Friday, December 31, 2010

ဘီလျှံနာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ

ဘီလျှံနာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ နှင့် ၎င်း ၏ မိသားစု သည် အမေရိကန် ဒေါ်လာ သန်း နှစ်ထောင် (နှစ် ဘီလျှံ) ခန့် ချမ်းသာသည် ဟု ယူဆရသည် ဟု မြန်မာ နိုင်ငံ တွင်း ရှိ နိုင်ငံခြား သံတမန် များကယခု နှစ် အစောပိုင်း ကတည်းက သုံးသပ် ထားကြကြောင်း ဥရောပ သံ အမှု ထမ်း တစ်ဦး ၏ မြန်မာ ၀ီကီလိခ်ထံ ပေးစာတွင် ဖော်ပြထားသည်။

၂၀၁၀ ခုနှစ် အစော ပိုင်းက ရန်ကုန် မြို့ ရှိ ဂျာမဏီ သံရုံး ဧည့်ခံ ပွဲ တစ်ခု တွင် အနောက် တိုင်း သံတမန် နှင့်အရှေ့ တိုင်း သံတမန် တို့ ဆုံမိချိန် တွင် မြန်မာ စစ်အာဏာရှင် ၏ ချမ်းသာမှု အစုစု တို့ ကို ခန့် မှန်း တွက် ချက်ကြခြင်း ဖြစ်သည်။
မြန်မာ နိုင်ငံနှင့် စီးပွားရေး ဆက်ဆံ မှု အရှိဆုံး ဖြစ်သည့် +++++ နိုင်ငံ သံအမတ် ကြီးက မြန်မာ စစ်ခေါင်းဆောင် ၏ မိသားစု သည် ဒေါ်လာ သန်း ၂၀၀၀ ထက် မနည်း ချမ်းသာ မည် ဟု ခန့် မှန်း တွက် ချက် ပြထားပြီး ၂၀၀၄ ခုနှစ် ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့် အား ရာထူးမှ မဖယ် ရှားစဉ် က ဒေါ်လာ သန်း ၄၀၀ လောက်သာ ချမ်းသာ မည် ဟု ခန့် မှန်း ထား ပြီး ထို့  နောက် တွင် ၀န်ကြီး ချုပ် ဟောင်း နှင့် စစ်ထောက်လှမ်း ရေး တို့ ၏ ပိုင်ဆိုင်မှု နှင့် စီးပွားရေး များ ကို ရရှိခဲ့ပြီး လွန် စွာ ချမ်းသာ ခဲ့သည် ဟု ဆွေးနွေးထားကြသည်။
မြန်မာ စစ်ခေါင်းဆောင် ၏ ၀င်ငွေ သည် တစ်နှစ် လျှင် သန်း ၃၀၀ ခန့် ဝင်ငွေရှိ နေပြီး စင်္ကာပူ နိုင်ငံ ၊ တရုတ်နိုင်ငံ ၊ မလေးရှား နိုင်ငံ ၊တောင် ကိုရီးယား နိုင်ငံ ၊ ဗီယက် နမ် နိုင်ငံ၊ ရုရှား ၊ ယူကရိန်း ၊ ဘီလာရပ်(စ) နှင့် အာရပ် နိုင်ငံ အချို့ တွင် ဗိုလ်ချုပ် မှုးကြီး သန်းရွှေ မိသားစု ၀င်များ ၏ ရင်း နှီးမြုပ် နှံ မှု များ ရှိနေပြီး ယူကရိန်းနိုင်ငံတွင် ဗိုလ်ချုပ်မှုးကြီး ၏ လက်နက် ၀ယ်ယူရေး ကိုယ်စားလှယ် ရုံး နှင့် ယူအေအီး နိုင်ငံ ဒူဘိုင်း မြို့ ရှိ စူပါမားကတ် အချို့ တွင် လည်း ရင်းနှီး မြုပ် နှံ မှု များ ပြုထား သည် ဟု သိရသည်။

မြန်မာ နိုင်ငံတွင်း ဉ် ကျောက် မျက် ရတနာ ပြပွဲ များ လည်း ကို ပြုလုပ် သလို့  ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မိသားစု မှ နိုင်ငံခြား ကျောက်မျက် ရတနာ ကိုယ်စားလှယ် များ ကို နေပြည်တော် သို့ ဖိတ်ခေါ်ပြီး လက်သိပ်ထိုးရောင်း ချမှု များ လည်း ရှိ သည် ဟု ++++++ သံအမတ်ကြီး က ထိုဆွေးနွေး ပွဲ တွင် ထည့် သွင်းပြောကြားသွားသည်။

အနှစ် နှစ်ဆယ် နီးပါးကြာ တိုင်း ပြည်၏ သံယံဇာတ ကို လက်ဝါးကြီး အုပ်ထားသည့် မြန်မာ စစ်ခေါင်းဆောင်၏ ချမ်းသာမှု သည် မည်၍ မည်မျှ ရှိမည် ကို မည်သူမျှ အတိအကျ မသိ နိုင်သော်လည်း ၎င်း ၏ သမီး ဖြစ်သူ မသန္တာရွှေ မင်္ဂလာဆောင် မှာ တံစိုးလက်ဆောင် သဘောသဖွယ် ပဏ္ဍာ ဆက်ရသည် လက်ဖွဲ့ မှ ဒေါ်လာ သန်း၁၀၀ ကျော်ရရှိခဲ့သည် ။

မြန်မာ စစ်ခေါင်းဆောင် မှာ စင်္ကာပူ နှင့် တရုတ် နိုင်ငံ များ တွင် တိုက်တာ အိမ်ခြံမြေ များ ၀ယ်ထားပြီး တရုတ်
ပြည် ရှန်ဟိုင်း မြို့ နှင့် ယူနန် ပြည် နယ်၊ ရှန်ဆန်း ပြည် နယ် တို့ တွင် အမေရိကန် ဒေါ်လာ ခြောက် သန်း ထက်မနည်း တန်း ဖိုးကြီး အိမ်ရာ များ ကို ၀ယ်ယူထားပြီး ဖြစ်သည်။စစ်ခေါင်းဆောင် ၏ အရှေ့  ဥရောပ မှ လေယာဉ် နှင့် စစ်လက် နက် ပစ္စည်း ၀ယ်ယူသည့် ကုမ္ပဏီ တစ်ခုသည် ၎င်း ၏ သမက် ဦးတေဇ ၏ Pavo Trading လက်အောက် တွင်ရှိသည်။ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် တိုင်းပြည်၏ သံယံဇာတ များ နှင့် ဆန် အစရှိ သည့် သွင်းကုန် ထုတ်ကုန် များoမှ ၀င်ငွေရရှိသလို နှစ်စဉ် တိုင်းမှုးများ ၊၀န်ကြီး များ ၊ မြို့ တော်ဝန် များ နှင့် နိုင်ငံတွင်းရှိ ထိပ်တန်း စီးပွားရေး လုပ်ငန်း ရှင် များ မှ လည်း လာဘ်သပ်ပက္ကရရှိသည်။

ို
ပုံတွင် စင်္ကာပူမြို့ ရှိ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ပိုင်သည့် ကွန်ဒိုမီနီယံ ကို တွေ့ ရမည် ဖြစ်သည်။ အီမေလ်သို့ပေးပို့လာခြင်းကိုဖော်ပြအပ်ပါသည်။

No comments:

Post a Comment