Wednesday, September 9, 2009

ဆရာတော်ဘုရားများ သို့ လျှောက်ထားချက်စောကျော်ကျော်မင်းပါဘုရား။န.အ.ဖ ရဲ့တရားစွဲဆိုခြင်းခံရလို့ ထွက်ပြေးလာတဲ့ ရှေ့နေတစ် ယောက်ပါဘုရား။

ဆရာတော်ဘုရား

တပည့်တော်သိလိုသည့်အကြောင်းအရာများရှိပါသောကြောင့် စာရေးသားပေးပို့လိုက်ရခြင်းဖြစ်ပါတယ်ဘုရား။
တပည့်တော်စောကျော်ကျော်မင်းပါဘုရား။န.အ.ဖ ရဲ့တရားစွဲဆိုခြင်းခံရလို့ ထွက်ပြေးလာတဲ့ ရှေ့နေတစ် ယောက်ပါဘုရား။

တပည့်တော်သိချင်သည်မှာ-
အနုဝါဒါဓိကရုဏ်း စွပ်စွဲမှုလေးမျိုး အကြောင်းဖြစ်ပါသည်ဘုရား။
(၁) ပါရာဇိက ၄ ပါး ၊ သံဃာ ဒိသိသ် ၁၃ ပါးတို့တွင် တစ်ပါးပါးတို့တွင်ပါဝင်သော သီလပျက်စီးခြင်း (သီလ၀ိပတ္တိ) ဖြင့် စွပ်စွဲခြင်း၊ ဆိုရာတွင် အကျယ်ကို စကားပြေသဘောသိလိုပါသည်ဘုရား။
(၂) ထုလ္လစ္စည်း၊ ပါစိတ်၊ ပါဋိဒေသနီ၊ ဒုက္ကဋ်၊ ဒုဗ္ဘာသီ တို့တွင် တစ်ပါးပါးသော အကျင့်ပျက်စီးခြင်း (အာစာရ၀ိပတ္တိ) ဖြင့် စွပ်စွဲခြင်း ဆိုရာတွင် အကျယ်ကို စကားပြေသဘောသိလိုပါသည်ဘုရား။
(၃) မှန်သောအယူပျက်စီးခြင်း (ဒိဌိဝိပတ္တိ) ဖြင့် စွပ်စွဲခြင်း ဆိုရာတွင် အကျယ်သဘောနှင့် မည်သည့် အယူဝါဒများ ကို ကျင့်ကြံအားထုတ်ပါက မှန်သောအယူပျက်စီး နိုင်ခြင်းဆိုသည်ကို သိလိုပါသည်ဘုရား။
(၄) အသက်မွေးမှု ပျက်စီးခြင်း (အာဇီ၀၀ိပတ္တိ ) ၆ ပါးတို့တွင် တစ်ပါးပါးဖြင့် စွပ်စွဲ ခြင်းဆိုရာတွင် အကျယ်ကို စကားပြေသဘောသိလိုပါသည်ဘုရား။

တပည့်တော်သည် ယခုအချိန်တွင် မြန်မာနိုင်ငံရှေ့နေများကောင်စီ၊ ဥပဒေရေးရာသုံးသပ်ရေးဌာနတွင် အလုပ်လုပ်ကိုင်လျက်ရှိပါသည်ဘုရား။တပည့်တော်တို့ဌာနအနေဖြင့် ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည် ဥပ ဒေ ရးရာသုံးသပ်ချက်ထုတ်ပြန်ချင်ပါသောကြောင့်လည်းကောင်း၊ တပည့်တော်ကိုယ်တိုင်သည်ပင်လျှင် ယနေ့မြန် မာနိုင်ငံတွင် သံဃာတော်များကို စစ်အစိုးရက မတရားဖမ်းဆီးနှိပ်စက်နေမှုများသည် ပြည်တွင်းဥပဒေများနှင့် ညီညွတ်မှုရှိ /မရှိ နှင့် သံဃာတော်များနှင့်သက်ဆိုင်သော ၀ိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများအကြောင်းကိုဥပဒေပိုင်းဆိုင်ရာသုတေသနပြုလျက်ရှိပါသောကြောင့်တပည့်တော်လက်လှမ်းမမှီနိုင် သည့် ပါဠိ အနက်များကို မေးမြန်းရခြင်းဖြစ်ပါသည်ဘုရား။
တပည့်တော်ရှိခိုးကန့်တော့လိုက်ပါသည်ဘုရား။

စောကျော်ကျော်မင်း
၉.၉.၂၀၀၉


အောက်မှာပေါ်ချင်တာဒီမှာရေး

No comments:

Post a Comment