Tuesday, December 8, 2009

အင်္ဂါဝတ်ပြုဆုတောင်းမိသားစု၏ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အလှူဓာတ်ပုံမှတ်တမ်း။

အင်္ဂါဝတ်ပြုဆုတောင်းမိသားစု၏ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အလှူဓာတ်ပုံမှတ်တမ်း။

၅.၁၂.၂၀၀၉ စနေနေ့က မြောက်ဒဂုံ (၄၉)ရပ်ကွက် ဘုရင့်နောင်လမ်း အိမ်အမှတ် (၁၃၀၈) မှာ အင်္ဂါဝတ်ပြု ဆုတောင်းမိသားစုအဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် သံဃာငါးပါး အားဆွမ်းဆက်ကပ် လှုဒါန်းခဲ့ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆုတောင်းခဲ့ ကြပါတယ်။

ဘဘဦးဝင်းတင်၊ ဦးအုန်းမောင်၊ သခင်ဖေသန်း၊ ဦးချို၊ ဖျာပုံနီလုံဦး နှင့် ဖိတ်ကြားထားတဲ့ အဖွဲ့အစည်းအသီးသီးမှ ဧည်သည်တော်များ တက်ရောက်ကြပြီး ကိုယ်ကျိုးမဖက်ပဲ ရဲရဲဝံ့ဝံ့လုပ်ဆောင်ခဲ့ကြတဲ့ အင်္ဂါဝတ်ပြု ဆုတောင်းမိသားစု အဖွဲ့သားများ အတွက် ကဗျာရွတ်ဆိုခြင်း၊ ဘဘဦးဝင်းတင်နှင့် အဘဦးအုန်းမောင်တို့က ထောင်အတွေ့အကြုံများ ဟောပြောခြင်းများ ပြုလုပ်ခဲ့ပါတယ်။ အိမ်ရှေ့နဲ့ အိမ်မရောက်ခင် လမ်းမှာ အခမ်းအနား တက်ရောက်သူများအား (မရဏအဖွဲ့ဝင်များဖြစ်တဲ့)SB နဲ့ ကြံဖွတ်မှလာရောက် ဓာတ်ပုံရိုက် သတင်းယူကြကြောင်း သိရှိရပါတယ်။

အင်္ဂါဝတ်ပြုဆုတောင်းမိသားစုများနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ အင်္ဂါနေ့တိုင်း ဘုရားမှာ မပျက်မကွက်တက်ရောက် ဆုတောင်းပေးခဲ့ကြပါတယ်။ ထိုသို့ ဆုတောင်းပေးရာမှာ စစ်အစိုးရ လက်ကိုင်တုတ်တွေ ဖြစ်တဲ့ ကြံ့ဖွတ်၊ စွမ်းအားရှင်နဲ့ ရဲ၊SB ဘုရားလုံခြုံရေး တို့ရဲ့ အနှောင့်အယှက် ပေးမှုနဲ့ ကိုယ်ထိလက်ရောက် ရိုက်နှက်၊ စော်ကားမှုတွေကို ခံခဲ့ရပြီး နောက်ဆုံး မတရားထောင်သွင်း အကျဉ်းချခြင်းံနေရပါတယ်။

အဖမ်းအဆီးခံနေရပြီး အမှုရင်ဆိုင် တိုက်ပွဲဝင်နေတဲ့ အင်္ဂါဝတ်ပြု ဆုတောင်းမိသားစု အဖွဲ့သားများ လေးစားစွာဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။...

အင်္ဂါဝတ်ပြုဆုတောင်းမိသားစု အဖွဲ့ဝင်များအား ဂုဏ်ပြုရေးစပ် ထားတဲ့ ကဗျာကတော့ .....

တိုက်ပွဲဝင်ရင်း
မျှားဆိပ်ပြင်းဒဏ်
မာန်တင်းခံလျှက်
မိုးယံထက်ဆီ
ပျံတက်တောင်ပံဖွင့်သူများ
ကြံလျှက်အောင်လံလွှင့်ထူထား

သတင်း၊ဓာတ်ပုံမျှဝေပေးသူ မြတ်လေးငုံ......
အောက်မှာပေါ်ချင်တာဒီမှာရေး

No comments:

Post a Comment