Sunday, January 2, 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NDF ခေါင်းဆောင်များတွေ့ဆုံပွဲအား ဧရာဝတီဘလော့(ဂ်)ပါ ရေးသားချက်နဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်..


 ဓာတ်ပုံ ဒီမိုဝေယံ
ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀)ရက်နေ့ကဝင်ဒါမီယာရှိ အဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦး၏ နေအိမ်၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်၊ NDF လူငယ်အဖွဲ့ဝင် ကိုမြင့်ငွေ နှင့် ကိုမျိုးဇော်အောင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဆိုပါသတင်းနဲ့ ပတ်သတ်ပြီး http://www.irrawaddyblog.com/2010/12/ndf.html မှာဖော်ပြပါရှိတဲ့ နိုင်ငံရေးဟာ ကြောက်စရာ ကောင်းပါတယ်။ နှစ်ပေါင်းများစွာ ကျောချင်းကပ်ခဲ့ပေမယ့် ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးကြောင့် လမ်းခွဲကြ၊ ပြစ်တင် ဝေဖန်ကြနဲ့ မျက်နှာချင်း မဆိုင်နိုင်အောင် ဖြစ်သွားကြပါတယ်။ ကြားရတဲ့ သတင်းတွေအရ NLD ရုံးချုပ်မှာ ဆုံတွေ့ကြမှာကို ကန့်ကွက်ကြလို့ ဦးတင်ဦး အိမ်မှာ တွေ့ဖို့ စီစဉ်ပေးရတယ်လို့ ဆိုပါတယ်။

NDF ခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် မတွေ့ခင်ကလည်း အထစ်အငေါ့တွေ ရှိကြောင်း သိရပါသေးတယ်။ ဦးခင်မောင်ဆွေတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လိုကြောင်း အကြောင်းကြားစာပို့တာကို ဒေါ်အောင်ဆန်းစုကြည်က မသိခဲ့ပါဘူးတဲ့။ ရေဒီယိုကတဆင့် NDF က ပြောတော့မှ ဒေါ်အောင်ဆန်းစုကြည်က သိသွားပြီး တွေ့ကြတဲ့ အစီအစဉ် ဖြစ်ပါတယ်တဲ့။ (ဧရာဝတီ ဘလော့ဂ်စာမျက်နှာမှ)
 
အဆိုပါ သတင်းနဲ့ ပတ်သတ်ပြီး အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းနဲ့ ဆက်သွယ်မေးမြန်းချက်ကို တင်ပြလိုက်ရပါတယ်..

မေး။....။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃၀)ရက်နေ့က NDF ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးခင်မောင်ဆွေတို့ တွေ့ဆုံကြတဲ့ နေရာမှာ တစ်ချို့ အင်တာနက် စာမျက်နှာတွေမှာ ပါရှိနေတာကတော့ အဖွဲ့ချုပ်ရုံးမှာ ဆုံတွေ့ကြဖို့ စီစဉ်တာကို ကန့်ကွက်ကြလို့ နေရာပြောင်းလိုက်ရတဲ့ သတင်းနဲ့ ဦးခင်မောင်ဆွေတို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လိုကြောင်း အကြောင်းကြားစာပို့တာကို ဒေါ်အောင်ဆန်းစုကြည် သိခွင့်မရပဲ ရေဒီယိုမှ NDF ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည် ကြားသိမှ တွေ့ခွင်ရတယ်လို့ ရေးသားဖော်ပြချက်တွေ မှာပါရှိနေပါတယ်..။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို ပြောပြပေးစေလိုပါတယ်..။

ရှေ့နေကြီးဦးဥာဏ်ဝင်း.။..။ မဟုတ်ပါဘူး.. ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ကို ဒါက်တာဝင်းနိုင်ကို ဦးသိန်းဦးကိုယ်တိုင် ကြိုတင် အကြောင်းကြားပါတယ်။ နောက်တစ်ခုက အဖွဲ့ချုပ်ရုံးချုပ်မှာ ဆုံတွေ့ဖို့ ကန့်ကွက်တယ် ဆိုတာလည်း မဟုတ်ပါဘူး.. ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဘယ်မှာတွေ့သင်တယ်ဆိုတာနဲ့ တွေ့မယ့်နေရာကို အဲ့ဒီ့နေ့ မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်က စီစဉ်ဆုံးဖြတ်တာပါ။ အဲ့ဒီ့နေ့က NDF လူငယ်နှစ်ဦးဖြစ်တဲ့ မကွေးကိုမြင့်ငွေနဲ့ ကိုမျိုးဇော်အောင် တို့နဲ့အရင်ဆွေးနွေးပြီး နောက်မှ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်တို့နဲ့တွေ့တာပါ..။ နိုင်ငံရေးအကြောင်းဘာမှ မပြောဖြစ်ပဲ လူမှုရေးအကြောင်းတွေပဲ ပြောဖြစ်တာပါ..။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်တို့နဲ့ ပဲဆွေးနွေးတာပါ.. အန်ကယ်ဦးတင်ဦးမပါပါဘူး။ နှစ်ဘက်လုံးက နိုင်ငံရေးအကြောင်း လုံးဝမဆွေးနွေးပါဘူး။ ဒေါ်အောင်ဆန်းကြည်လည်း နိုင်ငံရေးအကြောင်း မဆွေးနွေးသလို သူတို့ဖက်ကလည်း မဆွေးနွေးပါဘူး..

မေး ။....။နောက်တစ်ခု သိချင်တာက NDF ကအမြဲပြောနေတဲ့ အဖွဲ့ချုပ်ရွေးကောက်ပွဲ ဝင်ဖို့မဝင်ဖို့ ဆုံးဖြတ်တဲ့ နေ့က အစည်းအဝေးမစခင်မှာ အန်ကယ်က ရွေးကောက်ပွဲမဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် မပြောခိုင်းပဲ..  ပြောပါတယ်ဆိုပြီး စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အန်ကယ် တစ်စုံတစ်ခု ပြောပြပေးနိုင်မလားခင်ဗျာ..

ရှေ့နေကြီးဦးဥာဏ်ဝင်း.။..။ ဒီဥစ္စာကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောခိုင်းတဲ့ဟာကို အန်ကယ် ပြောတာကိုး ဒေါ်စုပြောခိုင်းတဲ့ဟာ ပြောတော့ ဘာမှဖြေရှင်းစရာ မရှိဘူးလေ.. ဘာမှ အမှားအယွင်းမှ မရှိတာလေ .. ဟုပြောဆိုသွားပါတယ်...။

မည်သူကိုမျှ ထိခိုက်စေလို၍ မဟုတ်ပါ.. အဖြစ်မှန်ကို သိစေရန် ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသည်..။

ဒီမိုဝေယံ

No comments:

Post a Comment