Monday, August 24, 2009

ကွန်ရက်ကြားမှ ရင်ဖွင့်စကားများ ( ၁ )


ခမိခဆဲ။ ညီတို့ ပြည်တွင်းမှာ အခု သံဃာ့တပ်ပေါင်းစုရဲ့တတိယအကြိမ် သပိတ်ဆင်နွှဲမယ်ဆိုတာတွေ ပျံ့နှံ့နေတယ်။ အဲတာကို ညီဘယ်လိုမြင်လဲ။

ကျောက်ဘီလူး။ ဒီသံဃာ့တပ်ပေါင်းစုရဲ့တတိယအကြိမ် သပိတ်ဆင်နွှဲမယ်ဆိုတာက
တော့ မှန်တယ်ထင်တယ်။ အဲဒီသတင်းထွက်ပြီးနောက်ပိုင်းမှာ အစိုးရက ဘုန်းကြီး
တွေကို ပိုဖိနှိပ်လာတယ်။ မီးကို ၂၄ နာရီဖြတ်ထားတယ်။ ဘုန်းကြီးကျောင်းတိုင်းကိုလဲ
၉နာရီမထွက်ရအမိန့် ပေးထာတယ်လို့ ကြားတယ်။ ကျွန်တော်ကတော့ဖြစ်မယ်ထင်တယ်။

ခမိခဆဲ။ အင်း၊ အဲ့တာ တကယ်ဖြစ်လာမယ်ဆိုရင် ညီတို့လို ကျောင်းသားတွေ၊ ပြည်သူတွေဘက်က ပါဝင်လာနိုင်မယ်လို့ ထင်ပါသလား။

ကျောက်ဘီလူး။ ဘာပဲပြောပြော ကိုယ့်လူမျိုး အလေးအနက်ထားတဲ့အရာဆိုတော့
ပါဝင်လာမယ်ထင်တယ်။ ကျွန်တော်တို့ ကတော့ ကိုယ်ရဲ့ ကိုးကွယ်ရာကို ထိရင်ပါမှာပါပဲ။

ခမိခဆဲ။ အဲ့တာဆို ညီတို့ဘက်က ဘယ်လိုပြင်ဆင်ရင်ကောင်းမယ်၊ ဘယ်လိုပြည်သူ
တွေကို နှိုးဆော်မယ်၊ ဘယ်လို စုစည်းမယ်ဆိုတာကိုကော တွေးမိပါသလား။
( ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ပေါ့ )

ကျောက်ဘီလူး။ ကျွန်တော်တို့ ကတော့ အွန်လိုင်းကနေ ပါဝင်ပါတယ်။ အဲဒါတွေ
့ဖြစ်လို့ အွန်လိုင်း မပိတ်ခင်အထိပေါ့နော်။ ပိတ်သွားရင်လဲ တစ်ဖက်တစ်လမ်းကတော့
ပါဝင်မယ်ထင်ပါတယ်။

ခမိခဆဲ။ ထင်ပါတယ်ဆိုတော့ ညီတို့ စိတ်ထဲမှာ အဲ့တာကို ဒွိဟ ဖြစ်နေလို့လား မသိဘူး။

ကျောက်ဘီလူး။ ဟုတ်နဲနဲပေါ့။

ခမိခဆဲ။ ဘာကြောင့် အဲ့လိုဒွိဟ ဖြစ်တာလဲ၊ သံဃာတွေ အခုလို တတိယအကြိမ်သပိတ်
ဆင်နွှဲတာ အဆုံးစွန်ထိ မဖြစ်နိုင်ဘူးဆိုပြီး ဒွိဟဖြစ်တာလား၊ ဒါမှမဟုတ် ကိုယ့်ဘက်ကို ပြည်သူလူထုတွေ မပါလာမှာကို တွေးမိပြီး ဒွိဟဖြစ်တာလား။

ကျောက်ဘီလူး။ ဟိုးတစ်ခါလိုပေါ့နော်။ ကျွန်တော်တို့ တွေကို အတင်းလုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ လူငယ်ကျောင်းသားတွေက မရရအောင်ပါဝင်ဖြစ်ကြပါလိမ့်မယ်။

ခမိခဆဲ။ အကိုလည်း ယုံကြည်ပါတယ်။ အခုလို သံဃာတွေ သပိတ်မှောက်မယ်ဆိုတာ ထွက်ပေါ်လာတာ ပြည်တွင်းမှာ ဘယ်လောက်အတိုင်းအတာထိ ရိုက်ခတ်သွားသလဲ။ ညီသိသလောက်ပြောပြပေးပါဦး။ ပြည်သူကြားမှာပေါ့။

ကျောက်ဘီလူး။ ကျွန်တော်တို့ ဘက်မှာတော့ တော်တော်လေးကိုဂရပ် ရိုက်သွားတယ်။ ရဲတွေက တော်တော်ကိုကြပ်ကြပ်မတ်မတ် နဲ့ ရှိပါတယ်။ ပြည်သူတွေ လဲသွားရလာရတာ အတော်ကိုခက်ခဲပါတယ်။ ည ၈နာရီလောက်ဆို ကျွန်တော်တို့ ဘက်မှာရဲကားတွေ ပတ်
နေတော့ သွားရတာ အရမ်းအနှောက်အရှက်ဖြစ်ကြပါတယ်။

ခမိခဆဲ။ အင်း၊ အဲ့ဒီလို အနှောင့်အယှက်ဖြစ်မှုအပေါ် ညီတို့ဘက်ကဘယ်လိုစဉ်းစားကြလဲ။
သံဃာတော်တွေဒီလိုလုပ်လို့ ငါတို့တော့ အပြင်ထွက်ရ၊ သွားရလာရတာ အဆင်မပြေဖြစ်တယ်။ အဲ့တော သဘောမကျဘူး။ စိတ်ညစ်တယ် အဲ့လိုတွေ ပြောတာကြားမိလား။

ကျောက်ဘီလူး။ မပြောကြပါဘူး။ မတရားလုပ်နေတာပဲကို။ ဘုန်ကြီးကျောင်းတွေ
ကိုမီးဖြတ်တယ်။ ညကိုးနာရီကျော်ရင် ဘုန်ကြီးတွေ အပြင်မထွက်ရ အမိန့် တွေ
့ထုတ်တယ်။ ဒါကိုပြည်သူတွေ သိကြပါတယ်။

ခမိခဆဲ။ ပြည်သူတွေကြားမှာကော သံဃာတော်တွေ ရှေ့က မားမားမတ်မတ်ထွက်ရင် ငါတို့လည်း ထွက်မယ်။ ဒီ နအဖကို တော်လှန်ရမယ်ဆိုတာမျိုးကော နေရာအများအပြားမှာ ရှိကြလား။

ကျောက်ဘီလူး။ ဘယ်သူမဆို ကိုယ်အလေးအမြတ်ထားတာကိုတော့ အထိအခိုက်ခံမှာ မဟုတ်ပါဘူး ရှေ့ကပဲထွက်ကြမှာပါ။ ကျွန်တော်တို့ ဗမာလူမျိုးတွေဆိုတော့ ပိုဆိုးမယ်
ထင်ပါတယ်။

ခမိခဆဲ။ ဒါဆို သံဃာတော်တွေဦးဆောင်တဲ့ တတိယအကြိမ် သပိတ်ဟာ ကျိန်းသေပေါက် အောင်မြင်နိုင်တယ်လို့ ယူဆတယ်ပေါ့။

ကျောက်ဘီလူး။ ထင်တာပါပဲ။

ခမိခဆဲ။ နောက်ဆုံးအနေနဲ့ ညီတို့ လူငယ်တွေဘက်က အခုထဲက ဘယ်လိုပြင်ဆင်ထား
ကြလဲ။ ဘယ်လိုမျိုး လုပ်ကိုင်နေတယ်ဆိုတာကို သိချင်ပါတယ်။

ကျောက်ဘီလူး။ အဲဒါကတော့ အခုကစပြီး လူငယ်တွေ စုစည်းနေကြပါတယ်။ အွန်လိုင်းမှာ
ကောအပြင်မှာကောပေါ့။

ခမိခဆဲ။ အိုကေဗျာ။ အဲ့တာဆို နိုင်ငံရေးစာရွက်တွေကမ်းတာတို့၊ သံဃာတော်တွေနဲ့ တိုင်ပင်ပြီး လုပ်ကိုင်ကြမယ်ဆိုရင် ပိုကောင်းမယ်လို့ အကိုထင်တယ်လေ။ အဲ့အပေါ်ကို ညီဘက်ကဘယ်လို မြင်လဲ။

ကျောက်ဘီလူး။ အချိန်ခဏလေးတော့ကြာအုံးမှာပေါ့။

ခမိခဆဲ။ တတိယအကြိမ်သံဃာ့သပိတ်ကြီး ဖြစ်ပေါ်လာခြင်းအတွက် ညီ့အမြင်လေးကို ပြောကြားပေးပါ။

ကျောက်ဘီလူး။ အရမ်းကောင်းပါတယ်အကို။ ကျွန်တော်တို့ ကတော့အားပေးပါတယ်။
ကိုယ်တိုင်လဲ ပါဝင်ဖြစ်မယ်ထင်ပါတယ်။

ခမိခဆဲ။ ညီအခုလိုဖြေကြားပေးတာကို လေးစားပါတယ်ညီ။ ကျေးဇူးပါညီ။

ကျောက်ဘီလူး။ ကျွန်တော်လဲကျေးဇူးတင်ပါတယ်။
ခမိခဆဲ နှင့် ကျောက်ဘီလူး အင်တာဗျူး

No comments:

Post a Comment