Saturday, December 19, 2009

ဗုဒ္ဓ၏အဆိုအမိန့်များ တိုင်းပြည်အကျိုးအမှန်တကယ်ကြည့်ရင် သမိုင်းနှင့်ဓမ္မက ပြန်လည်စောင့်ရှောက်လိမ့်မည်။



ဗုဒ္ဓ၏အဆိုအမိန့်များ
1သတင်းစကားကြားရုံမျှနှင့်နားမယောင်နှင့်။
2အစဉ်အလာဖြစ်ပေးသည်လည်းလက်မခံနှင့်။
3လူပြောသူပြောတစ်ဆင့်စကားကိုလည်မယုံလေနှင်။့
4ဘာသာရေးကျမ်းကြီးများကိုကိုးကားပြော၍လည်းမှန်လှပြီမထင်လေနှင့်။
5တက္ကဗေဒနည်းဖြင့်ဆင်ခြင်ကြံဆရုံမှာကိုလည်းနားမယောင်လေနှင့်။
6ရောင်ရမ်းမှန်းဆရာသာထင်မြင်ချက်ကိုလည်းအမှန်ဟုမမှတ်ယူနှင့်။
7ဖြစ်နိုင်ကောင်း၏ထင်မြင်ရရုံဖြင့်လည်းမယုံကြည်ပါလေနှင်-။
8ကိုးကွယ်ရာဆရာသမားဖြစ်ပေသည်လည်းမှန်ပြီဟုတထစ်ချမမှတ်ကြနှင့်။အကြောင်းတရားသည်.မှန်/မမှန်သင်တို့ကိုယ်တိုင်သိ၏။ထိုအခါမှ . . . ထိုအကြောင်းတရားကိုနှစ်သက်စွာ လိုက်နာကျင့်ကြံကြပေတော့ ။


စိတ်ရှည်-ဇွဲသန်သည်းညည်းခံပြုရန်သာသနာသာသနာသည် ငါ့အတွက် ဖဖြစ်ပါစေနှင့် ၊ ငါသည်သာလျှင် သာသနာအတွက် ဖြစ်စေရမည်ရဟန်းတို့ အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် အစဉ်မပြတ်စည်းရုံးညီညွတ်စွာသံဃာ ကိစ္စကို ပြုလုပ်၍ နေ၏။ အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် သံဃာတာဝန် ဟူသမျှကို ဆောင်ရွက်နေ၏။ အကြင်မျှလောက် ကာလပတ်လုံး သံဃာ၏ စည်းကမ်းဥပဒေ တခုခုကို မကျူးလွန်၊ မဖောက်ဖျက်၊ အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် မိမိတို့၏ သီတင်းသုံးဖော်အားလုံး၏ ချမ်းသာရေးကို ကြောင့်ကြ၍နေကြ၏။ ထိုမျှလောက်ကာလပတ်လုံး အသင်တို့သည် ဆထက်ထမ်းပိုး တိုးတက်မှု ရှိသွားပေလိမ့်မည်။ ဆုတ်ယုတ်မှုရှိတော့မည် မဟုတ်ပေ
ဗုဒ္ဓု မဟာပရိနိဗ္ဗာနသုတ္တံ

ကုတ္တဒန္တသုတ်မှာလည်း ဗုဒ္ဓရှင်တော်ဘုရားက အင်အားသုံးပြီး ရာဇ၀တ်မှုကို နှိမ်နှင်းမယ့်အစား စီးပွားရေး အဆင်ပြေအောင်လုပ်ပေးသင့်ကြောင်းကိုလည်း အကြံပြုဟောကြားတော်မူခဲ့တယ်။ အစိုးရဟာ တိုင်းပြည်နဲ့ အရင်းအမြစ်တွေကို အသုံးပြုပြီး တိုင်းသူပြည်သားတွေ စီးပွားရေး၊ လူမှုရေး တိုးတက်ကောင်းမွန်လာအောင် လုပ်ပေးရမယ်။

အရှင်ထာဝရ

No comments:

Post a Comment