Thursday, December 3, 2009

ကြေးမုံသတင်းစာတိုက် အောက်ခြေဝန်ထမ်းများ ရဲ့ ပွင့်အန်ထွက်လာတဲ့ အသံများ..။


ကျွန်တော်/မ တို့သည် ကြေးမုံ သတင်းစာ တိုက်တွင် တာဝန် ထမ်းဆောင်နေကြသူများ ဖြစ်ကြပါသည်။ ယခုနှစ်တွင် ကြေးမုံသတင်းစာတိုက် အပါအ၀င်၊ အခြားသော သတင်းစာတိုက်များပါ နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ရပါသည်။

အခြားသတင်းစာတိုက်များ သည်ရာထူးကြီးငယ်မတူအားလုံးပြောင်းရွှေ့ကြရပေမယ့်ကြေးမုံသတင်း
စာတိုက်တွင် အမှန်တကယ် တာဝန်ရှိ (ရာထူးကြီး) သောသူများ မပါဝင်ပဲ လူငယ၊်အောက်ခြေ
ဝန်ထမ်းများသာ ပြောင်းရွှေ့ခဲ့ရတာပါ။ ဒီလိုလုပ်နေတာ အလျည်းသင့်သူများကိုသာ ရွှေ့ပြောင်း
လုပ်နေတာ ဖြစ်ပါတယ်။

ထို့အပြင် ကြော်ငြာဌာန နှင့်တကွ ဖြန့်ချီရေး စသော၊ဌာနတို့မှာလည်း မန်နေဂျာနှင့် အလျည်းသင့်သူများသာ တာဝန်ချထားခံနေရပါသည်။ ယခု နေပြည်တော်သို့ ရောက်ရှိရာတွင်လည်း အဆောင်နှင့် အဆောင် ထမင်/းဟင်းများအား ၀င်ရောက်ကြီးကြပ်မှူ မရှိခြင်းကြောင့် အဆောင်ထမင်း/ဟင်းမှာ စီစဉ်/ချက်ပြုတ်မှူ ညံ့ဖျင်းလှပါသည်။

သို့ဖြစ်ပါသောကြောင့် မန်နေဂျာနှင့်တကွ တာဝန်ရှိသူလူကြီးများဧ။် စီမံခန့်ခွဲမှု ညံ့ဖျင်းမှု ကြောင့် အောက်ခြေ ၀န်ထမ်းများ ထိခိုက်နစ်နာနေကြရသည်ကို အရေးယူ ဆောင်ရွက်ပေးပါရန် ခွပ်ဒေါင်းမြေ မှတဆင့် လေးစားစွာတင်ပြအပ်ပါသည်။

ကြေးမုံ သတင်းစာတိုက် အောက်ခြေ၀န်ထမ်းများ..။
အောက်မှာပေါ်ချင်တာဒီမှာရေး

No comments:

Post a Comment