Friday, August 28, 2009

အွန်လိုင်းပေါ်မှ စကားလုံးများ ( ၂ )


နေမင်းသိန်းရာဇာ နှင့် တင့်လွင်ဦး အင်တာဗျူး


နေမင်းသိန်းရာဇာ ။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တိုင်းရင်းသားစုံတော့ ဒုက္ခတွေကလည်း စုံပါတယ် အခုလတ်တလော တိုင်းရင်းသားတွေ အပေါ်မှာ စစ်အုပ်စုကနေ့ ထိုးစစ်ဆင်နေတဲ့ အပေါ်မှ ခင်ဗျားဘယ်လိုမြင်ပါလည်း ။


တင့်လွင်ဦး ။ခင်ဗျားပြောသလို တိုင်းရင်းသားစုံလို့ ဒုက္ခတွေကစုံတယ်ဆို တိုင်းတာတခုထိမှန်ပါတယ်၊ ဒါပေမဲ့ အဲဒီဒုက္ခတွေဟာနအဖဖန်တီးလို့ဖြစ်တာချည်းပဲ၊အခုဆိုရင်KNUနဲ့တိုက်ပွဲတွေဖြစ်တော့ကရင်တွေဟာထိုင်းနိုင်ငံကိုထွက်ပြေးတိမ်းရှောင်ကြရတယ်၊အခုဆိုရင်လည်းကိုးကန့်တပ်ကိုထိုးစစ်ဆင်နေပြီ၊ဆိုတော့ကိုးကန့်တိုင်းရင်းသားတွေဟာတရုတ်ဘက်ကိုထွက်ပြေးနေကြရပြီ၊ဒီလိုဒုက္ခသုက္ခဖြစ်ပေါ်လာရတာဟာနအဖကဖန်တီးတာပဲ၊ကိုးကန့်တပ်ဖွဲ့ကိုနယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းစေချင်တယ်၊ဒါကိုကိုးကန့်တွေကလက်မခံဘူး၊ဒါကိုကြည့်ခြင်းအားဖြင့်ကိုးကန့်တပ်ဖွဲ့ဟာတော်လှန်ရေးတင်မကဘူးနိုင်ငံရေးနိုးကြားမှုအားကောင်းလာတာကိုပြသတာပါပဲ၊နိုင်ငံရေးနိုးကြားမှုရှိလာလေလေနအဖနဲ့ကဆန့်ကျင်မှုပိုလေပေါ့၊ဆိုတော့နအဖနဲ့ကိုးကန့်ဟာနောက်ဆိုရင်ဒီထက်ပိုပြီးဆက်ဆံရေးဟာဆိုးလာနိုင်ပါတယ်၊ဒါကြောင့်လဲနအဖကကိုးကန့်တွေကိုတရစပ်ထိုးစစ်ဆင်နေတော့ပေါ့လေ..။

နေမင်းသိန်းရာဇာ ။ တကယ်လို့ခင်ဗျားတို့တိုင်းရင်းသားဒေသတွေကိုတိုးတက်ဖို့ဆိုရင်ဘယ်ရာတွေစတင်ပြောင်လွှဲ
သင်ပါသလည်း ခင်ဗျား အမြင့်ကို သိခြင်းပါတယ်။

တင့်လွင်ဦး ။ တိုင်းရင်းသားတွေ တိုးတက်ဖို့ဆိုရင်သူတို့လိုချင်တဲ့ဖက်ဒရယ်စနစ်ကိုအမြန်ဆုံးကောင်ထည်ဖော်ဖို့လိုပါလိမ့်မယ်၊ ကျုပ်တို့တိုင်းရင်းသားတွေဟာဗိုလ်ချုပ်စတဲ့ခေါင်းဆောင်တွေရုံကြည်မှုရှိလို့ပင်လုံမှာအားလုံးသဘောတူခဲ့ကြတာပဲ၊တိုင်းရင်းသားတွေရဲ့ အဓိက လို့ချင်မဟာ ဖက်ဒရယ်စနစ်ပဲ..အဲဒီစနစ်ကို ကောင်ထည်ဖော်ပေးရင် နအဖဟာ တိုင်းရင်းသားတွေကို တိုက်ရိုက်ကူညီစရာကိုမလိုဘူး၊တရှိန်ထိုးတိုးတက်လာပြီး၊ပြဿနာတွေဟာလည်းကြက်ငှက်ပျော်သလိုရှာလို့တောင်တွေ့တော့မှာ မဟုတ်တာသေချာပါတယ်။

နေမင်းသိန်းရာဇာ ။ အနာဂတ် မြန်မာနိုင်ငံတော် ကောင်းဖို့ဆိုရင် တိုင်းရင်းသားတွေက ဘယ်အရာတွေကို စတင်ပြောင်လွှဲသင်ပါလည်း ခင်ဗျားတို့ပြောနေ့သလို့ ဗမာလူမျိုးကြီးဝါဒဆိုတာကို ခင်ဗျားလက္ခံပါသလား ကျွန်တော်အမြင့်ကတော့ မြန်မာနိုင်ငံမှ ဗမာတွေဟာ လူများစုဖြစ်လို့ ခင်ဗျားတို့ တိုင်းရင်းသားတွေကို အနိုင်ကျင်တယ်လို့ ပြောလို့ရနိုင်သလား ဒီနေ့ရာ ကျွန်တော် ထပ်ပြောခြင်းတာက အိန္ဒိယနိုင်ငံမှာ ဆိုရင် လူမျိုးရေးပြဿနာက မျိုးတုံးသတ်ဖြတ်တဲ့ အထိပါပဲ ကျွန်တော်တို့နိုင်ငံက ဒီလောက်ထိ ဆိုးပါသလား ပြောလို့ရမယ်ဆိုရင် ခင်ဗျားပြောပါ ။

တင့်လွင်ဦး။အနာဂါတ်မြန်မာနိုင်ငံတော်ကောင်းဖို့ဆိုတာကိုတိုင်းရင်းသားတွေဘက်ကဘာလုပ်ရမယ်ဘယ်လိုလုပ်ရမယ်ဆိုတာကိုမစဉ်းစားနိုင်ဘူးဖြစ်နေပါတယ်၊တနေ့စာကိုယ့်အိမ်မှာထမင်းဝိုင်းလှအောင်ခေါင်းခြောက်နေရတာကိုထောက်ကြည့်ရင်သိနိုင်ပါတယ်၊ ဒီအချိန်မှာ မြန်မာတနိုင်လုံးကိုကိုယ်စားပြုဖို့တိုင်းရင်းသားတွေဘက်မှာအင်းအားမရှိသေးတာကတော့သေချာပါတယ်၊ ဗမာတွေကို တိုင်းရင်းတွေက အမြင်မကြည်ဖြစ်ရတာဟာ ဗမာတွေကြောင့်လို့ပြောလို့မရပါဘူး၊ တိုင်းရင်းသားတွေကို ဒုက္ခပေးနေတာဟာ နအဖ လူအနည်းစုဖွဲ့သာဖြစ်ပါတယ်၊ တိုင်းရင်းသားတွေပြောတဲ့ ဗမာလူမျိုးကြီးဝါဒဆိုတာ မှားပါတယ်၊ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်၊ ကိုယ့်လူမျိုးကို ကိုယ်ကိုတိုင်က သေးတယ်ထင်ရင် တချိုးလူမျိုးတွေကကြီးသွားကြမှာပါ၊ ကြီးတယ်သေးတယ်ဆိုတာတွေဟာ ကိုယ့်အပေါ်မှာသာမူတည်ပါတယ်၊ ဒီအချိန်ဟာ ဒီလိုစကားမျိုးပြောဖို့မသင့်ပါဘူး၊ တညီတညွတ်တည်း နအဖကို နည်းပေါင်းစုံတိုက်ဖို့ကိုသာ ခေါင်းထဲထည့်ဖို့လိုပါတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုတွေ၊ ဟိန္ဒူ မွတ်ဆလင်ပြဿနာတွေ၊ မဏိပူ အာသံမှာဖြစ်တဲ့ ခွဲထွက်ရေး ပြဿနာတွေ အများကြီးပါပဲ၊ ဒါတွေကို အိန္ဒိယအစိုးရဟာ ထိန်းသိမ်းနိုင်ခဲ့တယ်၊ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ နိုင်ငံရေး တည်ငြိမ်ဆုံး နိုင်ငံအဖြစ်သတ်မှတ်ခံထားရပါတယ်၊ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပဲလို့ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အဲလောက်ပြဿာမများလှပါဘူး၊ စစ်အစိုးရကြောင့် ပြဿနာတွေ ဆက်ဖြစ်နေရတာပါ။







နေမင်းသိန်းရာဇာ ။ ကျွန်တော်တို့နိုင်ငံကို အိမ်းနှီးချင်းနိုင်ငံတွေက အမြဲတမ်း ပြဿနာစုံတဲ့ နိုင်ငံဆိုပြီး ပြည်ပရောက် ကျွန်တော်တို့နိုင်ငံသားတွေကို အနိုင်ကျင့်ဇော်ကားတာတွေကို မကြာခဏတွေ့ရပါတယ် ဒီပေါ်မှာ ခင်ဗျားက ဘယ်လိုမြင်ပါလည်း။

တင့်လွင်ဦး ။ သေးငယ်တဲ့အရာကို ကြီးတဲ့အရာကဖိတတ်တာဟာသဘာဝတခုလိုဖြစ်နေပါတယ်၊သာမာန်ကာမျှကြည့်မယ်ဆို မဖိလည်းဖိတယ်လို့မြင်ကြမှာပါ၊မြန်မာနိုင်ငံသားတွေကိုနိုင်ကျင့်ဗိုလ်ကြတာဟာလည်းဆင်းရဲမွဲတေမှုကြောင့်လို့ပြောနိုင်ပါတယ်၊ ထိုင်းနိုင်ငံမှာဆိုရင် မြန်မာတွေဟာ ရရအလုပ်ကိုလုပ်နေရတာတွေရှိပါတယ်၊ အထင်သေးစရာဖြစ်နေတော့တာပေါ့၊ ကြာတော့ သူတို့ကကျွန်လိုသတ်မှတ်လာတယ်။ ဒါတွေအားလုံးဟာ နိုင်ငံရေးမတည်ငြိမ်မှု၊ ဆင်းရဲခေါင်းပါးမှုကြောင့်လို့သာ ပြောချင်ပါတယ်။

နေမင်းသိန်းရာဇာ ။ ကျွန်တော် တို့နိုင်ငံဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် ရှင်လိုက်ရင် နည်ပညာတိုးတက်မှုတွေက အရမ်းနောက်ကြနေ့ပါတယ် အဲဒီအပေါ်မှာ ဘယ်ပြောင်လွှဲသင့်ပါသလည်း ကျွန်တော်တို့နိုင်ငံဟာ ဘင်္ဂလာဒေ့နိုင်ငံကို အမှီလိုက်ဖို့ဆိုရင် နောက်ထပ် ၁၅နှစ်လောက်စောင့်ရမယ် ဆိုတာကို ခင်ဗျားယုံကြည်ပါသလား ။

တင့်လွင်ဦး ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အလိုက်မှီဖို့ ၁၅နှစ်လောက် စောင့်ရမယ်ဆိုတာ မရုံကြည်ပါဘူး၊ နည်းပညာတိုးတက်မှုဆိုတာဟာ လူသားတွေရဲ့စွမ်းဆောင်မှုပါ၊ လုပ်သင့်တဲ့ အလုပ်ကို လုပ်ခွင့်ရမယ်ဆိုရင် တရှိန်ထိုးတိုးတက်လာမှာပါ၊ ဒါကတော့ လွပ်လပ်တရားမျှတမှုရှိတဲ့နိုင်ငံတွေမှာသာဖြစ်ပါတယ်၊ မြန်မာနိုင်ငံလည်း ဒီမိုကရေစီရဖို့သာလိုပါတယ်၊ ကျန်တဲ့အရာပြီးပြည့်စုံပြီးသားပါ။


နေမင်းသိန်းရာဇာ ။ခင်ဗျား နောက်ဆုံးအနေ့နှင့် မြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူလူထုတွေကို ဘာပြောခြင်းပါလည်း

တင့်လွင်ဦး ။ နောက်ဆုံးပြောချင်တာက ကိုယ်အနာဂါတ်ကို ကိုယ်ကိုတိုင်သာဖန်တီးရမယ်၊ မြန်မာနိုင်ငံရဲ့ အနာဂါတ်ကို မြန်မာနိုင်ငံသားတွေသာ ဖန်တီးရမှာပါ.....ဘယ်နိုင်ငံ ဘယ်အင်ဂျီအိုမှ အားကိုးစရာမလိုဘူး၊ မြန်မာနိုင်ငံသားတွေ အကုန်လုံး လွန်ခဲ့တဲ့ နှစ်၂၀ကာလကို သင်္ခန်းစာယူပြီး စည်းလုံးညီညွတ်ရေးကို အမြန်ဆုံးကောင်ထည်ဖော်ကြဖို့ပြောလိုပါတယ်၊




No comments:

Post a Comment