ကျနော်ဆီကို ရောက်လာတဲ့စာလေးပါ။ တဆင့်ရောက်လာလို့ တင်ပေးထားတာပါ။
၁။ မြန်မာနိုင်ငံအခြေအနေမှာ ယခုအချိန်မျက်မှောက်ကာလတွင် အလွန်တရာဆိုးဝါးနေ
ပါသည်။ ၂၀၁၁-ခုနစ်-ဖေဖေါ်ဝါရီလ ၄-ရက်နေ့တွင်မြန်မာနိုင်ငံသမတအဖြစ်ရွေးချယ်တင်
မြှောက်ခြင်းခံရသော ဦးသိန်းစိန်မှာမည်သို့မျှ၊ မြန်မာနိုင်ငံ၏ အနာဂါတ်၊ ကံကြမ္မာကိုကမ္ဘာ
နှင့်အညီ တိုးတက်ပြောင်းလဲစေနိုင်မည့် အရည်အချင်းရှိသူမဟုတ်။ သမတဦးသိန်းစိန်အပေါ်
စီမံခန့်ခွဲနေသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာလည်း၂၀၁၀-ရွေးကောက်ပွဲ၏ရလဒ်ဖြစ်သော
အစိုးရအဖွဲ့အားထိန်းကွပ်နေအုံးမည်ဖြစ်ရာ မြန်မာ့နိုင်ငံရေး ပြဿနာသည် မည်သည့်နည်းနှင့်
မျှ ဒီမိုကရေစီနိုင်ငံရေးစနစ်ဆီသို့ ရောက်ရှိနိုင်မည်မဟုတ်ချေ။
၂။ ၂၁-ရာစုအချိန်ကာလတွင် ကမ္ဘာတခုလုံး၏ တိုးတက်ပြောင်းလဲမူများမှာ အံမခန်းအသွင်
ကူးပြောင်း မူများရှိနေရာ မြန်မာနိုင်ငံတွင်လည်း ခေတ်ရေစီးအကြောင်းအရ တိုးတက်
ပြောင်းလဲ ရမည်မှာ အဓိကဖြစ်ပါသည်။ သို့သော်လည်း အုပ်ချုပ်သူတန်းစားကြောင့်ယခုလို
အနိဌါရုံ ဖြစ်ရပ်ဆိုးများဖြင့်ရှေ့ဆက် ရှိနေအုံးမည်ဖြစ်ပါသည်။ ဤအဖြစ်အပျက်အခြင်း
အရာများ ကို လက်သင့်ခံနိုင်စရာအကြောင်း မရှိတော့ပြီဖြစ်ပါ၍ ဤဖြစ်ရပ်ဆိုးများမှ
လွပ်ကင်း ပြီး မြန်မာနိုင်ငံအား ကယ်တင်နိုင်ကြရန် အထူးအရေးကြီးနေပြီး ဖြစ်ပါသည်။
၃။ ကျွန်ုပ်တို့၏ မြန်မာနို်င်ငံတော်အား အမြန်ဆုံးကယ်တင်ကြမည့်သူများမှာ စစ်ဖက်ဆိုင်ရာ
ကျွမ်းကျင်သူများဖြစ်သည့် ဒုတိယ-ဗိုလ်ချုပ်ကြီး တင်အေးနှင့် ဒု-တိယဗိုလ်ချုပ်ကြီး
သူရမြင့်အောင်၊ ဗိုလ်ချုပ်အောင်မင်းတို့ သုံးဦးသာဖြစ်ပါသည်။ ဒုတိယ-ဗိုလ်ချုပ်ကြီး
သူရမြင့်အောင်မှာ ယခုအချိန်တွင် အဖမ်းဆီးခံနေရပါ၍ ဒုတိယ-ဗိုလ်ချုပ်ကြီးတင်အေးနှင့်
ဗိုလ်ချုပ်အောင်မင်းတို့မှ အောက်ဖေါ်ပြပါ ပုဂ္ဂိုလ်များနှင့် ပူးတွဲပါအဖွဲ့ အစည်းများ
ရာထူးတာဝန်များအား အမိန့်ကြေညာချက်များကို အမြန်ဆုံးထုတ်ပြန်ပေးပါရန်လိုအပ်နေ
ပါသည်။ ဤအာဏာသိမ်းကြေညာချက်ကို ထုတ်ပြန်ပြီးသည်နှင့် စစ်တိုင်းမှူးများအားလုံး
နေဖြင့် အာဏာသိမ်းခြင်းခံရသူများ၏အမိန့်သြဇါမနာယူကြရန် မေတ္တာရပ်ခံအပ်ပါသည်။
သို့ဖြစ်၍ကျာင်းသားပြည်သူ၊ ရဟန်းသင်္ဃာဆရာတော်များမှ ဒုတိယ-ဗိုလ်ချုပ်ကြီးတင်အေး
နှင့်ဗိုလ်ချုပ်အောင်မင်းအား နိုင်ငံတော်အာဏာသိမ်းယူပါရန် တာဝန်အပ်နှင်းလိုက်ပါသည်။
နိုင်ငံတော်အာဏာသိမ်းယူရန် တာဝန်အပ်နှင်းခြင်းခံရသူများ
၁။ ဒုတိယ-ဗိုလ်ချုပ်ကြီး တင်အေး၊
၂။ ဗိုလ်ချုပ်အောင်မင်း။
၃။ ဒုတိယ-ဗိုလ်ချုပ်ကြီး သူရမြင့်အောင်။
အာဏာသိမ်းယူခံရသည့် ပုဂ္ဂိုလ်များ
၁။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ( နအဖ-၊ စစ်ကောင်စီ )
၂။ ဒု- ဗိုလ်ချုပ်မှူးကြီး မောင်အေး ( နအဖ-စစ်ကောင်စီ)
၃။ ဒု- ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး ( နအဖ-စစ်ကောင်စီ)
၎။ ဒု- ဗိုလ်ချုပ်ကြီး သူရရွှေမန်း ( နအဖ-စစ်ကောင်စီ)
အာဏာသိမ်းယူခံရသည့် အစိုးရ အဖွဲ့ ဝင်များ
၁။ ဦးသိန်းစိန် ( သမ္မတနှင့် အစိုးရအဖွဲ့ဝင်ကြံ့ဖွံ့အဖွဲ့ဝင်များ)
၂။ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ ( ဦးသိန်းစိန်ဦးဆောင်သော အစိုးရ၀န်ကြီးများ)
(အမိန့် အရ ကြေညာချက်ထုတ်ပြန်သူများ)
ကျောင်းသားပြည်သူ ရဟန်းသင်္ခါများ ဆရာတော်များ
နေ့စွဲ --၁ရ-၂-၂၀၁၁

The Times Of Burma ဆိုဒ်မှ ကူယူဖော်ပြသည်။
No comments:
Post a Comment