၂ဝဝ၇ မျိုးဆက် ဗကသ ခေါင်းဆောင် ကိုဒီငြိမ်းလင်းသည် ယခုလ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း ခန္တီးထောင်မှ မုံရွာထောင်သို့ ရောက်ရှိလာကာ ပြင်ပ မျက်စိအထူးကုဆေးခန်း၌ ယမန်နေ့မှ စတင်ကာ ကုသမှု ခံယူနေရခြင်း ဖြစ်သည်။မနေ့တုန်းက သူ့အတွက် လိုအပ်တဲ့ ဆေးတွေနဲ့ မျက်မှန်ကို လုပ်ပေးလိုက်တယ်’’ ဟု အဒေါ်ဖြစ်သူ ဒေါ်နီလာမင်းကပြောသည်။
မျက်စိဝေဒနာကုသရန်အတွက် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးက ညွှန်ကြားသဖြင့် မုံရွာထောင်သို့ ခေါ်ဆောင်လာခြင်းဖြစ်ပြီး၊ ကုသမှုခံယူပြီးပါက မည်သည့်ထောင်တွင် ဆက်လက်ထားရှိမည်ကိုမူ မသိရသေးပါ။
ယနေ့နံနက် ၁ဝ နာရီခန့်မှ ၁ဝ နာရီ ၄၅ မိနစ်ခန့်အထိ ထောင်ဝင်စာတွေ့ခွင့် ရရှိခဲ့ရာ ထောင်အာဏာပိုင်များနှင့် အထူးရဲသတင်း တပ်ဖွဲ့ဝင်များက ဂရုတစိုက်ထားရှိကြောင်း ကိုဒီငြိမ်းလင်းက အဒေါ်ဖြစ်သူကို ပြောဆိုခဲ့သည်။
ကိုဒီငြိမ်းလင်းသည် ခန္တီးထောင်ထဲတွင် ကျောက်ကပ်ရောဂါ စွဲကပ်ခဲ့ရာ ပြင်ပဆေးခန်းတွင် ဆေးဝါးကုသခွင့် ရရှိခဲ့သော်လည်း ဓာတ်မှန်ရိုက်၍ စစ်ဆေးမှုများ ခံယူရန် လိုအပ်နေကြောင်းနှင့် မုံရွာမြို့၌ပင် ဆက်လက်ကုသခွင့် ရရှိရန် ထောင်အာဏာပိုင်များထံ တောင်းဆိုထားကြောင်းသိရသည်။
၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာတော်များ ဆုတောင်းမေတ္တာပို့ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် သူ့ကို နိုင်ငံတော် လုံခြုံရေး ထိခိုက်စေမှု ၅ဝ၅ (ခ)၊ မတရားအသင်းဖွဲ့မှု ပုဒ်မ ၆ အပါအဝင် ပုဒ်မ ၆ ခုဖြင့်ခုဖြင့် ထောင်ဒဏ် ၁၅ နှစ်ခွဲချမှတ်ထားသည်။
မိသားစုဝင်များနှင့် နည်းစပ်တဲ့ သူတွေပြောဆိုချက်အရ သူတို့မိသားစုဝင်တွေဟာ စစ်အာဏာရှင်များရဲ့ နှိပ်စက်မှုအောက်မှာ ဘ၀ကိုရုန်းကန်းရင်ထောင်ဝင်စာတွေနိုင်ဖို့အခက်ခဲ့များစွာကိုရင်နေကြပါပြီး ကိုငြိမ်းလင်းရဲ့ အဘိုဟာလဲ စစ်အာဏာရှင်များရဲ့ ထောင်းအတွင်း နှိပ်မှုများကြောင်းထောင်ထဲမှာပဲ ကွယ်လွန်းသွားပါတယ် ကျန်ခဲ့တဲ့ မိသာစုတွေဟာလည်း အမြဲတမ်း နှောက်ယှက်ခံနေရပါတယ်ပြောဆိုကြပါတယ်။
သူ၏ ဖခင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဇော်ဇော်မင်းသည်လည်း ပြီးခဲ့သည်လ ၁၂ ရက်နေ့က အစာအိမ်ဝေဒနာနှင့် အသည်းရောဂါအတွက် ပဲခူးတိုင်း ထောင်ငူထောင်ဆေးရုံတွင် ကုသမှုခံယူခဲ့ရာမှ ယခုအခါ ပြန်လည်သက်သာနေပြီဖြစ်ကြောင်း ဦးဇော်ဇော်မင်း၏ ဇနီး ဒေါ်ဋ္ဌေးဋ္ဌေးဝင်းက ပြောသည်။
No comments:
Post a Comment