Saturday, January 8, 2011

မိုးနဲ့မြေ ဆီနဲ့ရေ ကွာခြားချက်...



ဒီနေ့ည APသတင်းဓာတ်ပုံတွေ လျှောက်ကြည့်နေရင်းက  တပ်ချုပ်ကြီးနဲ့ ဒေါ်ကြိုင်ကြိုင်တို့ရဲ့ ပြီးခဲ့တဲ့နှစ် အိန္ဒိယခရီးစဉ်အတွင်း မဟာဗောဓိ စေတီတော်ရှေ့မှာ ရိုက်ထားတဲ့ သတင်းဓာတ်ပုံ တစ်ပုံကို သတိထား မိလိုက်ပါတယ်..။ အရင်ကလည်းဒီပုံကို သတိထားမိပေမယ့် ခုမှအမေစု အဖွဲ့ချုပ်ရုံးရှေ့မှာ သံဃာတော်တွေ သီလရှင်တွေကို ဆွမ်းလောင်းတဲ့ နေ့ကသတင်းဓာတ်ပုံနဲ့ နှိုင်းယှဉ်ကြည့်မိရင်းနဲ့ ဒီပို့စ်ကို ရေးဖြစ်တာပါ..။ တော်တော်များများလည်း တပ်ချုပ်ကြီးနဲ့ ဒေါ်ကြိုင်ကြိုင်တို့ရဲ့ ဒီဓာတ်ပုံကို သိပြီးဖြစ်ပါလိမ့်မယ်။ ဒီနေ့ည သတင်းရေးမယ် စိတ်ကူးထားတာက နအဖရဲ့ မြောက်ကိုရီးယားနဲ့ လျွှို့ဝှက်တည်ဆောက်နေတဲ့ ဖျောက်ဆိတ်ပင် ရေဒါစခန်းအကြောင်းပါ..။ ရေးဖြစ်တာကတော့ ဒေါ်ကြိုင်ကြိုင် ငရဲမကြောက် ဖိနပ်စီးထားတဲ့ အကြောင်း ရေးဖြစ်သွားတာပါ..။

ပုံAP
တပ်ချုပ်ကြီးနဲ့ ဒေါ်ကြိုင်ကြိုင်တို့ ပြီးခဲ့တဲ့နှစ့် ဇူလိုင်လက အိန္ဒ္ဒ္ဒိယနိုင်ငံ အလည်အပတ် ခရီးစဉ်အတွင်း ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ မဟာဗောဓိ စေတီတော်ရှေ့မှာ ရိုက်ထားတဲ့ ပုံမှာ တပ်ချုပ်ကြီးက ဖိနပ်ချွတ်ပြီး ဒေါ်ကြိုင်ကြိုင်ကို ဖိနပ်စီးထားလျှက် တွေ့ရတာပါ..။ ကဲကော်ဇောနီ ခင်းထားတဲ့ ဘုရားပရဝဏ် အတွင်း ဖိနပ် စီးခွင့်ရှိမရှိ သိရအောင် အောက်ကပုံနဲ့ ယှဉ်ကြည့်ရအောင်ဗျာ... ။  စီးခွင့်ရှိတယ် ဆိုရင်လည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ စောင့်ထိန်းသင့်ပါတယ်..။ စီးခွင့်ရှိမရှိ ဆိုတာကိုတော့ အိန္ဒိယက ဆရာတော် အရှင်ထာဝရကို မေးကြည့်ပေးပါဦးမယ်။

ဒီပုံမှာတော့ အားလုံး ဖိနပ်ချွတ်ထားတာ တွေ့ရပါတယ်..။ ၂၀၀၇ခုနှစ် နံပတ်တစ် တရားခံ တပ်ချုပ်ကြီး ကတော့ ဖိနပ်စီး ထားမထား သိရအောင် ခြေသလုံးပေါ်အောင် ပုဆိုးတောင် မ... ပြထားလိုက်ပါသေးတယ်..။ (သတင်းရေးတော့မယ် ဆိုတာသိလို့ထင်ပါတယ်)..။

ဆိုလိုချင်တာကတော့ ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်အပေါ်မှာ ဘယ်လောက်အထိ သြဇာညောင်းမညောင်းနဲ့ ပြောင်းပြန် တွေးကြည့်ရင်လည်း ဒေါ်ကြိုင်ကြိုင် တပ်ချုပ်ကြီးအပေါ် ဘယ်လောက်အထိ သြဇာ ပါဝါရှိတယ် ဆိုတာပါပဲ..။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ တစ်သက်မှာ အမြဲမရောက်နိုင် တစ်ခေါက်တစ်ခါသာ ရောက်ဖြစ်တဲ့ ဒီလိုဘုရားပွင့်ရာ အရပ်က မဟာဗောဓိစေတီတော်မှာ ဖိနပ်မစီးပဲ မပူဇော်နိုင် ဓာတ်ပုံအရိုက် မခံနိုင်တော့ဘူးလားဗျာ..။ နောက်အောက်မှာ လည်း ကော်ဇောနီခင်းထားတာပါ...။ ဒီလိုပုဂ္ဂိုလ်တွေကို လက်အုပ်ချီ ပူဇော်နေသူတွေ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိမယ်ဆိုတာကတော့ စဉ်းစားဆင်ခြင်စရာပါပဲ.။

ပြီးခဲ့တဲ့လက ကြေးမုံသတင်းစာမှာ ပါတဲ့  တပ်ချုပ်ကြီးတို့ မိသားစု ဘုရားပရဝဏ်အတွင်း အလှူဒါန ပြုနေတဲ့ ပုံမှာလည်း အာလုံးက ဖိနပ်ချွတ်ပြီး လှူဒါန်းနေပေမယ့် မြေးဖြစ်သူကတော့ ဖိနပ်စီးလျှက်နဲ့ တွေ့ရတဲ့ပုံကို ကိုနစ်နေမန်း ဘလော့(ဂ်)မှာ ဖတ်လိုက်ရပါတယ်..။ နအဖနဲ့ အပေါင်းအပါ တွေရဲ့ဘာသာတရား အပေါ် သက်ဝင်ယုံကြည်မှု တကယ်ရှိမရှိဆိုတာ အာဏာနဲ့သာသနာ ယှဉ်လာတဲ့ အခါမှာ အာဏာအတွက် ငရဲမကြောက် သာသနာကိုတောင် ဘယ်လို စော်ကားခဲ့တယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်..။ အခုလတ်တလော  လုပ်တိုင်းဖြစ်နေပြီး အကုသိုလ်ကံတွေ အကျိုးမပေးသေးတဲ့ အချိန်မှာတော့  မိုးမမြင်လေမမြင် သွေးနားထင်ရောက်စရာ ဖြစ်နေပေမယ့်..  မိမိပြုခဲ့တဲ့ ကြီးမားတဲ့ အကုသိုလ်ကံ စေတနာတွေဟာ တစ်နေ့ မလွဲမသေ မိမိထံ ပြန်လည် ရောက်ရှိလာတော့မှာ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်..။

 ပုံ GETTY IMAGE
ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ အားလုံးအတွက် စံနမူနာယူစရာ အဖွဲ့ချုပ်ရုံးရှေ့ ဆွမ်းလောင်းပွဲမှာ ရဟန်း၊ သံဃာ၊ သီလရှင်တွေကို ဖိနပ်ချွတ်လျှက် အရိုအသေပြု ခဲ့ပုံကို ပြင်သစ်အမျိုးသမီး သတင်းထောက်က မှတ်တမ်းတင်ခဲ့ပါတယ်..။ အစ်ကိုဒီမိုဝေယံအားကျေးဇူးပါတယ်

No comments:

Post a Comment