Saturday, March 12, 2011

ယနေ့ ၁၂ရက်နေ့ရ ငလျင်ဒဏ်နဲ့ ဆူနမိဒဏ်ခံခဲ့ရတဲ့ ဂျပန်နိုင်ငံတဝှမ်းမှ မြင်ကွင်းဓာတ်ပုံ သတင်းများ

Sandai လေယာဉ်ကွင်းမှ ဆူနမိနဲ့ အတူပါလာတဲ့ လေယာဉ်နဲ့ ကားများ
ဖူကူရှီးမားခရိုင် ကဆိပ်ကမ်းတစ်ခုမှာ ဆိုက်ကပ်ထားတဲ့ သဘောင်္ကြီးတွေ ကမ်းပေါ်ရောက်ရှိလာပုံပါ...
မီယာဂိခရိုင် ဟိဂရှိ မတ်စုရှီမားမြို့မှာ ဆူနမိနဲ့ မြောပါသွားတဲ့ ရထားတစ်စီးနဲ့အတူ ကယ်ဆယ်ရေးရဟတ်ယာဉ် တစ်စီးမှ ဒုက္ခရောက်နေသူတစ်ဦးကို ကယ်တင်လာတဲ့ မြင်ကွင်းတစ်ခုပါ..
ဆူနာမိ ရေလှိုင်းဒဏ်ကြောင့် ပျက်ဆီးမီးလောင်သွားတဲ့ မော်တော်ယာဉ်များ..
တိုက်ခေါင်မိုးပေါ်မှ အကူအညီတောင်းခံနေသူများ..
မီယာဂိခရိုင်မှာ ဆူနာမိဒဏ်ခံခဲ့ရတဲ့ မြင်ကွင်းတစ်ချို့ပါ.. မြို့ထဲအထိ ရောက်ရှိလာတဲ့ သဘောင်္တစ်စီး
ဘယ်ဘက်အတွင်းပိုင်းမှာ မြင်ရတာတော့ ဆူနာမိနဲ့ ပါသွားတဲ့ ရထားနဲ့ တစ်စိတ်တစ်ပိုင်းသာ ကျန်တော့တဲ့ ဘူတာရုံ မြင်ကွင်း
ဆန်းဒိုင်မှာ ရဲဝန်ထမ်းတစ်ဦးမှ ကလေးတစ်ဦးအား ကယ်တင်လာပုံ
မီယာဂိမှ အပျက်အစီးမြင်ကွင်း တစ်ခု...
ငလျင်ဒဏ်ကြောင့် နျူကလီးယား ရောင်ခြည်များ စိမ့်ထွက်မည်ကို စိုးရိမ်နေရတဲ့ နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁)

ယနေ့မနက်ပိုင်းမှာတော့ ကိုရီးယားနဲ့ အင်ဒိုနီးရှားမှ ကယ်ဆယ်ရေးလုပ်သားများ ရောက်ရှိလာပါတယ်။ ထိုင်ဝမ်နိုင်ငံမှ ငွေကြေးအကူအညီများ ချက်ချင်းပေးပို့ခဲ့ပြီး အမေရိကန်မှ လေယာဉ်တင် သဘောင်္စေလွှတ်ပေးမည် ဖြစ်ပြီး လိုအပ်တဲ့ အကူအညီအားလုံး ပေးအပ်မည်ဖြစ်ကြောင်း မနေ့က ဂျပန်ဝန်ကြီးချုပ်ခန်းနှင့် အမေရိကန်သမ္မတ အိုဘားမားတို့ ၁၀မိနစ်ခန့် တယ်လီဖုန်းနဲ့ စကားပြောဆိုရာမှာ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်..။ မြန်မာနိုင်ငံမှာလည်း လူဦးရေ ၁သိန်းခွဲခန့် သေဆုံးခဲ့ရတဲ့ ၂၀၀၈ခုနှစ် မေလက တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်ကလည်း အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံ အစိုးရများမှ အကူအညီပေးရေး လုပ်ငန်းများ လုပ်ဆောင်ရန် စေလွှတ်ခဲ့ပေမယ့်လည်း မြန်မာ စစ်ခေါင်းဆောင်များမှ ဝင်ရောက်ကူညီခွင့် မပေးခဲ့ပါဘူး..။ မြန်မာပြည်မှာ လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့ အဆိုပါ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး တစ်ပတ်အကြာမှ နိုင်ငံ့ခေါင်းဆောင် ဆိုသူမှ ဒုက္ခသည် ပြည်သူများအား မအားမလပ်သည့်ကြားမှ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်မစ္စတာခန်းမှ ယနေ့မနက်(၆)နာရီမှ စပြီး ဂျပန်ကာကွယ်ရေးတပ် ရဟတ်ယာဉ်ဖြင့် နိုင်ငံတစ်ဝှမ်းနှင့် လက်ရှိ အရေးပေါ် အန္တာရယ်နဲ့ ကြုံတွေ့နေရတဲ့ နျူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံ(၂)ရုံသို့ သွားရောက် ကြည့်ရှုခဲ့ပြီး မကြာခင်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြည်သူများအား အားပေးစကား ပြောကြားခဲ့ပါတယ်..။ အမေရိကန်အပါအဝင် (၅၁)နိုင်ငံမှ အကူအညီများ ပေးမည် ဖြစ်ကြောင်းနှင့် ပြည်သူများအား တတ်နိုင်သလောက် မိမိတို့တတ်နိုင်သလောက် ကြိုးစား လုပ်ကိုင်နေကြောင်းနဲ့ ပြည်သူတစ်ဦး တစ်ယောက်မကျန်အောင် ကယ်ဆယ် လုပ်ဆောင်မည် ဖြစ်ကြောင်း နိုင်ငံ ခေါင်းဆောင် ပီသစွာ ပြောကြားခဲ့ပါတယ်..။

အဆိုပါ အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂)ခုအနက် နံပါတ်တစ် စက်ရုံ၌ ယနေ့နေလည်ပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပေမယ့်လည်း.. စက်ရုံရဲ့ မျက်နှာကျက် ပေါက်ကွဲမှုဖြစ်ကြောင်း သတင်းရရှိပါတယ်။  အဆိုပါစက်ရုံဟာ ယခင်က ငလျင်ဒဏ်ခံနိုင်ရန် အထူးတည် ဆောက်ထားတာဖြစ်ပါတယ်။ သို့ပေမယ့်လည်း ယခုလှုပ်ခတ်ခဲ့သည့် ပြင်းအား ၈.၈ရတ်ချစ်စတာ စကေးရှိသည့် ငလျင်ဒဏ်မှာ ပိုမို အင်အားပြင်းထန် သည့်အတွက် လျှပ်စစ်မီးများ ပြတ်တောက်သွားပြီး အလိုလျောက် မီးအားပေးစက်က အလုပ်မလုပ်တော့ပဲ အအေးပေးစက် မလည်ပတ်နိုင်ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်..။ အဆိုပါနျူကလီးယား ဓာတ်ပေါင်းဖို၏ အပူချိန်မှာ ၂၇၀၀ စင်တီဂရိတ်ထိ ရောက်ရှိနေပြီး အမှတ်(၁)စက်ရုံမှ ကီလိုမီတာ (၂၀)နှင့် အမှတ်(၂)စက်ရုံမှ ကီလိုမီတာ (၁၀)ကီလိုမီတာ အကွာအဝေးထိ ရှောင်ရှားနေကြပါရန်.. ထုတ်ပြန်ကြေငြာထားပါတယ်..။ ယခုလက်ရှိ ဂျပန်နိုင်ငံ အနှံအပြား၌ ပိတ်မိ ကျန်ရစ်နေတဲ့ ဒုက္ခသည် ပြည်သူများအား ဂျပန်ကာကွယ်ရေးတပ်သားများနှင့် ဂျပန်နိုင်ငံအတွင်းရှိ ကယ်ဆယ်ရေး ရဟတ်ယာဉ်များ အသုံးပြုက အင်တိုက်အားတိုက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နေပါတယ်..။ ယနေ့ ၁၂ရက်နေ့ည (၁၀)နာရီအထိ တိုကျိုမြို့အပါအဝင် နိုင်ငံအနှံအပြား၌ အသေးစား ငလျင်များ ဆက်လက်ဖြစ်ပေါ်နေပါတယ်..။

သတင်း ...ဒီမိုဝေယံ
ဓာတ်ပုံ.. Asahi သတင်းဋ္ဌာန 
အကို ဒီမိုဝေယံအားကျေးဇူးတင်ပါသည်။

No comments:

Post a Comment