Tuesday, January 11, 2011

မဖြူဖြူသင်း တာဝန်ယူထားတဲ့ HIV/AIDS ဂေဟာကို အမေရိကန် ဆီးနိတ်အဖွဲ့ဝင်တွေ လာရောက်ကြည့်ရှု

ယနေ့ နံနက် ၈ နာရီခွဲခန့်က တောင်ဒဂုံ ၁၈ ရပ်ကွက်ရှိ မဖြူဖြူသင်း တာဝန်ယူ ဆောင်ရွက်နေတဲ့ HIV/AIDS ဝေဒ နာရှင်များ စောင့်ရှောက်ရေးဂေဟာသို့ အမေရိကန် ဆီးနိတ်အဖွဲ့ဝင် Mr. Paul Grove နှင့် ရန်ကုန်မြို့ အမေရိကန် သံ ရုံး ယာယီတာဝန်ခံ Mr Dinger သံရုံးအတွင်းဝန် Mrs.Jeniffer တို့ လာရောက်ခဲ့ကြပါတယ်။

အဆိုပါ တွေ့ဆုံပွဲတွင် HIV/AIDS Prevention and Care တာဝန်ခံ မဖြူဖြူသင်းနှင့် ကိုရာဇာတို့မှ ဦးဆောင်တဲ့အဖွဲ့မှ လက်ခံတွေ့ဆုံကာ အဖွဲ့က လုပ်ဆောင်နေတဲ့ လက်ရှိအခြေအနေများနှင့် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဆွေးနွေး ခဲ့ပြီး Senate အဖွဲ့ဝင် Mr Paul Gorve နှင့် အဖွဲ့မှ သိလိုသည်များကို မေးမြန်းခဲပါတယ်။

မနက် ၈ နာရီခွဲမှ ၉ နာရီခွဲအထိ တွေ့ဆုံဆွေးနွေးခဲ့ပြီး လူနာတွေကို လိုက်လံကြည့်ရှု အားပေးစကားတွေ ပြောပြခဲ့ပါ တယ်။ ဆီးနိတ်အဖွဲ့ဝင် Mr.Paul Grove မှ ယခုဆွေးနွေးပွဲမှရရှိတဲ့ အချက်အလက်တွေကို အမေရိကန်နိုင်ငံကို ပြန် ရောက်ရင် ကော်မတီိသို့ အစီရင်ခံ တင်ပြသွားပေးမှာဖြစ်ပြီး ဘယ်လိုကိုင်တွယ်ဆောင်ရွက်မယ်ဆိုတာကို ကော်မတီ က ဆုံးဖြတ်ပါမယ်လို့ ပြောဆိုသွားခဲ့ပြီး၊ မနက် ၉ ခွဲခန့်မှာ အဆိုပါဂေဟာမှ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

ဒီမိုဝေယံမှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment