Friday, December 4, 2009

ဒေါ်အောင်ဆန်းစုကြည် အမှုအယူခြံပင်ဆင်ခွင့် ဗဟိုတရားရုံးမှ လာမည့်(၂၁)ရက်နေ့ ရက်ချိန်းပေး....


ဒေါ်အောင်ဆန်းစုကြည် အမှုအယူခြံပင်ဆင်ခွင့် ဗဟိုတရားရုံးမှ လာမည့်(၂၁)ရက်နေ့ ရက်ချိန်းပေး....

မတရားနေအိမ် အကျယ်ချုပ်ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှု အယူခြံပင်ဆင်ခွင့် လျှောက်လဲချက်ကို လာမည့်(၂၁)ရက်နေ့မှာ ရုံးချိန်းသတ်မှတ်ပေးပြီ ဖြစ်ကြောင်း.... အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....

ဒီနေ့ ဗဟိုတရားရုံးမှာ နိုဝင်ဘာလ (၁၃) ရက်နေ့ကတင်ထားတဲ့ အယူခံအမှုစာရင်း ပါလာပါပြီ။ လာမည့်(၂၁)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် တင်ထားတဲ့ ပြင်ဆင်မှုကို လက်ခံဖို့ တရားရုံးမှာ လျှောက်လဲချက် ပေးရမှာပါ။ ဟု ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....

ပြီးခဲ့တဲ့ အောက်တိုဘာလ (၂)ရက်နေ့က တိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကို ငြင်းပယ်ခဲ့ပါတယ် ။ နိုဝင်ဘာလ (၁၃) ရက်နေ့ ဗဟိုတရားရုံးကို ဆက်လက်အယူခံ တင်သွင်းခဲ့ပြီး ယနေ့သောကြာနေ့တိုင်း ထုတ်ပြန်တဲ့ NOTICE BOARD မှာအမှုစာရင်းပါလာတာ ဖြစ်ပါတယ်။...



ကိုညီညီအောင် အမှုဆက်လက်စစ်ဆေး


အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရသော အမေရိကန်နိုင်ငံသား ကိုညီညီအောင်၏ အမှုကို ယနေမနက်(၁၀)နာရီမှ နေ့လည်(၁၂)နာရီ အထိ ဆက်လက်စစ်ဆေးခဲ့ကြောင်း ကိုညီညီအောင်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ကိုညီညီအောင် ရဲ့အမှုကို အင်းစိန်ထောင်တွင်းရှိ တောင်ပိုင်းခရိုင်တရားရုံးမှာ မနက်(၁၀)နာရီ ကနေ (၁၂)နာရီ အချိန်ထိ ကြားနာစစ်ဆေးပါတယ်။ ဆရာဦးကြည်ဝင်းရယ်၊ အန်ကယ်ရယ်၊ သွားရောက်ခဲ့ပါတယ်။ကိုညီညီအောင် အမှုကိုစုံစမ်းတဲ့ အစိုးရသက်သေ ရဲအရာရှိ (၂)ဦးကို စစ်ဆေးပါတယ်။ နေ့လည် (၁၂)နာရီမှာ ပြီးဆုံးပါတယ်။ ကိုညီညီအောင်နဲ့ စကားပြောခွင့်ရပါတယ်။ ကျန်းမာရေးတော့ ကောင်းပါတယ်။ ဒါပေမယ့် သူ့ကျောမှာ အပူဖုတွေပေါက်နေတယ် ပြောပါတယ်။ ဘာဖြစ်လို့လဲမေးတော့ သစ်သားအခင်းပေါ်မှာ အိပ်ရတဲ့ အတွက်ကြောင့်လို့ ပြောပါတယ်။ ကိုညီညီအောင် ကိုသူ့အဒေါ်နဲ့ ဆွေမျိုးတွေတော့ တွေ့ခွင့်ရပါတယ်။..... ဒါပေမယ့် တရားရုံးမှာ တက်ရောက်နားထောင်ခွင့်တော့ မရပါဘူး ဟု အမှုမှာ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ကိုညီညီအောင်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

....မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ ကိုညီညီအောင်အား လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှု တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုတို့ဖြင့် စစ်အစိုးရမှ တရားစွဲဆိုထားပါတယ်။
ပေးပို့သူ ဒီမိုဝေယံ
အောက်မှာပေါ်ချင်တာဒီမှာရေး

No comments:

Post a Comment