Friday, June 18, 2010

ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက် မွေးနေ့  အမှတ်တရအနေနဲ့  မိသားစုဘ၀ ဖြတ်သန်းမှု အမှတ်တရပုံများအား ဖေါ်ပြအပ်ပါတယ်။




































၁၉၇၄ ခုနှစ်၌ ရန်ကုန်မြို့ ရှိ မိခင် ဒေါ်ခင်ကြည်ထံ ပထမဦးဆုံး မိသားစုလိုက် ပြန်လည် အလည်သွားရောက်စဉ် အမှတ်တရ ဓါတ်ပုံဖြစ်ပါတယ်။ အဖွားဖြစ်သူ ဒေါ်ခင်ကြည်မှ မြေးဦးဖြစ်သူ အလက်ဇန္ဒားအား ချီပိုးထားစဉ် ဖြစ်ပါတယ်။



































လက်ထပ်မင်္ဂလာအခမ်းအနား ဧည့်ခံပွဲအပြီး လန်ဒန်မြို့ ရှိ မိတ်ဆွေတစ်ဦး၏ အိမ်တွင် တွေ့  မြင်ရသော ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ ဓါတ်ပုံ ဖြစ်ပါတယ်။




























၁၉၇၂ ခုနှစ် နှစ်သစ်ကူးနေ့ တွင် မောင်နှံနှစ်ဦးရဲ့  အမှတ်တရ ဓါတ်ပုံဖြစ်ပါတယ်။



ဒေါ်အောင်ဆန်းစုကြည်အား သားဖြစ်သူ အလက်ဇန္ဒားနှင့်အတူ တွေ့ မြင်ရစဉ် ဖြစ်ပါတယ်။





























ဒေါ်အောင်ဆန်းစုကြည်အား ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်၊ သားငယ်ဖြစ်သူ ကင်မ်တို့ နှင့်အတူ တွေ့ မြင်ရစဉ် ဖြစ်ပါတယ်။



































၁၉၇၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့  မြန်မာနိုင်ငံသား နိုင်ငံကူလက်မှတ်ပါ ဓါတ်ပုံဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံသားအဖြစ် ခံယူခွင့် ရှိခဲ့တာတောင် ငြင်းပယ်ခဲ့ပြီး ယခုလက်ရှိတိုင် မြန်မာနိုင်ငံသား ဖြစ်ပါတယ်။

(ဓါတ်ပုံများအား Guardian uk မှ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်)။

(ကျွန်တော်တို့  ချစ်မြတ်နိုးတဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့  လူမျိုးအတွက် စွန့် လွှတ်အနစ်နာခံမှုပေါင်းများစွာနဲ့  ကိုယ်ကျိုးစွန့်  ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ခင်ပွန်းသည် မိုက်ကယ်အဲရစ် နေထိုင်မကောင်းဖြစ်တဲ့အချိန် ကွယ်လွန်သည့်အချိန်မှာလည်း မတွေ့ ဆုံလိုက်ရပါ။ ယခုအချိန်ထိလည်း သူမရဲ့  သားနှစ်ဦးနဲ့  လည်း ကွဲကွာနေရတဲ့အချိန်တွေ နှစ်တွေချီနေပြီ ဖြစ်ပါတယ်။ သူမရဲ့  ဘ၀တစ်ခုလုံးကို ၁၉၈၈ ခုနှစ်ကနေ စပြီး ယခုအချိန်ထိတိုင်အောင် မြန်မာပြည်သူတွေအတွက် ပေးဆပ်စွန့် လွှတ်နေဆဲ ဖြစ်ပါတယ်)။ ကိုနစ်အားကျေးဇူးတင်ပါသည်.....

No comments:

Post a Comment