Saturday, June 18, 2011

ဒေါ်အောင်ဆန်းစုကြည်ထာဝရလွတ်လပ်ပါစေ...

ဒေါ်အောင်ဆန်းစုကြည်ထာဝရလွတ်လပ်ပါစေ...


အမေထာဝရ လွတ်လပ်ပါစေတော့

အနှိုင်းမဲ့ ပေးဆပ်မှုတွေကို
အလေးမြတ်ပြုနေပေမယ့်
လူအရိုင်းမို့ ကဗျာနဲ့
မနှိုင်းတတ်ဘူးအမေ။

ပြည်သူ့အပေါ်ထားတဲ့ မေတ္တာတရား
နားလည်ခံစားနိုင်ပေမယ့်
ပညာရည်မဝလို့
စာမသတတ်ဘူး အမေ။

ဒါပေမယ့်လေ...
အမေ့မွေးနေ့မှာ အများနည်းတူ
အမေ့ကို လက်ဆောင်ပေးချင်တဲ့ဆန္ဒ
မြိုချလို့မရနိုင်ဘူး အမေ။

ဒါကြောင့်လည်းလေ...
တတ်သမျှမှတ်သမျှလေးနဲ့
ပုံတွေနဲ့စာတွေကို အရောင်စုံထည့်တော့
အမေ့အတွက် ကိုယ်တိုင်ဖန်တီးချက်ပေါ့
အမေထာဝရ လွတ်လပ်ပါစေတော့.......

နန္ဒာ(Japan)

No comments:

Post a Comment