Friday, December 18, 2009

အွန်းလိုင်းပေါ်မှ အတို့ အထိလေးများ နေမင်းသိန်းရာဇာ။ ခမိခဆဲ ။



အွန်းလိုင်းပေါ်မှ အတို့ အထိလေးများ နေမင်းသိန်းရာဇာ။ ခမိခဆဲ ။

နေမင်းသိန်းရာဇာ ။၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အာဏာရှင်တွေက ပြည်နယ်နဲ့ တိုင်းအသီးအသီးမှာအိမ်ထောင်စုစာရင်းတွေကို စတင်ပြီးကောက်ယူ နေတယ် လို့သိရပါတယ် ။အဲဒါ အစ် ကိုနေနဲ့ဘယ်လို့မြင့်ပါလဲ ရွှေကော်ပွဲ့ဥပဒေမထွက်သေတဲ့ တွက်ပြည်သူတစ်ယောက်အနေနဲ့ အိမ်ထောင်စု စာရင်ပေးသင့်ပါလား?

ခမိခဆဲ ။ မပေးသင့်ပါဘူး။ သေချာတာကတော့ မပေးသင့်ပါဘူး။

နေမင်းသိန်းရာဇာ ။ ဟုတ်ပြီး အစ်ကို အနေနဲ့ ဘာကြောင့် မပေးသင့်တာပါလဲ စစ်အာဏာရှင်တွေကို
မပေးခဲ့ရင် ပြည်သူတွေကို ဒုက္ခမပေးနိုင်းဘုးလား အစ်ကို ?


ခမိခဆဲ ။ စဉ်းစားကြည့်ရအောင်ဗျာ။ ၂၀၀၈ တုန်းက သူတို့လုပ်တဲ့ရွေးကောက်ပွဲဟာ တရားမျှတခဲ့ပါသလား၊ ပြည်သူတွေက အားပေးထောက်ခံတဲ့ရွေးကောက်ပွဲဖြစ်ခဲ့လို့လား။ ယမ်းငွေ့ကြားကနေအတင်းအဓမ္မလုပ်တဲ့ပွဲမဟုတ်ဘူးလား။ အဲ့တာတွေကို စဉ်းစားခြင်းအားဖြင့် လူတိုင်း နာလည်လောက်ပါတယ်။ သူတို့ဒုက္ခပေးတာ ကြောက်တာကိုကြည့်နေရင် ကျနော်တို့ ၄ နှစ် ထပ်ဆုံးရှုံးရမှာပဲ။ ၄ နှစ်ပြည့်မြောက်တဲ့အခါမှာကော သူတို့လုပ်ရပ်က ရပ်တန့်သွားမှာလား။ စဉ်းစားကြည့်ဗျာ။ စစ်ခွေးတွေဟာ အာဏာကိုပဲကိုးကွယ်တယ်၊ အာဏာကိုပဲ မြတ်နိုးတယ်၊ အာဏာကိုပဲ လက်ဆုပ်လက်ကိုင်ပြုထားတဲ့အတွက် သူတို့အာဏာအတွက်ဆိုရင် ဘာမဆိုလုပ်မှာပဲ။ သမိုင်းပြန်လှန်ကြည့်လို့ရပါတယ်။ သံဃာသတ်၊ ကျောင်းသားသတ်၊ ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်ညှင်းပန်း၊ ဘုရားခေါင်းဖြတ် ..... အမျိုးမျိုးပြုမူနေတဲ့ နအဖစစ်ခွေးတွေလုပ်တဲ့ ရွေးကောက်ပွဲကို လက်ခံသင့်လက်မခံသင့်ဆိုတာ စဉ်းစားကြည့်လို့ရမှာပါပဲ။



နေမင်းသိန်းရာဇာ ။ ဟုတ် ကောင်းပါပြီး ဒါ ဆိုရင် ကျွန်တော်တို့ပြည်သူတွေက အစ်ကိုပြောသလို့ လက်နတ်ကျပြီး အညံ့မခံ ပဲ ပြန်ပြီး တွန်းလှန်မယ်လို့ အစ်ကိုမြင့်ပါလား၊


ခမိခဆဲ ။ ပြည်သူတွေဟာ သူတို့ရဲ့ဆန္ဒအစစ်အမှန်ကို သွေး၊ ချွေးတွေ ရင်းပြီး ပြသခဲ့ပြီးပါပြီ။ ဒီ့ထက်ပိုပြီး ပြသမယ်လို့လဲ ယုံကြည်နေပါတယ်။ အညံ့မခံတွန်းလှန်သင့်ပါပြီ။ ဒီထက်ပိုပြီးတော့ လုပ်ဆောင်ဖို့လဲ ကြိုးစားနေကြပါတယ်။ ကြိုးစားနေဦးမှာပဲလို့ ထင်မြင်မိပါတယ်။ အာဏာရှင်ချုပ်ငြိမ်းဖို့ ကျနော်တို့ ပြည်သူပြည်သားအားလုံးမှာ တာဝန်ရှိပါတယ်။ အဲ့အတွက်ကြောင့် အားလုံးတတ်နိုင်တဲ့ဘက်ကနေ ကြိုးစားနေဆဲ၊ ကြိုးစားနေမြဲပါပဲ။


နေမင်းသိန်းရာဇာ ။ အစ်ကို ကျွန်တော် သိရသလောက်ဆိုရင် တစ်ချို့နေရာတွေမှာ ဆိုရင် ယရက မယကတွေက ၂၀၁၀ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်း စတင်ကောက်ယူတွင်း ငွေတောင်တာတွေလဲရှိနေပါတယ် အဲဒီအပေါ်မှ အစ်ကိုနေနဲ့ ဘာပြောချင်းပါလဲ ?

ခမိခဆဲ။ဘာပြောချင်သလဲဆိုတော့ နအဖက အမြဲသူတို့လုပ်ချင်တာလုပ်နေကြတာပဲလေ။ အဲ့အတွက် မပေးပဲ ကန့်ကွက်သင့်ပါတယ်။ ကိုယ့်ဘက်က သူတို့လုပ်တာကို ကန့်ကွက်တာဟာ အကောင်းဆုံးအားတစ်ခုပါပဲ။ ကျနော်တော့ အဲ့လိုမြင်ပါတယ်။

နေမင်းသိန်းရာဇာ ။ နောက်ဆုံးအနေနဲ့ အစ်ကိုယ် မေးချင်းတာက စစ်အာဏာရှင်တွေကို အစ်ကို ဘာပြောချင်းပါလဲ?

ခမိခဆဲ ။ ကိုယ့်အကြောင်းကိုယ်သိကြပါ၊ ကိုယ်လုပ်တဲ့လုပ်ရပ်တွေဟာ မှန်ကန်လား၊ မမှန်ကန်လားဆိုတာ ဝေဖန်ပိုင်းခြားကြပါ၊ ဆင်ခြင်တုံတရားလက်ကိုင်ထားပြီး ငါလဲပြည်သူထဲကပြည်သူတစ်ယောက်ပဲ အဲ့အတွက် ပြည်သူတွေ ညှင်းပန်းနှိပ်စက်မှုမှ ရပ်တန့်သင့်ပြီ၊ အဲ့လိုပြောချင်ပါတယ်။
အောက်မှာပေါ်ချင်တာဒီမှာရေး

No comments:

Post a Comment