Monday, February 14, 2011

နောက်ဆုံးရ သတင်တိုများ

ဓာတ်ပုံ ဧရာဝတီ
ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင် နောက်ဆုံးသတင်း

ပြီးခဲ့တဲ့ နှစ်များက မြန်မာစစ်တပ်ရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးအား ဆက်လက် ဆက်ခံမည်ဟု နာမည်ကြီး တစ်ပြေးခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ကာကွယ်ရေးဦးစီးချုပ် ရာထူးအစား တပ်ချုပ်ကြီးမှ ကာကွယ်ရေးဝန်ကြီး ပေးအပ်ခဲ့ပါသည်..။ ထိုကာကွယ်ဝန်ကြီး ရာထူးအပေါ် မကျေမနပ် စောဒက တက်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ပြီးခဲ့တဲ့ (၉)ရက်နေ့ ည အစောပိုင်းက နေပြည်ေ တ်ာမှ ရန်ကုန်မြို့သုဝဏ္ဏ ဗိုလ်ချုပ်ရွာမှာရှိတဲ့ ၎င်းနေထိုင်ရာ နေအိမ်သို့ သူပိုင်တဲ့ အရပ်ဘက်သုံးကားနဲ့ လာရောက်ခေါ်ယူ ပို့ဆောင်ခိုင်းလိုက်ကြောင်း သိရှိရပါတယ်။ နေအိမ်အကျယ်ချုပ် သဘောအနေဖြင့် ယခင်က စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ လုံခြုံရေး အစောင့်အရှောက်များကို ရုပ်သိမ်းလိုက်ပြီး၊ နေအိမ်ပတ်ဝန်းကျင်မှ စရဖအဖွဲ့အစည်းက စောင့်ကြပ် ကြည့်ရှုလျှက် ရှိကြောင်း သတင်းရရှိပါတယ်..။
Myanmar Times publisher and co-owner Ross Dunkley ဓာတ်ပုံ(AP)
မြန်မာတိုင်းမ် ဂျာနယ်ကို တည်ထောင်သူ မစ္စတာ Ross Dunkley သတင်း..

ယခင် ထောက်လှမ်းရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ခင်ညွန့် လျှမ်းလျှမ်းတောက်စဉ်က အပေးအယူ တည့်ခဲ့တဲ့ မြန်မာတိုင်းမ် ဂျာနယ်ကို တည်ထောင်သူ မစ္စတာ Ross Dunkley ဟာယခု အင်းစိန်ထောင်ထဲ ရောက်ရှိနေပါတယ်..။ ၎င်းအား အမှု၃မှုဖြင့် စွဲချက်တင်ထားပါတယ်..။ ထိုအမှုထဲမှမ စ္စတာ Ross Dunkley လူဝင်မှုကြီးကြပ်ရေး ချိုးဖောက်တယ်ဆိုတဲ့ ဥပဒေဟာ မတရားသဖြင့် စွပ်စွဲတာ ဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ခန့်ကမှ ဂျပန်နိုင်ငံမှ Single Entry Tourist Visa အမျိုးအစားဖြင့် တရားဝင် ပြန်လည် ဝင်ရောက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်..။ ပေးပို့လာတဲ့ သတင်းအရ စစ်အစိုးရမှ မြန်မာတိုင်းမ်ဂျာနယ်ကို သိမ်းပိုက်လို့၍ ဖြစ်ကြောင်း ထို့အတွက် မစ္စတာ Ross Dunkleyအား နေရပ်ပြန်ခိုင်းရာမှာ မပြန်တဲ့အတွက် ဘိန်းပစ်ဖမ်းတဲ့ ပုံစံ အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးခြင်း ဖြစ်တယ်လို့ စာနယ်ဇင်း အသိုင်းအဝန်းမှ သတင်းသမားတစ်ဦးမှ ပေးပို့လာပါတယ်..။ လာမယ့် ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ မစ္စတာ Dunkley အား တရားရုံးထုတ်မှာ ဖြစ်ကြောင်း သိရှိရပါတယ်..။

သတင်း... ဒီမိုဝေယံ
အကို ဒီမိုဝေယံ အားကျေးဇူးတင်ပါသည်။

No comments:

Post a Comment