Monday, December 7, 2009

ဖိနပ်မှန်ဖူးတဲ့ စိန်သူငယ်(သို့မဟုတ်) တခါမှန်ဖူး ဖိနပ်ဖိုးနားလည်....


မြန်မာပြည်ရဲ့ ဝန်ကြီးချုပ်ဆိုတဲ့ ဗိုလ်ချုပ်သိန်းစိန် တစ်ယောက် ဒီနှစ်တနှစ်လုံး ပြည်ပရောက်ဒီမိုကရေစီ အင်အားစုတွေနဲ့ လိုက်တမ်းပြေးတမ်း ကစားနေတယ် ထင်ရလောက်အောင် ခရီးစဉ်တွေက များနေပါတယ်။ ရောက်တဲ့နေရာတိုင်း နိုင်ငံတိုင်းမှာလည်း ပွဲမစည်ဘူးဆိုတာ မရှိသလောက်ပါပဲ။ စီကနဲဆို ဗိုလ်သိန်းစိန်ပါပဲ။

ပြီးခဲ့တဲ့ နယူးယောက်ခရီးစဉ် ကစပြီး၊ ဂျပန်၊ ထိုင်း၊ စင်ကာပူနေရာတိုင်းမှာ မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားသူတွေ သိုမဟုတ် မီဒီယာတွေနဲ့ ထိပ်တိုက်ရင်ဆိုင် ခဲ့ရပါတယ်။ နယူးယောက်ခရီးစဉ်မှာ ဖိနပ်ဒဏ်ခံရပြီး ဂျပန်ရောက်တဲ့ အချိန်မှာ ဂျပန်ကဆန္ဒပြသူတွေ ရန်ကိုကြောက်လို့ သံရုံးတောင် မလာရဲပဲ ဟိုတယ်ကနေ အပြင်မထွက်ရဲတဲ့ ဘဝရောက်ခဲ့ရပါတယ်။ ယခုနောက်ဆုံးရ သတင်းများအရ ဗိုလ်သိန်းစိန်တို့ အုပ်စုသံရုံး ဝန်ထမ်းများကိုပင် အယုံအကြည် မရှိတော့ကြောင်း သိရှိရပါတယ်။ လေဆိပ်အကြိုအပို့မှအစ နိုင်ငံတကာသံရုံးတွေမှာ အတွင်းဝန်နှင် စစ်သံမှူးလောက်သာ သွားရောက်ကြိုဆို ခွင့်ပြုပါတော့တယ်။

မြန်မာဝေဒပညာရှင်များရဲ့ အဆိုအရ ဗိုလ်ချုပ်သန်းရွှေမှ ဗိုလ်သိန်းစိန်ကို ယတြာချေဖို့ အတွက် တမင်လွှတ်နေတာ ဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါတယ်။ မြန်မာနိုင်ငံဟာ (၂၀၁၀)ဇန္နဝါရီလမှာ နေကြပ်တာကို တွေ့မြင်ရမှာပါ။ ဒီနေကြပ်တာကိုမြင်ရတဲ့ နိုင်ငံတွေမှာ တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူများ သေဆုံးခြင်း၊ မင်းပြောင်းမင်းလွှဲ ဖြစ်ခြင်း ၊ဆူပူ မငြိမ်မသက်ဖြစ်ခြင်း .... စတဲ့ ဆိုးကျိုးတွေသာ အဓိကခံစားရပါတယ်။ ဒါကြောင့် နေကြပ်တယ်ဆိုတဲ့ စနေနံကို ချေဖို့အတွက် သောကြာနံ ဗိုလ်ချုပ်သန်းရွှေဟာ နေ့နံတူ ဝန်ကြီးချုပ်သိန်းစိန်ကို ဖိနပ်ဆိုတဲ့ စနေနံမှန်စေချင်ပုံရတယ်လို့ သုံးသပ်ပြောဆိုနေပါတယ်။

ဒါတွေကို သိနေပြီးဖြစ်တဲ့ ဖိနပ်မှန်ဖူးတဲ့ စိန်သူငယ် ဝန်ကြီးချုပ်သိန်းစိန် ကတော့ တခါမှန်ဖူး ဖိနပ်ဖိုးနားလည် ဆိုတဲ့အတိုင်း မထူးဇာတ်ခင်းပြီး တပ်ချုပ်ကြီးရဲ့ အမိန့်ကိုနာခံဖို့အတွက် စနေနံဖြစ်တဲ့ ဒိန်းမတ်နိုင်ငံမှာ စနေနံဖိနပ်ထိအောင် ဝန်ကြီးချုပ်သိန်းစိန် ရင်ကော့ပေးမလား ခေါင်းပဲခံပေးမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါကြောင်း.......မှတ်ချက်(ဒီန်းမှတ်နိုင်ငံမှာလည်း လက်တည့်တဲ့ သူတွေများကြောင်း သိရှိရပါတယ်)
ပေးပို့သူ အစ်ကို ဒီမိုးဝေယံအားကျေးဇူးတင်ပါတယ်။
အောက်မှာပေါ်ချင်တာဒီမှာရေး

No comments:

Post a Comment