေါက်လာရင် ဒေါ်အောင်ဆန်းစုကြည်က ဘာတွေကို လိုချင်တယ်ဆိုတဲ့ စာရင်းကို အဲဒီ အမျိုးသမီးကြီးက ရွတ်ပြတာကို သူ့က လိုက်မှတ်ပါတယ်။
“
ဒီလိုပဲ နေ့စဉ် ကျနော် လုပ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အစ်မ အခြေအနေ အဆင်ပြေတယ်၊ မပြေဘူးဆိုတာ သိနိုင်တဲ့လမ်းက ဒီတလမ်းပဲ ရှိတာကိုး” လို့ သူက ပြောပါတယ်။
တကယ်တော့ ဦးမြင့်စိုးဟာ ကလေးဘ၀ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ် အောင်ဆန်းကို ကြည်ညိုသူပါ။။ ဒါကြောင့် သူဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို အစကတည်းကနေ အခုအထိ အခိုင်အမာ ထောက်ခံသူဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် NLD ပါတီကို စတင် တည်ထောင်လိုက်စဉ်က သူဟာ NLD ပါတီကို ၁၅ ဦးမြောက် ပါတီဝင်အဖြစ် ၀င်ရောက်ခဲ့ပါတယ်။
“
အစ်မက အဖေတူ သမီးလေ။ ကျနော်က နိုင်ငံနဲ့ တိုင်းသူပြည်သားတွေ အတွက် သူတို့ ဘ၀တွေကို စွန့်လွှတ်ကြတဲ့ သူတို့ကို လေးစားတယ်” လို့ ဦးမြင့်စိုးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ရည်ညွှန်းပြီး ပြောပါတယ်။
NLD
နာယက အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဝင်းတင်က “ဆယ်စုနှစ်နဲ့ ချီပြီး နေ့စဉ် ဒေါ်အောင်ဆန်းစုကြည်ကို သူက အလုပ်အကျွေးပြုခဲ့တာ၊ သူကြုံခဲ့ရတဲ့ အခက်အခဲတွေကို ကြည့်ခြင်းအားဖြင့် ဖိုးလေးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် သူဘယ်လောက် သစ္စာရှိတယ်ဆိုတာ လူတိုင်း အလွယ်တကူ ခန့်မှန်းနိုင်မှာပါ” လို့ မှတ်ချက်ပြုပါတယ်။
၂၀၁၀ ခုနှစ် နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လည် လွတ်မြောက်ခဲ့တယ်။ အဲဒီ နောက်ပိုင်း ဦးမြင့်စိုး ဟာ NLD ခေါင်းဆောင်အတွက် စားဖိုမှူး မဟုတ်တော့ပါဘူး။
အခုဆိုရင် သူဟာ အသက် ၆၀ ထဲ ၀င်လာခဲ့ပါပြီ။ စားဖိုမှူး ဦးမြင့်စိုးဟာ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် မိတ်ဆွေတွေနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ပြန်ပြောင်း အောက်မေ့ရင်း စာရေးတဲ့ဘက် လှည့်သွားပြီး စာတွေရေးနေပါပြီ။ မကြာသေးမီက သူ့ရဲ့ “အောင်ဆန်းရဲ့ သမီး” လို့ အမည်ရတဲ့ စာအုပ်ကတော့ ရောင်းအကောင်းဆုံး ဖြစ်လာပါတယ်။
“
ကျနော် ယုံကြည်ရတဲ့ သူတွေကို အစ်မအတွက် ဟင်းချက်တဲ့ အလုပ် လွဲပေးလိုက်ပြီ။ အစ်မ အတွက်တော့ သူတို့ ကောင်းကောင်း လုပ်ပေးနိုင်မှာပါ” လို့ သူက ဆိုပါတယ်။
ဦးမြင့်စိုးက ဆက်လက်ပြီး “အခုတော့ ကျနော့်မှာ အစ်မရဲ့ ဘ၀မှတ်တမ်းကို လုပ်ဖို့ အချိန်ရပြီ။ အစ်မနဲ့ အနီးကပ်ဆုံး နေခဲ့တဲ့သူတွေထဲက တဦးအနေနဲ့ ကျနော့်မှာ အစ်မအကြောင်း ရေးစရာတွေ အများကြီး ရှိပါတယ်” လို့ ပြောပါတယ်။
ဒါပေမယ့်လည်း အကျင့်ဟောင်းဆိုတာ့ ဖြတ်ရခက်သား။
“
အစ်မ လွှတ်တော်ကို မတက်ရတဲ့အချိန်မျိုးဆို တလကို ၁ ကြိမ်၊ ၂ ကြိမ်လောက်တော့ ကျတော် ၀င်ချက်ပေးနေတုန်းပဲ” လို့ ဦးမြင့်စိုးက ဆိုပါတယ်။ ။

https://www.facebook.com/photo.php?fbid=437625052981919&set=a.161902937220800.40167.100002032836415&type=1&theater ဒီကနေ့ရကူးယူဖော်ပြပါတယ်။

Friday, January 18, 2013

၂၀၀၇ရွှေဝါရောင်တော်လှန်၏ခေါင်းဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်ထာဝရက အိန္ဒိယနိုင်ငံမှာ သာသနာပြောက်ကွယ်သွားသလို ယနေ့မြန်မာနိုင်ငံမှာလည်း ဗုဒ္ဓသာသနာကွယ်ပြောက်ဖို့ လမ်းကြောင်းပေါ်ကို ဦးတည်နေပြီးလို့ပြောဆိုလိုက်ပါတယ်

မြန်မာနိုင်ငံလုံးဆိုရာသံဃာ့ကိုယ်စားအလှယ်အဖွဲ့ ခေါင်းဆောင် အရှင်ထာဝရက အလုပ်တွေ ဆက်လုပ် ရမှာပေါ့ ဒါပဲရှိတယ်၊ လွတ်မြောက်နယ်မြေထဲမှာဆိုပင်မယ်။မြန်မာပြည်က မပြည့်မစုံသေတဲ့ စာပေ လွတ်လပ်ခွင့် ငြိလာတဲ့
ဂျာနယ်တွေက သတင်းတွေကို ဖတ်ခဲ့ရတော့ အတွင် အခြေအနေကို ဘာမှ မသိရသေးဘူး၊ လေ့လာရဦးမယ်၊
အချိန်ယူရဦးမယ်လို့ နော်ဝေနိုင်ငံ ရတနာအောင်မြေကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်သည့် အရှင်ထာဝရက ပြောဆိုပါတယ်။ အရှင်ထာဝရဟာ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး အတွင်း ဦးဆောင် ပါဝင်ခဲ့သည့်
အတွက် သာသနာ ညှိုးနွမ်းစေသည့် ပြစ်မှု၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု အပါအဝင် ပြစ်မှုများဖြင့် တရားစွဲဆိုခံခဲ့ရပြီးမျက်ကွယ်၌ထောင်ဒဏ်နှစ်ရှည်ချမှတ်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။

အခုလက်ရှိဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေအပေါ်ဘယ်မြင့်ပါလဲဘုရား။
ဦးဇင်းရဲ့အမြင့်ကတော့ အရှင်ပါတယ်။အာဏာရှင်အစိုးရ အာဏာပိုင်များသည် ပြည်သူလူထုအတွင်း အမျိုးမျိုးသွေးခွဲခဲ့သည် သမိုင်းကြောင်းအတွေ့အကြုံများကိုသိရှိကြဖို့လိုပါတယ်။“မြန်မာပြည်သူလူထုဟာ အခွင့်အရေးတွေ ရပိုင်ခွင့်တွေအတွက် ဒေသဆိုင်ရာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့အခါ စစ်အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း အဓိကရုဏ်း တခုကို ဖန်တီးပေးလိုက်ကြပြန်ပါတော့တယ်။ ဦးဇင်းတို့ဟာ ရာစုနှစ်ထက်ဝက်နီးပါး စစ်အာဏာရှင်စနစ်အောက်မှာဖိနှိပ်ခံ၊ ပိတ်ပင်ခံခဲ့ရတဲ့ ဦးဇင်းတို့ တိုင်းပြည်ဟာ အရာရာအောက်တန်း နောက်တန်းကျခဲ့ရပြီး ယဉ်ကျေးမှု အမွေအနှစ် စာပေ အသိပညာ တွေပါ တစစ ပျက်သုဉ်းလုမတတ်ဖြစ်ခဲ့ရပါတယ်။ ဒီကနေ့ ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ သန့်ရှင်း သော အစိုးရဖြစ်အောင် ကြိုးပမ်းနေကြတဲ့ ခေတ်ရောက်မှ အပိတ်ခံထားရတဲ့မျက်လုံးများ ပြန်ဖွင့်ပြီး ဒီမိုကရေစီ စနစ်နဲ့ ထိုက်တန် သောပြည်သူလူထုကြီးဖြစ်အောင်၊လူထုအခြေပြုအဖွဲ့အစည်းများကနေ့/ညမနားကြိုးစားနေကြရပါမယ်။
ဦးဇင်းတို့နိုင်ငံရဲ့စတုတ္ထမဏ္ဍိုင် မြင့်မားတိုးတက်မှသာ နိုင်ငံရဲ့ရှေ့ခရီး လုံခြုံ လွတ်လပ် အေးချမ်းသာယာမှာဖြစ်တာမို့ ဦးဇင်း တို့အားလုံး ပါဝင်ဖြည့်ဆည်း တာဝန်ယူနိုင်ရမယ်လို့ ခံယူထားပါတယ်။ ဒါကြောင့် ဦးဇင်း တို့ တတ်နိုင် တဲ့ဘက်က တပိုင်တနိုင် ကွက်လပ်ဖြည့်တဲ့အနေနဲ့ အမျိုးသား အကျိုးစီးပွားကိုကြည်ပါလို့ပြောခြင်းပါတယ်။ 

နောက်ဆုံးတစ်ခုမေးခြင်းတာကဘုရားအခုအချိန်အထိသံဃာတော်တွေကိုဖိနှိမ့်မှုတွေရှိနေသေ
တာကိုဘာပြောခြင်းပါလဲဘုရား။
မြန်မာနိုင်ငံရဲ့ ရဟန်းသံဃာတော်များ လမ်းမပေါ် ထွက်ခဲ့ကြပါတယ်။ ဘာကြောင့် ထွက်လာခဲ့ကြရပါသလဲ။ အဖြေကတော့ နည်းမျိုးစုံနဲ့ ဖိနှိပ်အနိုင်ကျင့်နေတဲ့ အာဏာရှင်များ လက်အောက်က ရုန်းထွက်ကြဖို့ပါပဲ။ စစ်အာဏာရှင်များ အဓမ္မဝါဒီနဲ့ တိုင်းပြည်အပေါ် ကြီးစိုးနေမှုကို မြတ်စွာဘုရားရှင်ရဲ့ တပည့်သား သံဃာတော်များက ဓမ္မဆိုတဲ့တရားနဲ့ တွန်းလှန်ခဲ့တဲ့ ရွှေဝါရောင် ဒီလှိုင်းများပါပဲ။ ဒီရွှေဝါရောင်တော်လှန်ရေးလို့ခေါ်တဲ့ သံဃာတော်များဦးဆောင်တဲ့ လူထုလှုပ်ရှားမှုအပေါ် နည်းနည်းလောက် ပြန်ဆန်း စစ်ကြည့်ချင်ပါတယ်။ ဆန်းစစ်ကြည့်မှလည်း ဦးဇင်းတို့ ကောက်ချက်တစ်ခုကို ချနိုင်မှာပါ။ ဒီကောက်ချက်ဟာ ဦးဇင်းတို့ ရှေ့ဆက်ချီတက်ရမယ့် တော်လှန်ရေးခရီးအတွက် အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။အဖြေက တော်တော်လေးပြောမှ ပြည့်စုံမှာပါ။ ဒါကြောင့် လတ်တလောအခြေအနေတွေကိုပဲ အဓိကထား သုံးသပ်ကြည့်ပါရစေ။ အရင်ဆုံး စစ်အုပ်ချုပ်ရေးစနစ်ကို သုံးသပ်ကြည့်မယ်ဆိုရင် န-အ-ဖဟာ သပ်လျှိုသွေးခွဲတဲ့စနစ်ကို တွင်တွင်ကျယ်ကျယ်ကြီး အသုံးပြုနေတာ တွေ့ရပါတယ်။ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေကို လုပ်ပိုင်ခွင့် အာဏာတွေ ပေးပြီး ပြည်သူတွေနဲ့ သွေးခွဲအုပ်ချုပ်ခဲ့သလိုပဲ နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်များနဲ့ အောက်ခြေသံဃာတော်များကိုလည်း နည်းအမျိုးမျိုးနဲ့ သွေးခွဲ အုပ်ချုပ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုရင် ပြည်သူတွေအပေါ်မှာ သံဃာထုရဲ့ သြဇာကြီးမားတာကို သိသလို ဒီသံဃာထု နိုင်ငံရေးလောကထဲမှာ ပါဝင်လာမှာကိုလည်း ကြောက်ပါတယ်။ ဒါကြောင့် ပြည်သူတွေနဲ့အလှမ်းဝေးတဲ့ မ-ဟ-န ဆရာတော်များကို အမျိုးမျိုး ချဉ်းကပ်စည်းရုံးပြီး အောက်ခြေ သံဃာတော်များအပေါ် ဝိနည်းဖြင့်လည်းကောင်း၊ တည်ဆဲဥပဒေများဖြင့် လည်းကောင်း နည်းမျိုးစုံသုံးပြီး ဖိနှိပ်ခြင်းဖြင့် သံဃာထုကို သွေးခွဲခဲ့ပါတယ်။ ဒါဟာ သံဃာကို သင်းခွဲခြင်းဆိုတဲ့ သံဃဘေဒကကံကို ကျူးလွန်လိုက်တာပါပဲ။ ဒေဝဒတ်လက်သစ်များလို့ ဆိုရမှာပါ။
ယခုလက်ရှိ အခြေနေထိကတော့ မြန်မာပြည်က အာဏာပိုင်တွေဟာ ရဟန်းသံဃာတွေအပေါ်မှာ အငြိုးကြီးစွာနဲ့ဘဲ ကန့်သတ်မှုတွေ မတရားချုပ်ချယ်မှုတွေ ဖိနှိပ်မှုမျိုးစုံတွေကို လွန်ကြူးနေကြဆဲပါဘဲ။အရင်က မြန်မာပြည်မှာ သံဃာတော်တွေ ရရှိတဲ့ အခွင့်အရေးတွေဟာ န.အ.ဖ စစ်အုပ်စုမပြုတ်သ၍ ပြန်လည်ရရှိတော့မည် မဟုတ်ပါ။ အကျိုးဆက်အဖြစ် စာပေသင်ကြားမှုတွေ တရားဟောကြားမှုတွေ တရားအားထုတ်မှု စတဲ့ ဘာသာရေး လုတ်ငန်းစဉ်တွေကိုပါ ထိခိုက်လာနေတဲ့အတွက် အိန္ဒိယနိုင်ငံမှာ သာသနာပြောက်ကွယ်သွားသလို ယနေ့မြန်မာနိုင်ငံမှာလည်း ဗုဒ္ဓသာသနာကွယ်ပြောက်ဖို့ လမ်းကြောင်းပေါ်ကို ဦးတည်နေတယ်လို့ဆိုရင် လွန်မယ်မထင်ပါ။ ဒါကြောင့် မြန်မာနိုင်ငံက အနာဂါတ် ဗုဒ္ဓသာသနာအရေးဟာ ယခုအတိုင်းသာ ဆက်သွားခဲ့ပါရင် အလွန်တရာမှ ရင်လေးစရာကောင်းလှပါတော့တယ်။

ဆရာတော်အားကျေးဇူးတင်ပါဘုရား။


 

Thursday, November 10, 2011

နိုင်ငံရေးပုံသဏ္ဍန်တွေ ဆက်လက်ထုတ်ဖော်တည်ဆောက်ကြရမယ် ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၁




နိုဝင်ဘာ ၄ ရက်နေ့စွဲနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေထွက်လာတယ်။ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာရေးဆိုတဲ့စကားရပ်ကို ပြောင်းလဲသုံးစွဲတယ်။ အနည်းဆုံး ကြားဖြတ်ရွေးကောက်ပွဲမှာ အနည်းဆုံး ၃ နေရာ ၀င်ရောက်ယှဉ်ပြိုင်မှု ပြုနိုင်၊ မပြုနိုင် ဆိုတဲ့စကားရပ်ကို ထည့်သွင်း ရှင်းလင်းလိုက်တယ်။ နိုင်ငံရေးအကျဉ်းသား(ဟောင်း) တွေကို နိုင်ငံရေးပါတီများမှာ ၀င်ရောက်ခွင့်မရနိုင်အောင် ကန့်သတ်ထားတာတွေကို ပြင်ဆင်လိုက်တယ်။ အဲဒီ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ လက်ရှိလွှတ်တော်ပြင်ပမှာ ရပ်တည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်န်အယ်ဒီပါတီအနေနဲ့ အဆိုပါဥပဒေနဲ့အညီ ပါတီမှတ်ပုံတင်ရန်၊ လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရန်နဲ့ ၂၀၀၈ အခြေခံဥပဒေကို လေးစားလိုက်နာမှုများကို ရင်ဆိုင်ရန် ဆွေးနွေးဆုံးဖြတ်ကြဖို့ လာမည့် နိုဝင်ဘာ ၁၈၊ သောကြာနေ့ကို ပါတီခေါင်းဆောင်များအသီးသီးနဲ့ အစည်းအဝေးကျင်းပမယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ယမန်နေ့က ဆရာဦးဝင်းတင်နဲ့ မေးမြန်းခဲ့သည်များကို တင်ဆက်လိုက်ပါတယ်။

မေး။။၂၀၁၀ မတ်လ ၈ ရက်နေ့လောက်က ရွေးကောက်ပွဲဥပဒေထွက်လာခဲ့တုန်းက အင်န်အယ်ဒီမှာ စီအီးစီတွေ အစည်းအဝေးထိုင်ချိန်နဲ့ တိုက်ဆိုင်ခဲ့တယ်။ အဲသည်တုန်းက တခါတည်း ဆုံးဖြတ်ခဲ့တာ ရှိသလားဆရာ။

-       မရှိပါဘူး။ ဘယ်သူမှလည်း သေချာ မသိကြသေးဘူး။ ဘယ်သူမှ မဆွေးနွေးနိုင်ကြဘူး။ နောက်တပတ်ဖြစ်တဲ့ မတ် ၁၅ ရက်နေ့ကျမှ အရေးပေါ်ဆွေးနွေးနိုင်ခဲ့တယ်။

မေး။။ အဲသည်နောက် ၂၀၁၀ မတ် ၁၅ နောက်ပိုင်းမှာ ပါတီက ကန့်ကွက်သူမရှိတဲ့ ဆုံးဖြတ်ချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ ပါတီကို ထပ်မံမှတ်ပုံမတင်ခဲ့ဘူး။ အဲသည်တုန်းက ဆရာတို့က ပြည်သူလူထုရဲ့ထောက်ခံမှုကို ရရှိထားတဲ့ နိုင်ငံရေးအင်အားစုကြီးဖြစ်တယ်လို့ သဘောထားပြောဆိုပြီးတော့ ရပ်တည်ခဲ့တယ်။ တရားဝင်ပါတီတို့ တရားမ၀င်ပါတီတို့လို့တောင်မှ မသုံးနှုန်းတော့ဘူး။ အဲသလို ရပ်တည်ခဲ့တာတွေကနေ တဆင့်ပြီး တဆင့် အခုလိုမျိုး တဖက်က စစ်အုပ်စုနဲ့ လက်ရှိကြံ့ဖွံ့အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေဆီ ဦးတည်နိုင်ခဲ့တယ်လို့ ပြောလို့ ရမလားဆရာ။

-       ပြောနိုင်ပါတယ်။ ပါတီဟာ အဲသည်တုန်းကတည်းက တရားမ၀င်ပါတီအဖြစ်နဲ့ ရပ်တည်ခဲ့ကြတယ်။ မြေအောက်လည်း မသွားဘူး၊ လက်နက်လည်း မကိုင်ဘူး။ လူထုတရပ်လုံးကလည်း ပါတီနဲ့ အတူတူရပ်တည်ခဲ့ကြတဲ့အတွက် အဲသည်တုန်းကတည်းက အစိုးရက ဘာမှ မလုပ်နိုင်ခဲ့ဘူး။ အဲသည်ကတည်းက ရပ်တည်ချက်မှန်လို့၊ မူပေါ်မှာ ရပ်လို့ လူထုရဲ့ နိုင်ငံရေးအင်အားစုကြီးအဖြစ် အောင်မြင်မှုတွေ ရခဲ့တယ်။

မေး။။ ဟိုလွန်ခဲ့တဲ့ ၂၀၁၀ မတ်လမှာ ကျနော်တို့ မေးခဲ့သလိုပေါ့လေ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဥပဒေတွေကြောင့် အင်န်အယ်ဒီဟာ ဟိုးတုန်းက လွတ်လပ်ရေးခေတ်ဦးကာလ ဖဆပလကြီး ၂ခြမ်းကွဲသလို အန်အယ်ဒီဟာ ကွဲမှာလားလို့ မေးခဲ့တော့၊ ဆရာတို့က မကွဲပါဘူးလို့ ပြောခဲ့တယ်။ ပါတီဟာ အဲသည်ကာလကို တစုတစည်းတည်း ရပ်တည်ပြီး ရင်ဆိုင်ခဲ့တယ်။ အခုအချိန်မှာလည်းပဲ လက်ရှိအစိုးရဖက်က ပြုပြင်ပြောင်းလဲမှုတွေအရ ပါတီအနေနဲ့ တရားဝင်မှတ်ပုံတင်ဖို့ အခြေအနေကို ရောက်လာပြီလို့ အများက ပြောနေကြတယ်။ အဲသည်နေရာမှာ ဆရာတို့က အင်န်အယ်ဒီပါတီကြီးကို ၉၀ရွေးကောက်ပွဲဆိုတာနဲ့အတူ ထားရစ်ခဲ့ပြီး ပါတီအသစ် လူအသစ်တွေနဲ့ ရင်ဆိုင်ကြလိမ့်မယ်တော့ မဟုတ်ဘူးလို့ ထင်ပါတယ်။

-       အဲလိုမျိုး မဟုတ်ပါဘူး။ အင်န်အယ်ဒီပါတီဟာ ပြည်သူလူထုနဲ့အတူ ရပ်တည်တဲ့ နိုင်ငံရေးအင်အားစုဖြစ်တယ်။ ကျနော်တို့က နိုင်ငံရေးအခြေအနေတွေကို တစုတစည်းတည်း ရပ်တည်ပြီး ရင်ဆိုင်သွားမှာ ဖြစ်တယ်ဆိုတာက သေချာပါတယ်။ အဲသည်လိုပဲ ကျနော်တို့တွေ နှစ်ပေါင်း ၂၀ ကျော် ရပ်တည်ခဲ့ပြီး ဖြစ်တယ်။ အဲသည်အတွက် အင်န်အယ်ဒီဟာ မိမိရပ်တည်ချက်အတိုင်း၊ မူအတိုင်း ဆက်လက်ပြီး စုစုစည်းစည်း သွားကြမှာဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

အဲသည်မှာ ကျနော်တို့က မြေပေါ်မှာ ရပ်တည်နေတဲ့ နိုင်ငံရေးပါတီတရပ်ဖြစ်တဲ့အတွက် မှတ်ပုံတင်ဖို့ အခြေအနေရှိလာတယ်လို့ ဖြစ်လာတယ်လို့ ပြောရင်ရပါတယ်။ ရွေးကောက်ပွဲ ၀င်ဖို့ဆိုတာကတော့ အခုအချိန်မှာ ကြားဖြတ်ရွေးကောက်ပွဲမှာ အနည်းဆုံး စတိဝင်မလား မ၀င်ဘူးလားဆိုတာ စဉ်းစားကြရမယ့် အချက်တခု ရှိနေတာပေါ့ကွာ။

နောက်ပြီးတော့လည်း လက်ရှိလွှတ်တော်ခေါင်းဆောင်တွေကနေပြီးတော့ ၉၀ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်ပြုပါတယ်တို့ ဘာတို့ ထုတ်ပြောလာတယ် ဆိုတာကလည်း ဘယ်လိုအတိုင်းအတာနဲ့ ပြောနေတာလည်းဆိုတာကို ပြန်ကြည့်ကြရမယ်လေ။ လွှတ်တော်ကခေါင်းဆောင်တွေက ထုတ်ပြောတယ်ဆိုတာ ကျနော်တို့တောင်းဆိုနေတဲ့ ၉၀ရွေးကောက်ပွဲကို တနည်းနည်းနဲ့ အသိအမှတ်ပြုရမယ်ဆိုတဲ့ အချက်ကို ပြောနေတာလား၊ ဒါက တရားဝင်ရဲ့လား၊ လုံလောက်သလား၊ လွှတ်တော်မှာ တင်ပြပြီး ထုတ်ပြန်ဖို့ လိုသလား စတာတွေက ဆွေးနွေးစရာ အချက်တွေ ဖြစ်တယ်လို့ ပြောနိုင်တယ်။

မေး။။ ကျနော်တို့ မေးချင်တာကတော့ ဆရာရယ်၊ ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုလိုက်တယ်ဆိုရင် အင်န်အယ်ဒီပါတီနဲ့ မဟာမိတ်တွေက အဲသည်ရွေးကောက်ပွဲကနေ ပြည်သူတွေက ရွေးချယ်တင်မြှောက်ခြင်း ခံလိုက်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီတွေဖြစ်တယ်ဆိုတာပါ တပါတည်း အသိအမှတ်ပြုသလိုဖြစ်သွားတယ်။ သို့သော် သူတို့တွေရဲ့ လွှတ်တော်ခေါ်ဆိုနိုင်ခွင့်တွေ၊ အစိုးရတရပ်ဖွဲ့စည်းနိုင်ခွင့်တွေ မရရှိခဲ့ကြဘူး။ သူတို့ကို ကျော်လွန်ပြီးတော့ အခုကျတော့ ၂၀၁၀ ရွေးကောက်ပွဲတခုနဲ့ အခု ကြံ့ဖွံ့လွှတ်တော်တွေ အစိုးရတွေ ပေါ်ပေါက်လာတယ်။ ဒါကြောင့် အခုလက်ရှိ အစိုးရနဲ့ လွှတ်တော်က အဲသည်အပေါ်မှာ တစုံတရာ ထုတ်ပြန်ဖို့ လိုမယ် မဟုတ်ဘူးလား လို့  ကျနော်တို့က မေးခွန်းထုတ်နေကြတယ် ဆရာ။

-       အဲဒါတွေက ပြောစရာတွေ အများကြီး ရှိတာပေါ့။ ဒါပေမယ့်လည်း အခုအချိန်မှာ ပြင်ဆင်မှုတွေလုပ်ပေးလာတာတွေတော့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကနေ ထုတ်ပစ်ရမယ်လို့ ပြောခဲ့တာတွေ ရုတ်သိမ်းလိုက်တယ်။ လက်ရှိအခြေခံဥပဒေကို လေးစားလိုက်နာရမယ်လို့ ပြောင်းပေးတယ်။ ဥပဒေဆိုတာကလည်း ဘာပဲဖြစ်ဖြစ် လေးစား လိုက်နာရမယ်ဆိုတာ the law ပဲလေ။ ဒါကြောင့် လက်ခံနိုင်စရာ ရှိတယ်လို့ ပြောနိုင်တယ်လေ။ ရွေးကောက်ပွဲကို စတိပဲဖြစ်ဖြစ် ၀င်ဖို့ဆိုတာကတော့ ရွှေဂုံတိုင်ကြေညာချက်ထဲမှာ အခြေခံဥပဒေကို ပြင်ဆင်ပေးရန်တို့၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရန်တို့ ပါနေတော့ အခုအခြေအနေမှာက ဒါတွေက အပြည့်အ၀ မဖြစ်သေးဘူးလို့ ပြောလို့ရတယ်။ သမ္မတကြီး ဦးသိန်းစိန်က အခြေခံဥပဒေကို လိုအပ်ရင် ပြင်ဆင်ကြမယ်လို့ ပြောဆိုတာ ရှိသော်လည်း တကယ်တမ်း လွှတ်တော်မှာ မမြင်ရသေးဘူး။ နိုင်ငံရေးအကျဉ်းသားလွှတ်တာကလည်းပဲ နည်းနည်းပဲ ရှိသေးတယ်။ ဒါတွေကိုလည်း စဉ်းစားစရာ ဖြစ်နေတယ်။

မေး။။ မှတ်ပုံတင်ခြင်းက တပိုင်း၊ ရွေးကောက်ပွဲဝင်ခြင်းက တပိုင်းလို့ ဖြစ်နေတာပေါ့ဆရာ။

-       အဲဒါကို ပတ်ဝန်းကျင်မှာလည်း ပြောဆိုဆွေးနွေးနေကြတာတွေ ရှိတာပေါ့။ မှတ်ပုံပဲတင်ကြမယ် ဆိုတာက တပိုင်း၊ မှတ်ပုံတင်တာနဲ့ ရွေးကောက်ပွဲဝင်တယ်ဆိုတာ တဆက်တည်းဖြစ်တယ်၊ တခါတည်း ဆက်စပ်စဉ်းစားရမယ်လို့ ပြောကြတာလည်း တပိုင်းပေါ့ကွာ။ ရွေးကောက်ပွဲဝင်ခြင်းဟာ အခြေခံဥပဒေအောက်ကို ၀င်ပြီးတော့ လွှတ်တော်ထဲကို ၀င်တာဖြစ်တယ်လို့ စဉ်းစားကြတာလည်း တပိုင်း။ ၃ မျိုးရှိတယ် လို့ပြောရင်ရတယ်။ ၁ မျိုးကတော့ မှတ်ပုံတင်ခြင်းနဲ့ ရွေးကောက်ပွဲဝင်ခြင်းကို ခွဲခြားပြီး စဉ်းစားမယ့်ဟာ ရှိမယ်။ နောက် ၁ပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်က ခုချိန်မှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က တခါတည်း ရွေးကောက်ပွဲဝင်ပြီးတော့ လွှတ်တော်ထဲကနေ လုပ်ဆောင်စေချင်တဲ့ သဘောထားရှိတဲ့သူတွေကတော့ မှတ်ပုံတင်ခြင်းကို ရွေးကောက်ပွဲဝင်တာနဲ့ တပါတည်း ဆုံးဖြတ်မယ်လို့ စဉ်းစားတဲ့ အပိုင်းလည်း ရှိမှာပေါ့ကွာ။ နောက်တပိုင်းကတော့ ပါတီကို မှတ်ပုံတင်သော်လည်း လက်ရှိအခြေခံဥပဒေကို ခေါင်းလျိုဝင်ရမယ့် လွှတ်တော်တက်ဖို့အတွက်တော့ ရွေးကောက်ပွဲမ၀င်နိုင်ဘူးလို့ စဉ်းစားတာကလည်း တပိုင်း ရှိနိုင်တယ်လို့ စဉ်းစားရင် ရမယ် ထင်ပါတယ်။

မေး။။ အဲသည်လို အပိုင်းတွေရှိသော်လည်း ဆွေးနွေး ငြင်းခုံ စဉ်းစားကြတာတွေရှိသော်လည်း အင်န်အယ်ဒီဟာ အစိတ်စိတ် အပိုင်းပိုင်း အကွဲကွဲ အပြားပြားနဲ့ ဖြစ်လာလိမ့်မယ် မဟုတ်ဘူးလို့ ပြောရင် ရမလားဆရာ။

-       ရပါတယ်။ ဟိုးလွန်ခဲ့တဲ့ ၂၀၁၀ မတ်လမှာတုန်းက ကျနော်တို့ပါတီကအင်အားစုတွေတရပ်လုံးက ၂၀၁၀ ရွေးကောက်ပွဲကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့စဉ်က စနစ်တကျ စည်းကမ်းရှိရှိ ညီညီညွတ်ညွတ်နဲ့ တစုတစည်းတည်း ဆုံးဖြတ်နိုင်ခဲ့သလိုမျိုး အခုလည်းပဲ ဒီလိုပဲ ကျနော်တို့တတွေက ရင်ဆိုင်ကြမယ်၊ ဆုံးဖြတ်ကြမယ်၊ လိုက်နာကြမယ်ဆိုတာကို ပြောနိုင်ပါတယ်။ အဲသည်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က နေအိမ်အကျယ်ချူပ်ကျနေခဲ့တယ်။ အခုအချိန်မှာကျတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ရှေ့ထွက်ပြီး ဦးဆောင်မှုပေးနေတဲ့အချိန်ဖြစ်တယ်။ အဲလို ပြောနိုင်ပါတယ်။

မေး။။ ဟုတ်ကဲ့ပါဆရာ။ တဆက်တည်းပဲ မနေ့က အကျဉ်းထောင်ထဲမှာ နှစ်ရှည်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အင်န်အယ်ဒီပါတီဝင် မဏီက ပြင်ပက ရဲဘော်တွေ၊ မိတ်ဆွေတွေဆီ ထောင်ထဲက ပေးစာလေးတခု ပို့ပါတယ်။ ကျနော်တို့ မိုးမခမှာ တင်ထားတယ်။ သူကတော့ အတိုချူံးပြောရင် အန္တရာယ်ကင်းဖို့၊ နိုင်ငံရေးပါးနပ်ဖို့၊ စည်းလုံးညီညွတ်ကြဖို့နဲ့ ပန်းတိုင်တူပြီး နည်းနာကွဲနေမယ်ဆိုရင် ခွန်အားတွေ နည်းမယ်လို့ ပြောထားပါတယ်။ အဲသည်ပန်ကြားစာလေးကို ဆရာကို တင်ပြပါတယ် ဆရာ။

-       ကောင်းပါတယ်။ အဲသည်လိုကြားရတာ ၀မ်းသာပါတယ်။ ကျနော်တို့တွေက စနစ်တကျနဲ့ စည်းကမ်းတကျနဲ့ ညီညီညွတ်ညွတ် ရင်ဆိုင်ကြမယ် ဆိုတာကို တိုက်တွန်းနေပါတယ်။ ကိုဇာဂနာတို့၊ ကိုစိုးထွန်းတို့၊ ၈၈ မျိုးဆက်တွေ၊ လူငယ်မျိုးဆက်သစ်တွေကိုလည်း တညီတညွတ်တည်း လုပ်ကြရမှာပဲလို့ တိုက်တွန်းနေတာပါပဲ။ သဘောထားတွေ အယူအဆတွေကလည်း ကွဲပြားတာတော့ ရှိကြမှာပဲ။ နားလည်မှုကို တည်ဆောက်ကြရမှာပဲ။ လှေလှော်နေကြသလိုမျိုးပေါ့လေ။ အားလုံးက တည့်မတ်အောင် ထိန်းသိမ်းပေးနေရတယ်လို့ ပြောချင်တယ်။

မေး။။ အခုလိုမျိုး အပြောင်းအလဲမှာ ကျနော်တို့က ပြောချင်တာတခုကတော့ အစတုန်းက ဒေါ်စုလွတ်လာပြီးတော့ အင်န်အယ်ဒီနဲ့ ဒေါ်စုရဲ့ လှုပ်ရှားမှုတွေကို ကြံ့ဖွံ့အစိုးရရဲ့ ပြည်ထဲရေးကနေ ကန့်သတ်ဖို့ ကြိုးစားတယ်။ ဒေါ်စုက အစိုးရနဲ့ စကားပြောချင်တယ်လို့ တောင်းဆိုတယ်။ နောက်တော့ ဦအောင်ကြည်နဲ့ တွေ့ဆုံတယ်။ အဲသည်တုန်းကလည်း ဒေါ်စုကိုပဲ အသိအမှတ်ပြုပြီး ခေါ်တာဖြစ်တယ်။ ပါတီကို ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ဘူး။ နောက် အားလုံးက၀ိုင်းပြီးပြောဆိုကြလို့ ပါတီခေါင်းဆောင်အနေနဲ့ ဒေါ်စုကို တွေ့ဆုံတာ၊ ပါတီနဲ့ပတ်သက်ပြီး လက်ခံတယ် ဘာညာ ဖြစ်လာတယ်လေ။ အခုကျတော့ ပါတီနဲ့ ဒေါ်စုကို လက်ရှိအစိုးရက အရေးတယူလက်ခံပြီး မှတ်ပုံတင်တာတွေ ဘာတွေ လုပ်လာသော်လည်း အစိုးရနဲ့ အာဏာပိုင်အဆင့်ဆင့်က ပါတီရဲ့ လူကြီး၊ လူငယ်၊ ပါတီဝင်စတဲ့ အဆင့်ဆင့်ကို အသိအမှတ်ပြုပြီး ဆက်ဆံတာတွေ မမြင်ရသေးဘူး။ ဖြစ်သင့်တာက လက်ရှိအစိုးရ၊ လွှတ်တော်နဲ့ အာဏာပိုင်တွေဟာ မဲဆန္ဒရှင်ပြည်သူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေ၊ တိုင်းရင်းသားတွေအားလုံးကို သာတူညီမျှ အရေးထားပြီး ဆက်ဆံရမယ်၊ သူတို့ဆန္ဒတွေကို အသိအမှတ်ပြုရမယ်ဆိုတဲ့ အဆင့်တွေ ဖြစ်ထွန်းလာဖို့ လိုသေးတယ်လို့ တင်ပြလိုပါတယ် ဆရာ။

- ဟုတ်ပါတယ်။ ဒါကို ကျနော့်အနေနဲ့ လက်ခံပါတယ်။

မေး။။ ဒီမေးခွန်းကတော့ နည်းနည်းရှည်တယ်။ ခွင့်ပြုပါဆရာ။ အခုက နိုင်ငံရေးအပြောင်းအလဲကာလတခုကို သွားနေတဲ့အချိန်လို့ ပြောကြတယ်ဆရာ။ ကျနော်ကတော့ ၁၉၆၂ စစ်တပ်အာဏာမသိမ်းခင် ဖဆပလကြီးကွဲခဲ့တာကို မြင်ယောင်ခဲ့တယ်။ ဒါကို ဆရာ့ကို မေးခဲ့ဘူးတယ်။ အခု မြင်ယောင်တဲ့ဖြစ်ရပ်တခုကတော့ ၁၉၇၄ မှာ စစ်တပ်က ဆိုရှယ်လစ်တပါတီ အခြေခံဥပဒေကို အတည်ပြုခဲ့တဲ့ အချိန်ကို ပြန်စဉ်းစားမိတယ်။ အဲသည်မှာ စစ်အာဏာရှင်တဖြစ်လည်း တပါတီအာဏာရှင်နိုင်ငံရေးအောက်မှာ အတိုက်အခံနိုင်ငံရေးအင်အားစုတွေရဲ့ ရပ်တည်မှုတွေ အားနည်းကုန်တယ်၊ လျော့ကျတယ်၊ ပျောက်ပျက်ကုန်တာတွေရှိတယ်။ စာပေ အနုပညာနဲ့ ဘာသာရေး၊ လူမှုရေးလွတ်လပ်ခွင့်တွေ ဖိနှိပ်ခံခဲ့ရတယ်။ ဥပမာ ဆရာတို့ကိုယ်တိုင် ဟံသာဝတီသတင်းစာ အယ်ဒီတာအဖြစ်က ဖယ်ရှားခံရတယ်။ ကိုကိုးကျွန်းပြန်တွေ နိုင်ငံရေးသမားတွေကို လူထုနဲ့ ပြန်လည်ဆက်စပ်မှုမရှိအောင် အာဏာရှင်တွေက ကန့်သတ်တာတွေ၊ ဖိနှိပ်ထားတာတွေ လုပ်ခဲ့တယ်။ အဲသည် ၇၅၊ ၇၆ ကာလတွေမှာ ကျောင်းသား၊ အလုပ်သမားနဲ့ ဦးသန့်အရေးအခင်းတွေ ဖြစ်ပွားခဲ့သော်လည်း စစ်တပ်က ချေမှုန်းဖျက်ဆီးပစ်ခဲ့လို့ ၁၉၈၈ အရေးတော်ပုံကြီး  မပေါ်ခင်စပ်ကြားမှ နိုင်ငံရေးအင်အားစုတွေ မျိုးဆက်တွေ အဆက်ပြတ်ခဲ့ရတာကို ပြန်တွေးမိတယ်။  အခုအချိန်မှာလည်းပဲ မတော်တဆပေါ့လေ၊ အခန့်မသင့်လို့ပဲ ထားပါတော့ ကျနော်တို့တတွေရဲ့ အတိုက်အခံနိုင်ငံရေးလှုပ်ရှားမှုတွေ၊ လွတ်လပ်ခွင့်တွေ၊ လှုပ်ရှားခွင့်တွေဟာ ပုံသဏ္ဍန်အရ အားနည်းကုန်တာ၊ ပြောင်းလဲ လျော့နည်းကုန်တာတွေ ဖြစ်မလာဘူးလို့ ပြောနိုင်သလား။

-       ကျနော် ယခင်ကအင်တာဗျူးတွေမှာ ပြောခဲ့ဘူးပါတယ်။ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားတွေ၊ ထောင်ထွက်တွေ၊ ၈၈ မျိုးဆက်တွေ၊ မျိုးဆက်သစ် လူငယ်တွေ ကျောင်းသားတွေဟာ မိမိတို့ရဲ့ မူလနိုင်ငံရေးဘ၀တွေကို ဆက်လက်တည်ဆောက်ကြရမယ်။ ပတ်ဝန်းကျင်ကလူတွေကလည်း ၀ိုင်းဝန်းအားပေး ထောက်ခံမှုတွေ ပြုရမယ်လို့ ပြောဖူးတယ်။ ကျနော်ကတော့ ခင်ဗျားပြောသလိုမျိုး မပြောချင်ဘူး။ အခုအချိန်မှာ မိမိရဲ့ ယုံကြည်ချက်နဲ့ တည်ဆောက်ထားတဲ့ နိုင်ငံရေးဘ၀ကို စွန့်လွှတ်ပြီးတော့ အခြားဘ၀တခု ထူထောင်တာမျိုးထက် ဆက်လက်ပြီး နိုင်ငံရေးပုံသဏ္ဍန်ကို ဖြစ်ထွန်းလာအောင် ထူထောင်ကြရမယ့် အချိန် ဖြစ်တယ်လို့ ပြောနေတာ ဖြစ်တယ်။ ၁၉၇၄ ခုနှစ်နောက်ပိုင်းက ပုံသဏ္ဍန်ကို ပြောတာထက်၊ ကျနော်ပြောချင်တဲ့ ပုံသဏ္ဍန်ကတော့ – ကိုလိုနီခေတ် ၁၉၃၈ နောက်ပိုင်း၊ ၁၃၀၀ ပြည့်အရေးတော်ပုံကာလနောက်ပိုင်းမှာ သခင်အောင်ဆန်းတို့ သပိတ်မှောက်ကျောင်းသားမျိုးဆက်တွေဟာ သခင်ကိုယ်တော်မှိုင်းတို့ရဲ့ ဒို့ဗမာအစည်းအရုံးထဲကို ခြေစုံပစ်ဝင်ပြီးတော့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးထဲကို နိုင်ငံရေးနယ်ပယ်ထဲမှာ  ၀င်ရောက်လာတာမျိုးလိုပဲ ကျနော်က ပြောချင်တယ်။ ယခုအချိန်မှာ အားလုံးကို ဒီလိုပဲ တိုက်တွန်းပါတယ်။ ယခုအချိန်မှာက နိုင်ငံရေးအကြောင်းအရာတွေက ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ နိုင်ငံရေးအကြောင်းအရာတွေ လုပ်စရာတွေ အများကြီး ဆက်လက်ရှိနေတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးပုံသဏ္ဍန်တွေကို ဆက်လက်ထုတ်ဖော်ရမယ်၊ ထူထောင်တည်ဆောက်ကြရမယ်လို့ ပြောနေတာဖြစ်ပါတယ်။  ဒါကို မိသားစုတွေ ပတ်ဝန်းကျင်တွေက အားပေးရမယ်။ ၀န်းယံတည်ဆောက်ပေးကြရမယ်လို့ ပြောချင်ပါတယ်။

မေး။။ ကျေးဇူးတင်ပါတယ် ဆရာ။

Friday, September 2, 2011

ွှThe Lady ဇာတ်ကားမှ သရုပ်ဆောင်များနှင့် အင်တာဗျူး.

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး၊ မိသားစုအရေးနှင့် ဘဝပုံရိပ်များကို ထင်ဟပ်သည့် “The Lady” ဇာတ်ကားကို အီတလီနိုင်ငံ ရောမမြို့၌ အောက်တိုဘာ ၂၇ ရက်မှ
နိုဝင်ဘာ ၄ ရက်နေ့အထိ ကျင်းပမည့် နိုင်ငံတကာ ရုပ်ရှင် ပွဲတော်တွင် ပြသတော့မည် ဖြစ်သည်။

"The Lady" ရုပ်ရှင်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် မင်းသမီး မစ်ရှဲယိုးက သရုပ်ဆောင်ထားကာ
ခင်ပွန်းသည် ဗြိတိသျှလူမျိုး တိဘက် သမိုင်းပညာရှင် မိုက်ကယ်အဲရစ် အဖြစ် David Thewlis က သရုပ်ဆောင် ထားသည်။ ယင်းရုပ်ရှင်ကားကို ပြင်သစ်ဒါရိုက်တာ Luc Besson က ပြီးခဲ့သည့်နှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့
၌ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

The Lady ရုပ်ရှင်ကားတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား တချို့လည်း ပါဝင်သရုပ်ဆောင် ထားကြသည်။
မြန်မာနိုင်ငံသား သရုပ်ဆောင်များထဲမှ တချို့၏ "The Lady" နှင့် ပတ်သက်သည့် ရိုက်ကွင်း အတွေ့အကြုံများ
ဒေါ်အောင်ဆန်းစုကြည်၏ ဘဝသရုပ်ဖေါ် ရုပ်ရှင်ကားနှင့်ပတ်သက်၍ သူတို့ခံစားချက် စသည်တို့ကို မေးမြန်း ထားပါသည်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -- - - - - - - - - -
မွန်မွန်
ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အကူအဖြစ် သရုပ်ဆောင်သူ

သရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းလေးတွေ ပြောပြပေးပါလား။

"ပထမဆုံးရိုက် ရတဲ့အခန်းက သူ(ဒေါ်အောင်ဆန်းစုကြည်) အင်္ဂလန်က ပြန်လာတဲ့အချိန်မှာ သူ့အိမ်ကို ရောက်တဲ့ အချိန် သူ့ကိုတွေ့တော့ ဝမ်းသာပျော်ရွှင်ပြီး ကြိုဆိုတဲ့အခန်း။ သူအိမ်ကို ပြန်လာလို့ စာရေးဆရာတွေ၊ သူ့ အဖေရဲ့ ရဲဘော်တွေ၊ သံရုံးက လူတွေ၊ ကျောင်းသားခေါင်းဆောင်တွေ အိမ်မှာ အများကြီးလာကြတယ်။ အဲဒီလူတွေအတွက် ကျမက မီးဖိုချောင်ထဲမှာ အငွေ့တထောင်းထောင်းနဲ့ အစားအသောက်တွေ ချက်ပြုတ် ဧည့်ခံရတဲ့အခန်း။"

"တညမှာ ကျမနဲ့ သူနဲ့ အတူတူနေရင်း သူက စာအုပ်ကလေး ဖတ်နေတယ်၊ ကျမကတော့ ဆေးပြီးသား ပန်းကန်
တွေကို ရေခြောက်အောင် သုတ်နေတယ်၊ မီးလာတော့ မီးကြွေတိုက်တဲ့ အခန်း။ သူစည်းရုံးရေး ဆင်းဖို့ ခရီးသွားတဲ့ အချိန်မှာ သစ်ခွပန်း ပန်ပေးတဲ့အခန်း။ အဝတ်အစားအိတ် ပြင်ဆင်ပြီး ကားဆီလိုက်ပို့ပေးတဲ့ အခန်း။"

"နိုဗယ်လ်ဆုကို ရေဒီယိုက ကြေညာချိန်မှာ မီးကပျက်သွားလို့ ရေဒီယိုဓာတ်ခဲသွားယူပြီး လာနားထောင်ရတာတို့။ အဲဒီမှာ နိုဗယ်လ် ဆုရတယ်ဆိုတာ သိလို့ ဝမ်းသာပြီး Piano (စန္ဒရား)တီးတော့ ကျမက သူ့ဘေးနား နေရတဲ့အခန်း။"

ရိုက်ကွင်းထဲက အခြေအနေကိုလည်း ပြောပြပေးပါဦး။

“ည အချိန်ကို နေ့လယ် scene ရိုက်မယ်ဆိုရင် မီးထိုးပြီး ရိုက်တယ်။ နောက် နေ့လယ်ဆိုလည်း ည scene ရိုက်ဖို့ အတွက်ကို အိမ်ကြီးကို လိုက်ကာ (ကန့်လန့်ကာ) အထူတွေနဲ့ အမှောင်ချပြီး ရိုက်တာမျိုး မိုးအတု ရွာတာတွေလည်း ရိုက်တာ ရှိတယ်။”



ဟောလီးဝု(ဒ်) မင်းသမီးနဲ့တွဲပြီး သရုပ်ဆောင်ရတဲ့ အတွေ့အကြုံကိုလည်း ပြောပြပါ။

"မီရှဲယိုးက ပရော်ဖက်ရှင်နယ် သရုပ်ဆောင်အနေနဲ့ လက်တွဲခေါ်ပါတယ်။ ပထမဦးဆုံး ရိုက်တဲ့ Scene (အခန်း) မှာဆိုရင် ကင်မရာက ကျမမျက်နှာကို ယူတဲ့ အချိန်မှာ သူက ကျမကို ကင်မရာ အနောက်ကနေ ပြုံးရွှင်ပြီး ပျော်ပျော်
မြူးမြူးနဲ့ ကျမသူ့ကိုတွေ့ရင် ဝမ်းသာအောင် ကျမကို အထောက်အကူပေးတယ်။"

(မွန်မွန်သည် အဓိက ဇာတ်ဆောင် မင်းသမီး မီရှဲယိုး၏ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ဇာတ်ဝင်ခန်း ၁၀ ခန်းကျော်တွင် ပါဝင် သရုပ် ဆောင်ထားသည်။ ယခင်က ဘီဘီစီ ၏ HIV/AIDS ကျန်းမာရေးပညာပေး အသံလွှင့် အစီအစဉ်တွင် (စ၊ဆုံး) အသံသရုပ်ဆောင် ဒေါ်စိန်လှအဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။)

ဦးအောင်ကျော်
အစိုးရစစ်တပ် ဗိုလ်မှူး တဦးအဖြစ် ပါဝင်သရုပ်ဆောင်သူ

ဦးအောင်ကျော်ကကော The Lady ရုပ်ရှင်ကားမှာ သရုပ်ဆောင်ရတဲ့ အခန်းကို ပြောပြပါဦး။

"ကျနော်က ဒေါ်စု(ဒေါ်ဆောင်ဆန်းစုကြည်) ဓနုဖြူမှာ ရောက်ပြီး နယ်လှည့် စည်းရုံးရေး ဆင်းတဲ့ အခန်းပေါ့နော်။ အဲဒီမှာ ဗိုလ်ကြီးတဦးက ဒေါ်စုကို လူ ၅ ယောက်ထက် ပိုမစုပါနဲ့ ပစ်ရပါလိမ့်မယ်လို့ အမိန့်ပေးတယ်။ ဒေါ်စုက
ဆက်ပြီး တိုးလာတယ်၊ အဲဒီမှာ ကျောင်းသားတွေက အန်တီစု မသွားပါနဲ့လို့ တားတဲ့အခန်း။ ဒီမှာ ဒေါ်စုက ဆက်ထွက်လာတယ်။ ဗိုလ်ကြီးလုပ်တဲ့သူက ပစ်ဖို့ အမိန့်ပေးတဲ့နေရာမှာ ဗိုလ်မှူး လုပ်တဲ့ ကျနော်ပေါ့နော်။ ဒေါ်စု
ကို မပစ်နဲ့လို့ အမိန့်ပေးတဲ့ ဗိုလ်မှူအဖြစ် သရုပ်ဆောင်တာပါ။"

လူထုချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မိန့် ပေးတဲ့နေရာက သရုပ်ဆောင်ရတာဆိုတော့၊ ခံစားမှု ဘယ်လိုဖြစ်မိလဲ။

"ဒေါ်စုကိုမပစ်ဖို့ တားမိန့်ထုတ်တဲ့ အခါမှာ ကိုယ့်အတွင်းစိတ်က ဒေါ်စုကို မပစ်စေချင်စိတ် ဖြတ်ခနဲ့ ပေါ်လာတယ်။ ပထမဆုံး သရုပ်ဆောင်ရတဲ့အခါမှာ ကိုယ့်စိတ်ကလည်း မဖြစ်စေချင်စိတ် ပေါ်လာတယ်၊ အဲဒီမှာ ကျနော် ရှော့
ဖြစ်သွားတယ်၊ မှားသွားတယ်၊ နောက် Mood ဝင်သွားတော့ ဒါရိုက်တာက ကျနော့်ကို စကားအပို ထပ်ခိုင်းတော့ ကျနော်လည်း Mood ဝင်လာတော့ စကားအပို ထပ်ပြော ဖြစ်သွားတယ်။"

ရိုက်ကွင်းထဲမှာ ထူးခြားတဲ့ အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး။

"သရုပ်ဆောင်ရတဲ့ အခါ သေနတ် ကျည်ဆန်၊ အတု ပေမယ့် အသံက တကယ့် အသံဆိုတော့ ကိုယ့် နားဘေးနားက
ဖြတ်ထွက်သွားတဲ့ အချိန်မှာ ပထမ သရုပ်ဆောင်အဖြစ် ရှော့ဖြစ်ပြီး သရုပ်ဆောင် လိုက်တဲ့ဟာက အလန့် လွန်သွားတာပေါ့။ အဲဒီမှာ အဆင်ပြေအောင် ၉ ခေါက် ၁ဝ ခေါက်လောက်တော့ သရုပ်ဆောင်လိုက်ရတာပေါ့။"
The-Lady-3
The Lady ဇာတ်ကားတွင် စစ်ထောက်လှမ်းရေး အရာရှိ အဖြစ် သရုပ်ဆောင်ထားသော ခင်မောင်ရင် (ဝဲဘက်) က မြန်မာစစ်ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်ထားသော ဦးထွန်းလင်းအား စကားပြောဆိုနေသည့် ဇာတ်ဝင်ခန်းကို တွေ့ရစဉ်။ Photo: Courtesy (The Lady)


ရိုက်ကွင်း ပြင်ဆင်ထားပုံကိုလည်း နည်းနည်း ပြောပြပါ။

"သူတို့ အားသာချက်က တကယ်လုပ်ဖို့ Setting အပြည့်အစုံ ဆင်တဲ့ ဟာတွေက၊ မထင်ရဘူး။ အခန်းကျဉ်းထဲမှာ
ကို Setting ဆောက်လိုက်တာဟာ တကယ်ကြီးကျယ်သွားလားလို့ ကိုယ်ရိုက်ကွင်း ရောက်သွားမှ သိလိုက်ရတယ်။ သူတို့ Setting တွေကတော့ တော်တော် ကောင်းပါတယ်။ ဒေါ်စု လူထုဆီလျှောက်လာတဲ့ အခန်းမှာဆို စုတ်ပြတ်
နေတာပဲ၊ မသပ်မရပ်ဘဲ။ တကယ် ဓာတ်ပုံထဲမှာ ပြန်ကြည့်တော့လည်း အဲဒီ အခန်းတွေက တကယ်ပီပြင်တာကို
တွေ့ရတယ်။"

"အသံဖမ်းတဲ့ System ကလည်း အဝေးကနေ Remote နဲ့ ထိန်းထားတယ်။ နောက်ပြီးတော့ အလင်း၊ အမှောင် ချိန်တဲ့ဟာတွေကလည်း မီးထိုး၊ မှန်ထိုးကမှအစ မြန်မာပြည်နဲ့ တော်တော့ကို ကွာပါတယ်။ မြန်မာပြည်မှာက
မီးထိုး၊ မှန်ထိုးဆို မင်းသမီး၊ မင်းသားကို အတင်း ဦးစားပေးတယ်၊ သူတို့က မီးထိုး၊ မှန်ထိုးတာက မှန်ထိုးတဲ့သူက အဝေးကနေ တကယ့်သဘာဝ အလင်းရအောင် ထိုးတာမျိုး။"

"ကျနော်တို့ မြန်မာ ရုပ်ရှင်တွေနဲ့ ဓာတ်ပုံ အလင်း၊ အမှောင် အယူအဆ တွေက တော်တော်ကွာတယ်လို့ ထင်ပါတယ်။"

(ဘီဘီစီ ၏ သပြေကုန်းရွာ HIV/AIDS ကျန်းမာရေးပညာပေး အသံလွှင့်အစီအစဉ်တွင် ကြွက်နီ အဖြစ် အသံသရုပ်ဆောင်၊ ပြည်ပရေဒီယိုများ၏ အသံလွှင့်ဇာတ်လမ်းတွဲများ၏ ထုတ်လုပ်မှု ဒါရိုက်တာလည်း
 ဖြစ်သည်)



ဦးအဂ္ဂ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအဖြစ် သရုပ်ဆောင်သူ

ဦးအဂ္ဂ ကကော ဘယ်နေရာကနေ သရုပ်ဆောင်ခဲ့တာပါလဲ။

"ဗိုလ်ချူပ်သန်းရွှေက ဗိုလ်ချူပ်နေဝင်း ဆီသွားပြီး Proposal တင်ရတဲ့ ကိစ္စ၊ ဒေါ်စု ကိစ္စကို သူရှင်းပေးနိုင်တယ် ဆိုပြီး သွားပြောတဲ့ ကိစ္စ။"

"မိုက်ကယ်အဲရစ် (ဒေါ်အောင်ဆန်းစုကြည် အမျိုးသား) အမှုနဲ့ ပတ်သက်လို့ သူက Passport တောင်းတဲ့ ကိစ္စကို တခြားဗိုလ်ချူပ်တွေနဲ့ အားလုံးတန်းစီ ထိုင်ပြီးတော့ မိုက်ကယ်အဲရစ်ကို အရှေ့မှာထားပြီး အားလုံးဝိုင်းမေးကြတဲ့ အခန်းပေါ့နော်။ ဒီအခန်းမှာကို ၂၃ ခေါက်လောက် ပြန်ရိုက်ရတယ်။ လူတွေကများတော့ ဗိုလ်ချုပ်တွေက ၁၄ ယောက်လောက် ရှိတာ။ တယောက်မှားတိုင်း ပြန်ရိုက် ပေါ့နော်။"

"နောက်ပြီးတော့ ဂျပန် Consulate (ကောင်စစ်ဝန်)နဲ့ တွေ့တဲ့ အခန်း၊ အဲဒါက ဂျပန်စီးပွားရေးဆိုင်ရာ အကြံပေး အရာရှိတွေက မြန်မာပြည်ရဲ့ နိုင်ငံတကာ စီးပွားရေးထဲ ဝင်လို့ရအောင် သူတို့က လုပ်ပေးမယ်လို့ အကြံပေးချက်နဲ့
အတူ ဗိုလ်ချူပ်သန်းရွှေနဲ့ လာပြီးဆွေးနွေးတဲ့ အခန်း။"

"ဂျပန် ကောင်စစ်ဝန်နဲ့ တွေ့တဲ့ အခန်းကို ပြင်သစ်နိုင်ငံ ပဲရစ် မြို့တော်မှာ သွားရိုက်ရတယ်။ သူတို့ပဲ စရိတ်ငြိမ်းနဲ့ ကျနော့်ကို ခေါ်သွားတယ်။ အဲဒီမှာ သွားရိုက်ရတာက ဂျပန်ကောင်စစ်ဝန် အဖြစ် သရုပ်ဆောင်လုပ်မယ့် သူက လန်ဒန်မှာနေတယ်၊ သူကလည်း အရေးပေါ် အလုပ်တခုနဲ့ မလာအားဘူးဖြစ်တယ်။ ပြီးတော့ ဒီဇာတ်လမ်း
ကလည်း ဘန်ကောက်မှာ ရိုက်တာဆိုတော့ ဒီရိုက်ကူးရေး အဖွဲ့ကလည်း ပြန်ရတော့မှာနဲ့ ဆိုတော့ အဲဒီမှာ ကျနော့်ကိုလည်း ခေါ်သွားပြီး အဲဒီအခန်းကို အဲဒီမှာ သွားရိုက် ဖြစ်တယ်။"

ရိုက်ကွင်းထဲက အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး။

"ကင်မရာတွေကို အဓိက ထားတယ်၊ သူတို့ ကင်မရာတွေက ထိုင်းမှာတောင် မသုံးနိုင်သေးဘူး ထင်တယ်၊ ကင်မရာ တလုံးတည်းနဲ့ သန်းပေါင်းများစွာ ပေးရတာကို၊ သူတို့က သဘာဝအလင်းတွေကို ဦးစားပေးယူတာ။ ဥပမာ Flat
ဖြစ်နေတဲ့ အလင်းဆို လုံးဝမသုံးဘူး၊ မြန်မာကားတွေထဲကလို အလင်း၊ အမှောင် မရှိတဲ့ အခန်းမျိုး သူတို့ဆီမှာ
မရှိဘူး။ ကျနော်တို့ မြန်မာဇာတ်ကားတွေ ကြည့်လိုက်ရင် လင်းနေရင် ပြီးရော ဆိုတာမျိုး မဟုတ်ဘူး။ အလင်း
အမှောင် ပီသတယ်။ မြင်ကွင်း တခုဆီကြည့်လိုက်ရင် ပန်းချီကားတွေ ကြည့်လိုက်သလိုပဲလေ။ အလင်းအမှောင်၊ အတိမ်အနက်တွေက ရှင်းနေတယ်။"

"နောက်တချက်က မြန်မာဇာတ်ကားဆိုရင် မင်းသား၊ မင်းသမီးမှန်း သိသာနေအောင် သရုပ်ဆောင်တာမျိုး မဖြစ်စေရဘူး။ မင်းသား၊ မင်းသမီး စတိုင်မျိုး မဖြစ်နေရဘဲ သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ကိုပဲ သဘာဝကျကျ
သဘာဝ အသံနေ၊ အသံ ထားမျိုး သူတို့သုံးတယ်။"

(ဦးအဂ္ဂသည် ဗိုလ်ချူပ်မှူးကြီး သန်းရွှေ အခန်းများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သရုပ်ဆောင်ခဲ့ခြင်း
ဖြစ်ပြီး ဂျပန်ကောင်စစ်ဝန်နှင့် ဗိုလ်ချူပ်မှူးကြီး သန်းရွှေတွေ့မည့် ဇာတ်ဝင်ခန်းကိုမူ ပြင်သစ်နိုင်ငံ ပဲရစ်မြို့
သို့ သွားရောက် သရုပ်ဆောင်ခဲ့ရသည့် တဦးတည်းသော မြန်မာပြည်သား သရုပ်ဆောင်လည်း ဖြစ်သည်။ “သပြေကုန်း” ရွာသူကြီး ဦးမြကြီး အဖြစ် ဘီဘီ အသံလွှင့် အစီအစဉ်၏ စ၊ ဆုံး ပါဝင် အသံ သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်သည်)


The-Lady-2
The Lady ဇာတ်ကား၏ ဇာတ်ဝင်ခန်း တခုတွင် ဒေါ်အောင်ဆန်းစုကြည် (ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်) အဖြစ် သရုပ်ဆောင်ထားသည့် မစ်ရှဲယိုးအား တွေ့ရစဉ်။ Photo: Courtesy (The Lady)

ဒေါ်မြင့်
ဒေါ်အောင်ဆန်းစုကြည်၏  အိမ်အကူ နောက်တဦးအဖြစ် သရုပ်ဆောင်သူ

ဒီရုပ်ရှင်ကားမှာ သရုပ်ဆောင်ရပုံ ပြောပြပါဦး။

"ကျမတို့က အိမ်အကူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိဘလက်ထက်ကတည်းက ရှိနေခဲ့တဲ့ လူရင်းတွေ
ဆိုတော့ အိမ်ထဲမှာ ရိုက်ရတဲ့ အခန်းများပါတယ်။"

အဓိက သရုပ်ဆောင် မင်းသမီးတယောက်နဲ့ အနီးကပ် နေခဲ့ရတာ ဆိုတော့ သူ့ရဲ့ သရုပ်ဆောင်ပုံလေး
ပြောပြပေးပါလား။

"မီရှဲယိုးကို အစတုန်းက အနီးကပ် မမြင်ဖူးဘူးလေ။ နောက်အနီးကပ် သရုပ်ဆောင်ရလို့ အနီးကပ်လည်း မြင်လိုက်
တော့ ရင်ထဲမှာလေ ‘ဒိုင်း’ ခနဲ ဖြစ်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်တော်တူတယ်။ သူသရုပ်ဆောင်တာ
တွေက ကျေနပ်ဖို့ ကောင်းတယ်။"

ဒေါ်မြင့်အနေနဲ့ ဒီကားမှာ ထူးခြားတယ်ထင်တဲ့ ဇာတ်ဝင်ခန်းလေး တခန်းလောက် ပြောပြပါလား။

"ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတဲ့ အခန်းကို ဟက်စကီး (ရဟတ်ယာဉ်) နဲ့ ကြီးကြီးကျယ်ကျယ် ရိုက်တယ်။ ကွင်းပြင်ကျယ်ထဲမှာ လူတွေကလည်း အယောက် နှစ်ထောင်လောက် ရှိမယ်၊ ကျမတို့က အတွင်းလူတွေ အနေနဲ့ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဇာတ်စင် အနောက်ဘက်ကနေ တက်တယ်လေ။ အဲဒီမှာ ကျမတို့က
အနောက်က ဇာတ်စင် လှေကား အတက်နားမှာ နေခဲ့ရတယ် ပေါ့နော်။ အဲဒီမှာ လူအုပ်ကိုမြင်ပြီး ရင်ထဲမှာ ဘယ်လိုခံစားနေရမှန်းမသိဘူး။ ဘယ်လို မျက်ရည် ပေါက်ပေါက် ကျမှန်းကို မသိဘူး။ တကယ်ကြီး ဖြစ်နေ
သလိုလိုပဲ။"

(ဒေါ်မြင့်သည် ဘီဘီစီ “သပြေကုန်းရွာ” အသံလွှင့်ဇာတ်လမ်းတွဲတွင် ကြွက်နီ၊ ကြွက်ဖြူ တို့၏ မိခင် ဒေါ်သန်းရင်အဖြစ် အစီအစဉ် စ၊ဆုံး အသံ သရုပ် ဆောင်ခဲ့သူဖြစ်သည်။)

ညီလေးထက်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) လူငယ်တဦးအဖြစ် သရုပ်ဆောင်သူ

ကိုညီလေးထက် ကကော ဘယ်နေရာတွေမှာ သရုပ်ဆောင်ခဲ့လဲ။

"ကျနော်က NLD လူငယ် အနေနဲ့ သရုပ်ဆောင်ခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲတွေ၊ အစည်းအဝေး လုပ်တဲ့ အခန်းတွေမှာ ကျနော်တို့က တောက်လျှောက် ပါပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကားမှာ သရုပ်ဆောင်ရတာ ဆိုတော့ ဘယ်လိုခံစားရပါသလဲ။

"ပထမဆုံး အကြိမ် ဒါမျိုး ရိုက်ကွင်းကို ရောက်ဖူးတာ ဘဝမှာ အမှတ်တရပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ပြီး သရုပ်ဆောင်
ခွင့် ရတဲ့အတွက် ကျနော် ကျေနပ်တယ်။ မင်းသမီးကတော့ သရုပ်ဆောင် ကောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့
တော်တော်တူအောင် လုပ်ထားတယ်၊ မင်းသမီးကလည်း သူ့ရဲ့ ဇာတ်ကောင်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွား ပါတယ်။"

Tuesday, April 26, 2011

မြန်မာပြည်သူ၏ ဆန္ဒကို လက်မှတ်ထိုး ထုတ်ဖော်ခြင်း


ဦးဝင်းတင်နဲ့ မေးခွန်းများ

နှစ်ဆန်းတရက်နေ့က စတင်ပြီးတော့ မြန်မာပြည်တွင်းက ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေး လိုလားသူ လူငယ်တွေ ကွန်ယက်တွေကနေပြီး Signature Campaign ဆိုတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုတခုကို စတင်လိုက်တယ်။
အဲသည် လှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အင်န်အယ်ဒီပါတီက ခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ လူငယ်တွေကလည်း အတူတကွ လက်မှတ်ထိုးပြီး အားပေးထောက်ခံမှုတွေ ပြသကြတာကို တွေ့ရပါတယ်။ နိုင်ငံတော်သမ္မတကြီးကို လိပ်မူပြီးတော့ အများပြည်သူလူထုရဲ့ သဘောထားဆန္ဒတွေ ထုတ်ဖော်ပြသတဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းသာမက ပြည်ပကလည်း ပူးပေါင်း ပါဝင်နိုင်ကြဖို့ ဖိတ်ခေါ်တယ်၊ ကြိုဆိုတယ် ဆိုတဲ့ အသံတွေလည်း ကြားသိလာရပါတယ်။ အဲသည်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ပထမမေးချင်တာက ဒီပြည်သူဆန္ဒ̔ကို လက်မှတ်ထိုးထုတ်ဖော်တဲ့ လှုပ်ရှားမှုက အင်န်အယ်ဒီဆန္ဒကို ထုတ်ဖော်တာလား၊ ဘယ်သူ့ဆန္ဒကို ထုတ်ဖော်တာလဲ။ အင်န်အယ်ဒီကနေ လုပ်တဲ့ လှုပ်ရှားမှုလား။
အင်န်အယ်ဒီကနေ လုပ်တဲ့ လှုပ်ရှားမှု မဟုတ်ပါဘူး။ အများပြည်သူတွေထဲက ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့သူတွေကနေပြီးတော့ လက်မှတ်ထိုးပြီး တောင်းဆိုတဲ့ လှုပ်ရှားမှုပဲ။ ဒါကို ကျနော်တို့ကလည်း ပြည်သူတွေသဘောထားနဲ့ အတူတူ ရှိတယ်။ ထောက်ခံ အားပေးပါတယ် ဆိုပြီးတော့ ၀ိုင်းပြီး လက်မှတ်ထိုးကြတယ်။ ကူညီမှုတွေ ၀ိုင်းဝန်း ဆောင်ရွက်မှုတွေ လုပ်ကြမယ်။ ဒီသဘောပါပဲ။ အဲသည်ထဲမှာ လူငယ်တွေပါတယ်။ လူငယ်တွေရဲ့ ဒီမိုကရေစီကွန်ယက်တွေ ပါတယ်။ အနုပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးသမားတွေ၊ ၈၈ မျိုးဆက်တွေကော လူကြီး လူငယ် မျိုးဆက်တွေ အားလုံးရဲ့ ဆန္̔ဒသဘောထားကို ထုတ်ဖော်ပြသကြတဲ့ သဘောပဲလို့ မြင်ပါတယ်။

သမ္မတကြီး ဦးသိန်းစိန်ကို လိပ်မူပြီးတော့ပေါ့လေ … အခုလက်ရှိ အစိုးရသစ်ကို ပြည်သူလူထုကနေပြီးတော့ အများဆန္ဒအဖြစ် တောင်းဆိုတဲ့ အချက်တွေက ဘာတွေလဲ ဆရာ။ အချက် ဘယ် နှချက်လောက် ရှိသလဲ။
ကျနော် တွေ့ရှိရသလောက်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ကို တိုက်တွန်းထားတယ်။ အဲသည်အတွက် အဓိကအချက်တွေအဖြစ် နံပါတ် ၁ က နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချွင်းခြက်မရှိ လွှတ်ပေးဖို့၊ နံပါတ် ၂ က ပြည်ပရောက်နေတဲ့ မြန်မာဒုက္ခသည်မိသားစုတွေ၊ အဖွဲ့အစည်းတွေ လုံခြုံအေးချမ်းစွာ ပြန်လာနိုင်ဖို့၊ နံပါတ် ၃ ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်တိုက်နေတာတွေ ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်ဖို့ ဒါတွေကို မြန်မာပြည်သူလူထု တရပ်လုံးရဲ့ ဆန္ဒဖြစ်ပါတယ်။ လက်ရှိ သမ္မတကြီးကနေပြီး ဖော်ဆောင်ပေးပါလို့ ပန်ကြားထားတဲ့ မေတ္တာရပ်ခံတဲ့ စာဖြစ်ပါတယ်။
 
အဲသည် လက်မှတ်ထိုး ဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုကို မြန်မာပြည်တွင်းမှာ ဘယ်လိုမျိုး ဆောင်ရွက်ကြမယ် ထင်သလဲ။
လူငယ်တွေ ကွန်ယက်တွေရဲ့ ချိတ်ဆက် လှုပ်ရှားမှုတွေ ဖြစ်လာမယ် ထင်ပါတယ်။ ရန်ကုန်မြို့လိုမျိုး၊ အင်န်အယ်ဒီ ရုံးဌာနလိုမျိုးမှာတင် လက်မှတ်ထိုးတာ မဟုတ်တော့ဘဲနဲ့ မြို့တွေ နယ်တွေမှာ ပြည်သူလူထုဆီက လက်မှတ်တွေ ကောက်ယူ စုဆောင်းကြတာတွေ၊ စုပေါင်းပြီး တင်ပြကြတာတွေ ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်။ အခမ်းအနားတွေ ပွဲလမ်းတွေနဲ့ လက်မှတ်ထိုးကြတာမျိုးထက် တအိမ်တက် ဆင်း နီးစပ်ရာ မိတ်ဆွေ၊ အသိုင်းအ၀ိုင်းတွေ၊ ကွန်ယက်တွေနဲ့ လက်မှတ်ထိုး စုဆောင်းကြမယ်လို့ ထင်တယ်။ အခု လက်ရှိ တိုက်တွန်းတဲ့ စာမှာလည်း လက်မှတ်ထိုးဖို့ စာရွက်တွေ နောက်မှာ တွဲပါတယ်လို့ ဆိုတယ်။ ဒါဟာ များများ တက်တက်ကြွကြွ ပါဝင်ကြဖို့ ထုတ်ဖော်ကြဖို့ လိုတယ် ဆိုတာကိုလည်း ပြည်သူတွေက သဘောပေါက် ကြမှာပါ။ ကျနော်တို့ကလည်း အားပေးပါတယ်။ တိုက်တွန်းပါတယ် ခင်ဗျ။

မြန်မာပြည်အနှံ့မှာ အခုလို သတင်းကြားလို့ ၀ိုင်းဝန်းပြီး လက်တွဲပြီး လုပ်လာကြလို့ ရှိရင် လက်မှတ်တွေကို ဘယ်လိုမျိုး စုကြမလဲ။ ဘယ်လိုမျိုး ပို့ပေးလို့ ရမလဲ ဆရာ။ ဒါက အများပြည်သူတွေရဲ့ တယောက်တလက် လှုပ်ရှားမှုတွေ ဆိုတော့ ဘယ်လိုမျိုး လက်ဆင့်ကမ်းကြရမှာလဲ ဆရာ။
ဒီကိစ္စကတော့ ကျနော်တို့တွေဆီက ရေဒီယိုအင်တာဗျူးတွေမှာလည်း ပြောထားတယ် ပြောပါတယ်။ ကျနော်တို့တွေက အားပေးတယ်။ ပြည်သူလူထုရဲ့ သဘောထားကို ထောက်ခံတယ်၊ လိုက်နာပါတယ်။ လက်မှတ်ထိုးပြီး စုဆောင်းရသမျှကို သမ္မတကြီးဆီကို ပို့နိုင်သလိုပဲ အင်န်အယ်ဒီရုံးကိုလည်း အသိပေး အကြောင်းကြားထားလို့ ရတယ်။ ဒါဆိုရင် ဘယ်လောက်အတိုင်းအတာအထိ ပြည်သူဆန္ဒ ထုတ်ဖော်မှု ရှိတယ်ဆိုတာကို အများပြည်သူတွေကိုယ်တိုင်လည်း သိကြမယ်။ ကျနော်တို့တွေဆီမှာလည်း လက်ဆုပ်လက်ကိုင် ရှိနေမယ်။ ဒါမျိုး ဖြစ်လာမယ်လို့ ထင်ပါတယ်။

ပြည်ပက မြန်မာပြည်ဒီမိုကရေစီရေးကို လိုလားသူ မြန်မာများ၊ အဖွဲ့အစည်းတွေ၊ မိသားစုတွေ ကိုယ်တိုင်ကလည်း ပါဝင်ကြမယ် ဆိုရင် ဘယ်လိုမျိုး လုပ်ကြလိမ့်မယ် ထင်သလဲ။
အဲသည်စာရဲ့ အဓိကအချက် ၄ ချက်ကို အများက သဘောတူကြတယ်၊ ဒါကို လက်မှတ်ထိုးပြီး အတည်ပြုပေးကြတယ်။ မြန်မာပြည်ပရောက်နေတဲ့ တိုင်းရင်းသားတွေ၊ မြန်မာမိသားစုတွေကလည်း သည်လိုပဲ ရှိကြလိမ့်မယ် ထင်ပါတယ်။ အဲသည်အတွက် မိမိတို့ ရောက်ရှိနေရာ နိုင်ငံ၊ မြို့ရွာတွေကနေ ၀ိုင်းဝန်းပြီးတော့ စုပေါင်းလက်မှတ်ထိုးကြတဲ့ အစီအစဉ်တွေ လုပ်နိုင်ကြမယ်။ လက်မှတ်တွေ လက်ဆင့်ကမ်း စုဆောင်းကြမယ်။ မြန်မာသံရုံးတွေကိုလည်း ပို့ပေးနိုင်သလို ကျနော်တို့ မြန်မာပြည်တွင်းက ကွယ်ယက်တွေဆီ ပေးနိုင်တယ်၊ အင်န်အယ်ဒီရုံးကိုလည်း အကြောင်းကြားနိုင်တယ် ထင်ပါတယ်။ ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ၊ ဒုက္ခသည်တွေအနေနဲ့ မိမိတိုင်းပြည်ကို လုံခြုံအေးချမ်းစွာ ပြန်လာနိုင်ဖို့ကလည်း အများပြည်သူတွေရဲ့ သဘောထားဖြစ်တယ်ဆိုတာကလည်း တချက် အပါအ၀င် ဖြစ်တယ်လေ။

ကောင်းပါပြီ။ မြန်မာပြည်ရဲ့ နိုင်ငံရေးပြသနာတွေ၊ အကြပ်အတည်းတွေကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ဆိုတာ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ ဆန္ဒဖြစ်တယ်ဆိုတာကတော့ အရင်တုန်းကတည်းကလည်း အတိုက်အခံနိုင်ငံရေး အစုအဖွဲ့တွေ၊ အတိုက်အခံခေါင်းဆောင်တွေ၊ ၈၈ မျူိုးဆက်တွေ၊ ရဟန်းသံဃာတွေ အားလုံးက တောင်းဆိုခဲ့ကြတယ်လေ။ အကြိမ်ကြိမ် ထုတ်ဖော်ခဲ့ကြတာ ဖြစ်တယ်။ ပြောရရင် ယခင်စစ်အုပ်စုရဲ့ အစိုးရအဆက်ဆက်ပဲ ဆိုပါတော့ ဆရာရယ်။ အခု တက်လာတဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအနိုင်ရ ကြံ့ဖွံ့အစိုးရလက်ထက်မှာကော အခုလိုမျိုး တောင်းဆိုတာ၊ ဆန္ဒထုတ်ဖော်တာကို သူတို့တတွေက လစ်လျူရှုထားတာ၊ ပစ်ပယ်ထားမြဲ ဖြစ်ဦးမယ် ဆိုရင် ဘယ်လို ဖြစ်လာမယ် ထင်သလဲ။
ဒါကတော့ အခုတက်လာတဲ့ အစိုးရအသစ်ဆိုတဲ့ဆီမှာ တိုင်းသူပြည်သားတွေ အားလုံးရဲ့ အများဆန္ဒ̔သဘောထားကို ဘယ်လောက်တောင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ထုတ်ဖော်တာ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်က သန့်ရှင်းတဲ့အစိုးရ ကောင်းမွန်တဲ့ အစိုးရဖြစ်အောင် ကြိုးစားမယ်လို့ ပြောထားတယ်။ ပြောတဲ့အတိုင်းပဲ ပြည်သူတွေကလည်း ဖြစ်ပေါ်အောင်လို့ ဒီအချက်တွေကို ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံတယ်။ ဒါကို သူတို့က ဘယ်လိုမျိုး တုန့်ပြန်သလဲဆိုတဲ့ အဖြေမှာ အခု အစိုးရသည် ဘယ်လိုအစိုးရလည်း ဆိုတာ ထင်ရှားမှာ ဖြစ်တယ်။

ဒါကတော့ လွှတ်တော်ထဲမှာလည်း အချို့သော ရွေးကောက်ပွဲအနိုင်ရ လူနည်းစုနိုင်ငံရေးပါတီ အမတ်တွေကိုယ်တိုင်ကလည်း ထုတ်ဖော်ပြောဆိုခဲ့တာ ရှိတယ် မဟုတ်လား ဆရာ။ လွတ်ငြိမ်းချမ်းသာခွင့်တို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို အဆိုတင်တာတွေ ဘာတွေ ရှိတယ်လေ ဆရာ။ အဲသည်မှာကတည်းက အာဏာရကြံ့ဖွံ့လွှတ်တော်က ငြင်းပယ်တာတွေ လက်မခံတာတွေ လုပ်ခဲ့ပြီးပြီပဲ ဆရာ။
ဟုတိပါတယ်။ ဒါက သူတို့ရဲ့ လွှတ်တော်တွင်းမှာ တင်သွင်းတဲ့ အဆိုတွေ သဘောထားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့လွှတ်တော်ဆိုတာက ပြည်သူလူထုတရပ်လုံးက တိုက်ရိုက်ရွေးချယ်ပြီး ဒီမိုကရေစီနည်းကျ ဖွဲ့စည်းထားတဲ့ လွှတ်တော်မဟုတ်ဘူး။ အဲသည်လို လွှတ်တော်မှာ မဲဆန္ဒ̔နယ်အချို့က တင်ပြတဲ့ အချက်တွေကို သူတို့တတွေက ပယ်ချတယ်ဆိုတာက လွှတ်တော်တခုရဲ့ ဒီမိုကရေစီနည်းနဲ့ ကျင့်ဝတ် ကျင့်ထုံးနဲ့ အလေ့အကျင့် မရှိတဲ့သဘော၊ ဂရုမစိုက်တဲ့ သဘောဖြစ်တယ်ဆိုတာ ထင်ရှားပြီး ဖြစ်ပါတယ်။
အခု လူငယ်ကွန်ယက်တွေနဲ့ ဒီမိုကရေစီလိုလားသူတွေက တောင်းဆို တင်ပြတာကတော့ ပြည်သူလူထုတွေဆီက တိုက်ရိုက်လာတဲ့ ဆန္̔ဒသဘောထားဖြစ်တယ်။ အရွေးခံရသူတွေကော၊ အရွေးမခံရသူတွေကော၊ လွှတ်တော် အကန့်အသတ်တခုတည်း မဟုတ်ဘဲ မြန်မာပြည်သူတွေ ရပ်နည်း ရပ်ဝေးက သဘောထားကို အဆိုတင်သွင်းတာ ဖြစ်တယ်။ အဆိုကိုလည်း အစိုးရတရပ်ရဲ့ အကြီးအကဲဆီကို တိုက်ရိုက် တင်သွင်းတာ ဖြစ်တယ်။ ပြည်သူလူထု တရပ်လုံးရဲ့ သဘောဆန္ဒကို လိုက်နာတဲ့ အစိုးရလား ဆိုတာကို အခုတက်လာတဲ့ အစိုးရအသစ်က ထုတ်ဖော်ပြသရတော့မှာ ဖြစ်တယ်။ ဒီလိုမျိုး ကျနော်က ပြောချင်ပါတယ်။

နောက်မေးခွန်းတခုကတော့ အရင်တုန်းကလည်း လက်မှတ်ထိုးလှုပ်ရှားမှုတွေ လုပ်နေကြပဲ။ အခုလည်း လုပ်လာကြပြန်ပြီလို့ ပြောလာတဲ့ အပေါ်မှာကော ဆရာက ဘယ်လို ပြန်ပြောမလဲ။
အချိန်အခါနဲ့ အနေအထားတွေကို ကျနော်တို့က ထည့်သွင်း စဉ်းစားစေချင်ပါတယ်။ အခုအချိန်မှာက သူတို့စစ်အုပ်စုက အစိုးရအသစ်တရပ် ပေါ်ထွက်လာတဲ့ အချိန်ဖြစ်တယ်။ သူတို့ အစိုးရသစ်ကလည်း ပြည်သူတွေအတွက် ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရဖြစ်အောင်လုပ်မယ်လို့ ကတိက၀တ်တွေ ပေးနေတယ်။ ပြည်သူလူထုအားလုံးက ဒီအချိန်မှာ အများသဘောဆန္ဒကို တညီတညွတ်တည်း တသဘောတည်း ထုတ်ဖော်ပြသဖို့ လိုတယ်လို့ မြင်ပါတယ်။
အဲသည်လို အနေအထားမှာ ကျနော်တို့ ဒီမိုကရေစီရေး ငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်နေတဲ့ နိုင်ငံရေးအင်အားစုတွေ ရှိနေတယ်၊ ကွန်ယက်တွေ ရှိလာတယ်။ လူငယ်မျိုးဆက်သစ်တွေ၊ မျိုးဆက်ဟောင်းတွေ ရှိတယ်။
ပြောရရင် ယခင် ၂၀၀၆ ခုနှစ်တုန်းက ၈၈ မျိုးဆက်တွေ၊ အင်န်အယ်ဒီလူငယ်တွေ လက်မှတ်ထိုး တောင်းဆိုခဲ့ချိန်မှာ အကျယ်ချူပ်ကျနေသူ၊ အကျဉ်းကျနေသူ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ စသည်ဖြင့် နိုင်ငံရေးခေါင်းဆောင်တွေက အခု ပြန်လည် လွတ်မြောက်လာချိန်လည်း ဖြစ်တယ်။ သူတို့တတွေကိုယ်တိုင်က ပြည်သူတွေရဲ့ လက်မှတ်ထိုး ဆန္ဒထုတ်ဖော်မှုကို တလေးတစားနဲ့ ထောက်ခံ အားပေးဆောင်ရွက်မှုတွေ လုပ်နေပြီ ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုပေါ့ကွာ အစိုးရကိုချည်းပဲ သူဟာနဲ့သူ ဖြစ်လာမှာပဲလို့ မျှော်နေလို့ မဖြစ်ဘူး။ ပြည်သူတွေကိုယ်တိုင်ကလည်း ကို်ယ်လိုချင်တာ ကိုယ်ဖြစ်တာကို ထုတ်ဖော် ပြောဆိုရမယ်။ ဆောင်ရွက်ကြရမယ်။ ဒီလိုမျိုး ခုချိန်မှာ ထူးခြားမှုတွေ နိုးကြားမှုတွေ ရှိလာပါတယ် လို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။

(မှတ်ချက် - လက်မှတ်ထိုး ဆန္ဒထုတ်ဖော်ရန် ပန်ကြားစာကို အင်န်အယ်ဒီ ၀က်ဆိုက်မှာ အခုလို တွေ့နိုင်ပါတယ်။ http://burmese.nldburma.org/campaign/2011-04-18-16-33-58/285-2011-04-18-16-03-10.html )
မိုးမခ မှ ကူးယူဖော်ပြသည်။

Thursday, February 17, 2011

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာမန် TV STATION ARD အင်တာဗျူး



ပထမပိုင်း



ဒုတိယပိုင်း



ပြီးခဲ့တဲ့ အပတ်က ဂျာမန် TV STATION ARD မှ ရန်ကုန်မြို့မှာ သွားရောက်ရိုက်ကူးခဲ့တဲ့ အဖွဲ့ချုပ်ရုံးနှင့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး သတင်းမှတ်တမ်း

Friday, October 1, 2010

မဝေနှင်းပွင့်သုန်အင်တာဗျူး(ဗီဒီယို)

အသက် (၂၁) နှစ်သာရှိသေးတဲ့ Ms.Waihnin Pwint Thon (Campaigns Officer, Burma Campaign UK)
သူမရဲ့ အကြောင်းကို Foreign Commonthwealth Office မှပြုလုပ်ထားတဲ့ Interview လေးကို တဆင့်ဖော်ပြလိုက်ပါ
တယ်။


မောင်လေးစံပီး(IT RESHARE SITE-www.sbsangpi.com)မှကူးယူဖေါ်ပြပါသည်။

Monday, April 12, 2010

ပြည်တွင် မှာ ဆူပှုမှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောဆိုသံများ နဲ့ပတ်သတ်ပြီး ပြည်တွင် လူငယ်တစ်ဦးရဲ့ပြောဆိုချက်များ ...........


နေမင်းသိန်းရာဇာ.။ အစ်ကို ပြောသလို့ ဆူပူမှု တခုဖြစ်လိမ့်မယ် ဆိုတာကို ဘာကြောင်း ပြောနိုင်တာလဲ ပြီးတော့ အစ်ကို သုံးသပ်ချက်ကို အကျဉ်းချုံးပြီးရှင်ပြပေးပါအစ်ကို

မောင်း ။ ဒီလိုပါ အဖွဲ့ချုပ် ကရွေးကောက်ပွဲ မ၀င်ဖို့ဆုံးဖြတ်ထားတယ် ၊ သတ်မှတ်တဲ့ အချိန်အတွင်းမှာ မှတ်ပုံမတင်ခဲ့ရင် ပါတီတခုက တရားမ၀င်တော့ဘူးလေ ၊ ဒီတော့ သူတို့က သတ်မှတ်ချိန်ထိ စောင့်ပေးမယ် ၊ ကျော်သွားရင် သူတို့ ရဲ့အလွန်မဟုတ်ဘူးဆိုပြီး ပါတီကို ဖျက်ခိုင်းမယ်မဖျက်ရင် သူတို့က မတရားအသင်းကြေငြာမယ်ပါတီဆိုင်းဘုတ်တွေကို အင်အားသုံးပြီး ဖြုတ်ချမယ်NLD တွေကို လမ်းမပေါ်ထွက်အောင် လုပ်မယ်ထွက်ြပီးဆိုတာနဲ့ ဆူပူအောင် လုပ်တော့မယ်လွယ်လွယ်လေးပါ သူတို့အကြံရှင်းပါသလား

နေမင်းသိန်းရာဇာ ။ ရှင်ပါတယ် အစ်ကို ကျွန်တော်သိချင်းတာက တစ်ကယ်လို့ အဖွဲ့ချုပ်ကို အဲဒီလို့လုပ်လာရင် ပြည်သူတွေက ငြိမ်းခံနေပမလားအစ်ကို ပြည်သူတွေကို အစ်ကို ဘယ်လို့မြင့်ပါလဲကျွန်တော် အမြင့်ကတော့ ပြည်သူတွေက ကြောက်နေကြပြီး အစ်ကို

မောင် ။ဟုတ်ပါတယ်သူတို့ကတော့ မဆူ..ဆူအောင်လုပ်ပါလိမ့်မယ်လူတွေကတော်တော် ကိုကြောက်နေကြပါတယ်အဓိက..က စားဝတ်နေရေးထိခိုက်မှာကို ကြောက်နေကြတာပါ.

နေမင်းသိန်းရာဇာ ။ အခု လက်ရှိအနေ့ထားကို အစ်ကို ဘယ်လို့မြင့်ပါလဲ စစ်တပ်အတွင်းကလည်း ပြောင်လွှဲတွေဖြစ်လာမယ် လို့ မြင့်ပါလား အစ်ကို

မောင်။စစ်တပ်အတွင်းပြောင်းဖို့လုံးဝမရှိပါဘူးလက်ရှိအနေအထားကတော့ပေါက်ကွဲတော့မယ့်မီးတောင်ကြီးတခုလိုပါပဲစစ်တပ်အတွင်းပြောင်းလဲအောင်ကြိုးစားနိုင်သူမရှိတဲ့အတွက်ပါကြိုးစားဖို့ကိုလဲအခွင့်အလမ်းပေးမှာမဟုတ်ဘူးသူတို့ဒီလိုပုန်ကန်မှုတွေဖြစ်ခဲ့ရင်နှိမ်နှင်းဖို့operationလုပ်ထားပြီးသားပါနအဖစစ်အစိုးရကိုလုံးဝလျှော့တွက်လို့မရပါ။မက်လောက်အောင်လဲစည်းစိမ်တွေပေးထားတယ်လေတခြားမ
ကြည့်ပါနဲ့  S 1 ကိုပဲကြည့်ပါလေ။


နေမင်းသိန်းရာဇာ။နောက်ဆုံးအနေနဲ့ပြည်တွင်းပြည်ပကရဟန်းသံဃာတွေကျောင်းသားပြည်သူတွေကို ဘာပြောချင်းပါလဲအစ်ကို

မောင်။စည်းလုံးညီညွတ်မှုကအရင်းခံပဲလေဒီတော့ရဟန်းရှင်လူပြည်သူအားလုံးတစည်းတလုံးထဲညီကြမယ်ဆိုရင်ဘယ်လောက်ဆိုးရွားတဲ့အာဏာရှင်ဖြစ်ပါစေအရှုံးပေးကြရမှာပါအောက်တိုဘာရုရှားတော်လှန်ရေးကိုနမူနာပြုသင့်ပါတယ်နောက်ဆုံးပြည်သူလူထုအားလုံးကိုပြောချင်တာကသတ္တိသွေးရဲရဲ မွေးပြီး ညီညွတ်စွာတိုက်ပွဲစင်သွားကြပါလို့ပြောချင်ပါတယ် အီမေလ်သို့ပေးပို့လာချင်းကို ဖော်ပြပါသည်........

Friday, January 15, 2010

ဦးဝင်းတင် ပြောဆိုချက်များ

ဦးဝင်းတင် ပြောဆိုချက်များ

အခု NLD ကနေပြီးတော့ CEC တိုးချဲ့ဖွဲ့စည်းလိုက်တယ်ပေါ့ဗျာ။ ဒါဟာ လိုအပ်လာလို့ ကျနော်တို့ လုပ်တာပါ။ ဒီဟာဖွဲ့ဖို့ ကျနော်တို့ စီစဉ်နေတာ ကြာပြီ၊ ညှိနှိုင်းနေတာလည်း ကြာပြီ။ အခုမှ ဖွဲ့ဖြစ်တယ်ပေါ့။ ဒါဟာလည်း အောက်ခြေတို့ ဘာတို့ကလည်း တိုးချဲ့ဖွဲ့စည်းဖို့ တောင်းဆိုနေတာလည်း ကြာပြီ။ အထက်မှာလည်း လိုအပ်ချက်တွေအရ ဖွဲ့ဖို့ စီစဉ်နေတာလည်း ကြာပြီပေါ့။ အခု ဖွဲ့ဖြစ်တယ်။
ဖွဲ့တဲ့နေရာမှာလည်း အဖုအထစ်၊ အထစ်အငေါ့ မရှိဘဲနဲ့ အပြေပြစ်ဆုံး၊ အချောမောဆုံး ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ရှိတယ်။ နောက်တခုက ညီညီညွတ်ညွတ် ဖြစ်အောင်လို့ အရှိနိုင်ဆုံးရှိအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိတယ်။ ဒါကြောင့် အခုဖွဲ့လိုက်တဲ့ CEC အသစ်ဟာ လုပ်ငန်းများကို ချောချောမွေ့မွေ့၊ အထစ်အငေါ့မရှိ ဆောင်ရွက်နိုင်လိမ့်မယ်။ နောက်တချက်ကလည်း ညီညီညွတ်ညွတ်နဲ့ ပေါင်းစည်းလုပ်နိုင်မယ်လို့ ယူဆတယ်။
CEC ဖွဲ့တာက အကုန်လုံး ညီလာခံကြီးတို့၊ အစည်းအဝေးကြီးတို့ လုပ်နိုင်ခြင်း မရှိဘူး။ ကျနော်တို့ လုပ်နိုင်ခြင်း မရှိဘူး။ ကျနော်တို့ ဖွဲ့နိုင်တာကတော့ CEC အဖွဲ့ဆိုတဲ့ နဂိုကတည်းက ၁၄ ဦး အဖွဲ့ရှိတဲ့အထဲက ၉ ဦးကို CEC အဖွဲ့ဝင်အဖြစ် ကျနော်တို့ သတ်မှတ်တယ်ပေါ့ဗျာ။ အတွေ့အကြုံရှိနေတဲ့၊ နဂိုကတည်းက CEC နဲ့ ပူးတွဲပြီးတော့ ခိုင်းတယ်၊ ပြီးတော့ CEC အစည်းအဝေးပြီးတော့ ပြန်ပြီး ညှိနှိုင်းကြတယ်ဆိုတဲ့ အလေ့အကျင့်တွေ အများကြီး ရှိတဲ့အတွက်ကြောင့် အဲဒီလူတွေရဲ့ လုပ်ရည်ကိုင်ရည်၊ အရည်အချင်း မြင့်မြင့်မားမား ရှိတယ်လို့ ယူဆပါတယ်။ ဒါက တခုပေါ့။
အဖွဲ့တွေ ဖွဲ့တဲ့နေရာမှာ ကျနော်တို့ တတ်နိုင်သမျှ အကျယ်ပြန့်ဆုံး လုပ်ပါတယ်။ ပုံမှန်ကတော့ CEC ထိုင်တဲ့ ၇ ယောက် ရွေးလိုက်တာပဲ။ သို့သော် အဲဒီ ၇ ယောက်ကလည်း ဒီဟာတွေ ဖွဲ့မယ်ဆိုပြန်တော့လည်း ဥက္ကဋ္ဌတို့၊ ဒုဥက္ကဋ္ဌတို့၊ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူးတို့ စတဲ့ ပုဂ္ဂိုလ်များ ရှေ့ကနေပြီးတော့ တတ်နိုင်သမျှ အကြံဥာဏ်၊ တတ်နိုင်သမျှ သဘောထားတွေ၊ သဘောတူညီချက် မတူညီချက်တွေ ယူတယ်။ ယူပြီးတော့ ဖွဲ့တယ်။ ဒါကြောင့် တတ်နိုင်သမျှ အကောင်းဆုံး အနေအထားနဲ့ CEC ပေါ်ထွက်လာတယ်ပေါ့ဗျာ။
ဘယ်သူဘယ်ဝါ ပါမယ်ဆိုတာ ပြောလို့ မရသေးဘူး။ ဘာလို့မရသလဲဆိုရင် ကျနော်တို့ ဆုံးဖြတ်ချက် ချတာကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ပေါ့ဗျာ၊ ၁၁ ရက်နေ့က ချောချောမွေ့မွေ့ ပြီးတယ်။ ကျနော်တို့ ဘာမှ အငြင်းပွားခြင်း မရှိဘူးပေါ့ဗျာ။ သို့သော် CEC အမည်စာရင်းများကို ချက်ချင်း ထုတ်ပြန်ကြေညာနိုင်ခြင်း မရှိတဲ့အခါကျတော့ ဒီမှာ သံသယတွေ ဖြစ်တာပေါ့။ အထစ်အငေါ့တွေ ရှိနေသလား၊ အငြင်းပွားမှုတွေ ရှိနေသလားလို့။ အဲဒါ မဟုတ်ပါဘူးခင်ဗျ။ ဘာ့လို့လဲဆိုတော့ လုပ်ထုံးလုပ်နည်းအရ ကော်မရှင်တို့ဘာတို့ဆီ စာရင်းပို့ရမယ်။ ကော်မရှင်ကိုပို့တဲ့ စာရင်းကို နအဖတို့ဘာတို့ဆိုတဲ့ဆီ၊ အသိပေးရမယ့်၊ အကြောင်းကြားရမယ့် ပုဂ္ဂိုလ်များရှိရင် အကြောင်းကြားရမယ်။ အဲဒါကြောင့်ပါ။
အခု CEC ဖွဲ့လိုက်တဲ့ အဖွဲ့သစ်က အဖွဲ့သစ်မှာ ဘာတွေလုပ်ကြမလဲဆိုတာ စဉ်းစားစရာတွေ ဖြစ်လာတယ်။ လုပ်ငန်းတွေက အောက်ခြေနဲ့ ကျနော်တို့ အထက်အဖွဲ့အစည်း ဆက်ဆံရေးတို့၊ စည်းရုံးရေး လုပ်ငန်းတွေ၊ လူ့အခွင့်အရေး လုပ်ငန်းတွေ စသည်ပေါ့။ လုပ်ငန်းတွေ အများကြီးရှိနဲ့အထဲမှာ ဒီလုပ်ငန်းတွေမှာ CEC ကို သဘောတူညီစွာနဲ့ ဖွဲ့မယ်။ လုပ်ငန်းတွေရှိတဲ့ အထဲမှာ သူတို့ကော်မတီက လူတွေပါ ဖော်ထုတ်ပြီးတော့၊ ကျနော်တို့နဲ့ တွဲပြီးတော့ ကျနော်တို့ လုပ်ငန်းတွေ ပိုပြီးတော့ အဆင်ပြေလာမယ်၊ ပိုမိုချောမွေ့လာမယ်၊ ပိုပြီးတော့ ကျယ်ပြန့်လာမယ်၊ သွက်လက်လာမယ်၊ ပိုပြီးတော့ လုပ်ငန်းတွေ ထိရောက်လာလိမ့်မယ်။

CEC အသစ် ပေါ်ထွက်လာတဲ့အတွက် ဒီလုပ်ငန်းနဲ့ပတ်သက်လို့၊ စည်းရုံးရေးတို့၊ ခုနကပြောခဲ့တဲ့ လူ့အခွင့်အရေး၊ အောက်ခြေနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ စည်းရုံးရေးကိစ္စတွေ၊ တခြား နိုင်ငံတကာ ဆက်သွယ်ရေး ကိစ္စတွေ၊ အသစ်တွေ ပေါ်လာတဲ့ အခါကျတော့ ဒီလုပ်ငန်းကြီးတွေနဲ့ ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေကတော့ ပေါ်လာတော့မှာပေါ့။ ဘယ်လိုပြုပြင်ပြောင်းလဲမှု ဆိုတာကိုတော့ ကျနော် ပြောလို့မရပါဘူး။ ဒါကတော့ ညှိနှိုင်းပြီးတော့ လုပ်ကြရမှာပဲ။
သို့သော် CEC အသစ်လိုဟာမျိုး ပေါ်ပေါက်လာပြီ ဆိုကတည်းကိုက ကျနော်တို့ထဲမှာလည်း လုပ်ငန်းဆိုင်ရာ အပြောင်းအလဲတွေ၊ လုပ်ပုံကိုင်ပုံတွေကလည်း အသစ်တွေ၊ လုပ်ငန်းသစ်တွေ၊ အတွေးအခေါ်သစ်တွေ၊ လူသစ်တွေ ပေါ်လာမယ်။ CEC အသစ်ကို အသက်သွင်းပြီးရင် အသက်ရှင်လာတဲ့ လူတယောက်လို လုပ်ငန်းဆောင်ရွက်မှုတွေ လုပ်နိုင်အောင်၊ အားပေးကူညီမှုဖြစ်အောင်၊ ဟိတ်ဟန်အပြည့်နဲ့ လုပ်နိုင်အောင် ကျနော်တို့ ဆက်ပြီးတော့ လုပ်သွားကြရမယ်ပေါ့။ လုပ်ငန်းသစ်တွေ၊ အစီအမံအသစ်တွေ ပေါ်လာမယ်လို့ ယူဆပါတယ်။
မီဒီယာကနေ မေးတယ်။ မေးတိုင်းလည်း ဖြေလိုက်ပါတယ်။ ကျနော့်ကို သဘောထားတင်းမာတယ်၊ တချို့လူများဆို သဘောထားပျော့တယ် ဆိုတာမျိုးတွေ ပြောနေတယ်။ ဒါလည်း မဟုတ်ဘူးခင်ဗျာ့။
ပါတီထဲမှာ လူတွေဟာ နိုင်ငံရေးလုပ်တယ်ဆိုကတည်းက အယူအဆတွေ၊ ကိုယ်ပိုင်အယူအဆတွေ၊ ခိုင်မာတဲ့ သဘောထားတွေ ရှိကြလို့ နိုင်ငံရေးလုပ်ကြတာကိုး။ အဲဒီအခါမှာတော့ အကြောင်းအခြေအနေပေါ်မှာ တည်ပြီးတော့ ဒါမှမဟုတ် မူဝါဒသဘောထားမှာ အခြေတည်ပြီးတော့၊ လုပ်ငန်းပေါ်မှာ အခြေတည်ပြီးတော့ အယူအဆ မတူညီတဲ့ဟာတွေတော့ ရှိကောင်းရှိနိုင်တာပေါ့။ ဘယ်လိုပဲရှိရှိ ကျနော်တို့ကတော့ ဒါကို သဘောထားကွဲလွဲတယ်လို့ သဘောမထားဘူး။ အရေးကြီးတာက ဆုံးဖြတ်ချက်၊ ပေါ်ပေါက်လာတဲ့ ဆုံးဖြတ်ချက်တွေပေါ်မှာ တညီတညွတ်ထဲ ရပ်တည်နိုင်သလား ဆိုတဲ့အပေါ်မှာပဲ သဘောထားညီညွတ်မှုကို အကဲဖြတ်နိုင်တယ်လို့ပဲ သဘောထားတယ်။
ကျနော့်ကို သဘောထားတင်းမာတယ်လို့ ပြောတာမျိုးတွေလည်းရှိတယ်။ ကျနော်က အဲဒီလို မထင်ဘူး။ ကျနော်က မူဝါဒတွေအပေါ်မှာ စွဲမြဲတဲ့လူလို့ပဲ ပြောချင်ပါတယ်။ သဘောထား တင်းမာတယ်လို့ မပြောချင်ဘူး။ ဘာလို့မပြောချင်တာလဲဆိုတော့ ကျနော်က သတင်းစာဆရာ လုပ်လာတာ။ သတင်းစာဆရာဆိုတာ အယူအဆတွေ မြောက်မြားစွာ၊ အကြောင်းအရာတွေ မြောက်မြားစွာ ထိတွေ့ဆက်ဆံချင်တဲ့လူ၊ လူပေါင်းများစွာနဲ့ ဆက်ဆံချင်တဲ့လူ။ ပြောချင်တယ်၊ နားထောင်ချင်တယ်။ ဒီအကျင့်လေးက ကျနော့်မှာ ဒီနေ့အထိ ရှိတယ်ဗျ။ အဲဒီတော့ ကျနော်ကတော့ အမြဲတမ်းပဲ ဘယ်သူနဲ့ဖြစ်ဖြစ် ညှိညှိနှိုင်းနှိုင်းလုပ်ဖို့၊ အပေးအယူလုပ်ဖို့၊ အကြံဥာဏ်တွေကို နာခံဖို့ဆိုတာ အမြဲတမ်း ဒီအလေ့အထက ရှိပါတယ်။ ဆိုတော့ ကျနော် စောစောကပြောသလိုပဲ၊ ကျနော်က မူဝါဒမှာ စွဲမြဲတဲ့လူ။
ဥပမာ NLD မှာ ဆိုပါတော့ဗျာ။ မူဝါဒရှိတယ်။ ဥပမာ အာဏာရှင်စနစ် မှန်သမျှကို ကျနော်တို့ ဆန့်ကျင်မယ်။ စစ်မှန်တဲ့ ပြည်ထောင်စုကို ဖော်ထုတ်မယ်၊ တည်ဆောက်မယ်ပေါ့ဗျာ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်မယ်၊ လူအခွင့်အရေးတွေ ပြည့်ဝရေးကို ဆောင်ရွက်မယ်၊ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးကို ဆောင်ရွက်မယ်။ ဒီမူဝါဒတွေ ရှိတယ်။ ဒီမူဝါဒတွေကို လွယ်လွယ်နဲ့ မစွန့်နိုင်ဘူး။ ဒီမူဝါဒအတိုင်း ရပ်တာ။ အလားတူပဲ ကျနော်တို့ ပြီးခဲ့တဲ့နှစ်ထဲ ကျနော်တို့လုပ်ခဲ့တဲ့ ရွှေဂုံတိုင်လိုဟာမျိုး။ ရွှေဂုံတိုင်မှာ ကွန်ကရက်မှာ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုတယ်။ ၁၉၉ဝ ရွေးကောက်ပွဲရဲ့ ရလဒ်များကို တနည်းနည်းနဲ့ အသိအမှတ်ပြုရေးကို တောင်းဆိုတယ်။ အကျဉ်းသားအားလုံးကို လွှတ်ပေးရေး တောင်းဆိုတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုတယ်။ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးကို တောင်းဆိုတယ်။ ဆိုတဲ့ဟာတွေက ဒီလို တောင်းဆိုချက်တွေနဲ့ ကျနော်တို့က စွဲစွဲမြဲမြဲ တိုက်မှာပဲ။ ဒီဟာတွေကို ကျနော်တို့ လွှတ်မချနိုင်ဘူး။ ဒါက ကျနော်တို့ရဲ့ ရပ်တည်ချက်ပဲလေ။ ဒီလိုဟာမျိုးတွေမှာ၊ မူဝါဒဆိုင်ရာတွေမှာ၊ တောင်းဆိုချက်တွေမှာ အများသိ ကြေညာထားတဲ့ တောင်းဆိုချက်တွေ၊ လုပ်ငန်းစဉ်တွေ။ ဒါတွေကို ကျနော်တို့ အလွယ်တကူနဲ့ မစွန့်ပစ်နိုင်ဘူးဗျ။ ဒီဟာတွေအပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည်ရမယ်လို့ ကျနော် ယူဆတယ်။ အဲဒီအပေါ်မှာ တည်ပြီးတော့ လူတွေက အမျိုးမျိုး ထင်ကြေးပေးကြ၊ ပြောကြဆိုကြပေါ့။
နောက်တခုက ဘာလဲဆိုတော့ ကျနော်တို့ အကြောင်းတွေကို ရေးတဲ့နေရာမှာ ရေးတဲ့လူကလည်း ပြည်ပမှာ နေတဲ့ လူဗျာ။ နောက်တခါ ဖော်ပြတဲ့ သတင်းစာကလည်း ပြည်ပက သတင်းစာ။ ဆိုတဲ့အခါကျတော့ ကျနော်တို့က ကျန်တဲ့ အထောက်အထားနဲ့၊ အကိုးအကားနဲ့၊ စာနဲ့ပေနဲ့ ရှိတဲ့ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်တွေ၊ တောင်းဆိုချက်တွေ၊ မူဝါဒတွေနဲ့ ပတ်သက်လို့ ဘယ်လိုဘယ်လိုတော့ သဘောရှိတယ်ဆိုတာ ရေးတာက အပြင်က လူကလည်း ရေးလို့ရတယ်၊ အထဲကလူကလည်း ရေးလို့ရတယ်။ ဒါပေမဲ့ အတွင်းမှာရှိတဲ့၊ ပြည်ထဲမှာရှိတဲ့ လူပုဂ္ဂိုလ်တဦး နှစ်ဦးချင်းရဲ့ ဆက်ဆံရေးကို ပြည်ပကနေပြီးတော့ တယ်ပြီးတော့ ယုံကြည်စိတ်ချရတဲ့ အနေအထားလည်း မရှိဘူး၊ မှန်လည်း မမှန်ဘူး၊ ကောင်းလည်း မကောင်းဘူး။
အဲ့ဒီတော့ ဘာပဲဖြစ်ဖြစ် ကျနော်ဆိုရင် အမြဲတမ်း ညီညွတ်ရေးကို ဦးထိပ်ပန်ဆင်ပြီးတော့ လုပ်နေတာပဲ။ အမြဲတမ်း အလျှော့ပေးဖို့၊ အမြဲတမ်း လိုက်လျောဖို့၊ အမြဲတမ်း ညှိနှိုင်းဖို့၊ အမြဲတမ်း ဆက်စပ်မှုကို ဖော်ထုတ်ဖို့ကို ကျနော်တို့ လုပ်နေတာပဲ။ ဒါကြောင့်လည်း ရွှေဂုံတိုင် အစည်းအဝေးမှာ ပြောခဲ့တဲ့ ကျနော့် မိန့်ခွန်းတွေမှာ ဆိုလို့ရှိရင် မူလဘူတ မူဝါဒတွေ၊ မူလဘူတ တောင်းဆိုချက်တွေကို ကျနော်တို့ မစွန့်ပစ်နိုင်ဘူး။ ၂ က ကျနော်တို့ ညီညွတ်ရေးကို လုပ်မယ်။ ၃ က လူထုကို မျက်နှာမငယ်စေမယ့် နိုင်ငံရေးကို လုပ်မယ်ဆိုတဲ့ ကျနော်တို့ သဘောထား ၃ ရပ်ကိုလည်း အတိအလင်း ပြောဆိုကြေညာပြီး ဖြစ်ပါတယ်။ ကျနော်တို့ ဒီအတိုင်းပဲ ကျနော် ကျင့်သုံးနေပါတယ်။

အဲဒီတော့ ပါတီအတွင်းမှာ ညီညွတ်ရေးတွေဘာတွေ မရှိဘူးဆိုတာက မဟုတ်ပါဘူး။ ပါတီအတွင်းမှာ ကျနော်တို့ ရှိတဲ့အခါရော၊ မရှိတဲ့အခါရောမှာ ……. ဒီနေ့အထိ ညီညွတ်ရေးကို ဦးထိပ်အထားဆုံး၊ အလေးအထားဆုံး ကိစ္စဖြစ်ပါတယ်ဆိုတာကို ကျနော် ပြောချင်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့အထိ ပါတီဟာ အမျိုးမျိုးသော နိုင်ငံရေးပြဿနာတွေ၊ လူပုဂ္ဂိုလ်ပြဿနာတွေ ရှိနေသော်ငြားလည်း ဒီနေ့အထိ တည်မြဲနေတာဟာ ညီညွတ်ရေးရှိတဲ့ လက္ခဏာပဲလို့ ပြောလိုပါတယ်။ အဲဒါကို ကျနော်တို့ နောက်ထပ် ဆက်လက်ပြီးတော့လည်း ထိန်းသိမ်းသွားမှာ၊ ကာကွယ်စောင့်ရှောက်သွားမှာ၊ ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

Friday, December 25, 2009

သံတိုင်ကြားမှာ (N L D)လူငယ်များ၏ တောင်တွင်း အတွေ့ အကြုံများ

ko htin kyaw အစ်တော် မြတ်လေးငုံး အားကျေးဇူးတင်းပါတယ်

Wednesday, September 2, 2009

ခမိခဆဲ နှင့် ဘလော့ခ်ဂါ ဆူးမိုဃ်း အင်တားဗျူး


ခမိခဆဲ : အခု သံဃာတော်တွေ တတိယအကြိမ်သံဃာ့သပိတ်ဆင်နွှဲမယ်ဆိုတာ မြန်မာပြည်မှာ တော်တော်လေး သတင်းတွေ ဂယက်ရိုက်နေတာ ကြားမိမှာပေါ့။ အဲ့ဒီအပေါ် ခင်ဗျားအမြင်လေးကို သိပါရစေ။

ဆူးမိုဃ်း : ကျနော့်ရဲ့  တသီးပုဂ္ဂလ အမြင်နဲ့ ပြောရရင်တော့ .. မဖြစ်စေချင်ဘူးဗျ .. နိုင်ငံရေး မငြိမ်မသက် ဖြစ်ရင် .. ပြည်သူတွေလည်း အနည်းနဲ့ အများ ထိခိုက်တာပဲလေ .. အိမ်ရှေ့ ပူရင် အိမ်နောက် မချမ်းသာ ဆိုသလိုပေါ့ .. တကယ်လို့ .. အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာခဲ့မယ် ဆိုရင်တော့ .. ပြည်သူတစ်ရပ်လုံးရဲ့  ဆန္ဒအတိုင်းပါပဲ ..




ခမိခဆဲ : တစ်ခုကို လိုချင်ရင် တစ်ခုကို စွန့်လွှတ်ရတယ်ဆိုတာ ကြားဖူးမှာပါ။ ခင်ဗျားအနေနဲ့ မဖြစ်စေချင်ဘူးဆိုတော့ နိုင်ငံတော်ရဲ့ဖွဲ့စည်းအုပ်ချုပ်မှုတွေကို သဘောကျလို့လားမသိဘူးခင်ဗျ။

ဆူးမိုဃ်း : သဘောကျတယ်လည်း .. မဟုတ်ဘူး .. မကျဘူးလည်း မဟုတ်ပါဘူး .. ဒါပေမယ့် .. ကျနော့် အမြင်ပြောရရင် .. လူသားတစ်ယောက်မှာ .. သူ့ ရဲ့  ကိုယ်ပိုင် အမြင် .. ကိုယ်ပိုင် ယူဆချက်တွေကို ထုတ်ဖော်ပြသခွင့် ရှိတယ်လို့တော့ ထင်ပါတယ် ..


ခမိခဆဲ : အဲ့တာဆိုလို့ရှိရင် အခု ခင်ဗျားမွေးကတည်းကနေ အခုအထိ ကိုယ်ပိုင်ယူဆချက်တွေကို ထုတ်ဖော်ပြသခွင့် ရှိခဲ့သလား။

ဆူးမိုဃ်း : ကျနော်ကတော့ .. အေးအေးချမ်းချမ်းနေရတာကို .. သဘောကျပါတယ် .. တခြား လူအများစု အနေနဲ့ကတော့ .. ထိုက်သင့်သလောက် အခွင့်အရေး မရကြဘူး ထင်ပါရဲ့ ဗျာ .. ဟုတ်မဟုတ်တော့ မသိဘူးနော့ ..

ခမိခဆဲ : အေးအေးချမ်းချမ်းနေရတာကို သဘောကျတယ်ဆိုတာ ဟုတ်ပါပြီ။ နိုင်ငံတော်ကြီး ချွတ်ခြုံကျနေတဲ့အချိန်မျိုးမှာဆိုလို့ရှိရင် ခင်ဗျားအနေနဲ့ အေးအေးချမ်းချမ်းနေနိုင်ပါဦးမလား။

ဆူးမိုဃ်း : ဒါကတော့ .. ရေကန်ထဲကို ခဲတစ်လုံး ပစ်ချရင်တောင် .. ရေပွက်လေးတော့ ထသေးတာပဲဗျာ .. ငလျင်လှုပ်တယ်ဆိုမှတော့ .. အိမ်တွေတောင် ပြိုချင်ပြိုနိုင်တာပဲလေ ..
အကျိုးရှိလို့ အကြောင်း ဖြစ်လာတာပဲ ..

ခမိခဆဲ : အဲ့တာဆိုလို့ရှိရင် ခင်ဗျားအနေနဲ့ အခုလို သံဃာတွေ သပိတ်မှောက်ပြီဆိုကြပါစို့။ အဲ့လိုအခြေအနေမျိုးမှာ ခင်ဗျားက ဘယ်လိုသဘောထားမလဲ။ ဘယ်လိုမြင်မလဲ။ ဘယ်လိုထင်မြင်ချက်ပေးမလဲ။

ဆူးမိုဃ်း : အင်း .. ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် .. ကလေး တစ်ယောက်ပေါ့ဗျာ .. သူလိုချင်တာကို ပူဆာမယ် .. မရရင် အော်ငိုမယ် .. အော်ငိုလို့မှ မရဘူးဆိုရင် .. အဲ့ကလေး ဘာလုပ်မလဲ .. ကြာလာတော့လည်း အငိုတိတ်သွားမှာပဲလေ .. အဲ့လို ခဏခဏ မရတဲ့အခါ .. ငိုခြင်းဆိုတဲ့ အတတ်ပညာဟာ အသုံးမ၀င်မှန်း သိသွားပြီး .. ငိုရမှာ ထုံသွားမလားပဲ .. ကျနော်ကတော့ .. ငိုစေချင်ပါတယ် .. ကလေးဆိုတာ .. ငိုရမယ့် ၀တ္တရား ရှိတယ်လေ ..

ခမိခဆဲ : ခင်ဗျားက ငိုမယ့်ထဲမှာပါမှာလား။ ငိုမယ့်ကလေးငယ်တွေကို မငိုနဲ့လို့ ဘေးကနေ ပြောမယ့်အထဲမှာပါမှာလား။

ဆူးမိုဃ်း: ကျနော်လား ... ဖြစ်နိုင်ရင်တော့ မငိုချင်ဘူး ... တကယ် ငိုဖို့လိုအပ်လာမယ်ဆိုရင်တော့လည်း .. ငိုရတော့မှာပေါ့ဗျာ .. ကျနော်လည်း ကလေးစိတ် သိပ်မကုန်သေးပါဘူး ..

ခမိခဆဲ : ခင်ဗျားစိတ်ထဲမှာ အခု နိုင်ငံတော်အစိုးရရဲ့လုပ်ရပ်တွေကို ဘယ်လိုမြင်ပါသလဲ။ ခင်ဗျာအခုလိုနေထိုင်ရတာကို ကျေနပ်နေတယ်လို့ ဆိုလိုချင်တာလား မသိဘူး။

ဆူးမိုဃ်း : ဘယ်လိုမြင်သလဲ ဆိုတော့ .. မမြင်တတ်ဘူးဗျ .. ကျနော်ကိုယ်တိုင်ကလည်း .. ပုံမှန် မဟုတ်တဲ့ ကိစ္စတွေကို စိတ်မ၀င်စားတတ်တာပါတယ် .. အခု နေရတာတော့ မဆိုစလောက် အဆင်ပြေပါတယ် .. လူတန်းစား နှစ်ရပ် ရဲ့  ကွာဟာမှု ကြီးမားနေတာ တစ်ချက်ပဲ .. စိတ်ထဲ ဘ၀င်မကျ ဖြစ်မိတာပဲ ရှိတယ် ..

ခမိခဆဲ : နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတတ်ဖို့ ပြည်သူတစ်ယောက်အနေနဲ့ တစ်ဖက်တစ်လမ်းကနေ တတ်နိုင်တဲ့ဘက်က ပါဝင်ချင်တဲ့စိတ်မျိုးရှိမယ်ဆိုရင် ဘယ်အခမ်းကဏ္ဍက ပါဝင်ချင်ပါသလဲ။

ဆူးမိုဃ်း : ကျနော်က အွန်လိုင်းလောက က ဆိုတော့ .. အွန်လိုင်းကနေပဲ .. ပြည်သူတွေ အတွက် အသိပညာတွေ ပေးရင်း .. တစ်တက်တစ်အား ပါဝင်ချင်ပါတယ် ...

ခမိခဆဲ : အွန်လိုင်းလောကက ဘလော့ခ်ဂါတစ်ယောက်အနေနဲ့ ကြုံဆုံရတဲ့အခက်အခဲလေးကို ပြောပြပေးပါဦး။

ဆူးမိုဃ်း : အဓိက ကတော့ .. Connection နှေးကွေးမှု ပြဿနာနဲ့ .. လိုင်းပိတ်ဆို့မှု ပေါ့ဗျာ .. Blogger တော်တော်များများ .. ကြုံတွေ့ ရတဲ့ အခက်အခဲပါပဲ ..

ခမိခဆဲ : အဲ့လိုကွန်နက်ရှင်နှေးကွေးအောင် နိုင်ငံတော်က ဘာကြောင့်လုပ်ထားတာလဲ။ လိုင်းတွေကို ပိတ်ဆို့ထားတာ ဘာ့ကြောင့်လို့ ထင်ပါသလဲ။ ဘယ်လိုလိုင်းမျိုးတွေကို အဓိကထား ပိတ်ပင်သလဲဆိုတာလေး ပြောပြပေးပါ။

ဆူးမိုဃ်း : ကျနော့်အထင် ပြောရရင် .. connection နှေးကွေးအောင် နဲ့ လိုင်းတွေပိတ်ဆို့အောင် လုပ်ထားတဲ့ အကြောင်းက .. နိုင်ငံရေး လှုံ့ ဆော်မှုတွေ မပြုလုပ်နိုင်အာင် ဟန့်တားထားတယ်လို့ ထင်ပါတယ် .. ဘလော့ဂ်ဂါ တော်တော်များများကလည်း နိုင်ငံရေး ဘလော့ဂ်တွေ ရေးကြတာ များတယ်လေ ..

ခမိခဆဲ : နိုင်ငံရေးဘလော့ခ်ရေးသားတဲ့ ဘလော့ခ်ဂါတွေကို ခင်ဗျားရဲ့အမြင်လေးပေါ့၊ ပြောပြပေးပါ။

ဆူးမိုဃ်း : ကောင်းပါတယ် ... Internet ကို လူငယ်တော်တော်များများ use to ဖြစ်နေတဲ့ ခေတ်ကြီးမှာ .. နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေ ဖြန့်ဝေပေးတာ ... လေးစားဖို့ကောင်းပါတယ် .. ကျနော်တော့ .. သူတို့ကို လိုက်မှီဖို့ အတော်လိုသေးတယ်ဗျ .. အသိပညာရော .. ရဲစွမ်းသတ္တိရောပေါ့ ..

ခမိခဆဲ : မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံတော်ကြီးကို သူများနိုင်ငံတွေလို ဖွံ့ဖြိုးတိုးတတ်မှုမရှိပဲ ကြာလေဆုတ်ယုတ်လာလေ ဖြစ်လာတာဘာ့ကြောင့်လို့ ထင်ပါသလဲ။

ဆူးမိုဃ်း : အဓိကကတော့ .. ပိတ်ဆို့မှုတွေကြောင့်ပေါ့ဗျာ ... စီးပွားရေး .. လူမှုရေး .. နိုင်ငံတကာ သံတမန်ရေး .. တော်တော်များများကို ပိတ်ဆို့ ထားတာကြောင့်လို့ ထင်ပါတယ် ...

ခမိခဆဲ : အခု မြန်မာနိုင်ငံမှာ ပညာအရေအချင်း ၁၀ တန်းရှိတဲ့ ကလေးတွေကို ကြံ့ဖွတ်က စစ်သင်တန်းပို့ချနေတဲ့အပေါ်မှာ ခင်ဗျားအနေနဲ့ ဘယ်လိုမြင်လဲ။

ဆူးမိုဃ်း : ဘုရားရေ .. တကယ်လားဗျာ .. ကျနော် မသိလိုက်တာ အံ့သြစရာပဲ ... တကယ်ဆို .. မဖြစ်သင့်ပါဘူး .. ကျောင်းနေ အရွယ် ကလေးတစ်ယောက်အတွက် .. သူ့ ဦးနှောက်ထဲ ထည့်ထားရမှာက .. ပညာရေးနဲ့ လူမှုဆက်ဆံရေး နှစ်ခုပဲလေ ..

ခမိခဆဲ : နောက်ဆုံးအနေနဲ့ သံဃာတော်တစ်ပါးက၊ ဒါမှမဟုတ် ပြည်သူတစ်ယောက်က ခင်ဗျားကို ပါဝင်ဖို့ တိုက်တွန်းနှိုးဆော်မယ်ဆိုရင် ခင်ဗျားဘယ်လိုလုပ်မလဲ။

ဆူးမိုဃ်း : ရေနစ်နေတဲ့ လူတစ်ယောက်က .. သူ့ ကို ကယ်ဖို့အတွက် .. ခင်ဗျားကို လက်ကမ်းမယ်ဆိုရင် .. ခင်ဗျား ဘယ်လိုဆုံးဖြတ်မလဲ .. ခင်ဗျား လက်တစ်ဖက် သူ့ဆီ အရောက်ပေးမလား .. ဒါမှ မဟုတ် ... လျစ်လျူရှုပြီး လှည့်ထွက်သွားမလား .. ကျနော်ကတော့ .. လူဆန်တဲ့ .. လူသားပီသတဲ့ လူတစ်ယောက်ဖြစ်ချင်ပါတယ် ...

ခမိခဆဲ : ဒါဆို တတိယအကြိမ်သံဃာ့သပိတ်ကြီးကို ပြည်သူတွေဘက်က လက်ကမ်းကြိုဆိုမယ်လို့ မျှော်လင့်ရတယ်ပေါ့။ အဲ့ဒီအပေါ်လေးကော.....

ဆူးမိုဃ်း : ပြည်သူတစ်ရပ်လုံးက .. ကျနော့်လိုပဲ .. လူသားဆန်တဲ့ လူတစ်ယောက် ဖြစ်ချင်ကြမယ်လို့ မျှော်လင့်ပါတယ် ...

ခမိခဆဲ : မြန်မာပြည်သားတစ်ယောက်အနေနဲ့ ဘာပြောချင်ပါသေးလဲ။

ဆူးမိုဃ်း : မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း .. စိတ်၏ ကျန်းမာခြင်း .. ကိုယ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး .. ဘက်စုံဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ် တစ်ရပ်ဆီ အရောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်ဗျာ ..

ခမိခဆဲ : အခုလိုဖြေကြားပေးတဲ့ ခင်ဗျားကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။

ဆူးမိုဃ်း : ဟုတ်ကဲ့ .. ကျနော်ကလည်း .. ပြည်သူတစ်ရပ်လုံးရဲ့  ကိုယ်စား ကျေးဇူးတင်ပါတယ် ဆိုတာကို ပြောချင်ပါတယ် ဗျာ ..