Friday, April 29, 2011

စက်တင်ဘာထာဝရ၏ ခရီးသွား အမှတ်တရ ဆောင်းပါး (၄)

 
ဒီနေ့ရာမှာ ရဟန်းဆိုတဲ့ အဓိပါယ်ကို ပြောပြခြင်တယ်။  ပစ္စည်းလေးပါးကို  အဓိကထားပြီးသောရှာသော  ရဟန်းသည် ပစ္စည်းလေးပါးကို မရ၊တရားလည်းမရ ဖြစ်တက်ပြီး၊တရားကိုအဓိထားပြီးရှာသော ရဟန်းသည် ပစ္စည်းလေးပါးလည်းရ၊ တရားလည်းရဖြစ်တက်ခြင်းပင်တည်း။ ကြည်ညိုစရာကောင်းသောရဟန်းသည် မိမိခန္ဒာကိုယ်ကို သာသနာကြီးပွားရာကြီးပွားကြောင်း အတွက်သာ  အသုံးချတက်၏။ လမင်းကဲ့သို့ကျင့်၏။လမင်းသည် လူတို့နှင့်ဝေးရာမှာနေ၏။ သို့သော်လူသားတို့အား အလင်းရောင်ကိုပေး၏။ အအေးဓာတ် ကိုလည်းပေး၏။ထို့အတူ ကြည်ညိုစကောင်းသော ရဟန်းသည် လူတိုနှင့်ဝေရာမှာနေ၏။ သို့သော် လူတို့အားသစ္စာတရားကို ဟောကြားပေး၏။ မေတ္တာဓာတ်ကိုလည်း ပို့လွတ်ပေး၏။ သစ္စာတရားကို ဟောကြားခြင်းဟူသည် အလင်းရောင်းကို ပေးခြင်းဖြစ်၏။မေတ္တာဓာတ်ကို ပို့လွတ်ပေးခြင်း ဟူသည့် အအေးဓာတ်ကို ပေးခြင်းဖြစ်၏။ ဘကြီးတော်မင်းတရားကြီးနှင့် နန်းမတော်မယ်နုတို့ လက်ထက်တွင် ပေါ်ထွန်းခဲ့သော ညောင်းကန်ဆရာတော် ဦးဗုဓ်( ဦစက္ကိန္ဒ)သည်ကား ကြည်ညိုစကောင်းသော ဗုဒ္ဓ၏အလိုကျ ရဟန်းတစ်ပါးပင်ဖြစ်ပါတယ်။

ယနေ့ခေတ်မြန်မာပြည်ရဲ့ သံဃာခေါင်းဆောင် မဟာနဆရာတော်ကြီးတွေ အတုယူသင်တဲ့ ကိစ္စပါပဲ မင်းနှင့်မိဖုရားက ကျောက်ဆောက်လှူဒါန်း ကိုးကွယ်ခဲ့ရသော မင်းဆရာတော်တစ်ပါး ဖြစ်သော်လည်း   ပစ္စည်းလေးပါးအလှူရှင် မင်းနှင့်မိဖုရားကို ဆရာတော်ပျံလွန်တော်မှုသည်အထိ ငါးမိနစ်ပြည့်အောင်ပင် စကားလက်ခံ မပြောဖူးခဲ့ပေ။ အဘယ်ကြောင့်နည်း  မိမိ၏လူဘ၀တွင်း   နေရမည့်အသက်နှင့် အချိန်ကိုကို  သာသနာအား  အပြီးအပိုင်း လှူဒါန်းထားခြင်းကြောင့်ပင်တည်း


ဘကြီးတော် မင်းတရားကြီးနှင့် နန်းမယ်တော်မယ်နုတို့သည် ဆရာတော်ဦးဗုဓ်၏ ကျောင်းသို့မကြာမကြာ ရောက်လာတက်ပြီး လိုအပ်သည်ကို ကြည့်ရှုလှူဒါန်းတက်ကြ၏။ကျောင်းသို့ ရောက်ရောက်ခြင်း ဆရာတော်ဦးဗုဓ်ကို ဦးချရှိခိုး၏။ဆရာတော်ကား နူတ်ဆက်စကားပြောဖို့ဝေးစွ၊ လှည်၍ပင် မကြည့်ချေ။ ဆရာတော်၏ မျက်လုံးများကား ကျမ်းစာအုပ်မှမခွာပေ။ လှူစရာရှိတာများကို လှူခဲ့ပြီး ပြန်ခါနီးတွင် တစ်ကြီမ်ဦးကျသည်။ သြ၀ါဒစကားလေများ ဟောလေမလားဟု မင်းနှင့်မိဖုရားက ငံ့လင်ကြ၏။ သို့သော် ဆရာတော်ကား စာအုပ်ကိုစိုက်ရေးနေလိုက်သည်။သူတို့လာရောက်ဦးချသည်ကိုပင် သိဟန်မတူ။ တစ်နေ့ တရားဟောနိုး၊ တစ်နေ့စကားပြောနိုးနှင့် စောင်းဆိုင်လာကြတာသည်မှာ နှစ်များစွာပင်ကြာခဲ့၏။ ဆရတော်ထံမှ နှုတ်ဆက်စကားသံကိုပင်မကြားခဲ့ပါချေ။ မင်းနှင့်မိဖုရားသည် ဆရာတော်နှင့်စကားပြောခွင့် ရရန်တစ်ယောက်လျှင် တစ်ကြိမ်စီကြိုးစားခဲကြဖူး၏။

တစ်ခါတွင်ဘကြီးတော် မင်းတရားသည် ဆရာတော်အားဦးချပြီးသည့်နှင့် အရဲ့စွန့်ပြီးအခုလို လျှောက်ထားလိုက်၏။ ဆရာတော်ဘုရား၊ တပည့်တော်တို့လို တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသော မင်းလုပ်သူများအတွက် အဆုံးအမတရားများ ဟောကြားပေးပါဘုရား။ထိုအခါ ဆရာတော် ဟောကြားလိုက်သော တရားသည် လိုရင်းတိုရှင်းနှင့် ထိမိပြီးဆယ်စက္ကန့်အတွင်မှာပင်ပြီးဆုံးသွား၏။ ထိုတရားကား မင်းနဲ့တူအောင်ကျင့်က ငါတိုဆုံးမသြ၀ါဒပေးရန်မလို၊ မင်းနှင့်တူအောင် မကျင့်ရင်ငါနဲ့မဆိုင်၊ အ၀ီစီနဲ့သာဆိုင်တယ်ဟူ၏၊ ဒီနေ့ခေတ်ကကြီးထဲမှာ အုပ်ချုပ်ရေးပိုင်းမှ လူကြီးများကို မြှောက်ပင့်ကာတရားဟောသော မဟာနဆရာတော်ကြီးတစ်ချို့ အခြေသံဃာတော်တစ်ချို့ သတိထား စရာပင်ဖြစ်၏။ ဘကြီးတော်မင်းတရားကား ပြုံးပြီးဘာမျှပြန်မပြောနိုင်တော့ဘဲ ထပြန်ခဲ့ရလေတော့သည်။

မှတ်ချက်။  ။မင်းကျင့်တရားဆယ်ပါး၊ ဒါနသီလပရိစ္စာဂ-မင်းမှုထန်းတို့အား ရိက္ခာထောက်ပံ့၊အဇ္ဖ၀-ပြည်သူ ကမလိမ်ဘဲ ဖြောင့်မတ်ခြင်း မဒ္ဒ၀နူးညံ့ခြင်း၊ တပခြိုးခြံစွာကျင့်ခြင်း၊ တစ်လလေးကြိမ်းဥပုသ်စောင့်ခြင်း၊ မေတ္တာပွားခြင်း၊ အကောဓအမျက်မထွက်ခြင်း၊ အ၀ိဟိံသမညှင်းဆဲခြင်း၊ ခန္တိသည်းခံခြင်း၊ အ၀ိရောဓန၊ ပြည်သူ၏အလိုဆန္ဒနှင့် မဆန့်ကျင်ခြင်းတို့ပင်ဖြစ်၏၊

မြန်မာပြည်မှာ လက်ရှိမင်းလုပ်အုပ်ချုပ်နေသော စစ်အစိုးရကတော့ပြည်သူပြည်သူသားတွေကို ဆိုင်းပုဒ်အများ အမျိုးမျိုးထောင်ထောင်ပြီး၊ ငွေတောင်းနေတာကလွဲလို့ ဘာမှမလုပ်တက်တဲ့ အစိုးရပါ။ မင်းကျင့်တရားဆယ်ပါးက သူတို့အတွက်မဟုတ်ပါဘူး။ ဒီအစိုးရ အသက်ဆိုးရည်နေသ၍တော့ ပြန်မာပြည်သူတွေလည်း ဆင်ရဲတွင်က လွတ်မည်မထင်ပါဘူး။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ဆိုရင် မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်အရှိဆုံးပါ။ ဘယ်နိုင်ငံတကာ အစိုးရမှာအားကိုးလိုမရပါ၊မြန်မာ ပြည်သူလူထုအားဖြင့် သာတွန်းလှန်နိုင်မည်ဖြစ်ပါတယ်။

မြန်မာသမိုင်းမှာ မကြုံစဖူးလောက်အောင် ထောင်းသောင်းချီတဲ့ သံဃာတွေ၂၀၀၇ခုနှစ် သြဂုတ်နဲ့စက်တင်ဘာလတွေမှာ လမ်းမှာပေါ်ထွက် မေတ္တာပို့ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ လောင်းစာဆီဈေးတွေ မကြေငြာပဲ မြင့်တင်လိုက်တာကြောင့် အခက်အခဲ့ကြုံနေကြရတဲ့ ပြည်သူလူထုကြီး ကိုယ်စားဒီအခက်အခဲကို ဖြေရှင်းပေးဖို့ သံဃာတော်တွေက တောင်းဆိုပေးခဲ့ကြတာပါ။ ပခုက္ကူမြို့မှာ မေတ္တာပို့လမ်းလျှောက်နေတဲ့ သံဃာတွေကို လုံခြုံရေးတပ်တွေက အတင်းဝင်ရိုက်လူစုခွဲရုံမက ဖမ်းမိတဲ့သံဃာတွေကို ဓါတ်တိုင်းမှာကြိုးတုပ်ပြီး ရိုက်တဲ့အထိလုပ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး တောင်းပန်ဖို့သံဃာတွေရဲ့ တောင်းဆိုချက်တွေကိုလည်း အစိုးရအာဏာပိုင်းတွေက လစ်လျှူရှုရုံမက ပိုပြီးတောင် ရက်ရက်စက်စက်ဖိနှိပ်ခဲ့ပါတယ်။

အဲဒီသမိုင်းဝင်ဖြစ်ရပ်ကြီးနဲ့ ပတ်သတ်ပြီး ကိုယ်တိုင်ပါဝင်ခဲ့သူ အရှင်နန္ဒစရိယကို ထိုင်းနိုင်ငံရောက်ရှိတဲ့ ၂၀၁၀ခုနှစ်ဂျုလိုင်လ ၁၃ရက်နေ့မှာတွေခဲ့ပါတယ်။ ပထမဆုံး ရန်ကုန်မြိုရဲ့လှုပ်ရှားမှုမှာ သာသနာအလံကိုင်ပြီး ထွက်ခဲ့သူဆရာတော်ဖြစ်ပါတယ်။
မိုးဖွဲလေတွေစဲနေတဲ့ ရာသီဥတုအောက်မှာ အရှင်နန္ဒစရိယနှင့် ရန်ကုန်မြိုရှိဘုန်းကြီးရဟန်းသံဃာတွေရဲ့ မျက်နှာတွေမှာမိုးစက်လေးတွေနဲ့ အတူဝမ်းနည်းမှုပူဆွေးမှု ကြွေကွဲမှုနဲ့ပြည့်နှက်နေတဲ့ လတစ်လ။ အဲဒီလကတော့ ၂၀၀၇ခုနှစ် စက်တင်ဘာလဖြစ်ပါတယ်။ အပြစ်မဲ့တဲ့ပြည်သူချစ်တဲ့ ပြည်သူက လေးစားတန်းဖိုးထားတဲ့ (၈၈)ကျောင်းသူ၊ ကျောင်းသားတွေကို ဖမ်းစည်းသွားလို့ ပြည်သူတွေနှင့် တကွရဟန်းသံဃာတွေကရဲ့ ရင်ထဲမယ်ဖြစ်ပေါ်နေတဲ့ အဆိုးတွေမှ မပျောက်သေဘူး။ မြန်မာနိုင်ငံရှိ ရဟန်းသံဃာတွေနှင့်တကွ ပြည်သူတွေရဲ့ရင်ကို မိုးကြိုးထက်ပြင်းထန်တဲ့ ရိုက်ခက်မှုကြီးက ပြည်သူတွေနဲ့တကွ ရဟန်းသံဃာတွေ မျိုသိပ်ထားသမျှပွင့်ထွက်လာအောင် ပြင်ထန်းအားကြီးပါတယ်။
 
စာရေးသူဘ၀မှာ ပထမဆုံးအားကျခဲ့တဲ့ ရဟန်းပါပဲ။ ရွှေဝါရောင်တော်လှန်ရေမှာ လေးစားခဲ့သူလို ပြောရင်လည်းရပါတယ်။ အရှင်နန္ဒစရိယဆိုတာ အာဂသတ္တိရှင်လိုပြောရင်ရနိုင်ပါတယ်။
ဆက်လက်ဖော်ပြပါမည်…….

စာရိုက်တာအခက်ခဲ့ရှိနေပါ၍ အမှားခဲ့ရင်နားလည်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်..........

No comments:

Post a Comment