Friday, February 11, 2011

တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း ချစ်သူများနေ့ ဈေးရောင်းပွဲ ဖွင့်လှစ်

မြန်မာပြည်မှာ ချစ်သူများနေ့ အထိမ်းအမှတ် လုပ်ကြတာတော့ တော်တော်ကြာလာပါပြီ။ ဟိုးအရင် တွေ့ကြုံရတာကတော့ ချစ်သူများနေ့အကြောင်းဆိုရင် မီဒီယာတွေမှာ ဖော်ပြတာကို စာပေစိစစ်ရေးက သိပ်ကြိုက်ပုံမရဘူး၊ တင်းတင်းကြပ်ကြပ် တည်းဖြတ်တာ၊ ဖြုတ်ပစ်တာတွေ ကြုံရပါတယ်။ သူတို့ကတော့ ဒါ အနောက်တိုင်း ယဉ်ကျေးမှုဆိုတာနဲ့ ကိုင်ပေါက်တာပါပဲ။

တခါတုန်းကတော့ ချစ်သူများနေ့မှာ ငါးနှစ်ကောင် နှုတ်ခမ်းချင်း ထိနေတဲ့ပုံကို အလှကြည့်ဓာတ်ပုံအဖြစ် ဂျာနယ်ထဲ ထည့်ဖို့ စာပေစိစစ်ရေးတင်တာမှာ ဖြုတ်ပစ်လိုက်တာကို မှတ်မိပါသေးတယ်။

ခုတော့ တမျိုးဖြစ်သွားတာ ကြာပါပြီ ပြောရပါမယ်။ စီးပွားရေးသမားတွေကသာ မဟုတ်ဘဲ အစိုးရကလည်း ချစ်သူများနေ့နဲ့ လုပ်စားလာလို့ပါ။ တတိယအကြိမ်မြောက် ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ဦးပိုင်လီမိတက်လက်အောက်ရှိ 547 Trading ကနေပြီး ရန်ကုန်မြို့ ကရ၀ိတ်ဥယျဉ်မှာ ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ ကျင်းပမှာပါ။

ဖေဖော်ဝါရီ ၁၀ ရက် နေ့လည် ၃ နာရီမှာ ဦးပိုင်လီမိတက်မှ အရာရှိများနဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှုးချုပ် ထွန်းသန်းတို့က တက်ရောက် ဖွင့်လှစ်ပါတယ်။ ဖွင့်ပွဲနေ့ မြင်ကွင်းနဲ့ ဆိုင်အခင်းအကျင်းတွေကို အဝေးရောက်မြန်မာများ ကြည့်ရှုဖို့ တင်ပေးလိုက်ပါတယ်။


ဖဲကြိုးကိုင် အနုပညာရှင်တွေ။


အလွန်အရေးကြီးတဲ့ အလုပ်ဖြစ်လေတော့ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်းက ကိုယ်တိုင်လာရပုံ ရပါတယ်။ ကော်ဇောနီကြီးနဲ့။



ကံစမ်းမဲ ဖောက်ပေးမယ့် ဦးပိုင်ကထုတ်တဲ့ ကားပါ။



ချစ်သူများနေ့ ဈေးရောင်းပွဲ ကြယ်ငါးပွင့် သင်္ဘောလိုင်းလည်း မနေရ။



အပြတ်ဟဲနေတဲ့ သဇင်


ဓာတ်ပုံပေးပို့သူကတော့ ဒီလို ပုံစာ တပ်ပြီး ပို့လိုက်ပါတယ်။ “၀၁၆၅ နှင့် ၀၁၇၄ ဖွင့်ပွဲအခမ်းတွင် ဖျော်ဖြေတင်ဆက်နေသော ဦးပိုင် မော်ဒယ်များ” တဲ့။ ဦးပိုင်က မော်ဒယ်တွေလည်း ပိုင်ပုံရပါတယ်။




ဦးပိုင်က ယမကာလည်း ထုတ်ပါတယ်။ ဦးပိုင် မလုပ်တဲ့အလုပ် ဘာကျန်သေးလဲတော့ မသိပါ။
ဧရာဝတီ ဘလော့မှ ပြန်လည်ကူးယူဖော်ပြသည်။

No comments:

Post a Comment