Monday, June 20, 2011

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကောင်းမှုကုသိုလ် ပြုပွဲ အခမ်းအနား.. (ဓာတ်ပုံ)

 ဆူနာမိ ငလျင်ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပြီး လူပေါင်းများစွာ သေဆုံး၊ ပျောက်ဆုံးခဲ့ရတဲ့ မီယာဂိခရိုင် အိရှိမာကီမြို့ရှိ ချောင်းအတွင်း အမှိုက်သရိုက်များ ရှင်းလင်းပေးနေပုံပါ..။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဋ္ဌာနခွဲနှင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းအသီသီးမှ စေတနာ့ဝန်ထမ်း မြန်မာလူမျိုး စုစုပေါင်း ၁၆၂ဦးမှ ရေဘေးသင့်ခံ ဂျပန်ပြည်သူများအား  အစားအသောက်များ သွားရောက် လှူဒါန်းခဲ့ပြီး အမှိုက်များ ပိုဆို့နေတဲ့ ချောင်းအတွင်းအား ရှင်းလင်းပြီး သန့်ရှင်းရေး လုပ်အားပေးခဲ့ကြပါတယ်...။ အဆိုပါ လုပ်အားပေးပွဲသို့ ဂျပန်လူမျိုး ၈ဦးနှင့် အင်္ဂလန်နိုင်ငံသား (Mr. Branden Brazil) တို့မှလည်း အားတက်သရော လိုက်ပါ လုပ်အားပေးခဲ့ကြပါတယ်..။ ဂျပန်နိုင်ငံရောက် မြန်မာလူမျိုးတွေရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားအား ဦးထိပ်ထားပြီး မိမိရောက်ရှိရာ နိုင်ငံတွေမှာ သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အချိန်မှာ မိမိနိုင်ငံ မိမိလူမျိုးအရေးကဲ့သို့ တစ်တတပ်အား မွန်မြတ်တဲ့ စေတနာ့ဝန်ထမ်းအလှူကို ကျွန်တော်တို့ လေးစားချစ်ခင်ရတဲ့ အမေစုမွေးနေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်..။
ကုသိုလ်ရေးမှာ လက်မနှေးကြတဲ့ တို့မြန်မာတွေ.. အမေစု မွေးနေ့အတွက် အမေစုမွေးနေ့ လုပ်အားအလှူ
ဆူနာမိ ရေလှိုင်းဒဏ်ကြောင့် တောင်ပေါ်ထိရောက်သွားတဲ့ ပိုင်ရှင်ကိုစောင့်မျှော်နေတဲ့ ကားတစီး...။
ယနေ့တိုင်မြင်တွေ့နေရတဲ့ အပျက်အစီး မြင်ကွင်းများ...

ဓာတ်ပုံ ဦးထွန်းဦး..http://demowaiy.appspot.com/www.demowaiyan.co.cc/

No comments:

Post a Comment