Sunday, October 11, 2009

NCUB နှင့် FTUB ၏ အထွေထွေအတွင်းရေးမှုး ဦးမောင်မောင် နှင့်ဒီမိုကရေစီအင်အားစုများ တွေ့ဆုံဆွေးနွေးပွဲ။(ဂျပန်နိုင်ငံ)..


ဂျပန်နိုင်ငံတွင် ခေတ္တရောက်ရှိနေသော NCUB နှင့် FTUB ၏ အထွေထွေအတွင်းရေးမှုး ဦးမောင်မောင် နှင့်ဒီမိုကရေစီအင်အားစုများ တွေ့ဆုံဆွေးနွေးပွဲကို ဂျပန်နိုင်ငံတိုကျိုမြို့ မီနမီအိုးစုကခမ်း၌ ယနေ့နံနက် (၉)နာရီခွဲမှ နေ့လည်(၁၁)နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီ အဖွဲ့အစည်းအသီးသီးမှ စိတ်ဝင်စားသူ ဦရေ(၃၀)ခန့်တက်ရောက် ဆွေးနွေးခဲ့ပါတယ်။ CUB နှင့် FTUB ၏ အထွေထွေအတွင်းရေးမှုး ဦးမောင်မောင် လက်ရှိနိုင်ငံရေး အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြား ပေးခဲ့ပါတယ်။ လာမည့် ဗုဒ္ဓဟူးနေ့မှာလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr.Katsuya Okata နှင့် သွားရောက် တွေ့ဆုံဆွေးနွေးမည် ဖြစ်ပါတယ်။...။

သတင်း၊ဓာတ်ပုံ ...ဒီမိုဝေယံ။...။

No comments:

Post a Comment