Friday, August 14, 2009

မှော်ရူးလူသတ်သမားနှင့် သူ၏ဖုတ်ဝင်ပါးကွက်သားများ

သမာသမတ်၊ ၁၂.၈.၂၀၀၉

လက်ရှိမြန်မာပြည်အကြောင်း ကြိုးစားနားလည်ကြည့်မလို့ဖြစ်ပါသည်။ ပရလောက သ
ဘောတွေ၊ ဘာသာရေးအငွေ့သဘောတွေနဲ့ ပြောရရင် လက်ရှိမြန်မာနိုင်ငံဟာ မှော်ရူးလူသတ်
သမားစစ်အာဏာရှင် သန်းရွှေနဲ့ သူ့ရဲ့ ဖုတ်ဝင်ပါးကွက်သား ရိုးရိုးအအ စစ်သားတွေရဲ့ ချယ်
လှယ်မှုအောက်မှာ မိစ္ဆာတိုင်းပြည်ဖြစ်နေပါသည်။

စစ်အာဏာရှင်သန်းရွှေကို မှော်ရူးလူသတ်သမားလို့ ဘာကြောင့်သတ်မှတ်ရပါသလဲ။ သူ့မှာ စစ်တပ်တစ်တပ်လုံးကို အမိန့်ပေးနိုင်တဲ့ ရာထူးလေးရှိနေတယ်။ အဲ့ဒါမှော်အတတ်ရှိတာ
နဲ့ အတူတူလို့ ခိုင်းနှိုင်းလို့ရတယ်။ “ သန်းရွှေ ဘာလုပ်နေသလဲ။ ” စစ်တပ်ထဲတွင် အေးအေး
ဆေးဆေးမနေ စစ်အလုပ်ပဲ တာဝန်ကြေစွာ ပြီးတော့ တာဝန်မကျေစွာ စစ်စစ်မှန်မှန်မနေဘဲ
သွေးလေဖောက်ပြန်ပြီး နိုင်ငံရေးနယ်မြေထဲ ၀င်ရှုပ်လာတယ်။ တိုင်းပြည်ရယ်လို့ ဖြစ်လာရင်
စစ်တပ်ဟာ စစ်နယ်မြေတွေမှာပဲ နေရတယ်။ တိုက်စရာရှိရင်ထွက်တိုက်၊ တိုက်ရရာမရှိရင် စစ်
တန်းလျားတွေမှာပဲ စစ်ရေးလေ့ကျင့်ရင် အနားယူနေ။ နိုင်ငံရေးနယ်မြေထဲကို ၀င်ရောက်အ
လုပ်လုပ်ခွင့်မရှိဘူး။ “ စစ်တပ်ဆိုတာ ပစ်သတ်ဖို့ ” ဆိုတဲ့အဓိပ္ပါယ်။ ငြင်းလို့မရဘူး။ လူထုက
နိုင်ငံရေးနယ်မြေထဲက။ နိုင်ငံရေးနယ်မြေက လူမသတ်ဘူး။ စစ်တပ်ကို နိုင်ငံရေးနယ်မြေထဲ
ဝင်ခွင့်ပြုလိုက်ရင် စစ်တပ်က လူထုကို ပစ်သတ်ဖို့ပဲ လုပ်ဆောင်တော့မှာပေါ့။ ဒါကြောင့် စစ်
နယ်၊ နိုင်ငံရေးနယ်၊ နယ်နှစ်နယ်စီ ဆီနဲ့ရေလို ခွဲခြားကွဲပြားထားတာ။ ဒါကိုသန်းရွှေက နိုင်ငံရေး
နယ်၊ လူထုနယ်ထဲ ပစ်ခတ်သတ်ဖြတ်ဝင်ရောက်အာဏာယူလိုက်တယ်။ ရူးသွားတာပေါ့။ ဒါ
ကြောင့် သူ့ကို မှော်ရူးလူသတ်သမားလို့ ဖွင့်ဆိုလိုက်ခြင်းဖြစ်တယ်။ သန်းရွှေကို အဲ့လို နား
လည်မှ မှန်သွားတယ်။


ပါးကွက်သားဆိုတာက သူ့စိတ်နဲ့ သူဆို လူမသတ်ဘူး။ အထက်က အာဏာတစ်ရပ်က
အမိန့်ပေးရင် လူသတ်တာဝန်ကို ပြီးမြောက်အောင် တိတိကျကျထမ်းဆောင်တယ်။ ရှေးတုန်း
ကတော့ ရှင်ဘုရင်က အမိန့်ပေးရင် ၀န်ကြီးတို့၊ မြှို့ဝန်တို့က အမိန့်ပြန်၊ ပါးကွက်သားက ရာဇ
ဝတ်သားကို စဥ့်တီတုံးပေါ်ခေါင်းတင် ဇက်ပိုးကို ခုတ်ပစ်သတ်ဖြတ်လိုက်တာပါပဲ။ တစ်ချို့တစ်
ချို့သော ကိုရီးယားရာဇ၀င်ကားတွေမှာ မြင်ဘူးကြမှာပါ။ မြန်မာနိုင်ငံလက်ရှိ စစ်အာဏာရှင်နဲ့
ကြတော့ နည်းနည်းမူကွဲသွားတယ်။ စစ်အာဏာရှုင် လူသတ်သမားမှော်ရူးက သူ့စစ်သားတွေ
ကို အမိန့်ပေးတယ်။ သူ့ဝန်ကြီးတွေ၊ မြို့ဝန်တွေက စစ်တပ်ကို အမိန့်ပြန်တမ်း ဖတ်ပြတယ်။
“ လူထုအုံကြွလာရင် ပစ်သတ်.....” လို့၊ စစ်တပ်က ဒီတင် လူထုကို ပစ်သတ်တော့တာပဲ။ သာ
မန်စိတ်နဲ့ဆို စစ်တပ်က မိဘလိုဖြစ်နေတဲ့ လူထုကို ဘယ်မှာ ပစ်သတ်မှာလဲ။ မှော်ရူးက ဖုတ်
သွင်းလိုက်လို့ ဖုတ်ဝင်ပြီး ခိုင်းသမျှ လုပ်၊ ပစ်သတ်တာပဲဖြစ်ရမယ်။ ဒါကြောင့် ပစ်သတ်တဲ့စစ်
သားတွေကို ဖုတ်ဝင်နေတဲ့ ပါးကွက်သားလို့ နားလည်ရမယ်။

မှော်ရူးလူသတ်သမားသန်းရွှေနဲ့ သူ့ရဲ့ဖုတ်ဝင်ပါးကွက်သားစစ်တပ်ကြောင့် မြန်မာလူ
ထုက ကျီးလန့်စားစားသနားစရာဖြစ်နေပါတယ်။
ဒါပေမယ့် အားငယ်စရာမလိုပါဘူး။ဗုဒ္ဓ၀င်မှာ ဝေသာလီပြည်ဘီလူးထုတ်ခဲ့ဘူးကြသည်။
မဟုတ်လား။ ဒါကို တစ်နည်းလှည့်ပြောရရင်တော့ အဲ့ဒီခေတ်ဝေသာလီ ပြည်သူပြည်သားများ
ရတနာသုံးပါးကို ပေါ့လျော့မေ့လျော့လို့ ဘီလူးဝင်လာနိုင်တာလို့ မြင်လို့ရတယ်။ အစကတည်း
က ရတနာသုံးပါးကို မမေ့လျော့ခဲ့ရင် အစကတည်းက ဘီလူးဝင်လာစရာ အကြောင်းမရှိဘူး
ပေါ့။ ဟုတ်တယ်မဟုတ်လား။ ဒါကြောင့်အခုလဲ ရတနာသုံးပါးမှတစ်ပါး အပါအ၀င်ဖြစ်တဲ့ သံ
ဃာတော်များ ဦးဆောင်မှုအောက်မှာ တိုင်းကားပြည်ရွာအနှံ့ တစ်ချိန်တည်း တစ်ပြိုင်တည်း လို
ချင်တာမရမချင်း ဇွဲခတ်အလျှော့မပေး လုပ်ဆောင်လိုက်ကြရင် အောင်မြင်ကြမှာပါ။

အရှင်ထာဝရ

No comments:

Post a Comment