Tuesday, November 24, 2009

စစ်ဖိနပ်အောက်က သင်္ကန်းစတွေက သွေးစွန်းနေတဲ့ မျက်ရည်တွေနဲ့




ပျံလွန်သွားကြတဲ့ ပြန်လမ်းမရေရာတဲ့

စစ်ဖိနပ်အောက်က သင်္ကန်းစတွေက

သွေးစွန်းနေတဲ့ မျက်ရည်တွေနဲ့

မယုံကြည်နိုင်တဲ့ မျက်ဝန်းတွေနဲ့

ဘာကြောင့်လဲ… ဒါ ဘာ့ကြောင့်များလဲ…။

အာဏာနဲ့ လုပ်ချင်ရာလုပ်တဲ့

မင်းဆိုးရဲ့မာယာအောက်မှာ

ငွေလက်နက် စူးဝင်ပြားမှောက်

“ဘာကိုမှ လက်ခံမှာမဟုတ်ဘူး” ဆိုတဲ့

ပြည်သူရဲ့ ယုံကြည်ချက်ကို ရိုက်ချိုးပစ်ခဲ့…။

ခိုကိုးရာမဲ့ မျက်နှာတွေ မသိ

အနာဂတ်မဲ့ ဘ၀တွေ မကြည့်

သစ္စာမရှိ အတ္တသာပြည့်ကြတဲ့နောက်

မညီညာလို့ ပြည်မသာတာလည်း

အပြစ်တင်စရာမှ မဟုတ်ဘဲလေ…။

ဝိပါက်ကြမ္မာ မလွန်သာလို့

ဒီဘ၀ ဒီနိုင်ငံမှာ လူလာဖြစ်ရပေမယ့်

ရင်နာရလွန်းလို့ တောင်းဆုပြုခဲ့ချင်တယ်

ဒီ တပ်မတော်သာ အမိ အဖဆိုရင်

ငါ… မိဘမဲ့တစ်ယောက် ဖြစ်ပါရစေ…။

ဝံသာနု
အောက်မှာပေါ်ချင်တာဒီမှာရေး

No comments:

Post a Comment