Showing posts with label ကြေညာချက်. Show all posts
Showing posts with label ကြေညာချက်. Show all posts

Monday, December 10, 2012

သပိတ်မှောက် ဆန္ဒထုတ်ဖော်နေကြသော ရဟန်းရှင်လူ ပြည်သူများအား
အကြမ်းဖက်ဖြိုခွဲခြင်းအပေါ်သဘောထားထုတ်ပြန်ချက်

နေ့စွဲ ။ ။ နိုဝင်္ဘာလ(၂၉)ရက် ၊ ၂၀၁၂ ခုနှစ်
မြန်မာအစိုးရ စစ်တပ်ဗိုလ်ချုပ်များ ဦးစီးထားသော ဦးပိုင် ကုမ္ပဏီနှင့် တရုတ် ဝမ်ပေါင်ကုမ္ပဏီ ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေ သော အဆိုပါ ကြေးနီစီမံကိန်းကြောင့် သဘာဝတောင်တန်းများ ပျက်စီးခြင်း၊ ဒေသခံတို့၏ လယ်ယာမြေများ အဓမ္မ သိမ်းပိုက် ခံရခြင်း၊ စီမံကိန်းအညစ်အကြေးများမှ ကျန်းမာရေးထိခိုက်စေခြင်းနှင့် အခြားဆိုးကျိုးများကို ထောက်ပြကာ ဒေသခံ ကျေးရွာ ၂၆ ရွာက ယခုနှစ် မေလမှစတင်ကာ နှစ်ဝက်ကျော်ကြာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ယနေ့မနက်ပိုင်းကအကြမ်းဖက်နှိမ်နှင်းခြင်းခံခဲ့ရသည်။
တိုက်ပွဲဝင် တိုင်းရင်သား ညီနောင်များနှင့် ရဟန်းရှင်လူ ကျောင်းသား ပြည်သူ အပေါင်းတို့ … ။ မြန်မာနိုင်ငံ၏ အခြေအနေသည် အပြောင်းအလည်းသို့ ဦးတည်နေသရောင်တွေ့ မြင်နရသောလည်း လက်ရှိ အခြေအနေမှာတော့ စစ်အုပ်စု၏ ချုပ်ကိုင်ထိန်းချုပ်မှု စနစ်အောက်မှ မလွတ်မြောက် နိုင် သေးပေ ။
အဘယ့်ကြောင့်ဆိုသော…......မဆလတဖြစ်လဲ န၀တ ၊ နအဖ ကြံဖွံစစ်အုပ်စုသည် စစ်ယူနီဖောင်းချွတ်ပြီး ဟန်ပြ အရပ်သားအဆိုးရ အသွင်ပြောင်းလဲကာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တွေ့ဆုံပြီးနောက်( NLD )ပါတီနှင့် နှစ်ရှည်အကျဉ်းကျလွတ်မြောက်လာသော ၈၈မျိုးဆက် ကျောင်းသားများနှင့် တချို့သောနိုင်ငံရေး ၊ လူမှုရေး လှုပ်ရှားသူများကို လွတ်လပ်စွာ ဟန်ပြလှုပ်ရှား ခွင့်များပြုထားပြီး နိုင်ငံတကာမှ စည်းပွါးရေးပိတ်ဆို့မှုများ ပြန်လည်ရုတ်သိမ်းပြီး ( ၂၀၁၄ )မှာ အာစီ ယံအလှည့်ကျဥက္ကဌဖြစ်ရေး ၊ တရုပ်နှင့်ချုပ်ဆိုထားသော ရခိုင်ပြည်နယ်အတွင်းက ရွှေဂက်စ် ပိုက် လိုင်း ၊ မြစ်ဆုံရေကာတာစီမံကိန်း ၊ ကြေးနီတောင်သတ္ထုတူးဖေါ်ရေးစသည့် စီမံကိန်းများအား ဆက် လက် အကောင်အထည်ဖေါ်နိုင်ရေးနှင့် စစ်အာဏာဆက်လက် ထိန်းချုပ်ထားနိုင်ရေးအတွက်သာ ဦးတည်ကြိုးပမ်းနေပြီး ထိုစီမံကိန်းများကြောင့် ဒေသခံပြည်သူတွေရဲ့ အခက် အခဲ အကြပ်အတည် များကိုလစ်လျှူရှူထားပြီး မညီမျှသည့် ဥပဒေများဖြင့် ပုဒ်မအမျိုးမျိုးတပ်ခါ ဖမ်းဆီးခြင်းလက်နက် အားကိုးပြီး အနိုင်ကျင့်ခြင်း အဓမ္မမှုများ ဆက်လက်ဖြစ်ပေါ် ကျင့်သုံးနေခြင်း ကြောင့်ပင်ဖြစ်ပေ သည် ။
ယင်းအခြေခံအကြောင်းရင်းများသည် ပြည်သူလူထုအား ကိုယ်စားပြုသည့် ဒီမိုကရေစီကို အခြေခံသော စစ်မှန်သည့် ပြည်သူ့ ဒီမိုကရေစီ အခြေခံဥပဒေမရှိ ခြင်း ကြောင့်ပင်ဖြစ်ပေသည် ။ လက်ရှိ စစ်အဆိုးရကိုင်စွဲကျင်သုံးနေသော ( ၂၀၀၈ )ဖွဲ့စည်းပုံသည် စစ်အာဏာရှင် ဆက်လက် သြဇာအာဏာ တည်တန့်ရေးနှင့် ပြည်သူလူထုကြီးကို ဆက်လက်ဖိနှိပ် အုပ်ချုပ်သွားနိုင်ရေး ဟု သည့် စစ်အုပ်စု၏ (ရုပ်မတ်)လမ်းပြမြေပုံ()ချက်နှင့်အညီ အကောင်အထည်ဖေါ်နေခြင်း ပင်ဖြစ် ပေသည် ။

သို့ဖြစ်ပါ၍ မိမိတို့မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ကြီးမှ အဖိနှိပ်ခံ ပြည်သူများ စစ်အာဏာရှင်၏ စစ်ဖိနပ်အောက်မှ လွတ်မြောက်ရန်ရည်ရွယ်၍ မတရားတဲ့ အမိန့်အာဏာဟူ သမျှ တာဝန်အရဖီဆန်ကြဖို့ ဆိုသည့်အတိုင်း စစ်အာ ဏာရှင်အား အသက်ဆက်မည့် ( ၂၀၀၈ ) ဖွဲ့စည်းပုံအခြေခံဥပဒေအား တိုက်ဖျက်ရေး လွှတ် တော်ပြင်ပတိုက်ပွဲအား စတင်မည်ဖြစ်ပါ၍ ပြည်တွင်း ၊ ပြည်ပ ဟန် ချက်ညီညီဖြင့် ပူးပေါင်းပါဝင် ကြပါရန်ဖိတ်ခေါ် တပ်လှန့်နှိုးဆော်လိုက်သည် ။

မိမိတို့ …. ရောက်ရှိနေထိုင်ရာ ဒေသအသီးသီးတွင် ဆန္ဒပြကန့်ကွက်ခြင်းဖြင့်၎င်း ရှုတ်ချပွဲ အခမ်း အနားများဖြင့်၎င်း ၊ နည်းလမ်းပေါင်းစုံဖြင့် ကြေးနီစီမံကိန်းဖျက်သိမ်းရေး တိုက်ပွဲအား အရှိန်အဟုန်မြှင့်ဆင်နွဲးကြပါရန် အမျိုးသားလွတ်မြောက်ရေး အကျိုးရည်မျှော်၍တပ်လှန့်နှိုးဆော် လိုက်သည် ။

မှတ်ချက်။သပိတ်စခန်းများကို ယနေ့မနက် ၃ နာရီခန့်က မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံ အာဏာပိုင် အဖွဲ့များက ဝင်ရောက် ဖြိုခွဲခဲ့သဖြင့် ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ် ၇၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိ၍ မိဘပြည်သူများအနေ့ဖြင့်ဝိုင်းဝန်ကူးညီပေးကြပါလိုတိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့
မြန်မာနိုင်ငံ
ရန်ကုန်မြို့
အရှင်ဓမ္မရာဇာ။ရန်ကုန်
အရှင်ထာဝရ။ နော်ဝေ
အရှင်စန္ဓိမာ။ဧရာဝတီတိုင်း
အရှင်သုမန။ မန္တလေးမြို့
အရှင်နန္ဒမာလာ။နေပြည်တော်
အရှင်သုစိတ္တာ။မုံရွှာ
အီမေလ်။momks.2011@gmail.com