Sunday, June 26, 2011

သံဝေဂ

သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/ခ ရပ်ကွက် ကျိုက္ကဆံဘုရားအရှေ့ဘက်မုဒ်၊ ငြိမ်းချမ်းရေးကျောင်း တိုက်၏ တတိယနာယကဆရာတော် ဘဒ္ဒန္တ ကောဝိဒမထေရ် သက်တော် (၈၃) နှစ်၊ ၀ါတော် (၅၉) ၀ါ သည် ၂၁.၆.၂၀၁၁ (အင်္ဂါနေ့) ည (၈း၀၅) နာရီအချိန်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပါ၍ ယနေ့ ၂၅.၆.၂၀၁၁ (စနေနေ့) မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် ငြိမ်းချမ်းရေးကျောင်းတိုက် မှ ရေဝေးသုဿန် သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့ပြေးယာဉ် (ဆရာတော်ကြီးပုံတော်တင်)၊ အထူးနိဗ္ဗာန်ယာဉ် ကြီးနှင့် အသင်းသားများက ပင့်ဆောင်၍ အန္တိမ အဂ္ဂိဈာပနအခမ်းအနား ကျင်းပပြုလုပ်ပေးခဲ့သည်။
          တစ်ချိန်တည်း၌ တာမွေမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် မင်္ဂလာသုခပါဋ္ဌိတက္ကသိုလ် ဘဒ္ဒန္တ သုန္ဒရ သက်တော် (၇၅)၊ ၀ါတော် (၅၅) ၀ါ သည် ၂၁.၆.၂၀၁၁ (အင်္ဂါနေ့) ည (၂၃း၀၀) နာရီအချိန်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပါ၍ ယနေ့ ၂၅.၆.၂၀၁၁ (စနေနေ့) မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဆရာတော်ကြီး၏ ပုံတော်တင် ရှေ့ပြေးမော်တော်ယာဉ်နှင့် အထူးနိဗ္ဗာန်ယာဉ်ကြီးတို့ဖြင့် အသင်းသားများ အုပ်စု (၂) စုခွဲကာ ၀ိုင်းဝန်းကုသိုလ်ယူ ပင့်ဆောင်ကာ အန္တိမ ဈာပနအခမ်းအနားအား တစ်ပြိုင်နက်တည်း ရေဝေးသုဿန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယခု ချမ်းသာ နောင်ချမ်းသာ ဘယ်ဟာရွေးကြမယ်
ခွင့်ကောင်းဆိုတာ များသူငါ နှစ်ခါရခဲ့တယ်
သာသနာထဲ ကြုံကြိုက်ဆဲ အားခဲချင့်သဖွယ်
သူများသေမှ သံဝေဂ ရကြများသူငါ
ကြားတုံးခဏ သံဝေဂ ပျောက်ကြသိပ်မကြာ
မြင်တုံးခဏ သံဝေဂ ပျောက်ကြသိပ်မကြာ
ကိုယ်တိုင်အနန္တ သေခဲ့လှ သေရအုံးမည်သာ။
(မဟာသိပံ္ပဆရာတော်ဘုရားကြီး)











No comments:

Post a Comment