မိုးခပန်းချီပြပွဲ ပြုလုပ်ကျင်းပ၊ စာပေ၊ ပန်းချီ ၊ သရုပ်ဆောင် အနုပညာရှင်များ လာရောက် ကြည့်ရှုအားပေး...
ယနေ့နံနက် ၉ နာရီအချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ပု လဲကွန်ဒိုမီနီယံ အခန်းအမှတ် (၀၇ /၀၉)၊ အဆောက်အဦး အမှတ်(စီ)ရှိ မိုးခပန်းချီပြခန်း၌ မိုးခပန်းချီပြပွဲ အမည်ဖြင့် ပန်းချီအနုပညာရှင် ပေါင်းများစွာ၏ ပန်းချီအနုပညာ လက်ရာများကို ခင်း ကျင်း ပြသခဲ့ပါသည်။ ပြပွဲကို ဦးစီးကျင်းပ ပေးခဲ့သူမှာ မိုးခပန်းချီပြခန်းပိုင်ရှင် ဦး ဘိုဘိုဦးနှင့် ဦးဆန်နီငြိမ်း တို့ဖြစ်ကြောင်း သိရှိရပါသည်။ ပြပွဲ ကို ဇွန်လ၁၂ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်း ပြသသွားမည် ဖြစ်ပါသည်။ ယနေ့ပန်းချီပြပွဲဖွင့်လှစ်ခြင်း အခမ်းအနားသို့ စာပေအနုပညာရှင်များ၊ ပန်းချီအနု ပညာရှင်များ၊ သရုပ်ဆောင်အနုပညာရှင် အချို့လည်း တက်ေ ရာက် ကြည့်ရှု အားပေးခဲ့ကြပါသည်။ စာ ရေးဆရာအဏ္ဏ၀ါစိုးမိုး၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ရု ပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ အကယ်ဒမီဆုရှင်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်၊ ပန်းချီဖေစိုးအောင်၊ သီချင်းနှင့် ကဗျာဆရာ သော်ဒီဝေ၊ မကြာသေးမှီ အချိန်က ရမည်းသင်း အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာခဲ့သော ကဗျာဆရာ
ကိုစောဝေ စသည့်အနုပညာရှင်ပေါင်းများစွာ တက်ရောက် အားပေးကြည့်ရှုခဲ့ ကြပါသည်။
ကိုစောဝေ စသည့်အနုပညာရှင်ပေါင်းများစွာ တက်ရောက် အားပေးကြည့်ရှုခဲ့ ကြပါသည်။
လေးစားဦးညွှတ်လျှက်
ရဲရဲတောက် Burma Paparazi
ရဲရဲတောက် Burma Paparazi
Morekha Art Gallery (သို့) ဦးကျော်သူ၏ ခြေတစ်လှမ်း ...
Morekha Art Gallery (သို့) ကျော်သူ၏ ခြေတစ်လှမ်း
Morekha Art Gallery ဖွင့်ပွဲအခမ်းအနားကို ပုလဲကွန်ဒို၊ တိုက် (C)၊ Gr.07,09၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဇွန်လ ၁၂ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ပန်းချီပညာရှင် (၅၅) ဦးတို့၏ ခံစားချက်လက်ရာများနှင့် ဖွင့်လှစ်ခဲ့ပါသည်။ ယင်းပြပွဲသို့ ပန်းချီအနုပညာရှင်များ၊ စာပေအနုပညာရှင်များ၊ ပြည်တွင်း ပြည်ပ ၀ါသနာရှင်များ လာရောက် အားပေးခဲ့ကြသည်။ ယင်းအနုပညာ ပန်းချီပြပွဲသည် မတွေ့ဆုံခဲ့ပြီဖြစ်သော အနုပညာ မောင်နှမများ၊ အနုပညာ သွေးသောက်များ တွေ့ဆုံခွင့်ရသည့် ပွဲတစ်ပွဲလည်း ဖြစ်သည်။
မကြာမီကမှ ပြင်ပလောကသို့ ရောက်ရှိလာသော ကဗျာဆရာ ကိုစောဝေနှင့် အနုပညာ လောကသို့ ခြေတစ်လှမ်း လှမ်းလိုက်သော ကျော်သူတို့ တွေ့ဆုံခွင့် ရရှိခဲ့သည့် ပွဲတစ်ပွဲလည်း ဖြစ်သည်။
ယင်းပွဲတွင် “ အနုပညာကို စတေးပြီး ငြိမ်းချမ်းရေးကိုရအောင် လုပ်ယူရမည် ” … ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြုထားသည့် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ ကျော်သူ၏ ပန်းချီကား (၃) ကားကိုလည်း ပြသထားရှိပါသည်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှစပြီး အနုပညာလုပ်ငန်းများ ( ရုပ်ရှင်၊ စာပေ … ) စသဖြင့် ထုတ်ဖော်ပြသခွင့်ကို ပိတ်ပင်ထားခြင်း ခံခဲ့ရသော ကျော်သူ၏ ပရိတ်သတ်များအပေါ် ပန်းချီအနုပညာကို ချပြခွင့်ရရှိသော ထူးခြားသည့် ပွဲတစ်ပွဲလည်း ဖြစ်ပေသည်။ အနုပညာသမားတစ်ယောက်ကို အနုပညာလုပ်ငန်းများ ပိတ်ပင် တားဆီးထားမှုမှ ပထမဦးဆုံး ပြင်ပလောကမှ အနုပညာနယ်ပယ်ထဲသို့ ခြေလှမ်းတစ်လှမ်း လှမ်းခွင့် ရရှိမှုဖြစ်သည်။
No comments:
Post a Comment