တိုက်တွန်းနှိုးဆော်ခြင်း
၀၄-၀၉-၂၀၀၉
လေးစားအပ်ပါသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ တပ်မတော်သားအပေါင်းတို့ ....
နအဖ စစ်အုပ်စု၏ အကျဉ်းစခန်းအသီးသီးတွင် အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသော သံဃာတော်များကို ပြန်လွတ်ပေးရန် တောင်းဆိုထားသော မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျို သမဂ္ဂနှင့် သံဃာ့သမဂ္ဂီအဖွဲ့တို့၏ တောင်းဆိုချက်များကို နအဖ စစ်အုပ်က ယနေ့တိုင် လိုက်နာခြင်း မရှိသေးပါ။
ထို့အပြင် သံဃာတော်များအား ဆက်လက်ထပ်မံ ဖမ်းဆီးနေခြင်းမှာလည်း မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်များဖြစ်သည်။ သို့ဖြစ်ပါ၍ ၁၃၇၁-ခုနှစ် သီတင်းကျွတ်လဆန်း (၁၄) ရက် (၀၂.၁၀.၂၀၀၉) နေ့ မွန်တည့် (၁၂:၀၀) နာရီအချိန်ကို နောက်ဆုံးထား၍ တောင်းဆိုထားသော မတရားဖမ်းဆီးထားသည့် သံဃာတော်များအား ချက်ချင်းလွတ်ပေးရန်၊ သံဃာတော်များအပေါ် နှိပ်စက်သတ်ဖြတ် စော်ကားမှုများကို အမြန်ဆုံး ပြန်လည်တောင်းပန်ရန် စသော တောင်းဆိုချက်များကို လိုက်နာခြင်းမရှိပါက သီတင်းကျွတ်လပြည့် (မဟာပ၀ါရဏနေ့) တွင် နအဖ စစ်အုပ်စုအား ပြည်တွင်းပြည်ပရှိ သံဃာတော်များက တတိယအကြိမ်မြောက် ပတ္တနိကုဇ္ဇန ကံဆောာင်မည် ဖြစ်ပါသောကြောင့် ရန်ဟန်းရှင်လူ ကျောင်းသားပြည်သူများက ပူးပေါင်း ပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ မိုးထက်လျှံမှ
အဓမ္မကို အောင်နိုင်မယ်။
မိစ္ဆာတွေဘေးက ဝေးကြမယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့
Friday, September 4, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment