၁။ ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းခံလိုက်မယ်
အတုဆိုရင် ဘာမှ မလိုချင်ဘူး
အချစ်အတုက ပိုဆိုးတယ်။
၂။ ကိုယ့််ကိုယ်ကို လောင်ကျွမ်းခံလိုက်မယ်
မနက်ဖြန်အတွက် အလုပ်လုပ်နေသူတွေကို မုန်းတယ်
အနာဂတ်အတွက်ဆိုတာက ပိုဆိုးတယ်။
၃။ ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းခံလိုက်မယ်
ရက်ရောသလိုလိုနဲ့ တောင်းခံတဲ့သူတွေ တွေ့မှာကြောက်တယ်
အပြုံးနဲ့သတ်တာက ပိုဆိုးတယ်။
၎။ ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းခံလိုက်မယ်
ဖိတ်ခေါ်ပြီးမှ နှင်ထုတ်တက်တဲ့သူတွေကို ခါးသီးတယ်
နောက်ကျောကို ဓားနဲ့ထိုးတာက ပိုဆိုးတယ်။
၅။ ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းခံလိုက်မယ်
ကတိပေးပြီး ကတိမတည်တဲ့ လူတွေကို မတွေ့ချင်ဘူး
ရန်သူအစစ်ထက် မိတ်ဆွေအရောင်ဆောင်ထားတာက ပိုဆိုးတယ်။
၆။ ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းခံလိုက်မယ်
ရွေးကောက်ပွဲပေးပြီး ၉၀-ပြည့်မှာ ၁၀၀% အပြည့်လိမ်သွားတဲ့ အစိုးရကို မုန်းတယ်
အာဏာရှင်အစစ်ထက် ဒီမိုကရေစီအတုရောင်ဆောင်ထားတာ ပိုဆိုးတယ်။
၇။ ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းခံလိုက်မယ်
အခု ၂၀၁၀-ရွေးကောက်ပွဲကို..လုံးဝ လုံးဝ လုံးဝ မဲမပေးဘူး
အာဏာရှင်အစစ်ကို ရေလောင်းပေးနေတဲ့ ပါတီစနစ်တွေကိုရွံတယ်
သစ္စာစကားပြောပြီး မေတ္တာမရှိတဲ့သူတွေ........
နိုင်ငံရေးစကားပြောပြီး နိုင်ငံရေးကိုလုပ်စားတဲ့သူတွေ......
ဒီမိုကရေစီစကားပြောပြီး သတင်းရောင်းစားတဲ့သူတွေ........
လူ့အခွင့်ရေးလို့အော်ပြီး သူ့အခွင့်ရေးလုပ်သွားတဲ့သူတွေက ပိုဆိုးတယ်။ ။
မေမေ့သားရှင်ဝါ--တွေးခေါ်ရေးသားသည်။
ပေးပို့သူ အရှင်နေမိန္ဒအားကျေးဇူးတင်ပါသည်.......
No comments:
Post a Comment