၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပိုင်ဆိုင်မှု စာရင်းများ တင်ပြရန်
တောင်းဆိုမည့် သတင်းကြောင့် စစ်ဗိုလ်ချုပ်ကြီးများ တုန်လှုပ်ခြောက်ခြားနေ
၂၀၁၀မှာစစ်အစိုးရရဲ့ တဖက်သက် စိတ်တိုင်းကျ ရေးဆွဲအတည်ပြုထားတဲ့ နာဂစ်
အခြေခံဥပဒေအရ ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံကြမဲ့
အမတ်လောင်ွးေဟာ မိမိတို့ရဲ့ ချမ်းသာကြွယ်ဝတဲ့ ပိုင်ဆိုင်မှုစာရင်းကို
တင်ပြကြရမယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာတာကြောင့်
စစ်ဗိုလ်ချုပ်ကြီးများအပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီးများ ဌာနဆိုင်ရာ
ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြတဲ့ မသမာတဲ့ နည်းလမ်းပေါင်းစုံကြောင့်
ချမ်းသာလာကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဘာလုပ်ရမှန်း မသိလောက်အောင်
တုန်လှုပ်ခြောက်ခြားနေကြပါတယ်။
လက်ရှိ စစ်အဏာသိမ်း အစိုးရထဲက လါဘ်ငွေအနည်းဆုံးရတဲ့ သိပ်မချမ်းသာသေးတဲ့
တယောက်ယောက်ကများ ဒီကိစ္စကို အစဆွဲထုတ်တာလား။ ဒါမှမဟုတ်
တပ်ချုပ်ကြီးသန်းရွှေက စာရင်း ကင်းလွတ်ခွင့်မှာ သူ့ကိုယ့်
သူထည့်သွင်းထားပြီး ကိုယ်လွတ်ရုန်းဘို့ စီစဉ်ထားတာကြောင့်လား။
(သန့်ရှင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲကို သူက ကျင်းပပေးမယ်လို့ ကမ္ဘာသိ
ပြောဆိုထားတာကြောင့် တပ်ချုပ်ကြီးက ဒီလိုကင်းလွတ်ခွင့်ကို လက်မခံဘဲ
ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး သူ့မိသားစုရဲ့ ခိုးဝှက်၊ လုယက်၊
အနုကြမ်းစီး၊ ဓါးပြတိုက်ရာက ရလာတဲ့ကြွယ် ဝချမ်းသာမှုစာရင်းကို
မချွင်းမချန်ဘဲ ရွေးကောက်ပွဲ ကော်မရှင်က တဆင့် မြန်မာပြည်သူလူထုကြီးကို
အသိ ပေးလိမ့်မယ်လို့ ကောလဟာလ သတင်းများ ထွက်ပေါ်နေပါတယ်။)
စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖေါ် ကျင့်သုံးနေကြတဲ့
ပြည်သူလူထုက လွတ်လပ်စွာရွေး ကောက်တင်မြောက်ထားတဲ့ အစိုးရတိုင်းဟာ
မိမိတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လိပ်ပြာသန့်သန့်နဲ့ ပြည်သူလူထုကို
ကြေငြာတင်ပြရဲပါတယ်။ ဒီလိုအလေ့အထတွေကို မြန်မာ စစ်အာဏာရှင်ကြီးများ
ဂါဝရတရားအပြည့်ရိုသေ ကိုင်းရှိုင်းအလေးထားတဲ့ တရုတ်နိုင်ငံမှာတောင်
စတင်ကြင့်သုံးနေပါပြီ။ အိမ်နီးချင်းနိုင်ငံအချို့မှာလည်း ဒီလို
ပိုင်ဆိုင်မှုတွေကို သတ္တိရှိရှိ ပြည်သူလူထုကို ကြေငြာတင်ပြနေကြတာ
ဆယ်စုနှစ် (၂) နှစ်ရှိနေပါပြီ။ ဒီမို ကရေစီစနစ် ခိုင်မာနေပြီဖြစ်တဲ့
နိုင်ငံ အတော်များများမှာတော့ ဒီအလေ့အကျင့်က အဆန်း မဟုတ်တော့ပါဘူး။
၂၀၁၀ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ တိုက်ရိုက်ခန့်ထားခံကြရမဲ့ သမတ၊ ဒုသမတတွေ၊
ကာကွယ်ရေးဦစီး ချုပ်တွေရော၊ ပိုင်ဆိုင်မှု စာရင်း တင်ပြခြင်းမှ
ကင်းလွတ်ခွင့်ရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် လက်ရှိ
စစ်အာဏာရှင်တွေနဲ့ မိသားစုတွေရဲ့ ပိုင်ဆိုင်မှု (ခန့်မှန်း) စာရင်းကို
ပြည်သူတွေ သိထားသင့်ပါတယ်။ (ဒီစာရင်းကို ၎င်းတို့နဲ့ နီးစပ်တဲ့
စစ်အရာရှိကြီး တဦးမှ ခန့်မှန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။)
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ ။ သားသမီး(၈)ယောက်ရှိပါတယ်။
တယောက်ကိုအနည်းဆုံး အမေရိကန်ဒေါ် လာ(၁၀)သန်းခန့် ချမ်းသာနေကြပါတယ်။
မိသားစု(၁၀)ယောက်ဆိုတော့ အမေရိကန်ဒေါ်လာသန်း (၁၀၀)ခန့်ရှိနေပါတယ်။
ဥပမာ…..ရန်ကုန်ပြည်လမ်းမကြီးပေါ် မာလာဆောင်ရှေ့ရှိ ကမာရွတ်မယကရုံးဝင်း
ကြီးကို သမီးအလတ်ဖြစ်တဲ့ မပြုံး(ခ)ပြုံးပြုံးရွှေကို နာမည်လွှဲပေးခဲ့ပါတယ်။
ကာလပေါက်ဈေးမြန်မာကျပ်ငွေ သိန်းပေါင်းတစ်သိန်းခန့် ( အမေရိကန်ဒေါ်လာ
၁၀သန်းခန့် ) တန်ကြေးရှိပါတယ်။ ဒါ့အပြင် IBC အဆောက် အဦးဘေးရှိ
အစိုးရပိုင် ကန်သာယာဆေးရုံဝင်းနဲ့ အခြားအင်းယားကန်ဘေးရှိ
တပ်မတော်ပိုင်မြေကွက်များ ကိုလည်းသမီး မသြ(ခ)ကြည်ကြည်ရွှေ
နာမည်ပေါက်များအဖြစ် လုပ်ဆောင်ပြောင်းလဲပေးခဲ့ရပါတယ်။ Myanmar Infotech
ရုံးဖွင့်ထားတဲ့ပြည်လမ်းကခြံကို သားလတ်ဖြစ်တဲ့ ထွန်းနိုင်ရွှေ (
စွန့်လွှတ်ဟန်ဆောင် ထားသူ ) ကပိုင်ဆိုင်ပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး။ ။သမီးတစ်ဦး မွေးစားထားပေမဲ့ တူ၊
တူမတွေ အလွန်များလှပါတယ်။ ဒီမိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေကလည်း
အမေရိကန်ဒေါ်လာ သန်းပေါင်း(၁၀၀)ထက် မလျော့ပါဘူး။ သမီး ဖြစ်သူ နန္ဒာအေး ဟာ၊
Queen Star ကုမ္ပဏီကိုပိုင်ဆိုင်ထားပြီး Computer နဲ့ IT ပစ္စည်းများကို
လိုင်စင်မဲ့ အခွန်မဲ့ တင်သွင်းခွင့် ရရှိထားတာကြောင့် တနှစ်ကို
ဒေါ်လာသန်း(၂၀)ခန့် အမြတ်အစွန်း ရရှိနေသူတဦးပါ။ ဒါအပြင် နန္ဒာအေးဟာ
ဦးအောင်သောင်းရဲ့ သားဖြစ်သူ ဗိုလ်မှူး ပြည်အောင်နဲ့
အိမ်ထောင်ပြုလိုက်တဲ့အတွက် ချမ်းသာကြွယ်ဝမှုကိုတော့ တွက်ချက်လို့
မရနိုင်အောင်ပါဘဲ။
ဗိုလ်ချုပ်ကြီးသူရရွှေမန်း။ ။ သား(၂)ယောက်ရှိပါတယ်။ အကြီးဖြစ်တဲ့
တိုးအောင်မန်းဟာ ဇေကမ္ဘာခင်ရွှေ ရဲ့သမီးနဲ့ လက်ထပ်ယူထားပြီး စီးပွားရေး
သောင်းကျန်းမှုမှာတော့ ထိပ်ခေါင်စာရင်းဝင်ပါဘဲ။ နိုင်ငံတော်ပိုင်
ကရဝိတ်ဟိုတယ်နဲ့ မြရိပ်ညို ဟိုတယ်တွေကို နိုင်ငံတော် အမည်ကနေ
ကိုယ်ပိုင်အမည် ပြောင်းလဲပိုင်ဆိုင်ထား ပါတယ်။ အငယ်ဖြစ်သူ
အောင်သက်မန်းကတော့ ပြည်သူ့ချဉ်ဖတ် တေဇနဲ့ ထူးကုမ္ပဏီမှာ အတူတကွ ပူး
ပေါင်းပြီး သံယံဇာတ အားလုံးကို သိမ်းကျုံး ရယူ ရောင်းစားနေသူတဦးပါ။
ကြွယ်ဝမှုတွေကတော့ အဲ့ဒီ့မိသားစု တွေမှာ ခန့်မှန်း အမေရိကန်ဒေါ်လာသန်း
(၁၀၀၀) ခန့်ရှိပါတယ်။

ဒါ့ကြောင့် စစ်အာဏာသိမ်းအဖွဲ့ဝင် ဝန်ကြီး ဒုဝန်ကြီး တိုင်းမှူးနဲ့
ဗိုလ်ချုပ်ကြီးတွေ အရေအတွက်ဟာ (၃၀၀) ခန့်ရှိပါတယ်။ ပျမ်းမျှတစ်ဦးလျှင်
ဒေါ်လာ(၁၀)သန်းနဲ့တွက်ပါက စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း
(၃၀၀၀)ခန့်ရှိပါတယ်။ အဲဒီငွေပမာဏနဲ့ မြန်မာတစ်နိုင်ငံလုံးကို (၂၄)နာရီ
မီးလင်းအောင် လုပ်လို့ရပါတယ်။ လမ်းတွေပြင်လို့ရပါတယ်။
ဆေးရုံတွေပြင်လို့ရပါတယ်။ စာသင်ကျောင်းတွေ ပြင်ဆင် တိုးချဲ့ဆောက်လုပ်
နိုင်ပါတယ်။
ရိုးရိုးသားသားနဲ့ ရှာဖွေထားတာမဟုတ်ဘဲ နိုင်ငံပိုင်ငွေကြေးတွေကို
မတရားတဲ့နည်းလမ်းပေါင်းစုံသုံးပြီး လိမ်လည်ရယူထားတာကြောင့်
၂၀၁၀ရွေးကောက်ပွဲမတိုင်ခင် ပိုင်ဆိုင်မှုစာရင်းကို တိုင်းပြည်နဲ့ပြည်သူလူ
ထုထံကြေငြာတင်ပြရန် အထူး ကြောက်ရွံ့နေကြခြင်းသာ ဖြစ်ပါကြောင်း
တင်ပြအပ်ပါတယ်။
လေးစားစွာဖြင့်၊

No comments:
Post a Comment