Friday, May 20, 2011

ဘုရားစေတီတော်ရှိ ရုပ်ပွားတော်မှာ ပျားအုံးစွဲကပ်မှု ထပ်ဖြစ်တာဟာ တိုင်းပြည်မှာ ပြောင်းလဲမှုတွေ ကြုံတွေ့ လာနိုင်တဲ့ နိမိတ်တွေလား။

ကိုနစ်



































မကွေးမြို့၊ မကျီးကန် အုပ်စုအတွင်း ပုထိုးစမ်း ကျေးရွာ အနီးမှရှိတဲ့ (မကွေး- တောင်တွင်း) ကားလမ်းမ ဘေးရဲ့  ရွှေဘုန်းပွင့် စေတီတော်မြတ် တည်ရှိရာ အဆိုပါစေတီတော်ရဲ့  သောကြာ ထောင့် (သဒ္ဒဿနမုဒြာ ) ရုပ်ပွားတော်မှာ ထူးထူးခြားခြား မျက်နှာတော်အား ပျားအုံကြီးစွဲကပ် နေကြောင်း တွေ့ မြင်ရကြောင်း သိရှိရပါတယ်။




































ဒီ ပျားအုံကြီးဟာ လွန်ခဲ့တဲ့ ၂၀၁၀ မတ်လက (လကျာ်တော်) မှာ (၃) လခန့်ကြာ ပျားအုံစွဲခဲ့ကြောင်း သိရှိခဲ့ရပြီး၊ လွန်ခဲ့တဲ့ ၁၅-၁-၂၀၁၁ ရက်နေ့  ညနေ (၃) နာရီခွဲခန့်က စပြီး သောကြာထောင့်အား ပျားအုံစွဲကပ်ခဲ့ကာ ယနေ့ တိုင်အောင် တည်ရှိနေကြောင်း အံ့မခန်းဖွယ် တွေ့မြင်ရတယ်လို့  သိရှိရပါတယ်။ မကွေးမြို့နဲ့  (၇) မိုင်ခန့် ဝေးကွာတဲ့ သောမြို့နီးစေတီ (သို့) ရွှေဘုန်းပွင့်စေတီတော်မှာ တရားအားထုတ်လိုကြများလည်းရှိကာ ဘုရားဖူးများမပြတ် လာရောက် လျက်ရှိကြောင်း သိရှိရပါတယ်။

ဒီလို ယခုနှစ်အချိန်ခါမှာ ဘုရားစေတီပုထိုးတော်မှာ ပျားအုံစွဲကပ်တာတွေ မွေးညှင်းတော် ထွက်ပေါ်လာတာတွေဟာ ယခင်လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်၊ ၂၀၀၈ ခုနှစ် အချိန်ကာလတုန်းကလည်း ဖြစ်ခဲ့တာတွေကြောင့် တိုင်းပြည်အတွက် ထူးခြားသော အတိတ်နိမိတ်တွေအဖြစ် သုံးသပ်ရေးသားခဲ့တာတွေနဲ့  ပြန်လည်ဖေါ်ပြအပ်ပါတယ်။

တိုင်းပြည်မှာ တစ်ခုခုဖြစ်မယ့် နိမိတ် (Wednesday, August 27, 2008)။

မူဆယ်ရပ်တော်မူ ဘုရားမျက်နှာတော်မှာ ပျားစွဲတယ်ဆိုတာ သတင်းဖတ်ရတာရော ဓါတ်ပုံပါတွေ့ ရတော့ တိုင်းရေးပြည်ရေး တစ်ခုခုတော့ ထူးထူးခြားခြား ထပ်ဖြစ်ဦးမယ်လို့  ယူဆပါတယ်။





























တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ လွယ်တိန်ခမ်းတောင်ပေါ်ရှိတဲ့ မဟာသန္တိသုခ ရပ်တော်မူဘုရားရဲ့  မျက်နှာတော်မှာ သြဂုတ် (၂၀) ရက်မှစပြီး ပျားများ ထူးဆန်းစွာလာရောက်စွဲနေတာကြောင့် ဒေသခံလူထုအကြား အံ့ဖွယ်ဖြစ်ရပ်အဖြစ် သွားရောက်ဖူးမြော် ကြည့်ရှုသူများဖြင့် စည်ကားနေတယ်လို့  ဆိုပါတယ်။

တောင်ပေါ်မှာ တည်ထားကိုးကွယ်ထားတဲ့ အဆိုပါ ရပ်တော်မူဘုရားဆင်းတုဟာ ဥာဏ်တော် (၈၁) ပေရှိပြီး အမိုးအကာမရှိ လေတိုက်ခြင်း၊ မိုးရွာခြင်း ခံနေရသည့်ကြားမှ ပျားများ လာရောက်စွဲနေတာကြောင့် ထူးဆန်းတဲ့ ဖြစ်ရပ်ဖြစ်တယ်လို့  မူဆယ် ဒေသခံတဦးက ပြောကြားကြောင်း သိရှိရပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားဆင်းတုတော်တွင် မွှေးညှင်းတော်များ ပေါ်ထွက်လာခြင်း။ (Monday, March 8, 2010)။
သရက်မြို့ ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်း အမှုထမ်းနေအိမ်နေမှာ နေထိုင်နေကြတဲ့ ကျန်းမာရေးဌာန အမှုထမ်းများဖြစ်ကြတဲ့ ဦးခိုင်ထွန်း၊ ဒေါ်အမာမြင့်တို့ရဲ့  နေအိမ်ကျောင်းဆောင်တော်မှာ ကိုးကွယ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်မှာ အလိုအလျောက် မွေးညင်းတော်များ ပေါ်ပေါက်တော်မူလာကြောင်း သတင်းဘဲ ဖြစ်ပါတယ်။






























လွန်ခဲ့သော နှစ် ၂၀ ခန့် ၁၉၉၀ ပြည့်နှစ် ၀န်ထမ်းဘ၀ ပထမဦးဆုံး တာဝန်ကျရာ ချင်းပြည်နယ်၊ မင်းတပ်မြို့ နယ်ကနေ ရရှိခဲ့တဲ့ သရက္ခန်သားနဲ့  ဉာဏ်တော် ခြောက်လက်မခန့်ရှိ ဗုဒ္ဓရုပ်ပွားတော်ကို ထုလုပ်ပူဇော်ခဲ့ကြောင်း၊ ကျန်ခဲ့တဲ့ လ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ မနက်က ဘုရားစင်ကို ရှင်းလင်းစဉ်မှာ အဆိုပါ ဗုဒ္ဓ ရုပ်ပွားတော် ညာဘက်နားတော်၊ လက်မောင်းတော်နှင့် တင်ပါးတော်တို့မှာ နှစ်စင်တီမီတာ အရှည်ခန့်ရှိတဲ့ မွေးညင်းတော် ခုနစ်ပင် ထွက်ပေါ်နေတာကို ထူးဆန်းစွာ တွေ့ မြင်ရကြောင်း၊ ဒါနဲ့  သက်တော်ရှည် ကျိုက်ဒေးယျုံဆရာတော်ကြီးထံ ပင့်ဆောင်ပူဇော်ထားရှိခဲ့ကြောင်း ဗုဒ္ဓရုပ်ပွားတော်အား ပူဇော်ထားသူ ဦးခိုင်ထွန်းက ပြောပါတယ်။

ဒီ သရက္ခန်သား ဗုဒ္ဓရုပ်ပွားတော်ကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကစပြီး သရက်မြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ သံဃာဆေးရုံ ဘုရားခန်းမှာ အနေကဇာတင်မင်္ဂလာပြုလုပ်ပြီး ပူဇော်ထားရှိရာ လာရောက် ဖူးမြော်သူများနဲ့ စည်ကားလျက်ရှိကြောင်း သတင်းအနေနဲ့  ဖေါ်ပြထားပါတယ်။

ယခင်ကလည်း ဗုဒ္ဒရုပ်ပွားတော်တွေမှာ ပျားအုံဖွဲ့ တာတွေ ဓါတ်ပုံတွေနဲ့ တကွ တွေ့ ရှိခဲ့ရပါတယ်။ ယခု ဒီလို ဗုဒ္ဓရုပ်ပွားတော်မှာ မွှေးညင်းတော်တွေ ပေါ်ထွက်လာတဲ့သတင်းနဲ့  ပတ်သက်ပြီး သုံသပ်ချက်များကို ဖေါ်ပြလိုပါတယ်။

(၁) ။

ဒီလို ဗုဒ္ဓရုပ်ပွားတော်မှာ မွှေးညင်းတော်တော်ပေါ်ထွက်တာဟာ - အမွှေးဆိုတာ အသားထဲကနေ ဖေါက်ထွက်ပြီး ပေါ်ထွက်လာတဲ့ သဘာဝကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့  အခြေအနေအရ တပ်မတော်ထဲကနေ ပြည်သူလူထုဘက်ကို မားမားမတ်မတ်ရပ်တည်ပြီး ပြည်သူ့ အကျိုးကို မှန်မှန်ကန်ကန် လုပ်ဆောင်လာမယ့် တပ်မတော်သား ခေါင်းဆောင်ကောင်း တစ်ယောက်ပေါ်ထွက်လာနိုင်တယ်လို့ ထင်မြင်ယူဆပါတယ်။

ဗုဒ္ဓ ရုပ်ပွားတော် ညာဘက်နားတော်၊ လက်မောင်းတော်နှင့် တင်ပါးတော်တို့ မှာ မွှေးညင်းတော် ပေါ်ထွက်လာတာဟာ လက္ခဏာဘေဒမဉ္ဇူရီကျမ်းမှာ “နားတို့၏ သဘောလက္ခဏသည် သောတာပန်၏ အရည်သွေးကိုဆောင်၏” ဟု ဆိုထားတာကြောင့် သာသနာမှာ ကျရောက်နေတဲ့ အန္တရာယ်တွေကို အသိဥာဏ် ထက်သန်ကြကုန်သော အောက်ခြေ သံဃာထု(၀ါ) ရဟန်းပျိုတို့က ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြလိမ့်မယ်။ အသိဥဏ်အားကောင်းတဲ့ သံဃာငယ် ရဟန်းပျိုတွေက သာသနာကို ချီးမြောက်ကြလိမ့်မယ်လို့  နမိတ်ယူပါတယ်။

ထို့ အတူ သရကွန်သား သောကြာနံကို ဖောက်ထွက်ပြီး အမွှေး ကြာသပတေးနံ ပေါက်တာကြောင့် ပြည်သူပြည်သားများကို ဦးဆောင်အကျိုးပြုနိုင်တဲ့ ကြာသာပတေးသား ပုဂ္ဂိုလ်တစ်ဦးဦး ပေါ်ထွက်နိုင်တယ်လို့ လည်း ကောက်ချက်ချပါတယ်။

(မိတ်ဆွေ ဘလော့ဂါတစ်ဦးမှ သုံးသပ်ချက် ဖြစ်ပါတယ်)။

(၂)။

ဘုန်းတစ်ခိုးကြီးခြင်း ကျော်ဇောခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေ၊ ပြည်သူပြည်သူတွေနဲ့ တိုင်းနိုင်ငံအတွက် ထွန်းလင်းတောက်ပြောင်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ တိုင်းပြည်အတွက် တရားနဲ့ယှဉ်သော မင်းကောင်းမင်းမြတ်များလည်း ရနိုင်တယ်လို့ လယ်တီဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။

(မြန်မာရဟန်းသံဃာတော်တစ်ပါးမှ မိန့် တော်မူတာ ဖြစ်ပါတယ်)။

(၃)။

လွန်ခဲ့သော အနှစ် (၂၀) လောက်က အဖြစ်အပျက်တစ်ခုကို ပြောပြပါမယ်။ သန်လျှင်မြို့မှာ နေထိုင်ခဲ့တဲ့ ဦးအေးနဲ့  မိသားစုဝင်တွေဟာ ဗုဒ္ဓ ရုပ်ပွားတော် ညာဘက်နားတော်၊ လက်မောင်းတော်နှင့် တင်ပါးတော်မှာ မွှေးညှင်းတော်ပေါက်လို့ ထူးခြားစွာ အိမ်မက် မြင်မက်ခဲ့ပါတယ်။ ဒါနဲ့ သူတို့အိမ်ကို ဆွမ်းခံကြွနေတဲ့ ဓမ္မိကာရုံကျောင်းဆရာတော်ကြီးကို လျှောက်ထားခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးဟာ (၆) ကြီမ်မြောက် သင်္ဂါရတနာတင်ပွဲ ၀ိနည်းကျမ်းကို ၀ီသဇ္ဖန ပြုလုပ်ခဲ့တဲ့ ဆရာတော်ကြီးပါ။

အိမ်မက်မက်ပြီးတဲ့နောက်မှာ ဦးအေးရဲ့  ဘုရားစင်မှာ ပူဇော်ကိုးကွယ်ထားတဲ့ ဗုဒ္ဒရုပ်ပွားတော်မှာ မွှေးညင်းတော်တွေ ပေါ်ထွက်တော်မူနေတာ သိရှိရပါတယ်။ ဆရာတော်ဘုရားကြီးဟာ ဦးအေး မိသားစုရဲ့ အိမ်ကို နေ့ စဉ်နေ့ တိုင်း ဆွမ်းခံကြွပြီး ခန္ဒာငါးပါးကြောင်းကို ဟောပြောပါတယ်။ မကြာခင်မှာ ဦးအေး တရားအားထုတ်လို့ ရက်ပေါင်း (၉၉) ရက်၊ သူဇနီးက (၁၀၉) ရက်၊ သားက (၁၁၈) ရက်၊ သမီးက (၁၂၈) ရက်မှာ ခန္ဒာတာဝန့်ကို ပြီးမြောက်တယ်လို့ သိရပါတယ်။ နောက်ဆက်တွဲအနေသိရတာကတော့ မြန်မာနိုင်ငံမှာ မင်းပြောင်းမင်းလွှဲတွေ ဆက်တိုက်ကြုံရတယ်လို့ ဆရာတော်ဘုရားကြီးရေးသားခဲ့တဲ့ ထူးခြားဖြစ်စဉ် စာအုပ်မှာ တွေ့ ရပါတယ်။

ဒါကြောင့် ယခုလိုမျိုး ဗုဒ္ဓရုပ်ပွားတော်မှာ မွှေးညင်းတော်တွေ ပေါ်ထွက်တော်မူတာဟာ တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်သတင်းကောင်းပါဘဲ။ ဒီလို ထူးခြားမှုတွေဟာ မှန်ကန်တယ် ဆိုရင်တော့ ပြည်သူပြည်သားတွေအတွက် ငြိမ်းချမ်းရေး လမ်းစပါဘဲ။ ဒီနှစ်အတွင်းမှာ တိုင်းပြည်မှာ ကြီးမားတဲ့ ပြောင်းလွှဲမှုကို ငြိမ်းချမ်းစွာ ရနိုင်မယ်လို့ ယုံကြည်ပါတယ်။

(မြန်မာရဟန်းသံဃာတော်တစ်ပါးမှ မိန့် တော်မူတာ ဖြစ်ပါတယ်)။

(၄)။

အဓမ္မမှုတွေ မတရားလွမ်းမိုးလာတဲ့အခါမှာ ဒီလို့အဖြစ်အပျက်တွေ ရှိလာတတ်ပါတယ်။ အဲဒီအခါမှာ သူတော်ကောင်းတွေဟာ အဓမ္မမင်းတွေ အုပ်စိုးတဲ့ တိုင်းပြည်က မြို့ရွှာ ဇနပုဒ်တွေကို တိမ်းရှောင်ကြရပါတယ်။ တိုင်းနိုင်ငံကို စွန့် လွှတ်ပြီး သူတပါးနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ အဲဒီကမှတဆင့် မိမိတိုင်းနိုင်ငံမှာ သူတော်ကောင်းတရားတွေ ထွန်းကားလာအောင် ကျင့်ကြံကြရပါတယ်။ ဘုရားရှင်လက်ထက်တော်အခါကလည်း သာဓကပေါင်း မြောက်များစွာရှိခဲ့ပါတယ်။ အခုလို အဖြစ်အပျက်မျိုးတွေ တိုင်းပြည်မှာ ပေါ်ပေါက်လာရင်တော့ တိုင်းပြည်ဟာ တရားနဲ့ အုပ်စိုးသော မင်းကောင်းမင်းမြတ်တွေ အာဇာနည်တွေ ပေါ်ပေါက်လာနိုင်ပြီး တိုင်းသူပြည်သားတွေကို ရင်သားကဲ့သို့ ချစ်ခင်သော မင်းမြတ်တွေကိုလည်း မကြာခင်မှာ တွေကြုံလာနိုင်ပါတယ်။ တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေဟာလည်း ကိုယ်စိတ်နှစ်လုံးသုံးပါးစလုံး ပြည့်စုံနိုင်ပါတယ်လို့  ပြောလိုပါတယ်။

(မြန်မာရဟန်းသံဃာတော်တစ်ပါးမှ မိန့် တော်မူတာ ဖြစ်ပါတယ်)။

အလားတူ ဘုရားမျက်နှာတော်မှာ ပျားစွဲတဲ့ အဖြစ်အပျက်ဟာ ကျန်ခဲ့တဲ့နှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးဖြစ်ပြီး မကြာခင်လေးမှာ ဖြစ်ခဲ့ဖူးပါတယ်။

ပုဂံမြို့ မှာရှိတဲ့ မင်္ဂလာဘုရားနားက ဘုရားတစ်ဆူ၏ မျက်နှာတော်ပေါ်တွင် ပျားများ ပျားအုံဖွဲ့ ကာနေတာ တွေ့ မြင်ခဲ့ရခြင်း ဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းက ဗုဒ္ဓဘာသာသာသနာနဲ့  သံဃာတော်တွေကို ဒိဌိနအဖနဲ့  အရိုင်းအစိုင်းများကနေ မိုက်မိုက်ရိုင်းရိုင်းစော်ကားမှု ဖြစ်ပွားပြီးနောက်၊ တွေ့ မြင်ရသော ဗုဒ္ဓမြတ်စွာဘုရား၏ မျက်နှာတော်တွင် ပျားအုံစွဲခြင်းဖြစ်ပါတယ်။

အဲ့ဒီအချိန်ကာလတုန်းက ပျားအုံဖွဲ့ ခြင်းနှင့် ပတ်သက်ပြီး အချို့ သောမိတ်ဆွေတွေကို ထင်မြင်ချက်လေးတွေ မေးကြည့်ခဲ့တုန်းကဆိုရင် မိတ်ဆွေတစ်ဦး ပြောပြခဲ့တာကတော့ “လူကြီးသူမတွေကတော့ ဘုရားဆင်းတုတော်တွေမှာ အပင်ပေါက်တာ ပျားအုံဖွဲ့တာတွေကို ကြည့်ပီး တိုင်းပြည်ဒုက္ခရောက်လိမ့်မယ်လို့ ပြောကြတာ ကြားဖူးတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆင်းတုတော်မှာ ပျားစွဲတာဟာ စားဝတ်နေရေး ဘေးဆိုက်မယ်လို့ ကောက်ယူကြလို့ပဲ၊” လို့  ပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့  မြန်မာနိုင်ငံမှာ တစ်ခါမှ မကြုံဖူးခဲ့တဲ့ နာဂစ်မုန်တိုင်းဘေး ဒုက္ခ ဒီနှစ်ထဲမှာ ကြုံတွေ့ ခဲ့ရလို့  ပြည်သူတွေ အသက်ဆုံးရှုံးကြရပါတယ်။ ဆန်စပါးထွက်ရာ အဓိကဒေသဖြစ်တဲ့ ဧရာဝတီဒေသမှာ ဖြစ်ခဲ့လို့  တစ်တိုင်းပြည်လုံး စားဝတ်နေရေး အခက်အခဲ ဖြစ်နိုင်ပါတယ်။

အခြား မိတ်ဆွေတစ်ဦးပြောပြခဲ့တာကတော့ - “တိုင်းပြည်ရဲ့  လက်ရှိအုပ်ချူပ်နေတဲ့ အကြီးအကဲသေမယ်” လို့  ပြောကြားခဲ့ပါတယ်။ အခု မူဆယ်က ရပ်တော်မူဘုရား မျက်နှာမှာ ပျားစွဲတာ ထပ်ဖြစ်တယ်ဆိုတော့ နအဖခေါင်းဆောင် သန်းရွှေကလည်း မီးစာညွန့် ကျိုးချိန်ဖြစ်နေပြီဆိုတော့ အလားအလာ သူ့ အတွက် မကောင်းဖူး ထင်တယ်။

နောက် မိတ်ဆွေတစ်ဦး ပြောကြားခဲ့တာကတော့ - “ရှေးကျမ်းများ အဆိုအရ ပျားအုံခြင်းတည်းဟူသော နိမိတ်သည် ကျနော်တို မြန်မာပြည်အတွက် ယခုနှစ်အတွင်း ဘေးဆိုးရန်ဆိုး အသွယ်သွယ်မှ ကင်းလွတ်ပြီး ငြိမ်းချမ်းသာယာသော အခြေအနေကို အမြန်မကြာရလိမ့်မည်ဟု ယူဆကြောင်း ပြောကြားခဲ့သလို၊ မြန်မာပြည်သူပြည်သားတွေအနေနဲ့  လက်တွေ့ မှာလည်း ဒီလို နမိတ်ပြတာလို့  မိတ်ဆွေတစ်ဦးက အခုလို ပြောကြားတိုက်တွန်းခဲ့ပါတယ် - “ပျားအုံတွေ ဘယ်လောက်ပဲ ဖွတ်ခံရဖွတ်ခံရ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပျား မရှိပါဘူး။ ညီညီညွတ်ညွတ်နဲ့ ပြန်လည်တည်ဆောက်ကြစမြဲပါ။ အခု ဘုရားဆင်းတုမျက်နှာတော်မှာ ပျားအုံဖွဲ့ တယ်ဆိုတော့ ဘုရားသားတော်တွေကို ညီညီညွတ်ညွတ်နဲ့  ပြန်လည်တည်ဆောက်ကြလော့လို့  ဗျာဒိတ်တော်ပေးနေတယ်လို့  ယူဆပါတယ်” လို့  ဆိုပါတယ်။

(ဒါကြောင့် တိုင်းပြည်မှာ ပြည်သူပြည်သားတွေကို ညဉ်းပမ်းနှိပ်သူ မှန်သမျှ အမြန်ကျဆုံးပါစေ။

တိုင်းသူပြည်သားများ ဘေးမသီ ရန်မခဘဲ လိုရာဆန္ဒများ အမြန်ပြည့်ဝကြပါစေ။

ပြည်သူပြည်သားတွေ အာဏာရှင်ကို အမြန်တွန်းလှန်တိုက်ထုတ်နိုင်ကြပါစေ။

သာသနာတော်စောင့် နတ်ကောင်းနတ်အပေါင်းတို့ မှ ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်နိုင်ကြပါစေ။

သာသနာတော်ကို ထိပါးစော်ကားတဲ့ မိစ္ဆာဒိဌိများ အမြန်ကျဆုံးပါစေလို့ ။)

ယခု မူဆယ်မြို့ က ရပ်တော်မူဘုရား မျက်နှာတော်မှာ ပျားစွဲတာ ဘာဖြစ်မလည်းဆိုတာ ကြည့်ကြရင်းနဲ့  ကဲ - မြန်မာပြည်သူပြည်သားအပေါင်းတို့ ရေ - နိမိတ်ကလည်း အဘက်ဘက်က ပြနေပြီ။ ကိုယ်တိုင်ကလည်း အားလေးထည့်ပြီး တွန်းလိုက်ကြစို့ ၊ အာဏာရှင် အမြန်ပြုတ်ကျအောင်။






























အထက်ဖေါ်ပြပါ အဖြစ်အပျက်တွေနဲ့  ထူးခြားတဲ့ နိမိတ်တွေကို ကြည့်ရင် အာဏာရူး လူသတ်သမားတွေ ဆက်လက်အုပ်ချူပ်နေသ၍ ကာလပတ်လုံး တိုင်းပြည်နဲ့  လူမျိုးအတွက် ထူးထူးခြားခြားတွေ ဖြစ်မယ်လို့  ယူဆရပါတယ်။ မြန်မာပြည်သူပြည်သားများအားလုံးအတွက် ကောင်းသော ပြောင်းလဲမှုများ ဖြစ်ပါစေလို့ ဗျာ။

No comments:

Post a Comment