Showing posts with label ဖိတ်ကြားလွှာ. Show all posts
Showing posts with label ဖိတ်ကြားလွှာ. Show all posts

Friday, July 19, 2013

အခမဲ့ပညာဥယျာဉ်ကွန်ပျူတာသင်တန်း ပထမအကြိမ်းမြောက် ကွန်းပျူတာသင်တန်းဆင်းပွဲဖိတိကြားခြင်း

သင်တန်းတည်နေရာ - အမှတ် (၁၆၇)၊ အောင်သပြေလမ်း၊ (၇၂)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဆက်သွယ်ရန်ဖုန်း 09421114187 လှိုင်ဝင်းထွဋ် 
ဆက်သွယ်ရန်အီးမေးလ် shwemyanmar.90@gmail.com, uthavara@gmail.com

Wednesday, January 18, 2012

ပြန်လည်လွတ်မြောက်လာသော ရွှေဝါရောင် သံဃာ့အပါး ၃၀အား သိဏ္ခာမင်္ဂလာပွဲ ဖိတ်ကြားလွှာ..


ရက်စွဲ။ ။ ဇန်န၀ါရီလ ၁၇ရက်၊ ၂၀၁၁။

မိတ်ဆွေများ၊ ရဲဘော်များခင်ဗျား-

ပြန်လည်လွတ်မြောက်လာသော ရွှေဝါရောင် သံဃာ့အရေးတော်ပုံ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုယ်တော်များဖြစ်သော...
မဂ္ဂင်ကျောင်းထိုင် ဆရာတော် ဦးဣန္ဒက
ရွှေဝါရောင်ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရ
(ဓာတ်ပုံ ဒီမိုကောင်းကင်)
၁။ ဦးက္ကုန္ဒက မဂ္ဂင်ကျောင်း
၂။ ဦးစန္ဒာသီရိ
၃။ ဦးဂမ္ဘီရ မဂ္ဂင်ကျောင်း
၎။ ဦးက္ကုသရိယ မဂ္ဂင်ကျောင်း
၅။ ဦးကေလာသ မန္တလေး
၆။ ဦးပဏ္ဏ၀ံသ ရန်ကုန်တိုင်းရဟန်းပျိုအတွင်းရေးမှူး
၇။ ဦးပဏ္ဏိတ မှော်ဘီကျောင်း
၈။ ဦးသဒ္ဓမ တွံ့တေးကျောင်း
၉။ ဦးရေ၀တ ချောက်
၁၀။ ဦးတိလောက
၁၁။ ဦးဝိသုဒ္ဓ
၁၂။ ဦးရေ၀တ
၁၃။ ဦးဝါယမ
၁၄။ ဦးစန္ဒိမာ
၁၅။ ဦးဆန္ဒာဓိက
၁၆။ ဦးတေဇ၀န္တ
၁၇။ ဦးဃောသိတ
၁၈။ ဦးနန္ဒ
၁၉။ ဦးဝိလာသက္က
၂၀။ ဦးဣသာရိယ
၂၁။ ဦးသုမန
၂၂။ ဦးသုမန(ခ)စာရေးဆရာမင်းဆက် မန္တလေး
၂၃။ ရှင်စန္ဒာဝရ
၂၄။ ဦးပညာစာရ (စစ်တွေ)တို့ အပါအ၀င် စုစုပေါင်း နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာအပါး ၃၀အား သိဏ္ခာထပ်မည်ဖြစ်ပါသဖြင့် တတ်နိုင်သလောက် ကုသိုလ်တော်ပါဝင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
 မိတ်ဆွေအပေါင်းတို့

ယခုမြင်တွေ့ရသော ဖိတ်စာပါ စာသားများသည် ကမကထပြုလုပ်သော မကွေးကျောင်းထိုင် ဆရာတော်မှ မဂ္ဂင်ကျောင်းတိုက်တွင် ပြန်လည် လွတ်မြောက်လာသော သံယာတော်၁၀ပါး၏ သဘောဆန္ဒနှင့် အညီ အတည်ပြု ရိုက်နှိပ်စေခြင်းဖြစ်ပြီး၊ ဖိတ်စာဧ။် ဒီဇိုင်းအား ကျနော် ကိုညီညီထွေးမှ ဆရာတော်ဘုရား၏ တာဝန်ပေးအပ်ချက်အရ၊ ကျနော့်၏ ကိုယ်ပိုင်စိတ်ကူးဖြင့် ဒီဇိုင်းဖော် ရိုက်နှိပ်ခဲ့ခြင်း ဖြစ်ပါသည်။

                   ကိုညီ
ဒုတိယအကြိမ် နိုင်ငံရေး အကျဉ်းချခံ သံယာတော်များ သိမ်ထပ် မင်္ဂလာပွဲ ကျင်းပရေးကော်မတီ အစ်ကိုဒီမိုဝေယံ သတင်း

Sunday, July 17, 2011

(၆၄) နှစ်မြောက် အာဇာနည်နေ့ အခန်းအနား ဖိတ်ကြားခြင်း အိန္ဒိယနိုင်ငံ နယူးဒေလီ

(၆၄) နှစ်မြောက် အာဇာနည်နေ့ အခန်းအနား ဖိတ်ကြားခြင်း   

၁၉-၇-၂ဝ၁၁ နေ့သည် (၆၄) နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးလျက် လွမ်းသူ့ ပန်းခွေချခြင်း၊ အလေးပြုခြင်း၊ ဂုဏ်ပြုစကား ပြောကြားခြင်း၊ အောက်မေ့ သီချင်း သီဆိုခြင်း၊ အမှတ်တရ ကဗျာရွတ်ဆိုခြင်းများဖြင့် ကျင်းပမည်ဖြစ်ပါ၍ အောက်ပါအစီအစဉ်အတိုင်း တက်ရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

လူကြီးမင်းတို့ အဖွဲ့အစည်း၊ လူတဦးချင်းမှ လွမ်းသူ့ပန်းခွေ လာရောက်ချပါရန်လည်း ဖိတ်ခေါ်အပ်ပါသည်။

နေ့     = ၁၉-၇-၂ဝ၁၁
အချိန်     = နံနက် (၁ဝ) နာရီ တိတိ၊
နေရာ     = BCRC

လေးစားစွာ

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)

Wednesday, June 8, 2011

ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်ပြည်. မွေးနေ. ဂုဏ်ပြုပွဲ အခမ်းအနား ဖိတ်ကြားလွှာ *Denmark

 
ဒေါ်အောင်ဆန်းစုကြည်၏ 
၆၆ နှစ်ပြည်. မွေးနေ. ဂုဏ်ပြုပွဲ အခမ်းအနား

ဖိတ်ကြားလွှာ

 မြန်မာ.ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏၆၆ နှစ်ပြည်.မွေးနေ.အခမ်းအနားကိုအောက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင်. ဒေါ်အောင်ဆန်းစုကြည်အား
လေးစားမြတ်နိုးသူ မည်သူမဆို တက်ရောက်နိုင်ပါကြောင်း Burma Campaing Denmark မှ လေးစားစွာ
ဖိတ်ကြားအပ်ပါသည်။



နေ.ရက်…….၁၉ ဇွန်လ ၂၀၁၁ ( Sunday )

အချိန်……….နေ.လည် ၁ နာရီ မှ ညနေ ၅ နာရီထိ


နေရာ……….Holtvej.8,
 3230 Græsted ,  Nord Sjælland,  Denmark

မြန်မာ အစားအစာဖြင်.တည်ခင်းဧည်.ခံပါမည်။



“ကုသိုလ်ပြုအစီအစဉ်”

ဒေါ်အောင်ဆန်းစုကြည် အတွက် ကုသိုလ်အလှူဒါနပြုသောအားဖြင်. ရွှေဝါရောင်တော်လှန်ရေးဦးဆောင် သံဃာတပါးဖြစ်သော အရှင် ထာဝရအား နေ.လည်ဆွမ်း ဆက်ကပ်လှူဒါန်းပါမည်။

ဒေါ်အောင်ဆန်းစုကြည်၏ လူငယ်ကွန်ယက်မှ ထူထောင်ထားသော အမေ.အိမ် ပညာဒါနကျောင်းအား ဒေါ်အောင်ဆန်းစုကြည် မွေးနေ.ဂုဏ်ပြုသောအားဖြင်. ထောက်ပံ.လှူဒါန်းပေးရန်။

နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးပေးရန်။

Monday, November 1, 2010

Invitation: Protest Against 2010 election on Nov 3 , 2010, New Delhi

ဆန္ဒပြပွဲဖိတ်ကြားခြင်း


သို့ 
-------------------------
မြန်မာနိုင်ငံရှိ နအဖ စစ်အစိုးရ အနေနှင့် အတုယောင် ရွေးကောက်ပွဲတစ်ရပ် ကိုလာ မည့် နိုဝင်ဘာလ(၇) ရက်နေ့ တွင်ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။

နအဖ အနေနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ သို့ ရွှေ့ပြောင်းလဲသယောင် နိုင်ငံတကာ သို့  လှည့် စားရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

India အပါအဝင် နိုင်ငံတကာအစိုးများအနေ နှင့် မူဝါဒအပြောင်းအလဲ ဖြစ်အောင် လည်း နအဖ အနေနှင့် ဆောင်ရွက်နေပါသည်။ ယင်းလိမ်လည် လှည့်ဖျား နေမူ့များ ကို India အစိုးရ နှင့် India ပြည်သူများ သိရှိနိုင်အောင် ဆန္ဒပြပွဲ တစ်ရပ်ကို အောက်ပါ အစီစဉ်အတိုင်း ပြုလုပ်မည် ဖြစ်ပါ ၍ အင်တိုက် အားတိုက် ပါဝင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

အစီစဉ် Bus အစီစဉ်
နေ့ ရက် - ၃.၁၁.၂၀၁၀ (Wednesday) BCRC မှ နံနက် ၉.၃၀
အချိန်- နံနက် ၁၁.၀၀နာရီ C1 မှ နံနက် ၉.၄၅
နေရာ- ဂျန်တားမန်တား (Janta Manta)

မှတ်ချက် ။ ။ မိမိတို့ ရဲ့  ရိုးရာဝတ်စုံများဝတ်ဆင်လာကြပါရန်တိုက်တွန်းအပ်ပါသည်။
လေးစားစွာဖြင့် 
အန္ဒိယအခြေစိုက်ဒီမိုကရေစီအင်းအားစုများ

( ပိုမိုသိရှိလိုပါက- Ko Kim- 8800-4144-83 , Htun Htun – 9891280954 )

Thursday, December 31, 2009

အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (တိုကျို ၊ ဂျပန် ဌာနခွဲ) “၂၀၁၀ ငြိမ်းချမ်းရေးနှစ်ကို မေတ္တာနှင့်ကြို “ အခမ်းအနား အခမ်းအနား အစီအစဉ်

မြန်မာပြည်သူပြည်သားတွေ လွတ်လပ်ပြီး ငြိမ်းချမ်းသာယာတဲ့ နှစ်သစ်ကို ရရှိနိုင်ပါစေ....

မြန်မာပြည်သူပြည်သားအပေါင်းတို့  လွတ်လပ်မှု ရရှိကြမည့် ၂၀၁၀ ခုနှစ်သစ်ဆီသို့ ။ Countdown... လေးလုပ်ရင်း ဆုတောင်းပေးကြရအောင်.....

အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (တိုကျို ၊ ဂျပန် ဌာနခွဲ) “၂၀၁၀ ငြိမ်းချမ်းရေးနှစ်ကို မေတ္တာနှင့်ကြို “ အခမ်းအနား

အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (တိုကျို ၊ ဂျပန် ဌာနခွဲ)

“၂၀၁၀ ငြိမ်းချမ်းရေးနှစ်ကို မေတ္တာနှင့်ကြို “

အခမ်းအနား


အခမ်းအနား အစီအစဉ်

၁။ အခမ်းအနားကို “ နမော တဿ “ (၃) ကြိမ် ရွတ်ဆိုဖွင့်လှစ်ရန် ။



၂။ အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း ၊ ဂျပန် ဌာနခွဲ ဆရာတော် အရှင်ဓမ္မဇောတိ မှ ပရိသတ်များအား “ငါးပါးသီလ“ ချီိးမြှင့်ပေးတော်မူရန် ။(၃- မိနစ်)



၃။ အွန်လိုင်း မေတ္တာပို့  နှစ်သစ်မင်္ဂလာ သာရဏီယ သြ၀ါဒ ကထာ အကျဉ်းကို နယူးဇီလန် နိုင်ငံမှ သာသနာ့ဥသျှောင်ဆရာတော် ဦးသြဘာသ အရှင်မြတ်မှ မြွက်ကြားပေးတော်မူပါရန် ။(၅-မိနစ်)



၎။ အပြည်ပြည်ဆိုင်ရာ “ အွန်လိုင်း“ မေတ္တာ ပို့ “ နှစ်သစ် မင်္ဂလာ အခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ကို အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း ၊ ဂျပန် ဌာနခွဲတာဝန်ခံဆရာတော် အရှင်ဓမ္မဇောတိ မှ ရှင်းလင်းပြတော်မူပါရန် ။ (၅-မိနစ်)



၅။ အပြည်ပြည်ဆိုင်ရာ “အွန်လိုင်း မေတ္တာ“ ပို့ နှစ်သစ်မင်္ဂလာ ဆုတောင်း မေတ္တာ စာလွှာ သြ၀ါဒ ကထာ အကျဉ်းကို ဂျာမဏီ နိုင်ငံ မှ သာသနာ့ဥသျှောင်ဆရာတော် ဦးသောပါက အရှင်မြတ်မှ ချိမြှင့်ပေးတော်မူပါရန် ။ (၅ -မိနစ်)



၆။ အပြည်ပြည်ဆိုင်ရာ “အွန်လိုင်း မေတ္တာပို့  “ နှင့်စပ်လျဉ်း၍ အနုမောဒနာ တရားတော်ကို အင်္ဂလန်နိုင်ငံမှသာသန ဥသျှောင်ဆရာတော် ဦးဝိသုတအရှင်မြတ်မှမြွက်ကြားပေးတော်မူပါရန် ။(၁၀-မိနစ်)



၇။ အပြည်ပြည်ဆိုင်ရာ “အွန်လိုင်း မေတ္တာပို့“ မင်္ဂလာပွဲသို့ ကြွရောက်ပါဝင်တော်မူလာကြကုန်သော နိုင်ငံတကာမှ ဆရာတော်များနှင့် လူ-ဒါယကာ/ဒါယိကာမတို့ အား ယနေ့ မျက်မှောက် ပြည်တွင်းအခြေနေ နှင့်စပ်လျဉ်း၍ သံဃာတော်များဦးဆောင်ပြီးဖြေရှင်းရန်လိုအပ်ချက်နှင့်သတိထားရှေ့ဆက်ဆောင်ရွက်-သင့်သည့်အချက်များကို အန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့ဦးထာဝရ အရှင်မြတ်မှ လျှောက်ထား အသိပေးတိုက်တွန်းပေးတော်မူပါရန် ။( ၁၀-မိနစ်)

၈။ အပြည်ပြည်ဆိုင်ရာ “ အွန်လိုင်း မေတ္တာ ပို့ “ မှ သည် ပြည်တွင်းနှင့် နိုင်ငံတကာ မှ သံဃာ့တပ်ပေါင်းစု နှင့် သာသနာ့ ဥသျှောင်ဆရာတော်များ နှင့် သံဃာထုတစ်ရပ်လုံး အား အားပေးတိုက်တွန်းခြင်းဥယျောဇန ကထာ စကားရပ်ကို ထိုင်းနိုင်ငံ မှ သာသနာ့ ဥသျှောင် အတွင်းရေးမှူးဆရာတော် ဦးကုဿရိယ မှလျှောက်ထား တင်ပြပေးတော်မူပါရန် ။ (၁၀-မိနစ်)



၉။ အပြည်ပြည်ဆိုင်ရာ “ အွန်လိုင်း မေတ္တာ ပို ဆုတောင်းပွဲ“ မင်္ဂလာ အချိန်ကျရောက်ပြီဖြစ်ပါ၍ နိုင်ငံတကာမှ ဆရာတော် သံဃာတော်များအား အန္တရာယ် ကင်း နှစ်သစ် မင်္ဂလာပရိတ်တရားတော်များ ချီးမြှင့် ပေးတော်မူကြပါရန် လျှောက်ထားတောင်းပန်လွှာကို သာသနာ့ဒါယကာကြီး ဦး --------------------မှလျှောက်ထားပေးပါရန် ။ (၃-မိနစ် )



၁၀။ “ အွန်လိုင်း မေတ္တာ ပို့ တော်မူကြရန် .။ မေတ္တာ သုတ် (၃) ခေါက် မောရသုတ် (၃)ခေါက် ဘုရားဂုဏ်တော် ၊ တရားဂုဏ်တော် ၊ သံဃာ့ဂုဏ်တော် ၊ ယံဒုန္နိ မိတ္တံ (၃)ဂါထာ၊ ဘ၀တု သဗမဂလံ (၃)ဂါထာ နှင့် တကွ ဇယန္တော ဗောဓိယာ မူလေ တို့ကိုရွတ်ဆိုတော်မူကြရန် ။(မိနစ်- ၃၀ ခန့် )



၁၁။ (ပထမ) အကြိမ် -အပြည်ပြည်ဆိုင်ရာ “ အွန်လိုင်း မေတ္တာ ပို့ နှစ်သစ် မင်္ဂလာ အောင်မြင်စွာပြီးမြောက်ပြီဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းတာဝန်ခံ အရှင်ဓမ္မဇောတိ အရှင်မြတ်မှ ကြေညာရန် နှင့် လှူဒါန်းမှုအစုစုအတွက်ရေစက်ချအမျှဝေပေးတော်မူပါရန် ။(၁၀-မိနစ်)



၁၂။ “ဗုဒ္ဒသာသနံ စိရံ တိဋ္ဌတု “ သုံးကြိမ်ရွတ်ဆို၍ အပြည်ပြည်ဆိုင်ရာ “အွန်လိုင်း မေတ္တာ ပို့  ဆုတောင်းပွဲအခမ်းအနားကိုရုတ်သိမ်းကြပါရန် ။

Friday, September 4, 2009

ဖိတ်ကြားလွှာ



ဖိတ်ကြားလွှာ
၂၀၀၇ခုနှစ်၊ စက်တင်္ဘာလတွင် သမိုင်းမှာအထူးခြားဆုံး မော်ကွန်းတင်ကျန်ရစ်သည့် ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ပေါက်ခဲ့ပါသည်။

ယင်းတော်လှန်ရေးကြီး၏ ၂နှစ်ပြည့်အောက်မေ့ဖွယ်အခမ်းနားကို နယူးဒေလီမြို့၊ ရွှေဝါရောင် ကျောင်းတိုက်ရှိ ဆရာတော်သံဃာတော်များနှင့် ချင်းကျောင်းသား လူငယ်များသမဂ္ဂတို့မှ သံဃာ့လှုပ်ရှားမှုကြီး၏ ပုံရိပ်များကို slide show ဖြင့် ပြသပေးမှာ ဖြစ်ပါသည်။

သံဃာ့လှုပ်ရှားမှုကြီးတွင် ဦးဆောင်ပါဝင်ခဲ့ကြသည့် ဆရာတော်များကိုယ်တိုင် ကိုယ်တွေ့ အတွေ့အကြုံများကို ဟောပြောသွားမှာ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ နယူဒေလီရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး တက်ရောက်အားပေးကြပါရန် ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ။ ။ ၀၅-၀၉-၂၀၀၉
အချိန် ။ ။ ညနေ (၆၀း ၃၀) နာရီ
နေရာ ။ ။ မြန်မာ့ရိပ်သာခန်းမ (BCRC)
ဆက်သွယ်ရန်- 9818938293/ 9871210340
INVITATION


In the month of September 2007, one of the greatest historical events occurred in Burma.

The commemoration of the 2nd anniversary of the above mentioned Saffron Revolution (aka) September Movement will be jointly organized with slide show by the New Delhi based Saffron Monastery the Chin Students & Youth Federation (CSYF).

The monks who took leadership parts in the movement themselves will attend and share their activities of the then Saffron Revolution.

We, therefore request all ethnic brothers and sisters to attend the program at the below mentioned place and time.

Date: September 05, 2009 (Saturday)
Time: 6:30 PM
Place: BCRC Hall

Contacts;
Saffron Monastery; 9818938293
CSYF; 9871210340


SAWMNAK

Kan ram thuanthuih ni thupi zet, mipi le phungki pawl lungrualih raalkap uknak an dokalh mi, kum 2007 September cangvaihnak thawn pehparin, Chin Tlawngtaa & Mino Pawlkwm (CSYF) ih tawlrelnak thawngin, a tanglamih tarlanmi hmun le ticu ah zuknungih hmuh asi ding. Hi’h ni ahhin, September cangvaih-nak neih `umih mah rori rak tel phungki pawlin, an twnhmuhmi pawl an simfiang phah ding.

Kan ram thuanthu zohkir sal tikah, Chinmi pawl kan tel lawngah kan ram a him `heu. New Delhi ahhin, Chinmi kan tam bik nan, ram tundin salnak ding hrangih cangvaihnak ahhin, mino nang le keiin tu hnakih taimak suah sin tum cio uhsi.

a&$0ga&mifausmif;wdkuf/ New Delhi
Chin Students & Youth Federation (CSYF-Ctr)

A Ni: : 05, 09, 09 (September Ni 5, Kum 2009- Zarhte Zaan)
A Caan: : Tlailam Nazi 6:30 Thawk ding
A Hmun: : Burmese Community Resource Center (BCRC)
Suhhlamnak: : (U. Thavara)- 9818938293 & (CSYF)- 9871210340