
ပုခက်ထဲက အူဝဲဟစ်ကာ
စစ်ကြေငြာပြီး လောကကြီး၏
ခါးသီးတွေ့ကြုံ အလုံးစုံကို
မဖြုံအံခဲ ပွဲဆက်နွဲရင်း
လူလည်းတော်တော်ကြီးခဲ့ပေါ့ ။
မိုက်လည်းမိုက်လို့ တိုက်လည်းတိုက်ခဲ့
ရှုံးလိုက်တာလည်း အင်္သချေ
ရဲလည်းရဲလို့ နွှဲလည်းနွှဲခဲ့
နိုင်ပွဲတွေလည်းအနန္တ ။
ဒီလိုပဲပေါ့…
တိုက်ပွဲဆိုတာ သာချင်သာမယ်
တိုက်ပွဲဆိုတာ နာချင်နာမယ်
ဘယ်ခါခန့်မှန်းသိနိုင်မလဲ။
နာနာသာသာ ဘာမှမဖြုံ
စိတ်လုံခြုံရင်
အဟုတ်မတန့်ရပ်ပါဘူး။
ရှေ့ကစီး၍ ခရီးလမ်းထဲ
သစ်ပင်လှဲမလား။
ရှေ့ကကန့်၍ အဟန့်အတား
ဆူးတွေတားမလား
ယောက်ျားဟေ့နော် တိုက်ပွဲပျော်
ကျွန်တော် တိုက်ရင်း တက်မှာပဲ။
(ဓနုဖြူ ကျော်ထွန်း)
စစ်ကြေငြာပြီး လောကကြီး၏
ခါးသီးတွေ့ကြုံ အလုံးစုံကို
မဖြုံအံခဲ ပွဲဆက်နွဲရင်း
လူလည်းတော်တော်ကြီးခဲ့ပေါ့ ။
မိုက်လည်းမိုက်လို့ တိုက်လည်းတိုက်ခဲ့
ရှုံးလိုက်တာလည်း အင်္သချေ
ရဲလည်းရဲလို့ နွှဲလည်းနွှဲခဲ့
နိုင်ပွဲတွေလည်းအနန္တ ။
ဒီလိုပဲပေါ့…
တိုက်ပွဲဆိုတာ သာချင်သာမယ်
တိုက်ပွဲဆိုတာ နာချင်နာမယ်
ဘယ်ခါခန့်မှန်းသိနိုင်မလဲ။
နာနာသာသာ ဘာမှမဖြုံ
စိတ်လုံခြုံရင်
အဟုတ်မတန့်ရပ်ပါဘူး။
ရှေ့ကစီး၍ ခရီးလမ်းထဲ
သစ်ပင်လှဲမလား။
ရှေ့ကကန့်၍ အဟန့်အတား
ဆူးတွေတားမလား
ယောက်ျားဟေ့နော် တိုက်ပွဲပျော်
ကျွန်တော် တိုက်ရင်း တက်မှာပဲ။
(ဓနုဖြူ ကျော်ထွန်း)



No comments:
Post a Comment