Tuesday, December 22, 2009

ဇာတ်ပျက် လောက




ဇာတ်ပျက် လောက

ကိုယ့် ဆင် ကိုယ်ဝယ်စီး

ကိုယ်ထီး ကိုယ်တိုင်မိုး

ကိုယ့်တန်းခိုး ကိုယ်ပြ

နောက်လိုက်က မရှိလည်း

ငါပဲဟ့ ထင်တစ်လုံးနဲ့

တစ်မိုးလုံးဖျောက်ဆိတ်။

ဆယ်လီဘရစ်တီကြီးပါ

ကိုယ်တိုင်ရိုက် ကြော်ညာနဲ့

သေချာကြည့်လိုက်

မြင့်လာလို့ လေတွေတောင်တိုက်နေပြီး

ရိုက်သွင်းခံထားရတဲ့ ၀န်းကျင်းမှာ

ထွက်ပေါက်ကို ရှာနေဆဲ

မဲမဲမြင့်သရော် ဟား

ငါ့စကားနဲ့ နွားရ

ဒါနဲ့ပဲ

ဘ၀က တိတိစားခဲ့တာ

ချကျွေးလို့မှာ နွားမစား

ပစ်ထားလို့မှာ ခွေးမခိုက်

အောက်ဈေးနဲ့ လိုက်တိုးဖို့

ဈေးက ခြေတစ်ပေါင်း ကျိုးနေပြီးဆိုတဲ့ အကြောင်း။

ရေးသားသူ သင်ကာ

No comments:

Post a Comment