Friday, July 8, 2011

(အနေဝေးပေမယ့် အဝေးနေမဟုတ်ပါ) ဆိုတဲ့ ဆရာတော် အရှင်ဆန္ဒာဓိက စကားလေးနဲ့ ညောင်ဦးမြို့ မဏိစည်သူဈေးမှ အမေစု ဓာတ်ပုံများ..

နိုင်ငံကျော် ရွှေပါရမီ တောရဆရာတော် အရှင်ဆန္ဒာဓိကအား ၅ရက်နေ့ ညနေပိုင်းက
အမေစုတည်းခိုတဲ့ Bagan Hotel River View ဟိုတယ်၌ ဖူးတွေ့ရစဉ်...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၁နာရီကြာ တွေ့ဆုံခဲ့ပါတယ်...။
ပုဂံသို့ ဘုရားဖူးရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယမြောက်နေ့ဖြစ်သည့် အင်္ဂါနေ့ ညနေပိုင်း တွင် နိုင်ငံကျော် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကနှင့် ၁ နာရီခန့်ကြာ တွေ့ဆုံဖူးမျှော်ခဲ့သည်။

သက်တော် ၄၃ နှစ်အရွယ်ရှိ အရှင်ဆန္ဒာဓိကသည် တိုက်ဆိုင်စွာ ဟိုတယ် တခုတည်းတွင် တည်းခိုနေသည့်
ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံလိုသည်ဟု လုံခြုံရေးတာဝန် ယူပေးနေသည့် အဖွဲ့များက ပြောသည်။ (မဇ္ဈိမ Click)

ဆရာတော်ဟာ မြန်မာနိုင်ငံမှာ နာမည်ကျော်ကြား လူသိများပြီး အများကြည်ညိုလေးစားတဲ့  ဆရာတော်ပါ...။  

ဆရာတော်ရဲ့ ထုတ်ဝေပြီး စာအုပ်တအုပ်ဖြစ်တဲ့ အနေဝေးပေမယ့် အဝေးနေမဟုတ်ပါ ဆိုတဲ့ စာအုပ်ထဲမှာ အနေနီးတိုင်း အနီးနေမဟုတ် လောကမှာ ဘယ်သူဆို ကိုယ်ချစ်ခင်မြတ်နိုးတဲ့သူ၊ ကိုယ်ကြည်ညို လေးစားတဲ့သူနဲ့ အနေနီးချင်ကြတဲ့ သူတွေချည်းပါပဲ။ ဘယ်သူမှ အနေမဝေးချင်ကြပါဘူး။ ဒါပေမဲ့ ကံတရားစတဲ့ အကြောင်းတရား အမျိုးမျိုးကြောင့် ကိုယ်ချစ်ခင်မြတ်နိုးတဲ့သူ၊ ကိုယ်ကြည်ညို လေးစားတဲ့သူတွေနဲ့ အနေဝေးရတဲ့ အဖြစ်မျိုးတွေလည်း ကြုံရတတ်ပါတယ်။ ခတ္တခဏ အနေ ဝေးတာမျိုးလည်းရှိတယ်။ အကြာကြီး အနေဝေးတာမျိုးလည်းရှိတယ်။ တစ်သက်တာလုံး ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ ဝေးခြင်းမျိုးနဲ့ ထာဝရအနေ ဝေးတာမျိုးလည်းရှိပါတယ်။ လူချင်းအနေဝေးပေမယ့် စိတ်ချင်းအနေမဝေးရင် အဝေးနေတယ်လို့ မခေါ်နိုင်တော့ပါဘူး။ တဲ့... စာအုပ်ပါ ကောက်နှုတ်ချက်လေးပါ။

တိုက်တိုက်ဆိုင်ဆိုင် ဆရာတော်နဲ့ အမေစု ဟိုတယ်တခုတည်း တည်းခိုဖြစ်ပြီး ၁နာရီခန့် အပြန်အလှန် ဆွေးနွေးခွင့်ရခဲ့ပါတယ်..။ အနေဝေးနေသူ ဆရာတော်နဲ့ အမေစုတို့ရဲ့ ကြုံတောင့်ကြုံခဲ အနီးမှာ အမှတ်မထင် တွေဆုံမှုဟာ တိုက်ဆိုင်မှုဆိုတာထက်  မမြင်ရတဲ့ စွမ်းအားတစ်ခုရဲ့ လှုံဆော်မှု ဖြစ်လေလားလို့ တွေးတော ဆင်ခြင်စရာဖြစ်မိပါတယ်..။

နောက်ဆရာတော်ပြောတဲ့ သတင်းမီဒီယာအလုပ်ကို ကုသိုလ်အလုပ်အဖြစ် မှတ်ယူရန် အရှင်ဆန္ဒာဓိက မိန့်ကြား click ဆိုတဲ့စကားဟာလည်း သတင်း၊ မီဒီယာတွေအတွက် မှတ်သားစရာပါပဲ..။
ညောင်ဦးရှိ မဏိစည်သူဈေးထဲသို့ အမေစု ရောက်ရှိလာစဉ်မြင်ကွင်း
မဏိစည်သူဈေးသွားခဲ့တဲ့ အမေစုကိုတော့ ညောင်ဦးက ပြည်သူလူထုအတွက်နဲ့ ကျွန်တော်တို့ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီရေး လမ်းပြရှေ့ဆောင် မဏိမေခလာလို့ပဲ တင်စားချင်ပါတယ်ဗျာ...။
၈ရက်နေ့က ညောင်ဦးလေဆိပ်မှာ ရန်ကုန်သို့ မပြန်ခင် တွေ့ရတဲ့ အမေစုနဲ့ သားငယ် ကိုထိန်လင်း....
ဘယ်နေရာရောက်ရောက် အမေစုဟာ လူထုမေတ္တာနဲ့ ချစ်ခင်လေးစားမှုကို အစဉ်အမြဲရရှိနေတာပါပဲ...။   အမေ့အနားမှာ သတင်း၊ မီဒီယာတွေ ထပ်ချပ်မကွာ လိုက်ပါနေပြီး သတင်း၊ ဓာတ်ပုံတွေ နာရီမခြား ထုတ်လွှင့် ပေးနေနိုင်တာဟာလည်း တိုးတက်လာတဲ့ IT နည်းပညာရဲ့ ကျေးဇူးကြောင့် ၂၀၀၃ခုနှစ်နဲ့ အကွာခြားကြီး ကွာခြားလာပါတယ်......။ နောက်ထပ်  တိုင်းပြည်အရေးအတွက် အမေရှေ့ဆက် လျှောက်လှမ်းမယ့် ခရီးလမ်းတွေမှာလည်း ဘေးအန္တရာယ်တွေ  ကင်းရှင်းပါစေလို့ ဆုတောင်းပါတယ် အမေ..။အစ်ကိုဒီမိုဝေယံ

No comments:

Post a Comment