Tuesday, April 26, 2011

စက်တင်ဘာထာဝရ၏ ခရီးသွား အမှတ်တရ ဆောင်းပါး(၁)

ဘ၀မှာ ခရီးသွားခြင်းကို နှစ်တိုင်းလိုလို အမြဲလုပ်ခဲ့တာ အခုဆိုနှစ်တော်တော်ကြာခဲ့ပါပြီ။အရင်ကတော့ ခရီးသွားချင်းကို ရံဖန် ရံခါ လုပ်ဖြစ်ခဲ့ပေမဲ့ ၂၀၀၃ခုနှစ်လောက်ထဲက စပြီး နှစ်စဉ်ပုံမှန်လုပ်ဖြစ်ခဲ့ပါတယ်။ ၂၀၀၄ခုနှစ်ကနေ၂၀၁၁ခုနှစ် အထိဆိုပါတော့။

၂၀၀၅ ခုနှစ်ကတော့မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေကိုသွားဖြစ်ခဲပါတယ်။ဒီဇင်ဘာလအားလပ်ရက်မှာ တော့ အညာမှာတော့ အရမ်းအေးပါတယ်၊ဆောင်းတွင်းမှာ ခရီးသွားတဲ့ ဖီလင့်လေးကလည်း အရမ်းကိုအေးပါတယ်။အရာအားလုံးကို စိုစိုပြည်ပြည် အေးအေး၊ချမ်းချမ်း၊မြင့်တွေခံစားလိုပါ။ အခုတော့ မြန်မာပြည်နဲ့ဝေနေတဲ့ ဆောင်းရာသီကို  အရမ်းကြောက်တက်နေပါတယ်။နွေးရာသီရောက်ပြန်တော့လည်း အပူးချိန်ကိုကြောက်နေရတာပါပဲ ဘယ်တော့များမှ အမိနိုင်ငံက ခရီးသွားချင်း ဖီလင်းလေကို ပြန်ရမလည်းဆိုတာ အမြဲတမ်းတွေးမိတဲ့အရာပါပဲ။


ဒီလိုနဲ့ နှစ်စဉ်တိုင်းလိုလို ခရီးသွားဖြစ်လာတော့ ခရီးသွားခြင်းရဲ့ အရသာ ဖီလင်းကိုလည်း မှုယစ်ဆေးစွဲ သလို ယစ်မှုး စွဲလမ်း နှစ်သက်တက်လာဖြစ်ပါတယ်။တစ်နှစ်တစ်ခါ ခရီးသွားချိန်နားနီးလာရင် လူက အလိုလိုနေရင်ရင်ခုန်လာပါတက်ပါတယ်။ဒီနှစ်ဘယ်နေရာဘယ်နိုင်ငံသွားမှာလဲ။ဘယ်သူနဲ့သွားမှာလဲ။ဘယ်အချိန်သွားမှာလဲ၊ဥပမာ ဆောင်းတွင်းဘက် ဒီဇင်ဘာမှာ သွားမလား၊နွေးရာသီ သင်္ကြန်းပိတ်ရက်တွေမှာ သွားမလားဆိုပြီးတော့ပေါ့။

မြန်မာပြည်မှာတုန်းက ခရီးသွားခဲ့ရတာ အညာဒေသရဲ့ တမာရနံလေးတွေကို ရှုရှိုက်ရင်ပေါ့ ဒီနိုင်ငံတွေမှာကတော့ ရင်ခုန်ရတာက တစ်နှစ်နဲ့တစ်နှစ်မတူးပါဘူ။ရောမရောက်ရင်တော့ ရောမလိုကျင့်တဲ့ စကားအတိုင်းပဲ သူတို့ယဉ်ကျေးမှုတွေက အမိမြန်မာနိုင်ငံရဲ့ ယဉ်ကျေးဇူးမှုနဲ့မတူးကွဲပြားနေတာပါပဲ။ဒီလိုနဲ့ ပထမဆုံး ခရီးစဉ်ကို ၂၀၁၀ခုနှစ် ဂျုလိုင်း ၁၀ရက်နေမှာ စတင်ခဲပါတယ်။ နေထိုင်ရာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော် မှာ ထိုင်းနိုင်ငံကို ပထမဆုံးတစ်ခေါက် ခရီးသွားဖြစ်ခဲ့ပါတယ်။

နယူးဒေလီ အင်နေရှင်နယ် လေးဆိပ်မှာ ထိုင်းနိုင်ငံလေးကြောင်းလိုင်ဖြင့် ခရီးစတင်ခဲ့ပါတယ် နယူးဒေလီမှာ ဂျူးလိုင် ၁၀ရက်နေ့ မနက် ၁၀နာရီမှာ စတင်ထွက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ညနေ့ ၃နာရီဝန်းကျင်လောက်မှာ ရောက်ပါတယ်။ ၂၀၀၇ခုနှစ် ရွှေဝါရောင်းတော်လှန်းရေရဲ့ဦးဆောင်ဆရာတော် တစ်ပါးဖြစ်တဲ့ အရှင်နေမိန္ဒရဲ့ သူငယ်ချင်းကိုယ်တော်နှစ်ပါးက လေးဆိပ်မှာ လာကြိုခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဂျပန်နိုင်ငံမှာ အစ်ကိုဒီမိုဝေယံတို့က ဦးဇင်းထိုင်းကိုကြွလာမည် အကြောင်းသူတို့ရဲ့ မိတ်ဆွေတွေကို ဖုန်းဆက်အကြောင်းကြားပေးတာကြောင်း အဆင်ပြေစွာနဲ့ပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှိတဲ့ ၀ါးတစ်လုံးကျောင်းတိုက်က ရောက်ရှိခဲ့ပါတယ်။


အဲဒီမှာ တစ်ရက်နေ့ပြီး မြန်မာနိုင်ငံသား အများစုနေထိုင်းတဲ့ မဲဆောက်မြို့ကို ဂျုးလိုင် ၁၁ရက်နေ့မှာ ဆင်ခဲ့ပါတယ်။ ကားဂိတ်ကို ဟာချူလာလောင်းကွန်းတက္ကသိုလ်မှာ ကျောင်းတက်နေကျတဲ့ ဆရာတော် ဦးပညာ ရယ် အခုတော့ သီရီလင်္ကာနိုင်ငံတက္ကသိုလ်တစ်အခုမှာ တက်ရောက်နေတဲ့ မေမေသားရှင်ဝါးတို့ ကားဂိတ်ကိုလိုက်ပါပို့ဆောင်းပေးကြပါတယ်။လမ်းတစ်လျှောက်လုံးအစ်ကိုတွေကနေ့ညီလေးတစ်ယောက်လို အားပေးစကား ဆုံးမစကားတွေပြောပေးခဲ့တဲ့ ဆရာတော် နှစ်ပါးရဲ့မေတ္တာစကားတွေကို အချိန်အထိအမှတ်ရနေတုံးပါပဲ၊ ည၈နာရီမှာဘဏ်ကောက်မြို့မှာ မဲဆောက်မြို့ကိုဘတ်စကားဆင်ရင် အသင်ယူဆောင်လာတဲ့ ပုတီးလေကိုဆိပ်ရင် လိုက်ခဲ့ပါတယ်။
ဒီနေ့ရာမှာ ထူးခြားတဲ့ အဖြစ်တစ်ခုကို အမှတ်ရနေတုန်းပါပဲ။ ဘန်ကောက်က ကားစထွက်တဲ့ အချိန်မှာ ကားပေါ်မှာ လူအပြည့်ပါပဲ မနက်ငါးနာရီးလောက်ရှိမယ် အချိန်မှာ စစ်ဆေးရေးဂိတ်တွေ စလာပါတယ် ကားပေါ်တဲ့ မြန်မာနိုင်ငံသားတွေ ဆွဲချတာ မဲဆောက်ကားဂိတ်ကိုရောက်တော့ နိုင်ငံခြားသားနှစ်ယောက်ပဲ ကျန်ပါတယ်။ အရင်တုန်းက ကြားတာကြားခဲ့ရတာ မျက်စေနဲ့မမြင့်ခဲ့ရတော့ အပြည့်ဝမယုံခဲ့တာ အမှန်းပါပဲ ကိုယ်တွေကြုံမှာ ယုံရတယ် ဆိုတာ အမှန်ပါပဲ။ မဲဆောက်ရောက်နေတဲ့ ကိုယ်တို့မြန်မာနိုင်ငံ သားတွေရဲ့ ဘ၀က အရမ်းကို သနားစရာကောင်းပါလား ဘယ်လောက်ပဲ ဒုက္ခတွေရောက်နေပါစေ မြန်မာနိုင်ငံတွေရဲ့ အပြုံးကတော့ ရှိနေတာကိုက အမျိုးဂုဏ်ဇာတိဂုဏ်ထိမ်းသိမ်းနေ သလိုပါပဲ လူတိုင်းမပြုံးနိုင်တဲ့ ကမ္ဘာပေါ်က အပြုံးပိုင်းရှင်ကိုပြပါ ဆိုရင် ကမ္ဘာမှာမြန်မာလိုပဲပြောရပါလိမ်မယ်လို ဆိုလိုရပါတယ်။


တစ်နေတာ လှုပ်ရှားရုန်းကန်နေကြတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ ဘ၀အစုံကို လေ့လာဖြစ်ခဲ့ပါတယ်။ပထမဆုံး ဘာကြောင်း အခုလို စစ်ဆေးရေဂိတ်တွေက ဖမ်းစည်းတာလည်း ပြီးတော့ သူတိုတွေကို ဘာလုပ်ဖြစ်တာလည်း ဆိုတာကို အရမ်းသိချင်းခဲ့ပါတယ်။ အဲဒီလိုနဲ့ ကားဂိတ်မှာ ဂျပန်နိုင်ငံမှာ ကိုမျိုးဇော်ကို ဆောင်နေရင် ဆူးစမ်းကြည်ပါတယ် ဘဏ်ကောက်ကနေ့  မဲဆောက်ကားကွင်းကိုဝင်လာတဲ့ ကားမှန်သမျှမှာ တစ်ယောက်နှစ်ယောက်ပဲ ကျန်နေတာပဲတွေခဲ့ရပါတယ် ကျန်သူတွေဘယ်ရောက်လဲ သူတိုတွေကော် ဘယ်ရောက်သွားလည်းဆိုတာကို အရမ်းသိချင်းလာပါတယ်။ဂျပန်ကိုမျိုးဇော်နှင့်အတူး စောအဖွဲ့မှာ ကားမောင်သမားအမျိုးသမီးကို မေးကြည်ဖြစ်ပါတယ်။

သူပြောပြတဲ့  ထိုင်းရဲ့တို့လုပ်ပုံသိလိုက်ပါတယ်။ ထိုင်းရဲ့ကနေ ဖမ်းစည်းငွေတောင်းချင်းနှင့် နယ်စပ်ဂိတ်မှာ တဆင် မြန်မာနိုင်ငံဘတ်ကြမ်း မြ၀တီဘတ်ရှိ ဒီကေဘီအေဂိတ်ကို ပို့ဆောင်းကြတယ်။အဲဒီအဖွဲ့စည်းက ဆပ်ကြေးကောက်တာပါပဲတဲ့မြန်မာပြည်သူတွေဘ၀ကတော့မိအေးနှစ်ခါနာမကဘဲမိအေးသုံးခါနာလိုပြောရမလိုဖြစ်နေတယ်လို သူရဲ့ခံချက်ကိုပြောပြပါတယ် အဲဒီလိုနဲ့ မအေးအေးမာတို အိမ်းကိုရောက်ခဲ့ပါတယ်။

ဆက်လက်ပေါ်ပြပါမည်။

No comments:

Post a Comment