Tuesday, December 22, 2009

အွန်းလိုင်းပေါ်မှ ဘာသာရေးအမြင့်များ။

မေး : အခုလို့ ကိုယ်ဘာသာ တရားကို စော်ကားနေတာကိုကြည့်ပြီး ဗုဒ္ဓဘာသာဝင်း တစ်ယောက် အနေနဲ့ဘယ်လို့ ခံစားရပါလဲ?

ပညာသာမိ : တပည့်တော်သာဆို အကျိုးသင့် အကြောင်းသင့် သွားမေးကြည့်ဖြစ်မှာ ဘာအတွက်ကြောင့် ဒီလိုလုပ်ရတာလဲ သာသနာကို သေးသိမ်အောင်လုပ်တယ်လို့မြင်တယ်။

မေး: ဟုတ်ပြီး တပည့်တော်တို့ဟာ ကိုယ်အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတဲ့သူတွေဖြစ်တယ် သူတစ်ပါး အမျိုးဘာသာ သာသနာကို မထီမဲ့မြင်မပြု။ မိမိရဲ့အမျိုးဘာသာသာသနာကို မထီမဲ့မြင်ပြုလာလျှင် ခေါင်းငုံခံမလား တပည့်တော်လျှောက်ထားပါတယ် ဘုရား

ပညာသာမိ : မခံဖူး
တပည့်တော်တို့ဘာသာဟာ အရမ်းအေးချမ်းပြီး သူတပါးကို ထိခိုက်စေတာ ဘာတစ်ခုမှ မရှိပါဖူး။ တပည့်တော်တို့ ဘာသာဟာ အဓိကကတော့ ကိုယ်ချင်းစာတရား ကို အလေးအနက်ထားတဲ့ ဘာသာတရားလို့မြင်တယ်။
ကိုယ်ချင်းစာတရား ထားပြီးဘာမဆို ခွင့်လွတ်နိုင်အောင်လည်း ကြိုးစားအားထုတ်နေကြတယ်။
တပည့်တော်က လူငယ်တစ်ယောင်ဖြစ်လို့သာ ကိုယ့်ဘာသာကို ထိပါးလာရင် မခံဖူးလို့ ဖြေပေမယ့်။ အခြား တပည့်တော်တို့ဘာသာဝင်တွေဟာ ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး အတက်နိုင်ဆုံး ခွင့်လွှတ် သည်းခံသွားကြမှာပါ။ အဲ့လောက် အေးချမ်းတဲ့ ဘာသာကို ကိုးကွယ်ခွင့်ရလို့လဲ ကိုယ့်ကိုကိုယ် ကျေနပ်အားရမိပါတယ်။

မေး : ကိုယ်ကျင့် တရားဆိုတာ လူတွေရဲ့ ကျင့်စဉ်မဟုတ်လား ဘုရား တပည့်တော်တို့လူငယ်တွေ အကြားမှာ အကာအကွယ်မဲ့ ယိုင်နဲ့နေတဲ့ သစ်ပင်တွေလို့ လေပြင်းဟာ ချွေလွင်းပြစ်နိုင်သလို့ ဘာသာရေး အသိအကာအကွယ်မဲ့နေတဲ့ ယနေ့ လူငယ်တွေကို ဘာသာခြားတွေက မြူဆွယ်၍ မိစ္ဆာ ဒိဋ္ဌိနယ်ထဲ ဆွဲသွင်းကုန်ကြပြီ။ တပည့်တော်ပြောတာကို လက္ခံနိုင်ပါမလား ?

ပညာသာမိ : လက်ခံပါတယ်။
အဓိကတော့ လူငယ်တွေအတွက် တခြားဘာသာတွေဟာ သူတို့အတွက် ကောင်းလေနိုးနိုး ဆိုတဲ့ အသိဝင်တက်ပါတယ်။ တပည့်တော်တို့ ဘာသာမှာ သာမန်ပုတုဇဉ် အနေနဲ့ ကံ ၅ ပါးကို လုံအောင်ထိန်းသိမ်းရမှာပါ။ တခြားဘာသာတွေမှာ လည်း အဲ့လိုကန့်သတ်ထားတာတွေရှိပါတယ်။
ကံ ၅ပါးကို ထိန်းတဲ့သူဟာ တကယ့်ကို အေချမ်းတဲ့ တုန့်ပြန်မှုကိုရပါတယ်။ သာမာန် အနေဖြင့် ဆိုလျှင် လူငယ်တစ်ယောက်ဟာ အဲ့ဒီ့ ကံ၅ပါးကို ထိန်းသိမ်းဖို့ခက်နေပါမယ်။ အဲ့လို အခြေအနေမျိုးမှာ တခြားဘာသာတွေရဲ့ မြူဆွယ်မှုကြောင့် ဘာသာခြားတွေက မြူဆွယ်၍ မိစ္ဆာ ဒိဋ္ဌိနယ်ထဲကို ဆွဲ ခေါ်ဖို့ အခွင့်အရေးရလာနိုင်ပါတယ်။

မေး : တပည့်တော်တို့ပြည်တွင်းမှာ က ဗဟုသုတများ ရာစရာဆိုလို့ ဘာမှာ မရှိဘူး တစ်နေ့တစ်နေ့ စီးပွားရေးက မပြည်စုံတဲ့ ကျွန်တော်လို့ ဘ၀တွေကို ဘာသာရေး အထိက မဖြစ်တော့ အဲ့ဒါကြောင့် တပည့်တော်တွေကြုံခဲ့ရတာတွေ က ခါးသီးလှပါတယ်။

ပညာသာမိ : အစ်စလာမ် နဲ့ ခရိယာန်ဘာသာတွေဟာ အားလုံးသိတဲ့ အတိုင်း သူတို့ဘာသာကို ကြီးထွားချင်တဲ့ လောဘစိတ်တွေ ဖုန်းလွှမ်းနေပါတယ် အဲ့လို အခြေအနေမျိုးမှာ တိုင်းပြည်ကလည်း စုတ်ပြတ်သတ်နေတော့ သူတို့ ဆွဲဆောင်မှုနောက်ကို ပါသွားတက်ကြပါတယ်။
အဲ့တာ ရင်နာစရာပါ။ တည်ငြိမ်းအေးချမ်းတဲ့ ဘာသာတရားကို စွန့်ခွါမသွားအောင် ဘယ်လို အခြေအနေဖြစ်နေပါစေ ကိုယ်တိုင် လေ့လာစည်းပူးရင် အသိဝင်လာမှာပါ။

မေး: တပည့်တော် ကြားဘူးတဲ့ဓမ္မဆိုတဲ့နေရာကို အဓမ္မမလွှမ်းမိုးနိုင်အောင် ကြိုးစားခြင်းသည် ကြိုးစားခြင်းသည် မျိုးချစ်သူတို့ ၏ လုပ်ငန်းတာဝန်းပင် ဖြစ်သည်။ “ ဟုတ်ပါသလား ?
တပည့်တော် ကြားဘူးတဲ့ဓမ္မဆိုတဲ့နေရာကို အဓမ္မမလွှမ်းမိုးနိုင်အောင်ကြိုးစားခြင်းသည် မျိုးချစ်သူတို့ ၏ လုပ်ငန်းတာဝန်းပင် ဖြစ်သည်။ “ဆိုတာ ဟုတ်ပါသလား။

ပညာသာမိ : မကြားဖူးဖူး

မေး: အိုကေကောင်ပြီ
ဆက်ဆွေးနွေးပေးပါအုံး
ဘာသာသာသနာရဲ့အနှစ်သာရကို လိုလားတောင့်တနေကြသော တပည့်တော်တို့လို လူငယ်တွေက ဘာတွေလုပ်သင့်ပါလည်း

ပညာသာမိ: ကိုယ်တိုင်လေ့လာ ဖို့ပဲ ရှိပါတယ်။

မေး: နောက်ဆုံးအနေနဲ့ တပည့်တော် ကြားဘူးတာက တစ်ပင်တည်းအရိပ်အာဝါကောင်းနေရုံနှင့် လေမုန်တိုင်းဒက်ခံနိုင်မှာပါ။ တစ်တောလုံး ကောင်းမှ လေမုန်တိုင်းဒက်ခံနိုင်မှာဖြစ်ပါတယ် ဆိုတဲ့ စကားအဓိပ္ပါယ် ကို ရှင်းပြပေး ဘုရား။

ပညာသာမိ : အဲ့ဒီစကားကို အခု ဘာသာရေးအမြင်နဲ့ ယှဉ်ပြောဆိုရင်တော့ သိပ်တော့လက်မခံချင်ပါဖူး ဘာဖြစ်လို့လဲဆိုတော့ ဘာသာရေးထက် ဘာသာတရားပေါ့နော် ဘာသာတရားကိုယ် ကိုယ်တိုင်လေ့လာစည်းပူးပြီး သိလာတဲ့ ကိုယ့် အသိညာကို ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို ချပြနိုင်ရမယ် ကိုယ်သိသလောက်ကို ရှင်းပြနိုင်ရမယ်။
ဒါဆိုရင် စောနကလို သစ်တစ်ပင်တည်းကောင်းလည်း ရာသီဥတု ဒဏ်ကို ခံနိုင်မှာပါ။

No comments:

Post a Comment