Sunday, August 16, 2009

နေပြည်တော်ရှိဝန်ထမ်းအိမ်ယာများတွင်သစ်ပင်များမစိုက်မနေရစိုက်ပျိုးခိုင်းပြီး

နေပြည်တော်ရှိဝန်ထမ်းအိမ်ယာများတွင်သစ်ပင်များမစိုက်မနေရစိုက်ပျိုးခိုင်းပြီးသစ်ပင်အလိုက်အမှတ်သတ်မှတ်ချက်များ ပြုလုပ်ထားကာအမှတ်၂၅မှတ်ပြည့်အောင်မစိုက်နိုင်သောဝန်ထမ်းများကိုထုခြေလွှာတင်ခိုင်းသည်ဟုသိရသည်။

“တပတ်တခါ လာစစ်တယ်။ ဗူးပင်ဆိုရင် စိုက်ခါစဆို ငါးပင်ကို တမှတ်ပေးတယ်။ ဗူးသီး သီးနေပြီဆိုရင်တော့ ငါးမှတ်ပေးတယ်။ အဲဒါကြောင့် ကျမတို့ ဗူးပင်မှာ ဗူးသီး သီးနေတာတောင် ခူးမစားရဲဘူး။ လာစစ်ရင် အမှတ်မရမှာစိုးလို့။ သရက်ပင်ဆိုရင် ငါးပင်ကို တမှတ်။ အဲဒိလိုတွက်ပြီး ပေးတာ။ ဝန်ကြီးလာစစ်တော့ ၂၅ မှတ်မပြည့်ရင် ထုခြေလွှာတင်ရုံတင်မကဘူး၊ စက်ရုံတွေ ပြောင်းပစ်မယ်ဆိုပြီး ပြောသွားသေးတယ်” ဟု နေပြည်တော် ဘူးကွဲအိမ်ယာတွင် နေထိုင်သော စက်မှု ၁ ဝန်ကြီးဌာနမှ ဝန်ထမ်းတဦးက ဆိုသည်။

အစိုးရ ရုံးပိတ်ရက်များတွင်လည်း ဝန်ထမ်းများကို ဂျူတီခွဲပြီး အလှည့်ကျ ရုံးတက်ခိုင်းလေ့ရှိပြီး ရုံးများတွင်သစ်ပင်စိုက်ခြင်း၊သန့်ရှင်းလည်းပြုလုပ်ခြင်းများပြုလုပ်ရန်လိုအပ်လာပါကဝန်ထမ်းမိသားစုများပါရုံးသို့
လိုက်ပါလုပ်ဆောင်ရသည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှစပြီး အစိုးရအဖွဲ့ရုံးအပါအဝင် ဝန်ကြီးဌာနများကို ယခင်မြို့တော်ဟောင်း ရန်ကုန်မှ ပျဉ်းမနားမြို့အနီးသို့ ပြောင်းရွှေ့ပြီး နေပြည်တော် မြို့တော်သစ်အဖြစ် တည်ထောင်ခဲ့သည်။
ပေးပို့သူအရှင်

No comments:

Post a Comment