Wednesday, December 16, 2009

အွန်းလိုင်းပေါ် မှ အတို့အထိလေးများ။ နေမင်းသိန်းရာဇာ။ ကိုဖြိုးဝေ


အစ်ကိုနေကောင်းပါလာ.? မတွေ့ကြာပြီနော် အခု ဆွေးနွေးပွဲလေးပြန်စရအောင် အစ်ကို နေမင်းသိန်းရာဇာ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် အနိုင်ရလို့တက်လာမယ့်အစိုးရလက်ထက်မှာ ခိုးတာ ၀ှက်တာတွေ ရှိဦးမလား?

ကိုဖြိုးဝေ မရှိနိုင်တော့ပါဖူး နောက်အစိုးရအသစ်တက်လာရင် ခိုးစရာတခုမှကျန်မှာ မဟုတ်တော့ဖူး။

နေမင်းသိန်းရာဇာ။ ပြီးတော နိုင်ငံတကာမှာ ဆိုရင် နိုင်ငံ့ခေါင်းဆောင်တွေ ပိုင်းဆိုင်သမျှကို ပြည်သူကိုထုတ်ဖော်ပြကြပါတယ် စစ်အာဏာရှင်တွေလုပ်မယ်လို့ထင်ပါလား?အစ်ကိုယ့် အမြင်လေးပြောပါအုံး။

ကိုဖြိုးဝေ ။မထင်ပါဖူး မထင်ပါဖူး ဆိုတာ ဘာကြောင့်ပါလည်း? သူတို့ပိုင်ဆိုင်တာ လူသိမခံရဲလို့ပါ ရှင်းပါတယ်။

နေမင်းသိန်းရာဇာ။ တစ်ကယ်၍ စစ်အာဏာရှင်တွေက ရွှေကောက်ပွဲ့မှာ အနိုင်ရခဲ့ရင် မြန်မာပြည်ရဲ့ အတိုက်ခံအင်းစုကြီးဘာဖြစ်နိုင်ပါလဲ?

ကိုဖြိုးဝေ ။ အတိုက်အခံအင်အားစု အနေနဲ့ စစ်ဏာရှင်နိုင်ခဲ့ရင် ဘာမှတော့ အရှိန်ဟုန်မြှင့်တင်ပြီး တခုခုလုပ်ဖို့လိုလာပြီဆိုတာ ပိုသိသာသွားတာပဲ ဖြစ်လာမယ်ထင်ပါသည်။

နေမင်းသိန်းရာဇာ ။အခုဆိုရင် မြန်မာနိုင်ငံရေးမှာ သံဃာတွေကလည်းပါနေတော့ စစ်အာဏာရှင်တွေက နိုင်ခဲ့ရင် သာသနာ အတွက် ဘယ်လို ဖြစ်လာနိုင်ပါလဲ?
သာသနာ့ကို လေးစားကြည်ညို့နေသော ပြည်သူတစ်ယောက်နဲ့ပြောပါအုံး။

ကိုဖြိုးဝေ ။ ၂ ခြမ်းကွဲသွားနိုင်ပါတယ် လက်ရှိလဲ ကွဲအောင်ခွဲနေတယ် ။ အကယ်၍ စစ်အာဏာရှင်နိုင်ခဲ့ရင် အခု၂ခြမ်းခွဲအုပ်ချုပ်နေတာ
ပိုသိသာလာပါမည်။

နေမင်းသိန်းရာဇာ။ အခု လက်ရှိအခြေနေအရ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်ချုပ်ကြီးကို ပေးတဲ့စာကို အားရကျေနပ်ကြတယ်လို့ပြောကြပါတယ်။ ဒါပင်မဲ့ စစ်ဗိုလ်ချုပ်တွေက အခုထိ မတုန့်ပြန်တာ ဘာကြောင့်လို့ထင်ပါလဲ။ ပြည်သူတစ်ယောက်နေနဲ့ဘယ်လိုမြှင်ပါလဲ

ကိုဖြိုးဝေ ။ တုန့်ပြန်ပါတယ် ထောင်ကျခြင်းတွေနဲ့ မိသားစုတွေကို ဒုက္ခရောက်အောင် အကျဉ်းသားတွေကို နယ်ဝေးထောင်တွေပို့နေတာ စစ်အာဏာရှင်တွေက တုန့်ပြန်နေတာပါပဲ။

နေမင်းသိန်းရာဇာ။ နောက်ဆုံး အနေနဲ့ ပြည်တွင်းပြည်ပက သံဃာတော်တွေနဲ့ ပြည်သူတွေ နိုင်ငံရေးသမားတွေကို ဘာပြောချင်းပါလဲ ?

ကိုဖြိုးဝေ ။ စည်းလုံးညီညာ အောင်ကြောင်းဖြာလို့ပြောချင်းပါတယ် ။ ကျေးဇူးပါ အစ်ကို

No comments:

Post a Comment