Sunday, November 29, 2009

”ကျောက်ဆစ်ဆရာနှင့် ပန်းပုရုပ်


”ကျောက်ဆစ်ဆရာနှင့် ပန်းပုရုပ်”

ကျောက်သား တစ်လွှာပြီးတစ်လွှာ
မျက်နှာကလေး ကြော့ကြော့
ပြုံးတော့မယောင် မော့မော့။
စိတ်ပုပ်စိတ်သိုး စိတ်ဆိုးဆိုးနဲ့ထု
ပန်ုးပုရုပ်ကလေးမျက်နှာ
တိမ်ဖုံးပါလို့လမသာ။
စိတ်ဖြူစိတ်သန့်
နူးညံ့တဲ့စိတ်နဲ့ထု
ပန်းပုရုပ်ကလေးမျက်နှာ
လရောင်လင်းတဲ့ပွင့်ရွှေကြာ။
ကျောက်ဆစ်ဆရာရဲ့ စိတ်စေတနာ
ပန်းပုရုပ်ကလေးမျက်နှာ
လရောင်လေလား နေရောင်လား
ချိုယောင်လေလား ခါးယောင်လား
သူ့စိတ်ထားရဲ့ပုံရိပ်ပါ။ ။

ဆရာကြီး တင်မိုး
အောက်မှာပေါ်ချင်တာဒီမှာရေး

No comments:

Post a Comment