Sunday, December 26, 2010

ရန်ကုန်မြို့ လှိုင်မြို့နယ် ပိတောက်ချောင်းအနီးရှိ သီရိမင်္ဂလာဈေးသစ် ဆိုင်းဘုတ်တင်ဖွင့်ပွဲအပြီး လုပ်သားနှစ်ဦးက သိမ်းဆည်းမှုများလုပ်နေကြသည်ကို သောကြာနေ့ ဒီဇင်ဘာ ၂၄ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က တွေ့ရစဉ်။

ဓာတ်ပုံ- မဇ္ဈိမ။
ရာပေါင်းများစွာသော ပျံကျဈေးသည်များက သူတို့အတွက်ဈေးရောင်းချသောနေရာဖန်တီးပေးရန်ရန်ကုန်မြို့ လှိုင်မြို့နယ် ပိတောက်ချောင်းအနီးရှိ သီရိမင်္ဂလာဈေးသစ်ဖွင့်ပွဲတက်ရောက်လာသော ရန်ကုန်မြို့တော်ဝန်ကို တောင်းဆိုရန် သောကြာနေ့ ဒီဇင်ဘာ ၂၄ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က စောင့်ဆိုင်းနေကြစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဈေးသည်အချို့က အခမ်းအနားပင် မလုပ်ဘဲ ဆိုင်းဘုတ်ဖွင့်ပြီး အမြန်ပြန်ထွက်သွားသော မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ကားရှေ့မှာလှဲချငိုယိုတောင်းဆိုကြရာစည်ပင်သာယာဝန်ထမ်းများကဆွဲဖယ်ထုတ်လိုက်ကြသည်။ ဆိုင်ခန်း ၂၂ဝဝ ကျော်ရှိ အလုံမြို့နယ် ဈေးဟောင်းနေရာမှ လှိုင်မြို့နယ်ဘက်သို့ ယနေ့ ရွှေ့ပြောင်းမှုပြုလုပ်ရာ မြို့တော်ဝန်က လာရောက်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

No comments:

Post a Comment