Thursday, December 3, 2009

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ (၉၀) ပြည့်မွေးနေ့ အမှတ် တရ (၃-၁၂-၀၉)


တပ်မတော်သားများ အနေဖြင့် ပြည်သူသာ အမိ အဘအဖြစ် ပြည်သူ့ မျက်နှာကို ကြည့်ကြရန်နှင့် ရန်သူကဲ့သို့ သဘောမထားရန် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇောက ယနေ့ကျရောက်သော အသက် ၉၀ ပြည့် မွေးနေ့တွင် ပြောကြားလိုက်သည်။

“ကျနော် ချစ်လှတဲ့ ပြည်သူတွေ အခုအထိ ဆင်းရဲတွင်း နက်နေသေးတဲ့ အတွက်တော့ ကျနော် စိတ်မကောင်းနိုင်ပါဘူး၊ ဒါပေမယ့် ကျနော်တို့ ပြည်သူတွေက မတရားမှု၊ ဖိနှိပ်မှု မျိုးစုံကို အလျှော့မပေးဘဲ တဗိုလ်ကျ တဗိုလ်တက်၊ တမျိုးဆက်ပြီး တမျိုးဆက် ဆက်လက်တိုက်ပွဲ ၀င်နေကြတာကို မပြတ်ကြားသိနေရတဲ့ အတွက် အဲသလို ပြည်သူမျိုးအတွက်တော့ ကျနော် အလွန် ဂုဏ်ယူပြီးအားရ ကျေနပ်မှုလည်းရှိပါတယ်၊ ဆက်လက်ပြီးတော့လည်း မလျှော့တမ်းဇွဲနဲ့ ကြိုးစားအားထုတ်ကြပါ” ဟု ဗိုလ်မှူးချုပ်ကျော်ဇောက မွေးနေ့ အမှာ စကားပြောကြားသည်။

အချင်းချင်းစည်းလုံး ညီညွတ်၍ သဘောထားကြီး ကြရန်နှင့် ပြည်သူများလိုလားတောင့်တနေသည့် ဒီမိုကရေစီ အမြန်ရရန်၊ အားလုံးကျန်းမာ ချမ်းသာကြရန်လည်း ၎င်းက ဆန္ဒပြုသည်။

အတိုချုံးပေါ်ချင်တာ ဒီမှာရေး
အောက်မှာပေါ်ချင်တာဒီမှာရေး

No comments:

Post a Comment