Thursday, September 17, 2009

အသိပေးတောင်းပန်ချက် အကျဉ်းသား 7100 ကျော်ပြန်လွှတ်ပေးလိုက်ပြီ

အသိပေးတောင်းပန်ချက်
ကျွန်တော်တို့ Saffron Mail Letter Group အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြိုတင် အသိပေးကြေငြာ ခဲ့သော်လည်း မျှော်လင့်ထားခဲ့သလို နိုင်ငံရေး အကျဉ်းသား တဦးတယောက်မှ လွတ်မြောက်လာခဲ့ခြင်း မရှိခဲ့ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းနှင့် ကျွန်တော်တို့၏ ပြည်တွင်းသတင်းထောက်၏ ပြောပြချက်များကို ကိုးကား၍ ဝမ်းနည်းစွာတင်ပြအပ်ပါသည်။ ကျွန်တော်တို့ကြားသိရသမျှ လွတ်မြောက်သူ များဟာ ရာဇဝတ်ကြောင်းအရ တရားစွဲဆို အကျဉ်းချခံခဲ့ရတဲ့ ရာဇဝတ် အကျဉ်းသား များသာ ဖြစ်ပါတယ်။


အကျဉ်းသား 7100 ကျော်ပြန်လွှတ်ပေးလိုက်ပြီ

17.9.2009 ယနေ့  ညနေ ပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သကြားဌာန ( MRTV ) မှနေ၍

အကျဉ်းသား ( 7114 ) ယောက်တို့  အားပြန် လည် လွှတ် ပေးမည် ဖြစ်ကြောင်းကြေငြာသွားပါသည် ။ ပြန်လည် လွှတ် ပေး မည့် အထဲ တွင်နိုင်ငံရေးအကျဉ်းသားမည်မျှပါသည်ကိုမသိရှိရသေး ။

အောက်မှာပေါ်ချင်တာဒီမှာရေး

No comments:

Post a Comment