Wednesday, November 18, 2009

သွေးစွန်းတဲ့ သင်္ကန်း



သွေးစွန်းတဲ့ သင်္ကန်း
ဆင်မြန်းရသလို့
သွေးခင်းတဲ့ လမ်းပေါ်မှာ
ဆက်လက်ကာချီတက်
အနာဂါတ်အတွက် သမိုင်းရေး
အသက်သွေးတွေ ပေးခဲ့ရပြီး

ဘ၀တခု ကောင်းစားရေး
အလှကလေးတွေ စတေး
အသက်သွေးပေးစပ်
အနာဂါတ်တွက် မျှော်ရည်
ကိုယ်စီ အတွေးနယ်ချဲ့
ဒီလို့နဲ့ ဘဲဝေးခဲ့ရပြီး
အတူတူစုံ နိုင်ရေး
သင်ပုန်းချေကာပေးလဲ
တက်ဖတ်သတ်ဘဲ ရှေ့ဆောင်
စည်းကမ်းဘောင်နဲ့ သတ်မှတ်
အရှင်လတ်လတ် မြေမြုပ်ခြင်းခံလိုက်ရတာဘဲ။

ပြည်သူ့ ဆန္ဒ
ထုတ်ဖော် ပြ
ကုန်ဈေးနူံးကစ
ဆီးဈေး ဆန်းဈေး
ချပေးရန်း။

အစိုးရထံ ခွင့်တောင်းခံ
လူထုအသံ ဘေးဖတ်ထား
စက်ဖိနပ်များ တန်းစီသွား

ဘုရားသားတော်
သံဃာတော်များ
နေ့မအား ညမအား
မေတ္တာတရား ရှေ့ရှု့ရ
လူထုဒုက္ခဖြေရှင်းပေးကြ
ရေစက်ချ အမျှဝေသံ
နိုင်ငံထက်ဝှမ်း လုံးပြန့်ဝေလျှံ
စေတနာမှန် မေတ္တာတရား
လူထုအားလုံး သိစေသား
ပျောက်ကွယ်သွားတဲ့ ခဲ့တဲ့ အိပ်မက်ကလေး
မျက်လုံးကိုဖွင့်
နားများကို ခွင့် (စွန့်)
ဥာဏ်ကိုကွန့်မြူး
အာရုံဦးမှာ
အလင်းရောင်ရှိရာသို့
ချီတက်ဖို့ ရောက်ရှိခဲ့
နံနက်ခင်းရာ အလင်းတန်းများ
မပွင့်လန်းခင်မှာ
ကြယ်စင်တွေဟာ ပျောက်ကွယ်
အလင်းတန်းကွယ် ဘယ်မှာရှိမှာလဲ
အမုန်းကို အပြုံးနဲ့ ဖုန်းကွယ်
အရှုံးသမားရယ်ဘယ်မှာရှိအံ့။
ရွှေဝါရောင်တော်လှန်းရေးကြီး အတွင်း ကျဆုံးသွားသော ရဟန်းသံဃာ။ မယ်သီလရှင် ။ကျောင်းသား။ကျောင်းသူ .ပြည်သူထုကို ဂုဏ်ပြုသောအားဖြင့် ရေးဖွဲ့ပါသည်။


အောက်မှာပေါ်ချင်တာဒီမှာရေး

No comments:

Post a Comment