Saturday, March 19, 2011

အိုဘားမား ကဒါဖီကို ရာဇသံပေး


လက်နက်ကိုင် ဒီမိုကရေစီလိုလားသူများ ယခင် သိမ်းပိုက်ထားသည့်နေရာများကို ပြန်ပေးမလား လေကြောင်း တိုက်ခိုက်မှုကို ခံယူမလားဟု အိုဘားမား ကဒါဖီကို ရာဇသံပေး

FNG ကိုင်ရို၊ ၊ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့  ယမန်နေ့က ဆုံးဖြတ်ချက်တွေကို လိုက်နာမှု မရှိဘူးလို့  အမေရိကန်သမ္မတ အိုဘားမားက ယနေ့ပြုလုပ်သည့် လစ်ဗျားနိုင်ငံအပေါ် အမေရိကန်၏ သဘောထား နှင့် ပတ်သက်ပြီးစပ်လျှဉ်း ပြောဆိုရာ တွင် သတင်း ထောက်များကို ပြောကြားလိုက်သည်။

ကဒါဖီ၏ တပ်များသည် နိုင်ငံအရှေ့ပိုင်းရှိ အတိုက်အခံတို့ထိန်းချုပ်ထားရာ ဘန်ဂါဇီမြို့အပါအ၀င် အခြား မြို့များကို ဆက်လက် တိုက်ခိုက်ဆဲ ရှိသည်ဟု စစ်ရေး သတင်းပေးပို့ ချက်များကို အခြေခံပြီး အတည်ပြု ပြောကြားသည်။

အမေရိကန်သမ္မတ အိုဘားမားက လစ်ဗျား ခေါင်းဆောင် ကဒါဖီကို နှုတ်ထွက်ပေးရန်ပြောကြားလိုက်ပြီး ၊ သူ့ရဲ့တပ်တွေကို နိုင်ငံအရှေ့ပိုင်းက ပြန်ဆုတ်ဖို့၊ ပြည်သူတွေကို ဖြတ်တောက်ထားတဲ့ ရေနဲ့လျှပ် စစ်မီးတွေ အပြင် အခြေခံလိုအပ်ချက်တွေ ပြန်ပေးဖို့နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကို လက်ခံဖို့ပြောကြား ခဲ့သည်။
ပြည်သူတွေ ကို သတ်ဖြတ်နေတဲ့ ကဒါဖီရဲ့ လုပ်ရပ်တွေကို လုံဝ ရပ်တန့် ပစ်ဖို့ လိုပြီး ကဒါဖီနဲ့ ဘာဆွေးနွေး ညှို နှိုင်းမှုတွေမှာ ပြုမှာ မဟုတ်ဘူးဟု သတင်းထုတ်ပြန် ခဲ့သည်။

လစ်ဗျား နိုင်ငံ ခြားရေးဝန်ကြီး မူဆာ ကူဆာ က တရုတ်၊ ရုရှား၊ ဂျာမန်၊မောလ်တာ စသည့် နိုင်ငံများကို ကဒါဖီ အစိုးရ အနေဖြင့် အပစ်အခတ် ရပ်စဲထားခြင်း ရှိ မရှိ လာရောက် ကြည့်ရှုနိုင်သည်ဟု ပြောကြား ခဲ့သည်။

လစ်ဗျား သူပုန်ခေါင်းဆောင် အစ္စမယ် အယ် တိုဂျန်က ကဒါဖီ၏ အပစ်အခတ် ရပ်ဆဲရေးအဆိုကို ပယ်ချခဲ့သည်။ ကဒါဖီရဲ့တပ်တွေ ဆက်တိုက်နေတုန်းပဲ အခုဘန်ဂါဇီမြို့နားမှာသူ့ရဲ့တပ်တွေ ပတ်ချာ လည်ဝိုင်း ထားပြီး မြို့ ထဲကို လက်နက်ကြီး တွေနဲ့ ပစ်နေတယ်ဟု ဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် က လစ်ဗျားသည် ကုလ ဆုံးဖြတ်ချက်ကိုလိုက် နာမှု မရှိကြောင်း ပေါ်လွင်၍  ဆက်လက်လုပ်ဆောင်နေမည် အမေရိကန်နှင့် သူ၏ မိတ်ဆွေများသည် ရွေးစရာလမ်း မရှိဟု  ပြောကြားခဲ့သည်။

လစ်ဗျားနိုင်ငံရဲ့လက်နက်ကိုင် ဒီမိုကရေစီလိုလားသူတွေကို ကူညီဖို့ အီဂျစ်နိုင်ငံက ပေးပို့ထားသည့် ခောတ်မှီလက်နက်တွေ တင်ဆောင်ထားသည့် စစ်သင်္ဘော နှစ်စင်းသည် ယနေ့နံနက်တွင် ဘန်ဂါဇီ ဆိပ်ကမ်းကို ဆိုက်ရောက်မည် ဖြစ်သည်။
 

အိုဘားမား၏ ရာဇသံနှင့် ပတ်သက်ပြီး ဗြိတိသျှ ၀န်ကြီးချုပ်နှင့် ပြင်သစ် သမ္မတတို့ က ထောက်ခံ ပြောဆို ခဲ့ကာ အာရပ် နိုင်ငံများ အဖွဲ့ ချုပ်နှင့် ပင်လယ်ကွေ့  ပူးပေါင်းဆောင်ရွက်မှု ကော်မတီစစ်ပွဲဆင်နွှဲရန် အသင့် ဖြစ်နေပြီဟု ပြောကြား ခဲ့သည်။

နိုင်ငံအလယ်ပိုင်း မာဆူရာတာမြို့တွင် ဆက်လက်ပြီးဗုံးကြဲတိုက် ခိုက်မှုများပြုလုပ်နေ၍ ပြင်သစ်က စစ်ရေး အရာ အရေး ယူတော့မည်ဟု ဆိုသည်။ပြင်သစ်နိုင်ငံမှာ ဒီကနေ့ကျင်းပမည့် လစ်ဗျားအရေး ဆွေး နွေးပွဲမှာ နေတိုး အဖွဲ့ ဝင် နိုင်ငံများနှင့် အာရပ်နိုင်ငံများ တက်ရောက်ကြမည် ဖြစ်သည်။

Source : FNG အီဂျစ် နိုင်ငံ ကိုင်ရို မှ သတင်းပေး ပို့ ချက် နှင့် ဂါဒီးယန်း ၊ CNN နှင့် အယ်(လ)ဂျားဇီးယား ဂြိုလ်တု ရုပ်သံမှ သတင်းများကို အခြေခံပြီး မြန်မာဘာသာဖြင့် ဖော်ပြသည်။ 




No comments:

Post a Comment